Jump to content

ကထိနသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

အသျှင်ရို့ သုံးဆယ်သော နိဿဂ္ဂိပါစိတ်အာပတ်ရို့စွာ သရုပ်အနိန်နန့် ပြဆိုအပ်ရေ၏ အဖြိုက် သို့ရောက်ကုန်၏။

၄၅၉။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ဝေသာလီမြို့ ဂေါတမကစာတီ 'နတ်စင်' ၌နေတော်မူရေအခါ ရဟန်းရို့အား တိစီဝရိက် 'သင်္ကန်းသုံးထည်' ကို ခွင့်ပြုတော်မူ၏၊ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ မြတ်စွာဘုရားစွာ တိစီဝရိက်ကို ခွင့်ပြုတော်မူ၏ဟု (အမှတ်ပြုပနာ) တစ်မျိုးသော တိစီဝရိက်နန့်ရာ ရွာသို့ ဝင်ကုန်၏၊ အခြားတစ်မျိုးသော တိစီဝရိက်နန့်ရာ အရံတွင်း၌ နီကုန်ရေ၊ အခြားတစ်မျိုးသော တိစီဝရိက်နန့် ရီချိုးဆိပ်သို့ ဆင်းသက်ကုန်၏။

အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အပိုသင်္ကန်းကို အဇာကြောင့် ဆောင်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းရို့နန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။

"ရဟန်းရို့ သင်ရို့စွာ အပိုသင်္ကန်းကို ဆောင်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ အပိုသင်္ကန်းကို အဇာကြောင့် ဆောင်ကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။ ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၄၆၀။ "အကြင်ရဟန်းစွာ အပိုသင်္ကန်းကို ဆောင်ငြားအံ့၊ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

ဒေပိုင်ဆိုကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊

၄၆၁။ ယင်းခါ အသျှင်အာနန္ဒာအား အပိုသင်္ကန်း ဖြိုက်ပေါ်လှာ၏၊ အသျှင်အာနန္ဒာကလည်း ထိုသင်္ကန်းကိုအသျှင်သာရိပုတြာအား လှူလို၏၊ အသျှင်သာရိပုတြာစွာလည်း သာကေတမြို့၌ နီ၏၊ ယင်းခါအသျှင်အာနန္ဒာအား "မြတ်စွာဘုရားစွာ 'အပိုသင်္ကန်းကို မဆောင်ရ'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူအပ်၏၊ ငါ့အား ဒေအပို သင်္ကန်းစွာလည်း ဖြိုက်ပေါ်နီ၏၊ ငါကလည်း ဒေသင်္ကန်းကို အသျှင်သာရိပုတြာအား လှူလို၏၊ အသျှင်သာရိ ပုတြာစွာလည်း သာကေတမြို့၌ နီ၏၊ ငါစွာ အဇာသို့ကေ ပြုကျင့်ရပါဖို့လဲ"ဟု အကြံဖြိုက်ပေါ်၏။

ယင်းခါ အသျှင်အာနန္ဒာစွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်၏။

အာနန္ဒာ သာရိပုတြာစွာ မည်လှောက်ကြာရေခါ ပြန်လာဖို့လဲဟု (မေးတော်မူရာ) မြတ်စွာဘုရား ကိုးရက်မြောက်သော နိ၌သော်လိ့ကောင်း၊ ဆယ်ရက်မြောက်သော နိ၌သော်လိ့ကောင်း (ပြန်လာပါလိမေ)ဟု (လျှောက်၏)။

ယင်းခါ မြတ်စွာဘုရာသည် ဒေအကြောင်းအရာကြောင့် တရားစကား ဟောကြားတော်မူပြီးကေ "ရဟန်း ရို့ဆယ်ရက်အပိုင်းအခြား ကာလလုံးလုံး အပိုသင်္ကန်း ဆောင်ခြင်းငါှ ခွင့်ပြုရေ"ဟု ရဟန်းရို့ကိုမိန့်တော်မူ၏။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၄၆၂။ "ရဟန်းစွာ သင်္ကန်း (ကိစ္စ) ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီး လတ်သော်ဆယ်ရက်အပိုင်းအခြားဟိရေ ကာလလုံးလုံး အပိုသင်္ကန်းကို ဆောင်နှိုင်ရေ၊ ထို (ဆယ်ရက်အပိုင်းအခြား ကာလ) ကို လွန်စီရေ ရဟန်းအား စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)

၁-ပဌမ ကထိနသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၆၃။ သင်္ကန်း (ကိစ္စ) ပြီးဆုံးလတ်သော်ဟူစွာ ရဟန်း၏ သင်္ကန်းစွာ (အပ်ချုပ်မှုစစွာကို) ပြုအပ်ပြီးသော်လိ့ကောင်း၊ ပျောက်သော်လိ့ကောင်း၊ ပျက်စီးသော်လိ့ကောင်း ၊ မီးလောင်သော်လိ့ကောင်း သင်္ကန်း (လျာ) ခတောင်းရနိုးခြင်း အာသာပြတ်သော်လိ့ကောင်း တည်း။

ကထိန်ကိုနုတ်ပြီးလတ်သော်ဟူစွာ မာတိကာရှစ်ပါးရို့တွင် တပါးပါးသော မာတိကာနန့် နုတ်အပ်၏၊ သံဃာကလေ့ ကထိန်ခေတ်အတွင်းမာ နုတ်အပ်၏။

ဆယ်ရက် အပိုင်းအခြားဟိရေ ကာလလုံးလုံးဟူစွာ ဆယ်ရက်အပိုင်းအခြားနန့် ဆောင်နှိုင်ရေ။

အပိုသင်္ကန်း ဆိုစွာ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုအပ်ရေ (သင်္ကန်းတည်း)။

သင်္ကန်း ဆိုစွာ ခြီာက်မျိုးသော သင်္ကန်းရို့တွင် အယုတ်ဆုံးအနိန်နန့် ဝိကပ္ပနာလောက်သော သင်္ကန်းတစ်မျိုးမျိုးတည်း။

ထို (ဆယ်ရက် အပိုင်းအခြားကာလ) ကို လွန်စီရေ ရဟန်းအား စွန့်ခြင်း (ဝိနည်းကံ) ဟိရေပါစိတ်အာပတ်သင့်၏ဟူစွာ တစ်ဆယ့်တစ်ရက်မြောက် အာရုဏ်တက်လတ်သော် စွန့်အပ်၏၊ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။


