Jump to content

ကချင်လူမျိုး

ဝီကီးပီးဒီးယား က

ကချင်လူမျိုး (အင်္ဂလိပ်: Kachin People) သို့မဟုတ် ဝမ်ပေါင် (Wunpong) တိစွာ မြန်မာနိုင်ငံ မြောက်ပိုင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန့် အိန္ဒိယနိုင်ငံ အရှိမြောက်ပိုင်းရို့မာ နီထိုင်ကတ်ရေ တိဗက်-ဗမာနွယ်ဖွား လူမျိုးစုကြီး ဖြစ်တေ၊၊ မြန်မာနိုင်ငံဧ့ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသားလူမျိုးစုကြီး ၈ စုအနက် တခုအပါအဝင် ဖြစ်တေ၊၊

ကချင်လူမျိုး
Wunpong (ဝမ်ပေါင်)
ကချင်မျိုးနွယ်စုဝင် အမျိုးသမီးတိ၏ ရိုးရာဝတ်စုံ
လူဦးရွီ စုစုပေါင်း
၁.၂ သန်း – ၁.၅ သန်း (လှောက်မှန်း)
အများစု နီထိုင်ရေ နီရာ
 Myanmar
ကချင်ပြည်နယ်
သျှမ်းပြည်နယ် (မြောက်ပိုင်း)
 China (Yunnan)
 India (Arunachal Pradesh, Assam)
ဘာသာစကား
ဂျိန်းဖောဇိုင်ဝါးခရာဝဝေါ်လာချိဒ်ရဝမ် နန့် လီဆူ
ကိုးကွယ်မှု
ခရစ်ယာန်ဘာသာ (အများစု)၊ နတ်ကိုးကွယ်မှုဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
အောက်သားယီလူမျိုး၊ အရာ တိဗက်-ဗမာနွယ်စုများ

ကချင်လူမျိုးစုကြီးအထဲ အဓိကကတော့ခါ မျိုးနွယ်စု ၆ စု ပါဝင်ရေဟု သတ်မှတ်ကတ်ရေ:

  1. ဂျိန်းဖော (Jinghpaw)
  2. ဇိုင်ဝါး (Zaiwa)
  3. ခရာဝဝေါ် (Lhaovo)
  4. လာချိဒ် (Lachik)
  5. ရဝမ် (Rawang)
  6. လီဆူ (Lisu)

ကချင်လူမျိုးတိစွာ တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံကာ တောင်ဘက်ကို ရွှိပြောင်းလှာခကတ်သူတိ ဖြစ်တေ၊၊ ယင်းရို့စွာ ကိုယ်ပိုင်ဘာသာစကား၊ စာပီနန့် ထူးခြားရေ ယိုင်ကျေးမှုဓလိထုံးစံတိကို ပိုင်ဆိုင်ထားကတ်ရေ၊၊ ယင်းရို့၏ အထင်ရှားဆုံးရေ ဘုံယိုင်ကျေးမှုမာ မနောပွဲ (Manau Festival) ဖြစ်ပြီးကေ စည်းလုံးညီညွတ်မှုဧ့ ပြယုဂ်အဖြစ် ကျင်းပကတ်တေ၊၊ကိုးကွယ်ယုံကြည်မှုအနိန်နန့် ၁၉ ရာစုနှောင်းပိုင်းမှစပြီးကေ ခရစ်ယာန်သာသနာပြုတိ၏ လွှမ်းမိုးမှုကြောင့် အများစုကတော့ခါ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လှာကတ်ကေလေ့ မိရိုးဖလာ နတ်ကိုးကွယ်မှုနန့် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတိလည်း ဟိကတ်ရေ၊၊

ကချင်မျိုးနွယ်စုတိ၏ မျိုးရိုးဗီဇနန့် လူမျိုးစုဆိုင်ရေ နောက်ခံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကချင်မျိုးနွယ်စုဝင်တိစွာ တိဗက်ကုန်းပြင်မြင့် အရှိဖက်ခြမ်းမှ ဆင်းသက်လာကြသူတိ ဖြစ်ကတ်ပြီး လူမျိုးစုအလိုက် ယင်းရို့၏ မျိုးရိုးဗီဇ (Haplogroups) နန့် လူမျိုးစုဆိုင်ရေ ဖြစ်တည်မှုတိမာ အောက်ပါအတိုင်း ကွဲပြားရေ၊၊

