Jump to content

ကဏ္ဍက

ဝီကီးပီးဒီးယား က
သိဒ္ဓတ္ထမင်းသား ကဏ္ဍကပါးက ခွဲခွာလားပုံ၊ ဖလောင်းပြည်သားပြတိုက်
ဆန္ဒနန့် ကဏ္ဍက၊ ဖလောင်းပြည်သားအိန္ဒိယ ၁၈၉၇ ခုနှစ်

ကဏ္ဍက ရေ သိဒ္ဓတ္ထမင်းသားစီးနင်းရေ အဖြူရောင် မြင်းဖြစ်ရေ။ သိဒ္ဓတ္ထမင်းသားရေ နောင်အခါတွင် ဂေါတမဗုဒ္ဓနာမည်နန့် ဖရားတစ်ဆူ ဖြစ်ခရေ။ ဗုဒ္ဓစာပီတိတွင် သိဒ္ဓတ္ထမင်းသာရေ ကဏ္ဍကမြင်းအား နိန်ရာ၌ အသုံးပြုစော်ကို ဖော်ပြထားရေ။ သိဒ္ဓတ္ထမင်းသာရေ တောထွက်ပြီးကေ ရဟန်းပြုရေအခါတွင် ကဏ္ဍကကို စီးနင်းခရေ။ အဆုံးတွင် ကဏ္ဍကရေ သိဒ္ဓတ္ထမင်းသားနန့် ခွဲခွာရအနိန်နန့် ဝမ်းနည်းပူဆွေးကာ ရင်ကွဲနာနန့် သီဆုံးခရရေ။[]

ဗုဒ္ဓစာပီတိတွင် ကဏ္ဍက ရေ သေဆုံးပြီးနောက်တွင် နတ်ပြည်၌ "ကဏ္ဍက" ဟူရေနာမည်နန့်ပင် နတ်သားဖြစ်ခရေ။ ထိုနတ်သားရေ မြတ်စွာဖရားဧ့ တရားတော်ကို နာကြားခရရားနောက် သောတာပန်အရိယာနတ်သား ဖြစ်ခရေ။ ကဏ္ဍကမြင်းရေ အနော်မာမြစ်ကမ်း၌ သေဆုံးခရရေဆိုပနာလည်းကောင်း ကပိလဝတ်ပြည်သို့ အပြန်တွင် သေဆုံးခရရေဆိုပနာလည်းကောင်း ဆိဆောက်ခရောက် ဆိုကတ်ရေ။[]

ကဏ္ဍကမြင်းနန့် ပတ်သက်ပြီးကေ ဇာတီပုထိုးများဟိ ပပုများကဲသို့သော ဗုဒ္ဓဘာသာအနုပညာတိတွင် ကျယ်ပြန့်စွာပင် မြင်တွိ့နိုင်ရေ။ အမရဝတီဟိ ပင်မဇာတီတော်တွင် တွိ့ရရေ ကဏ္ဍကမြင်းနန့် ကပိလဝတ်ပြည်မှ ထွက်ခွာလာခရေ သရုပ်ဖော်ပပုရေ လက်ဟိအနုပညာတိတွင် သက်တမ်းအကြာဆုံး ဖြစ်ရေ။[] ထိုပပုလက်ရာတိကို ကာလကတ္တားနန့် လန်ဒန်ဟိ ပြတိုက်တိတွင် ပြသထားရေ။

  1. 1 2 Malasekera, G. P. (1996). Encyclopaedia of Buddhism. Government of Sri Lanka.
  2. Source needed.