ကဏ္ဍ:အဖွဲ့အစည်းတိ
နိဒါန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာပေဆိုစွာ လူမျိုးတစ်မျိုးအတွက် တန်ဖိုးဖြတ်မရရေ အသက်သွေးကြောလို့ ပြောရပါမည်။ မြိုလူမျိုးတိရေ မိမိရို့ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားကြရေ လူမျိုးတစ်မျိုးဖြစ်ပါရေ။ ယင်းအပြင် တန်ဖိုးကြီးမားရေ ဒေစာပေကို ထိန်းသိမ်းမြှင့်တင်ပီီီီီီီီီီီီးဖို့ကိုလည်းဖို့ကိုလည်ဖို့ကိုလည်း လူအရင်းသားအရင်းအမြစ်၊ ချစ်မြတ်နိုးတန်ဖိုးထားအသုံးပြုမှု နှင့်အခြားသောအရာများလိုအပ်ပါရေ။ ယေဇူးနန်း လက်ဟိ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအကြောင်းအနည်းငယ်ဖော်ပြလိုပါရေ။ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းကို ၁၉၉၇ ခုနှစ်၊ ဧပြီလ မှာ ရခိုင်ပြည်မှာ ဖွဲ့စည်းခပါရေ။ ယေကေလ့ စာပီတတ်မြောက်မှုနည်းပါးရေ လူမျိုးဖြစ်လို့ ရေရှည်တည်တံ့ရေ အဖွဲ့အစည်းဖြစ်ဖို့ မနည်းရုန်းကန်ရပါရေ။ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာမှ ပြ စာပေညီလာခံကြောင့်ပေါ်ပေါက်လာသော အသင်းဖြစ်ပါသည်။ ဤညီလာခံတွင် မြို(ခမိ) ပြည်သူ (၅၀၀) ကျော်၊ ရဟန်းသံဃာ၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။[၁]
စာပေညီလာခံဖြစ်ပေါ်ခဲ့ပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုအမျိုးသားစာပေကို ဆရာကြီးဦးကျော်သာအောင်က ၁၉၉၇ ခုနှစ်တွင် ဖော်ထုတ်နိုင်ခဲ့ပါရေ။ နိုင်ငံတကာဘာသာစကားကုဒ်နံပါတ် ISO-639-3 Mro (cmr) ရှိထားပြီး၊ စာပေပြန့်ပွားရေး၊ ထိန်းသိမ်းမြှင့်တင်ရေး၊ အသုံးပြုများပြားလာရေးအတွက် နွံတာခံလက်ဆင့်ကမ်းခဲ့ခရေ စာပေချစ်မြတ်နိုးသူ ပုဂ္ဂိုလ်များက အခက်အခဲများပေါင်းစုံကြားကနိန် ကြိုးပမ်းခြင်းကြောင့် ယခုအချိန်အထိ တည်တံ့ခြင်းဖြစ်ပါရေ။
ယကေလည်း နောက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးဝိဝါဒစုံလင် ကွဲပြားမှုများ၊ လူသားအရင်းအမြစ်များ နှင့် အခြားသော အခက်အခဲများ ရှိလာစွာအတွက်ကြောင့် စာပေခရီးရှေ့ဆက်ဖို့ ကကောင်းခက်ခဲလာပါရေ။ ယင်းအတွက်ကြောင်း အမျိုးသားရေး၊ စာပေအရေးကို ချစ်မြတ်နိုးသော သက်ကြီးပုဂ္ဂိုလ်တိနန်း ပြည်တွင်းပြည်ပရှိ မြို(ခမိ) လူငယ်တိ zoom platform ကနိန် တစ်နှစ်တာခန့်ကြာမြင့်ရေ အချိန်ယူတွေ့ဆုံပြီးကေ အကြိမ်အကြိမ်ဆွေးနွေးခဲ့ကြပါရေ။
ယင်းနောက်မှာ ပြည်တွင်းပြည်ပရှိ မြို(ခမိ)လူငယ်များမှ စာပေညီလာခံပြုလုပ်ဖို့ အတွက် မြို(ခမိ) ပြည်သူတိနှင့် ပူးပေါင်းပြီးကေ ကြိုးပမ်းခဲ့ကြပါရေ။ ယင်းအပြင် မြိုလူမှုအသိုင်းအဝိုင်းထဲက သက်ဆိုင်ရာနိုင်ငံရေးပါတီများ၊ မြိုစာပေနန့်ရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေးအသင်း(ယခင်) နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအား ကြိုတင်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးကေ အများပြည်သူများ လိုလားတောင့်တလျက်ရှိရေ အမျိုးသားစာပေတစ်ခုတည်း ရှိလာအောင် စာပေညီလာခံတစ်ရပ်ပြုလုပ်ကြဖို့စာကိုလည်း ကနဦးဆွေးနွေးဆုံးဖြတ်ခဲ့ကြပါရေ။