ဂျိန်းဖောရို့စွာ ကချင်မျိုးနွယ်စုတိအနက် အခရာရေ မူလအစုအဖွဲ့ဖြစ်တေ၊၊ မျိုးရိုးဗီဇအရ အာသျှမြောက်ပိုင်းဟိ တိဗက်-ဗမာနွယ်ရင်းတိနန့် နံဘေးစပ်ဆုံးတူညီပြီး Haplogroups O2a2b1a1 (M117), D1a1a နန့် C2b ရို့ကို အဓိကတွိ့ဟိရရေ၊၊ ယင်းရို့စွာ သမိုင်းတလျှောက်မာ တောင်တန်းဒေသများမာ "ဒူးဝါး" (Duwa) ဟုခေါ်ရေ အုပ်ချုပ်ရီးစနစ်ဖြင့် ကိုယ်ရို့ဧ့ လူမျိုးစုလက္ခဏာကို နနောင်းစွာ တည်ဆောက်နှိုင်ခကတ်ရေ၊၊

ဇိုင်ဝါးရို့စွာ ဂျိန်းဖောတိနန့် မျိုးရိုးဗီဇဆိုင်ရေ (Haplogroups O2a2b, D1a1a) အလွန်နီးစပ်ကေလေ့ တရုတ်နိုင်ငံနယ်စပ်နံဘေးမာ နီထိုင်ကတ်ရေ ဇိုင်ဝါးမျိုးနွယ်စုတချို့မာ ဟန်တရုတ် မျိုးဗီဇ ရောနှောမှု စိကေချေ ဟိရေ၊၊ ယင်းရို့စွာ ဂျိန်းဖောတိနန့်တတူ ကချင်ပြည်နယ်အထဲ အစောဆုံး အခြီချခကြသူတိဖြစ်ပြီးကေ လူမှုရီးနန့် ယိုင်ကျေးမှုအရ ဂျိန်းဖောရို့နန့် ခွဲခြားပနာမရယောင် ပေါင်းစည်းနီထိုင်ကတ်စွာ၊၊

လာချိဒ်ရို့စွာ မျိုးရိုးဗီဇအရ ဂျိန်းဖောတိနန့် တူညီရေ်လည်း အောက်သား ပိုင်ယှောင် ပိုင်-ဗမာအရွီဝင် (Lolo-Burmese) တိနန့် မျိုးဗီဇရောနှောမှု ပိုပြီးကေများပြားစွာကို တွိရရေ၊၊ ယင်းရို့စွာ ဇိုင်ဝါးနန့် ဂျိန်းဖောရို့၏ ကြားခံလူမျိုးအပုံလိုက်စံမျိုး တည်ဟိနိန်ပြီးကေ ယင်းရို့၏ ရိုးရာဝတ်စုံနန့် ဓလိ့တိစွာလည်း နှစ်ဖက်စလုံးဧ့ လက္ခဏာများ ရောနှောဗျာယ်ဟိရေ၊၊

လီဆူရို့စွာ မျိုးရိုးဗီဇအရ Haplogroup D1a1a နန့် O2a2b1a ရို့ကို ပိုင်ဆိုင်ထားပြီးသား ဂျိန်းဖောတိထက် ပိုင်-ဗမာအရွီဝင် (နမူနာ - အာခါလားဟူ) တိနန့် မျိုးရိုးဗီဇ ပိုပြီးကေနီးစပ်ရေ၊၊ ယင်းရို့စွာ အရာကချင်မျိုးနွယ်စုတိထက် ပိုပြီးကေမြင့်မားရေ တောင်တန်းဒေသများမာ နီထိုင်လေ့ဟိရေ အလိအထဟိပြီးး ကိုယ်ပိုင်ထူးခြားရေ ရိုးရာဝတ်စုံနန့် ယိုင်ကျေးမှုလက္ခဏာတိကို နောင်းနောင်း ထိန်းသိမ်းထားကတ်ရေ၊၊