ရဟန်းရို့ ဧပိုင် စွန့်ရဖို့။

ထိုရဟန်းစွာ သံဃာတော်သို့ ချိုင်းကပ်ပြီးနောက် လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ အပေါ်ရုံဧကသီကို စံပယ်တင်ပြီးကေ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးပနာ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-"အသျှင်ဘုရားရို့ အကျွန်ုပ်၏ ဒေသင်္ကန်းစွာ ဆယ်ရက်ကို လွန်စွာဖြိုက်ပနာ စွန့်အပ်ပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု ဆိုရဖို့။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့။

ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီးသင်္ကန်းကို ပြန်ပီးရဖို့။

၄၆၄။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဒေပိုင်သောရဟန်း၏ စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ဒေသင်္ကန်းကို သံဃာအား စွန့်အပ်ပြီ၊ သံဃာအား လျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေသင်္ကန်းကို ဒေပိုင်သော ရဟန်းအား ပီးရာ၏"ဟု (သိစီပနာ ပြန်ပီးရဖို့)။

၄၆၅။ ထိုရဟန်းစွာ အများကြီးသော ရဟန်းရို့သို့ ချိုင်းကပ်ပြီးနောက် လက်ဝဲတစ်ဖက်ပက်ခုံးထက်၌အပေါ်ရုံ ဧကသီကို စံပယ်တင်ပြီးကေ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးပနာဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-

"အသျှင်ဘုရားရို့ အကျွန်ုပ်၏ ဒေသင်္ကန်းစွာ ဆယ်ရက်ကို လွန်စွာဖြိုက်ပနာ စွန့်အပ်ပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို အသျှင်ရို့အား စွန့်ပါ၏"ဟု ဆိုရဖို့။ စွန့်ပြီးနောက် အာပတ်ကိုဒေသနာကြားရဖို့။ ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီးသင်္ကန်းကို ပြန်ပီးရဖို့။

၄၆၆။ "အသျှင်ဘုရားရို့ အကျွန်ုပ်၏ (စကားကို) နာကုန်လော့၊ ဒေပိုင်သော ရဟန်း၏ စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ဒေသင်္ကန်းကို အသျှင်ရို့အား စွန့်အပ်ပြီ၊ အသျှင်ရို့အား လျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ အသျှင်ရို့စွာ ဒေသင်္ကန်းကို ဒေပိုင်သော ရဟန်းအား ပီးကုန်ရာ၏"ဟု (သိစီပနာ ပြန်ပီးရဖို့)။

၄၆၇။ ထိုရဟန်းစွာ တပါးသော ရဟန်းသို့ ချိုင်းကပ်ပြီးနောက် လက်ဝဲတဖက် ပက်ခုံးထက်၌ အပေါ်ရုံဧကသီကို စံပယ်တင်ပြီးကေ ဆောင့်ကြောင့်ထိုင်ပနာ လက်အုပ်ချီလျက်-

"ငါ့သျှင် အကျွန်ုပ်၏ ဒေသင်္ကန်းစွာ ဆယ်ရက်လွန်စွာဖြိုက်ပနာ စွန့်အပ်ပါရေ၊ အကျွန်ုပ်စွာဒေသင်္ကန်းကို အသျှင့်အား စွန့်ပါရေ"ဟု ဆိုရဖို့။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ထိုရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီးသင်္ကန်းကို "အသျှင့်အား ဒေသင်္ကန်းကို ပြန်ပီးပါရေ"ဟု ဆိုပနာ ပြန်ပီးရဖို့။

၄၆၈။ ဆယ်ရက်လွန်ပြီး၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိရေ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ဆယ်ရက်လွန်ပြီး၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ဆယ်ရက်လွန်ပြီး၌မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အဓိဋ္ဌာန် မတင်အပ်သိမ့်ရေ၌ အဓိဋ္ဌာန် တင်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ဝိကပ္ပနာ မပြုအပ်သိမ့်ရေ၌ ဝိကပ္ပနာပြုအပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မပျောက်စွာ၌ ပျောက်ရေလို့ ထင်မှတ်ခြင်း ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မပျက်စွာ၌ ပျက်ရေလို့ ထင်မှတ်ခြင်း ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မီးမလောင်စွာ၌ မီးလောင်ရေလို့ ထင်မှတ်ခြင်း ရှိအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏၊ မလုယက်အပ်ရေ၌ လုယက်အပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။


စွန့်ခြင်း (ဝိနည်းကံ) ဟိရေ သင်္ကန်းကို မစွန့်မူပြီးကေ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ယုံမှား ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ်မသင့်။

၄၆၉။ ဆယ်ရက်အတွင်းမာ အဓိဋ္ဌာန်တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင်အံ့၊ လုယက်ပနာ ယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ယူကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

၄၇၀။ ယင်းခါ၌ ဆဗ္ဗဂ္ဂီ ရဟန်းရို့စွာ စွန့်ပြီးရေ သင်္ကန်းကို (ပြန်) မပီးကုန်၊ မြတ်စွာဘုရားအားဒေအကြောင်းကို လျှောက်ကတ်ကုန်၏။

ရဟန်းရို့ စွန့်ပြီးသင်္ကန်းကို ပြန်ပီးရဖို့ရာတည်း၊ အကြင် ရဟန်းစွာ (ပြန်) မပီး ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

ပဌမ ကထိနသိက္ခာပုဒ် ပြီး၏။

၂-ဥဒေါသိတ 'ဒုတိယကထိန' သိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၇၁။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူရေအခါ ရဟန်းရို့စွာ အခြားရဟန်းရို့၏ လက်၌သင်္ကန်း ကို ထားခပနာ သင်းပိုင်နန့် ဧကသီနန့်ရာ ဇနပုဒ်၌ လှည့်လည်ဖို့ ထွက်လားကတ်ကုန်၏၊ ကြာမြင့်စွာ ထားခကုန်သော ထိုသင်္ကန်းရို့စွာ မှိုတက်ကုန်၏ (မိုးထင်းကုန်၏)။ ထိုသင်္ကန်းရို့ကိုရဟန်းရို့စွာ နီလှန်းကတ်ကုန်၏။

အသျှင်အာနန္ဒာစွာ ကျောင်းစိုင်လှည့်လည်လတ်သော် ထိုသင်္ကန်းရို့ကို နီလှန်းကုန်သောထိုရဟန်းရို့ကို မြင်ပြီးနောက် ထိုရဟန်းရို့ပါးကို ချိုင်းကပ်ပြီးကေ "ငါ့သျှင်ရို့ မှိုတက်ကုန်သော ဒေသင်္ကန်းရို့စွာ ဇာသူ၏ သင်္ကန်းရို့နည်း"ဟု မေး၏၊ ယင်းခါ ထိုရဟန်းရို့စွာ အသျှင်အာနန္ဒာအား ဒေအကြောင်းကို ပြောကြားကတ်ကုန်၏။

