Jump to content

ကဋစ္ဆုဘိက္ခာဒါယိကာထေရီ

ဝီကီးပီးဒီးယား က

ကဋစ္ဆုဘိက္ခာဒါယိကာထေရီ ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းမိမတစ်ပါး ဖြစ်ရေ။[]

တိဿမြတ်စွာဖရား လက်ထက်တွင် ဖြစ်ဧ့။ ကဋစ္ဆုဘိက္ခာဒါယိကာထေရီရေ ထိုမြတ်စွာဖရားအား ဆွမ်းတစ်ဂျုန်းကို လှူဒါန်းဧ့။ ယင်းခါ မြတ်စွာဖရားရေ တာဝတိံသာဘုံသို့ ရောက်ရအံ့၊ သုံးဆယ့်ခြောက်ယောက်သော နတ်မတ္ရို့ဧ့ မိဖုရား ဖြစ်အံ့၊ ငါးဆယ်သော စကြဝတေးမတ္ရို့ဧ့ မိဖုရားဖြစ်အံ့၊ စိတ်နန့် တောင့်တသော အရာတိုင်း ရအံ့၊ စည်းစိမ်ခံစားရပြီးကေ ကြောင့်ကြမဟိဘဲ ရဟန်းပြုပနာ ပရိနိဗ္ဗာန်ပြုအံ့ ဟု မိန့်တော်မူကာ ကောင်းကင်သို့ ကြွတော်မူဧ့။

ကဋစ္ဆုဘိက္ခာဒါယိကာထေရီရေ ဒေဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် လှူဒါန်းခရေ ဆွမ်းအလှူကြောင့် ယင်းခါမှ စပြီးကေ မကောင်းသူရို့ရောက်ရာ ဒုဂ္ဂတိဘဝသို့ မရောက်ခလီရေ။[]

  1. 1 2 ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ သုမေဓာဝဂ်.