ရဝမ်ရို့စွာ မျိုးရိုးဗီဇအရ Haplogroups D1a1a1 နန့် O2a2b1a ရို့ကို မကန်မဝှန် တွိဟိရပြီး တိဗက်ပြည်နန့် မြန်မာနိုင်ငံ မြောက်ဖျားဟိ ဒေသခံလူမျိုးစုတိနန့် ပိုပြီးကေဆက်နွယ်နိန်ရေ၊၊ ယင်းရို့စွာ လူမျိုးစုအရ "နမ်း" (Nungish) အနွယ်ဝင်များ ဖြိုက်ကတ်ပြီး ဂျိန်းဖောတိနန့် မျိုးရိုးဗီဇလိုင်း မတူညီရေ်လည်း သမိုင်းကြောင်းအရ ကချင်ပြည်နယ်အထဲ တတူတကွ ရှင်သန်လာခကြရေ ကချင်မျိုးနွယ်စုဝင်များ ဖြစ်တေ၊၊

ခရာဝဝေါ် (သို့မဟုတ်) မရူ လူမျိုးတိစွာ မျိုးရိုးဗီဇအရ အောက်သားများမာ တွိရလိ့ဟိရေ O1b1a မျိုးရိုးဗီဇလိုင်းများ ပါဝင်နီစွာ၊၊ သမိုင်းဦးကာလက ပိုင်-ဗမာနွယ်စုတိနန့် ပိုပြီးကေနီးစပ်ခကေလေ့ ရာစုနှစ်ပေါင်းများစွာ ဂျိန်းဖောလူမျိုးစုတိနန့် တတူနီထိုင်လာခခြင်းကြောင့် ဒေနိခေတ်မာ ဂျိန်းဖောလူမျိုးစုဧ့ လူမှုရီးနန့် ယိုင်ကျေးမှု လွှမ်းမိုးမှုအောက်မာ တည်ဟိနိန်ရေ၊၊ [][][][][]

"ဂျင်းဖော (ဂျိန်းဖော/ဂျိန်းဖော/ဂျိမ်းဖော)" ဆိုရေ စကားမာ ယေဘုယျအနိန်နန့် ကချင်တိကို ခေါ်ဝေါ်ကေလေ့ ဒေသအလိုက်ဆိုကေ တောင်ဘက် အောက်ဖက်မာ နီထိုင်ကတ်ရေ ကချင်တိကို "ခနာမ်(Hkap Nam)" ဟု ခေါ်ပနာ အထက်ဘက် (မြစ်ဖျားဘက်) မာ နီထိုင်ရေ ကချင်တိကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကတ်တေ။ ခခူး ဆိုရေ ကချင်စကားမာ မြစ်ဖျားဟု အဓိပ္ပာယ် ရလီရေ။ ကချင်လူမျိုးရို့၏ အစိုင်အလာအားဖြင့် သူရို့စွာ “ ဝချက်ဝ ” ဆိုရေ ရှီးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကတ်တေဟု ယုံကြည်ကတ်ရေ။ ဖခင်ကြီး ဝချက်ဝမာ သားငါးဦးဟိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားရေ လူမျိုး အရွီကြီး (၅) ခု ဖြစ်ပေါ်လာရေဟု အဆိုဟိရေ။ ထိုသူရို့မာ

  • မရစ်
  • လထော်
  • လဖိုင်
  • အင်ခွမ် နန့်
  • မရန် ရို့ ဖြစ်ကတ်တေ။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကတ်ရေ မရစ်အုပ်စုမာ ယင်းရို့ လူမျိုးစုထဲမာ ဝါအရင့်ဆုံး ဖြစ်ပနာ လဖိုင်အုပ်စုမာ အင်အား အကြီးဆုံး ဖြစ်တေ။ ဒေလူမျိုးအရွီ (၅) စုရို့စွာ ရှေးအယင်အခါက လူမျိုးချင်း ရောယှက်ကာ တတူတကွ နီထိုင်လေ့ ဟိခကတ်ရေ။ ယင့်ချင့် အရွီကြီး (၅) ခုအပြင် ဖခင်ကြီး ဝချက်ဝဧ့ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကတ်တေဆိုရေ အရာ လူမျိုးအရွီ (၁၅) လည်း ဟိသိမ့်ကေလေ့ ထင်ရှားခြင်း မဟိကြချေ။