အသျှင်အာနန္ဒာစွာ "ရဟန်းရို့စွာ အခြားရဟန်းရို့၏ လက်၌ သင်္ကန်းကို ထားခပနာ သင်းပိုင်နန့်ဧကသီနန့်ရာ ဇနပုဒ်၌ လှည့်လည်ဖို့ အဇာကြောင့် ထွက်လားကုန်ဘိသနည်း"ဟု သရော်၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ယင်းခါ အသျှင်အာနန္ဒာစွာ ထိုရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်၏။ပ။

"ရဟန်းရို့ ရဟန်းရို့စွာ အခြားရဟန်းရို့၏ လက်၌ သင်္ကန်းကို ထားခပနာ သင်းပိုင်နန့် ဧကသီနန့်ရာ ဇနပုဒ်၌ လှည့်လည်ဖို့ ထွက်လားကုန်ရေဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်း တော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ ရဟန်းရို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ထိုယောက်ျားရို့စွာ အခြားရဟန်းရို့၏ လက်၌ သင်္ကန်းကို ထားခပနာ သင်းပိုင်နန့် ဧကသီနန့်ရာ ဇနပုဒ်၌ လှည့်လည်ဖို့ ဇာကြောင့် ထွက်လားကုန်ဘိသနည်း၊ ရဟန်းရို့ဒေ (သင်ရို့ ပြုမိသော အမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။


၄၇၂။ "ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းစွာ တညည့်ဉ့်မျှလည်း တိစီဝရိက် 'သင်္ကန်းသုံးထည်' နန့် ကင်းပြီးကေ နေငြားအံ့၊ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

ဒေပိုင်ဆိုကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

အနုပညတ်သိက္ခာပုဒ်နန့် သိက္ခာပုဒ်အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၇၃။ ယင်းခါ ရဟန်းတပါးစွာ ကောသမ္ဗီမြို့၌ နိန်မကောင်း ဖြိုက်နီ၏၊ ဆွီမျိုးရို့စွာထိုရဟန်း၏ အပါးကို "အသျှင်မြတ်စွာ ကြွလှာတော်မူလော့၊ အငရို့တိစွာ လုပ်ကျွေးပါကုန်အံ့"ဟုတမန်စီလွတ် ကုန်၏၊ ရဟန်းရို့ကလည်း "င့ါသျှင် လားလီဖိ ဆွီမျိုးရို့စွာ သင့်ကို လုပ်ကျွေးကတ်လိ့မေ"ဟု ပြောဆိုကတ်ကုန်၏၊ ထိုရဟန်းစွာ "ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ 'တိစီဝရိက်နန့် ကင်းပြီးကေ မနီရ'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ငါစွာလည်း မမာအနိန်နန့် တိစိဝရိက်ကို ယူပနာသွားခြင်းငှါ မတတ်နိုင်၊ ငါစွာ မလားဖိအံ့"ဟု ပြောဆို၏။

မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေ ရဟန်းရို့ကို "ရဟန်းရို့ မမာသောရဟန်းအား တိစီဝရိက်နန့် ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိပီးခြင်းငှါ ခွင့်ပြုရေ"ဟု မိန့်တော်မူ၏။

ရဟန်းရို့ ဧပိုင်ပီးရဖို့။

ထိုမမာသော ရဟန်းစွာ သံဃာသို့ ချိုင်းကပ်ပြီးကေ လက်ဝဲတစ်ဖက်ပက်ခုံးထက်၌ ဧကသီကို စံပယ်တင်ပနာ ကြီးကုန်သော ရဟန်းရို့ကို ယှိခိုးလျက် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီပြီးကေ -

"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ မမာပါ၊ တိစီဝရိက်ကို ယူပနာ ဖဲသွားခြင်းငှါ မတတ် နှိုင်ပါ၊ အသျှင်ဘုရားရို့ ထိုအကျွန်ုပ်စွာ သံဃာအား တိစီဝရိက်နန့်ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိကိုတောင်းပါရေ"ဟု ဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း တောင်းရဖို့။ သုံးကြိမ်မြောက်လည်း တောင်းရဖို့။ ကျွမ်းကျင်လိမ္မာပနာစွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။

၄၇၄။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဒေ မည်သောရဟန်းစွာ မမာစွာဖြိုက်ပနာ တိစီဝရိက်ကို ယူပနာ ဖဲသွားခြင်းငှါ မတတ်နိုင်၊ ထိုရဟန်းစွာ သံဃာကို တိစီဝရိက်နန့် ကင်းပြီးကေနီနှိုင်ရန် သမ္မုတိကို တောင်း၏၊ သံဃာအား လျောက်ပတ်ရေအခါဟိရေ ကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းအား တိစီဝရိက်နန့် ကင်းပြီးကေနီနှိုင်ရန် သမ္မုတိကို ပီးရာ၏၊ ဒေကား သိစီခြင်းတည်း။

အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဒေပိုင်သော ရဟန်းစွာ မမာစွာ ဖြိုက်ပနာ တိစီဝရိက်ကို ယူပနာ ဖဲသွားခြင်းငှါ မတတ်နိုင်၊ ထိုရဟန်းစွာ သံဃာကိုတိစီဝရိက်နန့် ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိကို တောင်း၏၊ သံဃာစွာ ဒေပိုင်သော ရဟန်းအားတိစီဝရိက်နန့် ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိကို ပီးရေ၊ အကြင်အသျှင်အား ဒေ မည်သော ရဟန်းအားတိစီဝရိက်နန့် ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိကို ပီးခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ်နီရာ၏၊ အကြင်အသျှင်အား ခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။


