Jump to content

ကတူးလူမျိုး

ဝီကီးပီးဒီးယား က

ကတူးလူမျိုး(အိန်းဂလိချ်:Kadu People) စွာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဧ့ တိုင်းရင်းသား လူမျိုးတမျိုး ဖြစ်တေ။ မြန်မာနိုင်ငံဟိ တိဗက်-ဗမာ နွယ်လူမျိုးတိထဲမာတခုအပါအဝင်ဖြစ်တေ။

ကတူးလူမျိုး
လူဦးရွီ စုစုပေါင်း
၃၅၀၀၀ – ၂၀၀၀၀၀
အများစု နီထိုင်ရေ နီရာ
စစ်ကိုင်းတိုင်းဒေသကြီး, ကချင်ပြည်နယ်, မြန်မာနိုင်ငံ
ဘာသာစကား
ကတူးဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ, ခရစ်ယာန်
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
အောက်သား, ကနန်းလူမျိုး

[၁]

ကနန်း နန့် ကတူး ရို့စွာ မျိုးနွယ်တူပင်ဖြစ်တေ။ ကတူးစကားလုံးတချို့မာ ကချင်စကားလုံးတိနန့် တူညီစွာကို တွိရရေအတွက် ကချင်လူမျိုးနန့် ဆက်စပ်မှု ဟိကောင်းဟိနှိုင်ရေ။ ကချင်လူမျိုးတိပိုင် အောက်သားစုဧ့ဝီးကွာရေ အဆက်အနွယ်ဖြစ်နှိုင်ရေ။ တချို့က တကောင်းခေတ်၊ ပျူလူမျိုးတိက ဆင်းသက်ရေလို့လည်း ယူဆကတ်ပြီး သုသေသနပြုဗျာယ် ဟိကတ်ရေ။ ကတူးလူမျိုးတိစွာ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော်ကြီးအိုင်ဝန်းကျင်ရို့မာ ရှမ်းနီလူမျိုးတိနန့် လက်တွဲနီထိုင်ခကတ်ရေ။ အများစုကတော့ခါ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကတ်တေ။ ရိုးသားအီးချမ်းစွာ နီထိုင်ကတ်ပြီး တချို့မာ ဆင်ဖမ်းပြီး အသက်မွီးကတ်ရေ။ ကတူးလူမျိုးဆိုပနာ သတ်မှတ်ဖို့ဘာသာစကားတခုရာ မြန်မာဘာသာစကားနန့် ကွဲပြားပြီး စာပီ၊ ယိုင်ကျေးမှု၊ အဝတ်အစား၊ အစားအသောက်၊ ပွဲလမ်းသဘင်ရို့မာ အောက်သားတိနန့် တတူတူပင်ဖြစ်ရာ ဂုချိန်ခါ ပျောက်ကွယ်လုနီးပါး ဟိနီရာဖြစ်တေ။

ကတူးလူမျိုးတိမာ ရှီးကျလှရေ သက်လူမျိုးစုမာ ပါဝင်ပြီးကေ ဟိုလူမျိုးစုဝင် လူမျိုးငယ် (၅)မျိုး အနက် လူဦးရွီ အများဆုံးဖြစ်တေ။ ၁၉၃၁ ခုနှစ် သိုင်ခေါင်စာရင်းအရ လူမျိုးအားဖြင့် လူဦးရွီ ၃၆၀၀ ခန့် ဟိပြီးကေ ကတူးဘာသာစကားကို ပြောဆိုသူတိ ဦးရွီမာ ၂၀၀၀၀ မျှ ဟိရေ။

ကတူးရို့စွာ ကိုယ်ရို့ကိုယ်ကို အ-သက်၊သက်ဆိုပနာပင်ဖြစ်ဖြစ် ကိုယ်ရို့ဘာသာစကားဖြင့် "အစတ်က်" ဆိုပနာပင်ဖြစ်ဖြစ် သညာ တပ်ခေါ်ကတ်တေ။ ပုဂံခေတ်ကျောက်စာရို့မာ ထိုသူရို့ကို ကန္တူဟု ရီးသားဖော်ပြလို့၊ တရုတ်မှတ်တမ်း ရို့မာကား “ချိုင်တု”ဟု ရီးသားရေ။ ပုဂံခေတ်ကျောက်စာတိအရ ထိုခေတ်က ကတူးရို့စွာ တကောင်းမြို့ ပတ်ဝန်းကျင် ဖြစ်ရေ သင်းတွဲပြည်နန့် မူးမြစ်ဝှမ်း အထက်ပိုင်းဒီပဲယင်းဒေသရို့မာ နီခကတ်ကြောင်း သိရရေ။