ကချင်ရို့၏ မူလဇစ်မြစ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကချင်လူမျိုးရို့၏ မူရင်းဒေသမာ မဂျွိုင်းရှင်ရာဘွန်( Majoi Shingra Bum) ဖြစ်တေဟု မိရိုးဖလာ မှတ်သားထားကတ်ရေ။ ထိုစကားဧ့ အဓိပ္ပာယ်မာ သဘာဝအားဖြင့် ပြန့်ပြူးနိန်ရေ တောင်ထိပ်ဖြစ်တေ။ ဒေပြန့်ပြူးနိန်ရေ တောင်ထိပ်မာ တိဗက်ပြည် အရှိဖက်နန့် စီချွန်နယ် အကြားဟိ ကုန်းမြင့်ဒေသဖြိုက်လီဖို့ဟု သုတေသနများမာ ယူဆကတ်ရေ။ နောင်မာ မြန်မာနိုင်ငံမြောက်ပိုင်းသို့ တဆတ်ဆတ် ရောက်ဟိလာယား ဒေနိကချင်ပြည်နယ်အထဲ ရွိ့ပြောင်းအခြီချနီထိုင်လာခကတ်ရေဟု ယူဆရရေ။

ရွှိပြောင်းနီထိုင်လှာပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကချင်မျိုးနွယ်ရို့စွာ တိဗက်-ဗမာ အနွယ်ဝင်တိအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို နောက်အကျဆုံး ဝင်ရောက်လှာရေ လူမျိုးစုဖြစ်တေဟုလှောက်မှန်းရရေ။ ယင်းပိုင်ဝင်ရောက်ရာမာ မြန်မာ(ဗမာ)အများစုပိုင် အရှိဖက် သျှမ်းပြည်နယ် မြောက်ပိုင်း နန့် အနောက်ဘက် စစ်ကိုင်းတိုင်း အနောက်ဘက် ဒေသတိက ဝင်ရောက်လှာခြင်းမျိုး မဟုတ်ဘဲ မြောက်ဘက်စူစူးမှ ဝင်ရောက်လှာရေလို့ဆိုကတ်ရေ။ ထိုဒေသမာ တောတောင်ထူထပ်ယင့်အတွက် အရွီများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခကတ်ယင့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နန့် ယိုင်ကျေးမှုဆိုင်ရေများ ပါ အနည်းနန့်အများ ဆိုပိုင်ကွဲပြားခကတ်ရရေ။ ကချင်မျိုးနွယ်စုများအထဲ လူဦးရွီအများဆုံးမာ ဂျိန်ဖော် ဖြစ်တေ။ တောင်ဘက် ဒေသတိသို့ ရွှိပြောင်းလှာကတ်ရာမာ ကချင်ရို့စွာ တရုတ်၊ မြန်မာ၊ တိဗက်နန့် အာသံပြည်ရို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှရေ ဒေသတဝိုက်သို့ ရောက်ဟိလာယားနောက် ထိုဒေသမှ အခွင့်ရာကေသာရေအလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းကို တဆတ်ဆတ် ရွှိပြောင်းလှာခကတ်ဟန်တူစွာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ခပြီးကေ တြိဂံနယ်မြီ (မေခနန့် မေလိခ မြစ်နှစ်သွယ် စပ်ကြားဟိ သုံးဒေါင့်ဒေသ) သို့ ရောက်ရအခါမှာ ရှိကို ဆက်ပနာ ရွှိပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြီစိုက်ခကတ်ဟန်တူစွာ မြန်မာနိုင်ငံအတွင်းကို ရောက်ဟိပြီးကေ တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့၊ ဆွမ်ပရာဘွမ်ကပင် တောင်ဘက် တောင်ရိုးအတိုင်းယင်း၊ အနောက်တောင်ဘက် ဒရုချက်သို့ယင်း၊ ထပ်မံခွဲသွားရေ လမ်းတသွယ်၊ တြိဂံနယ်အထဲဟိ တောင်တန်းအတိုင်း ဆက်လှာလို့ မေခမြစ်ရိုးတလျှောက် တောင်ဘက်ကို ဆင်းလှာရေ လမ်းတသွယ် ဧပိုင် လမ်းနှစ်သွယ် ကွဲပြားကာ ရွှိပြောင်း ပျံ့နှံ့ခကတ်ရေလို့ ယူဆကတ်လီရေ။