သံဃာစွာ ဒေပိုင်သော ရဟန်းအား တိစီဝရိက်နန့် ကင်းပြီးကေ နီနှိုင်ရန် သမ္မုတိကို ပီးအပ်ပြီ၊ သံဃာအား ခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ် နေအနိန်နန့်ဒေခြီရေ အဖြိုက်ကေို သိမှတ်ရပါရေ"ဟု (သိစီရဖို့)။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၄၇၅။ "ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီး လတ်သော်ရဟန်းစွာ ရဟန်းရို့၏ သမ္မုတိကို မရဘဲ တညည့်ဉ့်မျှလည်း တိစီရိက်နန့် ကင်းပြီးကေနေငြားအံ့၊ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ဟိရေ ပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၂-ဥဒေါသိတ 'ဒုတိယကထိန' သိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၇၆။ သင်္ကန်း ပြီးဆုံးလတ်သော်ဟူစွာ ရဟန်း၏ သင်္ကန်းစွာ (အပ်ချုပ်မှုစစွာကို) ပြုအပ်ပြီးသော်လိ့ကောင်း၊ ပျောက်သော်လိ့ကောင်း၊ ပျက်သော်လိ့ကောင်း၊ မီးလောင်သော်လိ့ကောင်း၊ သင်္ကန်း (လျာခတောင်း) ရနိုးခြင်းအာသာ ပြတ်သော်လိ့ကောင်းတည်း။

ကထိန်ကို နုတ်ပြီးလတ်သော်ဟူစွာ မာတိကာရှစ်ပါးရို့တွင် တပါးပါးသော မာတိကာနန့်နုတ်အပ်၏၊ သံဃာကလေ့ ကထိန်ခေတ်အတွင်းမာ နုတ်အပ်၏။

ရဟန်းစွာ တညည့်ဉ့်မျှလည်း တိစီရိက်နန့် ကင်းပြီးကေ နေငြားအံ့ဟူစွာ ဒုကုဋ် 'နှစ်ထပ်သင်္ကန်း' နန့်သော်လိ့ကောင်း၊ ဧကသီနန့်သော်လိ့ကောင်း၊ သင်းပိုင်နန့်သော်လိ့ကောင်း (ကင်းပြီးကေနေငြားအံ့)။

ရဟန်းရို့၏ သမ္မုတိကို မရဘဲဟူစွာ ရဟန်းရို့၏ သမ္မုတိကို ထားပနာ။

စွန့်ခြင်း (ဝိနည်းကံ) ဟိရေဟူစွာ အာရုဏ်တက်စွာနန့် တစ်ပြိုင်တည်း စွန့်အပ်၏၊ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင်စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ အကျွန်ုပ်၏ ဒေသင်္ကန်းစွာ ရဟန်းရို့၏ သမ္မုတိကို မရဘဲ ညဉ့်ကင်းပြီးကေနေအပ်ပါအနိန်နန့် စွန့်အပ်ပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရမည ်)။ တိစီဝရိက်နန့် ကင်းပြီးကေ မနီရရေ ဌာန

၄၇၇။ ဥပစာတူ ဥပစာထူး ဟိရေရွာ။

ဥပစာတူ ဥပစာထူး ဟိရေ အိမ်။

ဥပစာတူ ဥပစာထူး ဟိရေ ဘဏ္ဍာတိုက်။

ဥပစာတူ ဥပစာထူး ဟိရေ ပြအိုး။

ဥပစာတူ ဥပစာထူး ဟိရေ တန်ဆောင်း။

ဥပစာတူ ဥပစာထူး ဟိရေ ပြာသာဒ်။

ဥပစာတူ ဥပစာထူး ဟိရေ ပြာသာဒ် ဦးပြည်း။

ဥပစာတူ ဥပစာထူး ဟိရေ လှီ။

ဥပစာတူ ဥပစာထူး ဟိရေ ဂါရီကုန်စွာ ဂါရီဝိုင်း။

ဥပစာတူ ဥပစာထူး ဟိရေ လယ်။

ဥပစာတူ ဥပစာထူး ဟိရေ ကောက်နယ်တလင်း။

ဥပစာတူ ဥပစာထူး ဟိရေ အရံ။

ဥပစာတူ ဥပစာထူး ဟိရေ ကျောင်း။

ဥပစာတူ ဥပစာထူး ဟိရေ အပင်ရင်း။

ဥပစာတူ ဥပစာထူး ဟိရေ လွင်တီးခေါင် 'ဟင်းလင်းပြင်'။


၄၇၈။ ဥပစာတူ ဟိရေရွာ ဆိုစွာ အမျိုးတစ်မျိုး၏ ရွာဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူရွာတွင်း၌ သင်္ကန်းကို ထားပနာ ရွာတွင်း၌ နီရဖို့၊ မကာရံအပ်ရေ ရွာဖြိုက်မူ သင်္ကန်းကို ထားသောအိမ်၌ နီရဖို့၊ နှစ်ထောင့်ထွာ 'ဟတ္ထပါသ်' ကိုကေလေ့ မစွန့်ရ။

၄၇၉။ အထူးထူးသော အမျိုး၏ ရွာဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ သင်္ကန်းကို ထားရာအိမ်၌သော်လိ့ကောင်း၊ ဧည့်ခန်း၌သော်လိ့ကောင်း၊ တန်းခါးရင်း၌သော်လိ့ကောင်း နီရဖို့၊ နှစ်တောင့်ထွာ 'ဟတ္ထပါသ်' ကိုကေလေ့ မစွန့်ရ။ ဧည့်ခန်းသို့ လားရေ ရဟန်းစွာ နှစ်တောင့်ထွာ'ဟတ္ထပါသ်' ၌ သင်္ကန်းကို ထားကေ ဧည့်ခန်း၌သော်လိ့ကောင်း၊ တန်းခါးရင်း၌သော်လိ့ကောင်း နီရဖို့၊ ဟတ္ထပါသ်ကို၁ကေလေ့ မစွန့်ရ။ ဧည့်ခန်း၌ သင်္ကန်းကိုထားမူ ဧည့်ခန်း၌သော်လိ့ကောင်း၊ တန်းခါးရင်း၌သော်လိ့ကောင်း နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံသောရွာ ဖြိုက်မူ သင်္ကန်းကို ထားရာ အိမ်၌ နီရဖို့၊ ဟတ္ထပါသ်ကို ကေလေ့ မစွန့်ရ။