(၁၃)ရာစုနှစ် အဦးပိုင်း ပုဂံခေတ်အထဲက မြန်မာနိုင်ငံအလယ်ပိုင်းမာ မြို့ပြပြည်ရွာ တည်ထောင်ခပြီးကေရေ မြန်မာရို့စွာ မြောက်ဘက်ကို ပျံ့နှံ့ရွှိပြောင်း နီထိုင်ကတ်ရာမာ ကတူးရို့၏ ဒေသကိုပါ သိမ်းသွင်းခကတ်၏။ ထိုအချိန်မှစပြီးကေ ကတူးရို့နန့် ဆက်သွယ်မှု ပိုပြီးကေများပြား ပါလတ်တေ။

မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှရို့ တိုက်ခိုက် သိမ်းယူဖိနောက် ကတူးရို့စွာ ဝန်းသိုဒေသမှ မြောက်ဘက်ကို တဆတ်ဆတ် ရွှိပြောင်းနီထိုင်လာခကတ်ရေ။ ဂုချိန်ခါမာ သူရို့ကို ကသာခရိုင်မားဟိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသမာ အများဆုံးတွိရရေ။ မြောက်ဘက်ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင် နန့် အနောက်မြောက်ဘက် အထက်ချင်းမားခရိုင်ရို့မာလည်း ပျံ့နှံ့နီထိုင်ဗျာယ် ဟိကတ်ရေ။

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်ရို့မာ အများဆုံးနီထိုင်ပြီး ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်နန့် ကချင်ပြည်နယ် ၊အင်းတော်ကြီးဒေသရို့မာလည်း နီထိုင်ကတ်ရေ။ အဓိက မဲဇာမြစ်ဝှမ်းဒေသမာ အများဆုံးနီထိုင်ကတ်ရေ။

မိခင်ဘာသာစကားကို တတ်ကျွမ်းစွာပြောနိုင်သူ (၅၀၀၀၀) ခန့်မိခင်ဘာသာ မဆက်နိုင်သူ တသိန်းဝန်းကျင်ခန့် ဟိရေ။ မြန်မာနိုင်ငံသား စိစစ်ရီးကတ်ပြားမာ ကတူး နာမည် စာရင်းထည့်ခံထားရသူ (၃၀၀၀၀) ကျော်ဟိပြီးး ဗမာ နာမည်စာရင်းပေါက်နီသူ (၁၀၀၀၀၀) ဝန်းကျင်ခန့် ဟိရေ။ လက်ဟိ စုစုပေါင်း လူဦးရွီ(တနိုင်ငံလုံး) (၂၀၀၀၀၀)ခန့် ဟိရေ။

အများစု ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်တေ။ အရာဘာသာကိုးကွယ်မှု မဟိသလောက် နည်းပါးရေ။

တောင်သူတိ ဖြစ်ကတ်တေ။ ရွှီလုပ်ငန်း ဆောင်ရွက်မှု စိကေချေဟိရေ။ ဟင်းခင်းခြံလုပ်ငန်း၊ မွေးမြူရီး၊ အိုးလုပ်ငန်း၊ နပန်းတောင်းရက်ရေ လုပ်ငန်းများ၊ ဖျာရက်လုပ်ငန်း စရေ အသက်မွီးဝမ်းကျောင်း လုပ်ငန်းတိလေ့ ဟိရေ။ ရိုးရာရက်ကန်းလုပ်ငန်းတိကို ပင်လယ်ဘူးမြို့ နယ်မာသာ တွိရရေ။ အရာမြို့ နယ်များမာ ပျောက်ကွယ်နိန်ယာဖြစ်တေ။

ခေတ်ပညာတတ်လူငယ်များ နည်းပါးရေ။ အဓိက အစိုးရပညာရီးစနစ် ဖြစ်တေ။ ခေတ်ပညာထက် ဘာသာရီးစာပီကို လိ့လာကတ်စွာက ပိုပြီးကေများရေ။