ကချင်ဆိုရေ ဝေါဟာရဖို့ အမှန်က မြန်မာရို့ခေါ်ရေ ဝေါဟာရသာ ဖြစ်တေ။ ကချင်လူမျိုးရို့၏ ဝေါဟာရ မဟုတ်ပါ။ ကချင်လူမျိုးတိစွာ ကိုယ်ရို့ကိုယ် ကိုယ့် “ ဂျိန်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကတ်ရေ။ တရုတ်ရို့ကမူ ကချင်ရို့ကို “ ဂျင်ဖွဆူ ” ဟု ခေါ်ကတ်တေ။ အဓိပ္ပာယ်မာ “ ဂျိန်းဖောလူမျိုး” ဟု ရဟိရေ။ တောင်ထိပ်သား ဟု အဓိပ္ပာယ်ရရေ။ အလွန်ရှီးကျရေ မြန်မာ ကျောက်စာတိမာ ကချင် ဆိုရေစကား သုံးနှုန်းထားရေကို မတွိရပေ။ သက္ကရာဇ် (၈၀၄) ခုမာ ရီးထိုးရေ ညောင်ဦး ရွှီစည်းခုံ ဥညံနဝ ကျောက်စာမာ “ကခြင်” ဟု ရီးထိုးထားရေကို ပထမဆုံးအနိန်နန့် တွိ့ဟိရရေ။ယကေလေ့ မြန်မာဘုရင် အမရပူရ ပထမနန်းတည်မင်းလက်ထက် အိမ်ရှိမင်းကြီးကျောက်စာမာ ပြည်မြန်မာ ဟိ တိုင်းငယ် ပြည်ငယ်ရို့ကို မှတ်တမ်းတင်ခရေ ဒေနိ ကချင်ပြည် ကို "ကိခိရဌတိုင်း" ဟုခေါ်ဆိုခပြီးကေ ကချင်လူမျိူးရို့ကို လည်း "သိန်းပေါ" "Theinbaw" ဆိုပနာ ခေါ်ဆိုခကတ်ရေ။

စစ်သူကြီး မဟာဗန္ဓုလ အာသံသို့ စစ်ချီတက်ရေ အခါ မိုးကောင်းအထက်မှ ‌‌‌တောင်စား စော်ဘွား ဒူဝါကြီးတိကို ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူ က ဦဆောင်းပြီး အာသံဘုရင် ကို နှိမ်နင်းရာလို့ ပါဝင်ခရေ။ ဟူးကောင်းပြည် အပိုင်စား ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူမာ မြန်မာသမိုင်းမာ ‌ဖော်ပြခံရရေ ဗိုလ်နေမျိုးသိန်းပရာဇာဖြစ်တေ။

ရိုးရာဓလိနန့်ယိုင်ကျေးမှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရိုးရာဓလိနန့်ယိုင်ကျေးမှု


ကျေးရွာတိုင်း ကျေးရွာတိုင်းမာ ဆလန်(salang) ဟုခေါ်ရေ ကျေးရွာလူကြီးများ ဟိရေ။ ဆလန် ကို ပေါမှိုင်းဟု အခေါ်တိစွာ။ ထိုသူရို့စွာ ကိုယ့်ကျေးရွာအထဲ အမှုအခင်း၊ သာရီးနာရီး ကိစ္စများမာ ဦးဆောင်ကတ်လီရေ။ ဒူဝါဟုခေါ်ရေ အကြီးအကဲတိမာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကတ်ရေ။ ကိုလိုနီခေတ်မာ တောင်အုပ် ဆိုသူတိကိုလည်း ခန့်ထားလီရေ။ တောင်အုပ်မာ ဆလန် နန့် ဒူဝါရို့ ကြားမာ ဟိလီရေ။ တောင်အုပ်ဧ့ တာဝန်ဝတ္တရားမာ အုပ်ချုပ်မှုမာ ပြေပြစ်လွယ်ကူစီရန် ကျေးရွာလူထုနန့် ဒူဝါ ရို့ကို ဆက်သွယ်ပီးရသူ ဖြစ်တေ။ ခရစ်ယာန် သာသနာပြု ဆရာကြီး ဒေါက်တာအိုလာဟန်းဆန် ဆိုသူမှ ရောမအက္ခရာတိနန့် ကချင်စာကို တီထွင်ပီးခရေ။ ကချင်လူမျိုးရို့စွာ ကိုယ်ရို့ ဘာသာစကားဖြင့် ပြောပနာ မဖြစ်ရေအခေါ်အဝေါ်တိကို ရှမ်းစကားဖြင့်ယင်း တရုတ်စကားဖြင့်ယင်း‌ ခေါ်‌ကတ်ရေ။