၄၈၀။ အမျိုးတစ်မျိုး၏ အိမ်ဖြိုက်ပနာ ကာရံအပ်စွာလည်းဖြိုက်မူ၂ တိုက်ခန်းဆိဆောက်ခရောက် အခန်းဆိဆောက်ခရောက်ဟိရင် အိမ်တွင်း၌ သင်္ကန်းကို ထားပနာ အိမ်တွင်း၌ နီရဖို့။ မကာရံအပ်ရေဖြိုက်မူ သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၁။ အထူးထူးသော အမျိုး၏ အိမ်ဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ တိုက်ခန်းဆိဆောက်ခရောက်အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းကို ထားရာ အခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံအပ်ရေ ဖြိုက်မူ သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၂။ အမျိုးတစ်မျိုး၏ ဘဏ္ဍာတိုက်ဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ တိုက်ခန်းဆိဆောက်ခရောက်အခန်းဆိဆောက်ခရောက်ဟိရင် ဘဏ္ဍာတိုက်အတွင်းမာ သင်္ကန်းကို ထားသော် ဘဏ္ဍာတိုက်အတွင်းမာ နီရဖို့။ မကာရံအပ်ရေ ဖြိုက်မူ သင်္ကန်းထားရာ အခန်း၌နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၃။ အထူးထူးသော အမျိုး၏ ဘဏ္ဍာတိုက်ဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ တိုက်ခန်း အမျိုး မျိုးအခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံအပ်ရေဖြိုက်မူ သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၄။ အမျိုးတစ်မျိုး၏ ပြအိုးဖြိုက်ပနာ ပြအိုးအတွင်းမာ သင်္ကန်းကို ထားကေ ပြအိုးအတွင်းမာ နီရ မည်။ အထူးထူးသော အမျိုး၏ ပြအိုးဖြိုက်ပနာ တိုက်ခန်းဆိဆောက်ခရောက် အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာအခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၅။ အမျိုးတစ်မျိုး၏ တန်ဆောင်းဖြိုက်ပနာ တန်ဆောင်းအတွင်းမာ သင်္ကန်းကို ထားကေ တန်ဆောင်းအတွင်းမာ နီရဖို့။ အထူးထူးသော အမျိုး၏ တန်ဆောင်းဖြိုက်ပနာ တိုက်ခန်းဆိဆောက်ခရောက် အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၆။ အမျိုးတစ်မျိုး၏ ပြာသာဒ်ရှည်ဖြိုက်ပနာ ပြာသာဒ်အတွင်းမာ သင်္ကန်းကို ထားကေ ပြာသာဒ်အတွင်းမာ နီရဖို့။ အထူးထူးသော အမျိုး၏ ပြာသာဒ်ရှည်ဖြိုက်ပနာ တိုက်ခန်းဆိဆောက်ခရောက် အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။


၄၈၇။ အမျိုးတစ်မျိုး၏ ပြာသာဒ်ဦးပြည်းဖြိုက်ပနာ ပြာသာဒ်ဦးပြည်းအတွင်းမာ သင်္ကန်းကို ထားကေ ပြာသာဒ်ဦးပြည်းအတွင်းမာနီရဖို့။ အထူးထူးသော အမျိုး၏ ပြာသာဒ်ဦးပြည်းဖြိုက်ပနာ တိုက်ခန်းဆိဆောက်ခရောက်အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာ အခန်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ (နီရဖို့)၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၈။ အမျိုးတစ်မျိုး၏ လှီဖြိုက်ပနာ လှီအတွင်းမာ သင်္ကန်းကို ထားကေ လှီအတွင်းမာ နီရဖို့။ အထူးထူးသော အမျိုး၏ လှီဖြိုက်ပနာ တိုက်ခန်းဆိဆောက်ခရောက် အခန်းဆိဆောက်ခရောက်ဟိရင် သင်္ကန်းထားရာ အခန်း၌နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၈၉။ အမျိုးတစ်မျိုး၏ ကုန်စွာဂါရီဝိုင်းဖြိုက်ပနာ ကုန်စွာဂါရီဝိုင်း၌ သင်္ကန်းကို ထားကေ ဟိနီာက် ခုနှစ်အဗ္ဘ န္တရကို မစွန့်ရ၊ နံချင်းပြိုင်မှ အဗ္ဘ န္တရ (တစ်ခု) ကို မစွန့်ရ၊ အထူးထူးသော အမျိုး၏ကုန်စွာဂါရီဝိုင်းဖြိုက်ပနာ ကုန်စွာဂါရီဝိုင်း၌ သင်္ကန်းကို ချထားသော် ဟတ္ထပါသ်ကို မစွန့်ရ။

၄၉၀။ အမျိုးတစ်မျိုး၏ လယ်ဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ လယ်အတွင်းမာ သင်္ကန်းကို ထားကေ လယ်အတွင်းမာ နီရဖို့။ မကာရံအပ်ရေဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။ အထူးထူးသော အမျိုး၏လယ်ဖြိုက်ပနာ ကာရံအပ်စွာလည်းဖြိုက်မူ လယ်အတွင်းမာ သင်္ကန်းကို ထားကေ တန်းခါးရင်း၌သော် လည်းနီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံအပ်ရေဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။

၄၉၁။ အမျိုးတစ်မျိုး၏ ကောက်နယ်တလင်းဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ ကောက်နယ် တလင်းအတွင်းမာ သင်္ကန်းကို ထားကေ ကောက်နယ်တလင်းအတွင်းမာ နီရဖို့။ မကာရံအပ်ရေ ဖြိုက်မူဟတ္ထပါသ်ကို မစွန့်ရ။ အထူးထူးသော အမျိုး၏ ကောက်နယ်တလင်းဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူကောက်နယ်တလင်း အတွင်းမာ သင်္ကန်းကိုထားကေ ၊ တန်းခါးရင်း၌ကေလေ့ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံအပ်ရေဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။

၄၉၂။ အမျိုးတစ်မျိုး၏ အရံဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ အရံအတွင်းမာ သင်္ကန်းကို ထားကေ အရံအတွင်းမာ နီရဖို့။ မကာရံအပ်ရေဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။ အထူးထူးသော အမျိုး၏အရံဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ အရံအတွင်းမာ သင်္ကန်းကိုထားကေ တန်းခါးရင်း၌ကေလေ့နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ မကာရံအပ်ရေဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။

၄၉၃။ အမျိုးတစ်မျိုး၏ ကျောင်းဖြိုက်ပနာ ကာရံအပ်စွာလည်း ဖြိုက်မူ ကျောင်းအတွင်းမာ သင်္ကန်းကိုထားကေ ကျောင်းအတွင်းမာ နီရဖို့။ မကာရံအပ်ရေဖြိုက်မူ သင်္ကန်းထားရာ ကျောင်း၌ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။ အထူးထူးသောအမျိုး၏ ကျောင်းဖြိုက်ပနာ ကာရံအပ်စွာလည်းဖြိုက်မူသင်္ကန်းထားရာ ကျောင်း၌ နီရဖို့၊ တန်းခါးရင်း၌ကေလေ့ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့မစွန့်ရ။ မကာရံအပ်ရေ ဖြိုက်မူ သင်္ကန်းထားရာ ကျောင်း၌ နီရဖို့၊ ဟတ္ထပါသ်ကိုကေလေ့ မစွန့်ရ။