ယင်းနောက်မှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ငါးယောက်ကိုင်းကျေးရွာမှာ ကျေးရွာသူ/သားများတိ၏ ပူးပေါင်းပါဝင်မှုတိနန့်အတူ ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် စည်းကား သိုက်မြိုက်စွာဖြင့် စာပေညီလာခံအား ကျင်းပခဲ့ကြပါရေ။[၂]
စာပေဦးဆောင်ကော်မတီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုတမျိုးသားလုံးလက်ခံရေ မြိုအမျိုးသားစာပေ (ဝါ) မြို(ခမိ)စာပေရှိလာဖို့အရေးကို လိုလိုလားလား ဆန္ဒပြင်းပြစွာနန့် ပြည်သူများမှာပါဝင်ပူးပေါင်းတက်ရောက်လာကြပါရေ။ တက်ရောက်လာကတ်တေ မြို(ခမိ)ပြည်သူတိကလည်း ဤစာပေညီလာခံက ရွေးချယ်တင်မြောက်တာဝန်ပေးအပ်မည့် ကော်မတီများအား ဇာမှာလဲ? ဟု မေးမြန်းကြရာ ပြည်တွင်းပြည်ပရှိမြိုလူငယ်များနှင့် ဖွဲ့စည်းထားပြီးကေ စာပေညီလာခံဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ထားစာ ကော်မတီတိကို မည်သူမည်ဝါဖြစ်ကြောင်း အဆိုတင်သွင်း ကြေငြာခဲ့ပါရေ။ တက်ရောက်လာကတ်တေ ပြည်သူအများစုမှ ထောက်ခံရေ အတွက်နန်း အဆိုပါကော်မတီကို ဦးဆောင်ကော်မတီအဖြစ် အတည်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ဤကော်မတီသည် မြို(ခမိ)ပြည်သူများ၊ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တိ နန်း ပြည်တွင်းပြည်ပရှိလူငယ်တိ၏ ပူးပေါင်းပါဝင်မှုတိ နန့် အတူ ရှိနေပါသဖြင့် လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်အား ကိုယ်စားပြုခြင်း၊ အဖွဲ့အစည်းတစ်ခုအားကိုယ်စားပြုခြင်းမဟုတ်ပါ။ မြိုတစ်မျိုးသားလုံး၏ ကျောထောက်နောက်ခံပြုထားသဖြင့် အသက်အရွယ်၊ ကျား/မ၊ ဘာသာရေးမရွေး နိုင်ရာဖက်မှကူညီပါဝင်နိုင်သော အသင်းဖြစ်ပြီး ကိုယ်စားပြုသောအသင်းဖြစ်ပါရေ။[၃]
လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နိုင်ငံရေးအကျပ်အတည်းကြောင့်သော်လည်းကောင်း၊ အခြေနေအရပ်ရပ်၊အခက်အခဲအမျိုးမျိုးကြောင့်သော်လည်းကောင်း မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း၏ လှုပ်ရှားမှုမှာ ရပ်တန့်ဟန်ဖြစ်နေခပါရေ။ ယကေလည်း ဦးဆောင်ကော်မတီတိက လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်တိကိုမြို(ခမိ)ပြည်သူတိ၏ အကြံပြုချက်ကောင်းများကို လက်ခံရယူပြီး ရှေ့ဆက်နေလျက်ရှိနိန်ပါရေ။[၄]
နိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အချုပ်ဆိုပြေရဖို့ဆိုကေ ဒေမြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းစာ လူငယ်တိနန့် မြို(ခမိ)ပြည်သူများက ကျော့ထောက်နောက်ခံပြုထားရေ အသင်းဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်၏ မူပိုင်အသင်းမဟုတ်ပါကြောင်း၊ ပြည်သူလူထုရှေ့မှာ ရွေးချယ်၊ ရွေးကောက်ထားရေ လုပ်ငန်းစဉ်တိကို ကြိုးပမ်းလုပ်ဆောင်နိန်ရေအသင်းဖြစ်ပါရေ။ ယေဇူးနန်း ရှေ့ဆက်လုပ်ဆောင်ရဖို့ စာပေနှင့်ရိုးရာယဉ်ကျေးမှု လုပ်ငန်းစဉ်များကိုအတူတကွ နိုင်ရာဖက်မှအကြံများပြုလျက် မြှင့်တင်ကြရဖို့လိုအပ်ပါရေလို့ တိုက်တွန်းနှိုးဆော် ဖော်ပြလိုက်ပါရေ။[၅]
အကြောင်းအရာအသေးစိတ်၊ နောက်ခံသမိုင်းတိကို မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း ဝဘ်ဆိုဒ်စာမျက်နှာများ လားဖတ်လို့ရပါရေ။
ကဏ္ဍ "အဖွဲ့အစည်းတိ" ဟိန့် စာမျက်နှာတိ
စုစုပေါင်း ၃ ထဲက အောက်က စာမျက်နှာ ၃ ခုစော် ဒေကဏ္ဍမာဟိရေ။