စာလုံးအစောင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်မာ မှီတင်းနီထိုင်ရေ လူမျိုးများစွာမှ လူမျိုးတမျိုးဖြစ်သာ ကချင်လူမျိုးများ နန့် လက်တွဲသိဟိကတ်ရေ။ ယင့်ချင့် မနောပွဲစွာ ထင်ရှားရေ ပွဲတော်တခုဖြစ်တေ။ ပွဲတော်ကို နှစ်စိုင် ကချင်ပြည်နယ်တခုလုံးကျင်းပလိဟိရေ။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုဟိရေ။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲတိကိုအောင်နိုင်ခြင်းနန့် လူမျိုးစုပြန်ပနာ စည်းလုံးညီညွတ်ရီးအတွက် ကျင်းပခြင်းဆိုပနာ ဖြစ်တေ။ မနောပွဲတော်ကို ကျယ်ဝန်းရေ ပြင်လယ်ဂေါင်အလယ်မာ မနောတိုင်ထောင်ထားပနာကျင်းပရေ။ ယင့်ချင့် မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားရေ ကချင်အမျိုးသားအမျိုးသမီးရို့စွာ သံစဉ်အလိုက် စီးမျိုးလှည့်ပတ်ကခုန်ကြရေ ပျော်ရွှင်ဖွီရာ ပွဲတော်တခုဖြစ်လီရေ။

ကချင်လူမျိုးတိစွာ ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွီးအကလို့လေ့ ခေါ်ဆိုနှိုင်လီရေ။ ပြည်အက။ ၁၃၇။)၊ သီဆိုခြင်းများမာ အထူး ဝါသနာထုံရေ လူမျိုးများ ဖြစ်ကတ်တေ။ မင်္ဂလာပွဲများမာယင်း၊ အသုဘကြုံရေအခါမှယင်း၊ အရာနတ်ပွဲများမာယင်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ဟိကတ်ရေ။ လုံးချင်းတည်း ကခုန်ခြင်းကား နည်းပါးလှရေ။ ယောက်ျားနန့်မမာ့ တွဲဖက်လို့ ကကတ်ကေလေ့ တဦးကိုတဦး ကိုင်တွယ်ခြင်း မဟိကြချေ။ တဦးကိုတဦး သားမွီးယပ်တောင်တိနန့်သာ ဆက်သွယ်လေ့ ဟိကတ်ရေ။ ကချင်ပြည်နယ်မာ ထင်ရှားကျော်ကြားလှရေ ပွဲတော်ကြီးတခုမာ မနောပွဲ(Manau)ခေါ် နတ်တင်ပွဲကြီးပင် ဖြစ်တေ။ ကချင်လူမျိုးရို့စွာ မိရိုးဖလာအားဖြင့် မောင်း(Bau)၊ ဝလင်းခွက်(Shuksheng)၊ ဗုံရှည်(Htawng)နန့် ပလွီ[ထူရန်(Htu Ren),ပေါင်(Pau),ဒွန်ဘာ(Dumba),ပီးလန်(Pilang)ရို့ကို တီးမှုတ်လီ့ဟိရေ။

ကချင်အမျိုးသားရို့ဧ့ ယိုင်ကျေးမှုမာ ကချင်ဓါးနန့်မောင်းစွာ အလွန်အရေးပါရေ အိမ်ထောင်ပစ္စည်းတခု ဖြစ်တေ။ ကချင်မနောပွဲမာ မောင်းစွာ ကချင်အမျိုးသားရို့ဧ့ ခြီလှမ်းညီယောင် စိတ်ထားတူယောင် ညီညွတ်ရီး စည်းကမ်းသင်ကြားပေးပိုင် ကချင်အမျိုးသမီး၊ အမျိုးသားရို့ စုံဖက်မင်္ဂလာ ထိမ်းမြားရာမာလည်း မောင်းစွာ လက်ဆောင်လက်ဖွဲ့ကောင်း တခုအဖြစ် ပါဝင်ရေ။ []