၄၉၄။ အမျိုးတစ်မျိုး၏ အပင်ရင်းဖြိုက်ပနာ ယင်းအပင်ရင်းစွာ မွန်းတည့်ကာလမာ ထက်ဝန်းကျင်အရိပ်ပျံ့နှံ့မူ အရိပ်တွင်း၌ သင်္ကန်းကို ထားကေ အရိပ်အတွင်းမာ နီရဖို့။

အထူးထူးသော အမျိုး၏ အပင်ရင်းဖြိုက်မူ ဟတ္ထပါသ်ကို မစွန့်ရ။

ဥပစာတူဟိရေ လွင်တီးခေါင်ဆိုစွာ ရွာမဟိရေ တောမာ ခုနစ်အဗ္ဘ န္တရအတွင်းမာစွာ ဥပစာတူဟိရေ မည်၏၊ ယင်းကနိန် အပြင်ဘက်ကား ဥပစာထူးဟိရေ မည်၏။

၄၉၅။ (ညဉ့်) ကင်းပြီးကေ နေအပ်ရေ၌ (ညဉ့်) ကင်းပြီးကေ နေအပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ သမ္မုတိရရေ ရဟန်းကို ချန်ထားပနာ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ညဉ့်) ကင်းပြီးကေ နေအပ်ရေ၌ ယုံမှားရှိအံ့၊ သမ္မုတိရရေ ရဟန်းကို ချန်ထားပနာ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ညဉ့်) ကင်းပြီးကေ နေအပ်ရေ၌ (ညဉ့်) ကင်းပြီးကေ မနေအပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ သမ္မုတိရရေ ရဟန်းကို ချန်ထားပနာ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ပစ္စုဒ္ဓိုရ် မပြုအပ်သိမ့်ရေ၌ ပစ္စုဒ္ဓိုရ်ပြုအပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့။ပ။ ၊ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီဟု ထင်မှတ်ခြင်းရှိအံ့။ပ။ မပျောက်စွာ၌ ပျောက်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ မပျက်စွာ၌ ပျက်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ မီးမလောင်စွာ၌ မီးလောင်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ ခိုးသူ မလုယက်အပ်ရေ၌ လုယက်အပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ သမ္မုတိရရေ ရဟန်းကိုချန်ထားပနာ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။


စွန့်ခြင်း (ဝိနည်းကံ) ဟိရေ သင်္ကန်းကို မစွန့်ဘဲ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ ၊ (ညဉ့်) ကင်းပြီးကေ မနေအပ်ရေ၌ (ညဉ့်) ကင်းပြီးကေ နေအပ်ရေဟု ထင်မှတ်ခြင်း ရှိအံ့၊ ဒုက္ကဋ် အာပတ်သင့်၏။ (ညဉ့်) ကင်းပြီးကေ မနေအပ်ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ (ညဉ့်) ကင်းပြီးကေမနေအပ်ရေ၌ (ညဉ့်) ကင်းပြီးကေ မနေအပ်ဟု ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။

၄၉၆။ အာရုဏ်အတွင်းမာ ပစ္စုဒ္ဓိုရ်ပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင်အံ့၊ လုယက်ပနာယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ယူကုန်အံ့၊ အာပတ် မသင့်။ ရဟန်းရို့၏ သမ္မုတိရခြင်းကြောင့် အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

ဥဒေါသိတ 'ဒုတိယကထိန' သိက္ခာပုဒ် ပြီး၏။

၁။ ဟတ္ထပါသ်ဟု တွိ့တိုင်း နှစ်ထောင့်ထွာဟု မှတ်ပါ။

၂။ ကာရံအပ်စွာလည်းဖြိုက်မူ အစဟိစွာအနိန်နန့် နာနူပစာရ ဥပစာထူးကို ပြရေ။ အခန်းနန့် တိုက်ခန်းကား ပရိယာယ်တူပင်တည်း။

၃-တတိယ ကထိနသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၉၇။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ ရဟန်းတပါးအား အခါမဲ့သင်္ကန်းစွာဖြိုက် ပေါ်၏၊ ထိုရဟန်း၏ ထိုသင်္ကန်းစွာ ချုပ်လတ်သော် မလှောက်ငှပါ၊၊

ယင်းခါ ထိုရဟန်းစွာ ထိုသင်္ကန်းကို ဖြန့်ပနာ ထပ်ကာ ထပ်ကာ ဆွဲဆန့်၏၊ မြတ်စွာဘုရားစွာကျောင်းစိုင် ဒေသစာရီ လှည့်လည်လတ်သော် ထိုသင်္ကန်းကို ဖြန့်ပနာ ထပ်ကာ ထပ်ကာ ဆွဲဆန့်နိန်ရေထိုရဟန်းကို မြင်ရေ၊ မြင်ပြီးနောက် ထိုရဟန်းပါးကို ချိုင်းကပ်ပနာ ထိုရဟန်းကို-

"ရဟန်း သင်ရေ အဇာကြောင့် ဒေသင်္ကန်းကို ဖြန့်ပနာ ထပ်ကာ ထပ်ကာ ဆွဲဆန့် နေသနည်း"ဟုမေးတော်မူ၏။

မြတ်စွာဘုရား အကျွန်ုပ်အား အခါမဲ့ ဖြိုက် ပေါ်လှာသော ဒေသင်္ကန်းစွာ ချုပ်လတ်သော် မလှောက်ငှပါ၊ အတွက်နန့် အကျွန်ုပ်စွာ ဒေသင်္ကန်းကို ဖြန့်ပနာ ထပ်ကာ ထပ်ကာ ဆွဲဆန့်နီပါရေဟု (လျှောက်၏)။

ရဟန်း သင့်အား သင်္ကန်းရလိမေဟု မျှော်လင့်ချက်ရှိသလောဟု (မေးတော်မူရာ)။

ဟိပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ယင်းခါ မြတ်စွာဘုရားစွာ ဒေ အကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေရဟန်းရို့ကို "ရဟန်းရို့ အခါမဲ့သင်္ကန်းကို ခံယူပနာ သင်္ကန်းရလိမေဟု မျှော်လင့်ချက်ရှိလတ်သော်ထားခြင်းငှါ ခွင့်ပြုရေ"ဟု မိန့်တော်မူ၏။

