Jump to content

ကပ္ပလီကျွန်း

ဝီကီးပီးဒီးယား က
Andaman and Nicobar Islands
ပြည်ထောင်စုနယ်မြီ
တမ်းပလိတ်:Photomontage
(clockwise from top) Barren Island, Beach at Ross and Smith island; Sunset at Andaman Island; Diving in Andamans
ဖိုင်:Seal of Andaman Government.png
အိန္ဒိယနိုင်ငံဟိ ကလမဲကျွန်းဧ့ တည်နီရာ
အိန္ဒိယနိုင်ငံဟိ ကလမဲကျွန်းဧ့ တည်နီရာ
Coordinates (Port Blair): 11°41′N 92°46′E / 11.68°N 92.77°E / 11.68; 92.77Coordinates: 11°41′N 92°46′E / 11.68°N 92.77°E / 11.68; 92.77
နိုင်ငံ India
တည်ထောင်၁ နိုဝင်ဘာ ၁၉၅၆
မြို့တော်နန့် အကြီးဆုံးမြို့Port Blair
တိုင်းများ၃
Government
 • ဒုတိယမြို့တော်ဝန်Admiral (Retd.) Devendra Kumar Joshi
 • အတွင်းရီးမှူးချုပ်Jitendra Narain, IAS
 • Lok Sabha Constituency 1 Shri. Kuldeep Rai Sharma INC
 • တရားရုံးချုပ်Calcutta High Court - Port Blair Bench
Area
 • Total၈,၂၄၉ km2 (၃၁၈၅ sq mi)
 • Rank28th
လူဦးရေ
 (2012)[၂]
 • Total၃၈၀,၅၂၀
 • Density၄၆/km2 (၁၂၀/sq mi)
ဘာသာစကားတိ[၃]
 • တရားဝင်ဟင်ဒီ၊ အိန်းဂလိချ်[၃]
 • စကားပြောဘင်္ဂါလီ၊ ဟင်ဒီ၊ Tamil, Telugu, en:Malayalam, Nicobarese, Kurukh, Munda, Kharia[၄]
Time zoneUTC+05:30 (IST)
ISO 3166 codeIN-AN
HDI (2019)Increase0.741 (high) • 6th
Websitewww.andaman.gov.in
တမ်းပလိတ်:Infobox place symbols

ပြည်ထောင်စု မြန်မာနိုင်ငံ နာဂရေအငူဧ့ တောင်ဘက် မိုင် ၁၆၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ မဒရပ်ကမ်းရိုးတန်းဧ့ မိုင် ၁၇၀ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အတွင်းမာဟိရေ ကလမဲကျွန်းခေါ် အန္ဒမန်ကျွန်းစုမာ နာဂရေငူနန့် ဆူမတြားကျွန်းဟိ အချင်အငူစပ်ကြားမာဟိရေ ကျွန်းစုတန်းမာ အကြီးဆုံးကျွန်းဖြစ်တေ။ ထိုကျွန်းစုတန်းမာ အမှန်လို့ဆိုကေ ဟိမဝန္စွာတောင်ဆွယ်မှ ဖြာဆင်းလှာသော ရခိုင်ရိုးမတောင်တန်းဧ့ ပင်လယ်မားရောက် ကုန်းမြင့်တန်းဧ့ အဆက်ပင်ဖြစ်တေ။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မြန်မာနိုင်ငံမှ တသက်တကျွန်းပို့ခြင်းခံရရေ အကျိုင်းသားတိကို ထိုကျွန်းသို့ပို့အတွက်နန့် ထိုကျွန်းစုကို တကျွန်းလို့လေ့ ခေါ်ကတ်တေ။ ကလမဲလူပုတိနီရေကို အကြောင်းပြပြီးကေလည်း ကလမဲကျွန်းလို့လေ့ မာရေ။မြန်မာပိုင်နက်အဖြစ်တောင်းဆိုနှိုင်သော နီရာဖြစ်တေ။

ကလမဲကျွန်းစုမာ ကျွန်းကြီးကျွန်းငယ် အစုစုပေါင်း ၂၀၄ ကျွန်း ပါဝင်ရေ။ ထိုကျွန်းစုရေ မြောက်မှ တောင်သို့ မိုင် ၂၀၀ ခန့် ရှည်လျားဧ့။ မြောက်ဘက်ဟိ ကျွန်းကြီးကို ကလမဲကျွန်း၊ သို့မဟုတ် အန္ဒမန်ကျွန်းကြီးလို့လေ့ကောင်း၊ တောင်ဘက်ဟိ ကျွန်းကြီးကို ကလမဲကျွန်းငယ်၊ သို့မဟုတ် အန္ဒမန်ကျွန်းငယ်လို့လေ့ကောင်း ခေါ်ရေ။ ကျွန်းငယ်အချေတို့မာ မြောက်ဘက်စွန်းဟိ ကိုကိုနန့် လင်ဖောကျွန်းများ၊ ကျွန်းကြီးဧ့ အနောက်ဘက်ဟိ အင်တာဗျူးကျွန်း၊ အရှိဖက်ကမ်း နံဘေးဟိ ရစ်ချီကျွန်းစု၊ တောင်ဘက်ဖျားဟိ ရတ်တလန်နန့် မြောက်ဆင်တီနယ်ကျွန်းရို့ ထင်ရှားရေ။