ကားလမ်းဖြင့်သာ အဓိက လားလာကတ်ရေ။ မိုးခါသားကာလမာ ရီကြောင်းဆက်သွယ်ရီး စိကေချေဟိရေ။ ဆက်သွယ်ရီး ခက်ခဲရေ ဒေသတခုဖြစ်တေ။

မြန်မာ့ရိုးရာအတိုင်း ဝတ်စားဆင်ယင်မှုအတိုင်း ဝတ်ဆင်ကတ်ရေ။ ဂုချိန်ခါ ရိုးရာဝတ်စုံ သတ်မှတ်ဝတ်ဆင်ဖို့ရာ ဖြစ်တေ။ နားတောင်းကြီးကြီး ပန်ရေ ကတူးတိလေ့ ဟိပြီးး ယင်းရို့ကို ရှေးက ငနားကြီးဟု ခေါ်ကတ်တေ။ (ပုဂံ၊ ရွှီစည်းခုံကျောက်စာမာ ကန်တု ငနားကြီး ဟု ဖော်ပြရေကို တွိရ၏။)

အယင်က စာပီမဟိခဲ့ပါ၊၊ ဂုချိန်ခါ ဒေသမား စာပီပညာသျှင် ဦးထွေးမောင်ကျော်(ဘာသာဗေဒပညာသျှင်)ဧ့ ကြိုးပမ်းမှုဖြင့် စာပီများ ပေါ်ပေါက်လာယာ ဖြစ်တေ။ ဂရီယွန် စာရီးနည်းစနစ် (Gre-Rom Writing System)ဖြစ်တေ။ ကမ္ဘာက လက်ခံထားရေ နောက်ဆုံးပေါ် သရအလုံး(၅၀) နန့် ရီးရရေ စာရီးနည်းစနစ် ဖြစ်တေ။ သင်ရလွယ်ကူပြီး အတိုဆုံးလက်ရီးဖြင့် ရီးနှိုင်ရေ။ ကမ္ဘာမာဟိရေ ဇာ ဘာသာစကားကိုမဆို ရီးသားနှိုင်ရေ။ တိုင်းရင်းသား စုံညီအစည်းအဝေးမာ ဆုံးဖြတ်အတည်ပြုပြီး ဖြစ်တေ။ မြန်မာလူမျိုး၊ သျှမ်းလူမျိုးရို့နန့် ရောနှော နီထိုင်ကတ်သဖြင့် ဟိုလူမျိုးရို့၏ ယိုင်ကျေးမှု ထုံးစံဓလိ့တချို့ကို ရဟိထားသူတိ ဖြစ်ကတ်တေ။ ကတူးရို့ ပြောဆိုရေ ဘာသာစကားတွင် မြန်မာစကား အတိပင် ပါဝင်နီစွာကို တွိရ၏။ ဈီးအသုံးအနှုန်း၊ ရွီတွက်မှု အသုံးအနှုန်းရို့မာကား ရှမ်းဘာသာစကားကို အများဆုံးသုံးစွဲကတ်ရေ။ ယေကေလဲ သူရို့၏ မူရင်းဘာသာစကားမာ မြန်မာစကား၊ ရှမ်းစကား ရို့နန့် မတူပါ၊၊

အယင်ခေါက်ကတည်းက မြန်မာမင်းများ လက်အောက်ခံအဖြစ် အမှုထမ်းခရေ။ သီပေါမင်းပါတော်မူစွာအထိ ကတူးတပ်ရင်း သီးသန့်ဟိခရေ။ လွတ်လပ်ရီးဆွေးနွေးချိန်မာ ဗိုလ်ချုပ်အောင်ဆန်းစွာ ကတူးတိုင်းရင်းသားတိအား အနီချ ခြင်းမဟိဘဲ ကတူးနယ်မြီတိအား ကချင်ပြည်နယ်သို့ သတ်မှတ်ပီးလိုက်ရေ။ အိန်းဂလိချ်လက်ထက်မှစပြီးကေ ကတူးတိုင်းရင်းသားတိဧ့ စည်းရုံးရီးပြိုကွဲခပြီးကေ နိုင်ငံရီးနယ်ပယ်မာ စိတ်ပါမှု နည်းလာကတ်တေ။ ၁၉၉၀ ရွီးကောက်ပွဲမာ ပါဝင်နှိုင်ခကေလေ့ ၂၀၁၀ ရွီးကောက်ပွဲမာ ကတူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်နိူင်းပြိုင်နှိုင်ခခြင်း မဟိခဲ့ပါ၊၊