၄၉၈။ ယင်းခါ ရဟန်းရို့စွာ မြတ်စွာဘုရားစွာ "အခါမဲ့သင်္ကန်းကို ခံယူပနာ သင်္ကန်းရလိမေဟုမျှော်လင့်ချက်နန့် ထားခြင်းငှါ ခွင့်ပြုပြီ"ဟု အခါမဲ့သင်္ကန်းရို့ကို ခံယူပနာ တစ်လထက်ကကောင်း ထားကုန်၏၊ ထိုသင်္ကန်းရို့ကို သင်္ကန်းတန်း၌ ထုပ်ပနာ ဆွဲထားကုန်၏၊ အသျှင်အာနန္ဒာစွာ ကျောင်းစိုင် ဒေသစာရီလှည့်လည်လတ်သော် သင်္ကန်းတန်း၌ ထုပ်ပနာ ဆွဲထားကုန်သော ထိုသင်္ကန်းရို့ကို မြင်လတ်သော်ရဟန်းရို့ကို-

"ငါ့သျှင်ရို့ သင်္ကန်းတန်း၌ ထုပ်ပနာ ဆွဲထားသော သင်္ကန်းရို့စွာ ဇာသူ၏ သင်္ကန်းရို့နည်း"ဟုမေး၏။

ငါ့သျှင် ငါရို့၏ အခါမဲ့သင်္ကန်းတိတည်း၊ သင်္ကန်းရလိမေဟု မျှော်လင့်ချက်နန့် ထားကုန်၏ဟု (ဆိုကတ်ကုန်၏)။

ငါ့သျှင်ရို့ ဒေသင်္ကန်းရို့ကို ထားရီမာ ဇာလောက်ကြာရာနည်းဟု (မေးရေအခါ)

ငါ့သျှင် တစ်လကျော်ရာဟု (ပြောကတ်ကုန်၏)။

အသျှင်အာနန္ဒာစွာ "ရဟန်းရို့စွာ အခါမဲ့သင်္ကန်းကို ခံယူပနာ တစ်လထက်ကကောင်း အဇာကြောင့်ထားကုန်ဘိသနည်း"ဟု သရော်၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။


ယင်းခါ အသျှင်အာနန္ဒာစွာ ထိုရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်၏။ပ။

"ရဟန်းရို့ ရဟန်းရို့စွာ အခါမဲ့သင်္ကန်းကို ခံယူပနာ တစ်လထက်ကကောင်း ထားကတ်၏ဟူစွာမှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ "ရဟန်းရို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ထိုယောက်ျားရို့စွာ အခါမဲ့သင်္ကန်းကို ခံယူပနာ အဇာကြောင့် တစ်လထက်ကကောင်း ထားကုန်ဘိသနည်း၊ ရဟန်းရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းလိ့ကောင်း။ပ။ ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၄၉၉။ "ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းအားအခါမဲ့သင်္ကန်း ဖြိုက် ပေါ်ငြားအံ့၊ အလိုဟိရေ ရဟန်းစွာ ခံယူရာသည် ၊ ခံယူပြီးနောက် မမြန်ဆန်ဆန်ပင်ချုပ်ဆိုးရဖို့၊ အဂယင့်လို့ ပြည့်စုံလှောက်ငှခြင်း မဖြိုက်ပါမူ တစ်လ အတိုင်းအရှည် (ကာလလုံးလုံး) ထိုရဟန်းစွာ ယုတ်လျော့သော သင်္ကန်း၏ ပြည့်စုံလှောက်ငှခြင်းငှါ မျှော်လင့်ချက်ရှိလတ်သော်ထိုသင်္ကန်းကို ထားရာသည် ၊ ထိုတစ်လထက်ကကောင်း ထားငြားအံ့၊ မျှော်လင့်ချက် ဟိကေလေ့နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

၅၀၀။ သင်္ကန်းပြီးဆုံးလတ်သော်ဟူစွာ ရဟန်း၏ သင်္ကန်းစွာ ချုပ်ဆိုးအပ်ပြီးသော်လိ့ကောင်း၊ ပျောက်သော်လိ့ကောင်း၊ ပျက်သော်လိ့ကောင်း၊ မီးလောင်သော်လိ့ကောင်း၊ သင်္ကန်းရလိမေဟု မျှော်လင့်ချက်ပြတ်သော်လိ့ကောင်းတည်း။

ကထိန်ကို နုတ်ပြီးလတ်သော်ဟူစွာ မာတိကာရှစ်ပါးရို့တွင် တပါးပါးသော မာတိကာနန့်နုတ်အပ်၏၊ သံဃာကလေ့ ကထိန်ခေတ်အတွင်းမာ နုတ်အပ်၏။

အခါမဲ့သင်္ကန်း ဆိုစွာ ကထိန်မခင်းကေ တစ်ဆယ့်တစ်လအတွင်းမာ ဖြိုက် ပေါ်သော သင်္ကန်းတည်း၊ ကထိန်ခင်းကေ ခုနှစ်လအတွင်းမာ ဖြိုက် ပေါ်သော သင်္ကန်းတည်း၊ သင်္ကန်းအခါ၌ကေလေ့ ရည်ညွှန်းပနာလှူအပ်ရေ သင်္ကန်းတည်း၊ ဒေ (ဆိုအပ်ပြီး) စွာကား အခါမဲ့သင်္ကန်း မည်၏။


ဖြိုက်ငြားအံ့ဟူစွာ သံဃာမှသော်လိ့ကောင်း၊ ဂိုဏ်းမှသော်လိ့ကောင်း၊ ဆွီမျိုးမှသော်လိ့ကောင်း၊ မြိတ်ဆွီမှ သော်လိ့ကောင်း၊ ပံ့သကူသော်လိ့ကောင်း၊ မိမိဥစ္စာနန့်သော်လိ့ကောင်း ဖြိုက်ငြားအံ့။

အလိုဟိရေ ရဟန်းစွာ ဟူစွာ အလိုဟိရေ ရဟန်းစွာ ခံယူရာသည် ။

ခံယူပြီးနောက်ကေ မြန်စွာပင် ချုပ်ဆိုးရဖို့ဟူစွာ ဆယ်ရက်အတွင်းမာ ချုပ်ဆိုးရဖို့။

အဂယင့်လို့ ပြည့်စုံလှောက်ငှခြင်း မဖြိုက်ပါမူဟူစွာ ချုပ်ဆိုးလတ်သော် မလှောက်ငှ။

တစ်လအတိုင်းအရှည် (ကာလလုံးလုံး) ထိုရဟန်းစွာ ထိုသင်္ကန်းကို ထားရာသည်ဟူစွာ တစ်လအတိုင်းအရှည်နန့် ထားရာသည် ။