ကချင်မျိုးနွယ်စုအသီးသီးမာ အယင်က(လွန်ခရေ နှစ် ၁၀ဝကျော်) ဘာသာစကားရို့သာဟိခပြီး စာပီမာမူမဟိခဲ့ပါ၊၊ ကိုးကွယ်မှုဆိုင်ရေ အနိန်နန့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းစွာသာ အဓိက ကိုးကွယ်မှုဖြစ်ခကတ်ရေ။ ယင်းအတွက်နန့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လှာကြထိအောင် မနောတိုင်မာ ထင်ရှားရေ ရိုးရာအမှတ်အသားအဖြစ် ကျန်ဟိနီဆဲဖြစ်တေ။

ကချင်လူမျိုးများ သီကေ သူရို့ သင်္ချိုင်း ပတ်ပတ်လည်မာ ကျုံးပိုင် မြောင်းများ တူးထားပြီးကေ သင်္ချိုင်းထက်မာ ခိုင်ခန့်ရေ တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုးလို့ ထားတတ်ကတ်ရေ။ သူရို့သီပြီးနောက် ဝိညာဉ်တိမာ ရှေးအဘိုးအဘောင်မတိ၏ ဝိညာဉ်များ ဟိရာသို့ လားရောက် ပူးပေါင်းကတ်ရေဟု အယူဟိကတ်ရေ။ ကချင်တဦးသီကေ သူနိစိုင် သုံးလီ့သုံးထဟိရေ ဓား၊ လှံ၊ သီနတ်နန့် အဝတ်အစားတိကို သူနန့်အတူ မြှုပ်နှံလိဟိရေ။

ကချင်စာပီစွာလေ့ အချို့ တိုင်းရင်းသားစာပီရို့နည်းတူပင် (နမူနာ ချင်းစာပီ) သာသနာပြုရောက်ဟိလာရေ ဆရာကြီးတိက ရိုးရာအသံထွက်စနစ်ကိုရီးသားနိုင်ဖို့ လက်တင်အက္ခရာများ(Latin Alphabets)အသုံးပြုပြီးကေ တီထွင်ဖော်ထုတ်ပီးခခြင်းဖြစ်တေ။(Latin-based script)လက်တင်စာအခြီခံရေ စာပီအမျိုးအစားဖြစ်တေ။ ကချင်စာပီ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့မာစုရုံးလို့ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ဗျယ်ဒေး ကြီးကျယ်စွာကျင်းပခရေ။

မြစ်ကြီးနားမြို့မာ ဒေါက်တာ အိုလာဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားရေ ဟန်ဆင်းပရက်စ် နာမည်ဖြင့် ပုံနှိပ်တိုက်လည်းတည်ဟိရေ။

ထင်ရှားရေ ကချင်လူမျိုးများ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

[]

  1. van Driem, George (2001). Languages of the Himalayas: An Ethnolinguistic Handbook of the Greater Himalayan Region. Brill Academic Publishers. ISBN 978-9004120518.
  2. Li, Ying, et al. (2015). "Genetic Structure of Tibeto-Burman Populations in Southwest China: Evidence from Paternal and Maternal Lineages." Human Genetics, Vol. 134, Issue 11-12. doi:10.1007/s00439-015-1596-x.
  3. Ethnologue (2023). Language Family Trees: Sino-Tibetan, Tibeto-Burman, Jingpho-Konyak-Bodo, Jingpho-Luish, Jingphoic. Ethnologue: Languages of the World.
  4. Sadan, Mandy (2013). Being and Becoming Kachin: Histories Beyond the State in the Borderworlds of Burma. Oxford University Press. ISBN 978-0197265550.
  5. Wang, C. C., et al. (2014). "Genetic Affinities of the Jingpho, Zaiwa, and Lechi in Yunnan Province." American Journal of Physical Anthropology.
  6. မင်းသုဝဏ် ရီး နှင်းတောင်ထက်က ယိုင်ကျေးမှု ဆောင်းပါး၊ ဒို့ကျောင်းသား၊ အတွဲ-၄၊ အမှတ်-၆ (ဇွန် ၁၉၆၈)
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁) အပိုင်း (က)