ယုတ်လျှော့သော သင်္ကန်း၏ ပြည့်စုံလှောက်ငှခြင်းငှါဟူစွာ ယုတ်လျှော့သော သင်္ကန်း၏ ပြည့်စုံလှောက်ငှဖို့ အလို့ငှါ။

မျှော်လင့်ချက်ရှိလတ်သော်ဟူစွာ သံဃာမှ သော်လိ့ကောင်း၊ ဂိုဏ်းမှ သော်လိ့ကောင်း၊ ဆွီမျိုးမှသော်လိ့ကောင်း၊ မြိတ်ဆွီမှသော်လိ့ကောင်း၊ ပံ့သကူသော်လိ့ကောင်း၊ မိမိ၏ ဥစ္စာနန့်သော်လိ့ကောင်း မျှော်လင့်ချက်ဟိ၏။

တစ်လထက်ကကောင်း ထားငြားအံ့၊ မျှော်လင့်ချက်ဟိကေလေ့ဟူစွာ မူလသင်္ကန်းရရေ နိ၌မျှော်လင့်သော သင်္ကန်းရအံ့၊ ဆယ်ရက်အတွင်းမာ ပြုစီရဖို့၊ မူလသင်္ကန်းရရေမှ နှစ်ရက်မြောက်၌မျှော်လင့်သော သင်္ကန်းရအံ့၊ ဆယ်ရက်အတွင်းမာ ပြုစီရဖို့၊ မူလသင်္ကန်းရရေမှ သုံးရက်မြောက်၌။ လေးရက်မြောက်၌။ ငါးရက်မြောက်၌။ ခြီာက်ရက်မြောက်၌။ ခုနစ်ရက်မြောက်၌။ ရှစ်ရက်မြောက်၌။ ကိုးရက်မြောက်၌။ မူလသင်္ကန်းရရေမှ ဆယ်ရက်မြောက်၌ မျှော်လင့်သော သင်္ကန်းရအံ့၊ ဆယ်ရက်အတွင်းမာ ပြုစီရဖို့၊ ဆယ့်တစ်ရက်မြောက်၌။ပ။ ဆယ့်နှစ်ရက်မြောက်၌။ ဆယ့်သုံးရက်မြောက်၌။ ဆယ့်လေးရက်မြောက်၌။ ဆယ့်ငါးရက်မြောက်၌။ ဆယ့်ခြီာက်ရက်မြောက်၌။ ဆယ့်ခုနစ်ရက်မြောက်၌။ ဆယ့်ရှစ်ရက်မြောက်၌။ ဆယ့်ကိုးရက်မြောက်၌။ မူလသင်္ကန်းရရေမှ ရက်နှစ်ဆယ်မြောက်၌ မျှော်လင့်သော သင်္ကန်းရအံ့၊ ဆယ်ရက်အတွင်းမာ ပြုစီရဖို့။

မူလသင်္ကန်းရရေမှ နှစ်ဆယ့်တစ်ရက်မြောက်၌ မျှော်လင့်သော သင်္ကန်းရအံ့၊ ကိုးရက်အတွင်းမာပြုစီရဖို့။ နှစ်ဆယ့်နှစ်ရက်မြောက်၌။ပ။ နှစ်ဆယ့်သုံးရက်မြောက်၌။ နှစ်ဆယ့်လေးရက်မြောက်၌။ နှစ်ဆယ့်ငါးရက်မြောက်၌။ နှစ်ဆယ့်ခြီာက်ရက်မြောက်၌။ နှစ်ဆယ့်ခုနစ်ရက်မြောက်၌။ နှစ်ဆယ့်ရှစ်ရက်မြောက်၌။ မူလသင်္ကန်းရရေမှ နှစ်ဆယ့်ကိုးရက်မြောက်၌ မျှော်လင့်သော သင်္ကန်းရအံ့၊ တစ်ရက်အတွင်းမာပြုစီရဖို့။ မူလသင်္ကန်းရရေမှ ရက်သုံးဆယ်မြောက်၌ မျှော်လင့်သော သင်္ကန်းရအံ့၊ ထိုနိ၌ရာကေ အဓိဋ္ဌာန်တင်ရဖို့ ဝိကပ္ပနာပြုရဖို့ စွန့်ရဖို့။ အဂယင့်လို့ အဓိဋ္ဌာန်မတင်အံ့ ဝိကပ္ပနာမပြုအံ့ မစွန့်အံ့၊ သုံးဆယ့်တစ်ရက် အာရုဏ်တက်လတ်သော် စွန့်အပ်၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ အကျွန်ုပ်၏ ဒေအခါမဲ့သင်္ကန်းစွာ တစ်လလွန်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။

မူလသင်္ကန်းနန့် မျှော်လင့်သော သင်္ကန်းစွာ သဘောချင်း မတူကတ်အံ့၊ ညဉ့်ရို့စွာလည်းကြွင်းကျန်ကုန်သေးအံ့၊ အလိုမဟိပဲနန့် ပြုစီရဖို့ မဟုတ်။


၅၀၁။ တစ်လလွန်ပြီး၌ လွန်၏ဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်လ လွန်ပြီး၌ယုံမှားရှိအံ့။ပ။ တစ်လလွန်ပြီး၌ မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့။ပ။ အဓိဋ္ဌာန် မတင်အပ်သေး စွာ၌အဓိဋ္ဌာန် တင်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့။ပ။ ဝိကပ္ပနာ မပြုအပ်သိမ့်ရေ၌ ဝိကပ္ပနာ ပြုအပ်ပြီးဟုထင်မှတ်ခြင်းရှိအံ့။ပ။ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့။ပ။ မပျောက်စွာ၌ပျောက်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ မပျက်စွာ၌ ပျက်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ မီးမလောင်စွာ၌မီးလောင်ရေလို့ ထင်မှတ်ခြင်းရှိအံ့။ပ။ မလုယက်အပ်ရေ၌ လုယက်အပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ခြင်း (ဝိနည်းကံ) ဟိရေ သင်္ကန်းကို မစွန့်မူပြီးကေ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လမလွန်သိမ့်ရေ၌ လွန်ပြီးဟု ထင်မှတ်ခြင်း ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လမလွန်သိမ့်ရေ၌ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လမလွန်သိမ့်ရေ၌ မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ်မသင့်။

၅၀၂။ တစ်လအတွင်းမာ အဓိဋ္ဌာန်တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ မီးလောင် အံ့၊ လုယက်ပနာ ယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ခံယူကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

တတိယ ကထိနသိက္ခာပုဒ် ပြီး၏