ကလမဲကျွန်းကြီးကို ကျွန်းကြီးတကျွန်းတည်ဟု ယူဆရန် ဖြစ်ကေလေ့ ကျိုင်းမြောင်းလှသော ဆားငန်ရီကြောင်းလို့ ငယ်ကောင်မချေျား ဖြတ်စီးနိန်ရေကြောင့် ကျွန်းသျှေကျွန်း ဟိရေဟု ယူမှတ်ကတ်တေ။ ယင်းရို့မာ မြောက်အန္ဒမန်၊ အလယ် အန္ဒမန်၊ ဗာရာတန်းနန့် တောင်အန္ဒမန်ရို့ ဖြစ်တေ။ တောင်ကမြောက်သို့ (ရတ်တလန်ကျွန်း အပါအဝင်) မိုင် ၁၆၀ ရှည်လျားလို့ အရှိနန့်အနောက်မာ တဖက်ပင်လယ်မှ အခြားတဖက်သို့ ဇာနီရာမျှ မိုင် ၂၀ ထက်ပိုပြီးကေ မကျယ်ဝန်းပါ၊၊ ပင်လယ်ကမ်းရိုးတန်းမာ များစွာ ကွိကောက်လို့ သင်္ဘောများခိုလှုံနှိုင်ရေ အကွိ့အကောက်တိဟိပါယင့်။ အန္ဒမန်ကျွန်းငယ်မာ ရတ်တလန်ကျွန်းဧ့ တောင်ဘက် မိုင် ၃၀ အကွာမာ ဟိ၏။ တောင်ကမြောက်သို့ ၂၆ မိုင်ရှည်ပြီးကေ အရှိမှ အနောက်ကို ၁၆ မိုင်ကျယ်ရေ။

မြီမျက်နှာပြင်မာ တောင်ကုန်းထူထပ်လို့ တသက်တကျွန်းရို့ စတည်းချနီထိုင်ရာဒေသမှအပ တကျွန်းလုံးမာ အပူပိုင်းသစ်တောတိနန့် လွှမ်းမိုးဗျာယ်ဟိရေ။ တောင်ကုန်းရို့မာ မြောက်မှတောင်သို့ တန်းဗျာယ်ဟိကတ်တေ။ အရှိ ဖက်မာ ပိုပြီးကေမြင့်ပနာ အနောက်ဘက်မာ နိမ့်ရေ။ ထိုကျွန်းစုဟိ တောင်ထိပ်တိမာ မြောက်အန္ဒမန်ဟိ ဆက်ဒဲတောင်ထိပ် ၂၄၀၂ ပေ၊ အလယ်အန္ဒမန်ဟိ ဒီယဗိုလိုတောင်ထိပ် ၁၆၇၈ ပေ၊ တောင်အန္ဒမန်ဟိ ဟဲရီးယက်တောင်ထိပ် ၁၁၉၆ ပေရို့ ဖြစ်တေ။

ပူနွေး၊ စွတ်စို၊ ထိုင်းမှိုင်းသော အပူပိုင်းရာသီဟိပြီးကေ နှစ်တိုင်းလိုပင် အပူ၊ အအီး ခြားနားချက်ရို့မာ တသမတ်တည်းပိုင် ဖြစ်တေ။ အအီးဆုံးအချိန်မာ ဂျုန်လနန့် ဖေဖဝါရီလရို့ဖြစ်ပနာ အပူဆုံးအချိန်မာ မာ့ခ်ျလ၊ ဧပြီလနန့် မေလရို့ဖြစ်တေ။ ပျမ်းမျှအားဖြင့် အအီးဆုံးဒီဂရီမာ ဖာရင်ဟိုက် ၆၆.၇ လှောက်ဟိဟိ အပူဆုံးဒီဂရီမာ ဖာရင်ဟိုက် ၉၆ ဖြစ်တေ။ တနှစ်မာ ပျမ်းမျှခြင်းအားဖြင့် မိုးရီချိန် ၁၃၈ လက်မရွာရေ။ မိုးခါသားမာ အနောင်တောင် မုတ်သုံရာသီလီထရေ။ မေလလယ်လောက်မှ နိုဗန်ဘာလလယ်လောက်ထိဖြစ်ပနာ ကျန်ခြောက်လမာ သွိခြောက်သော ရာသီဖြစ်တေ။ ဘင်္ဂလားပင်လယ်အော်မာ ဖြစ်ပေါ်တတ်ရေ ဆိုင်ကလုန်း အထဲဝိုက်လေဝဲမာ ဒေကျွန်းစုတောင်ဘက်လောက်မှ စတင်ဖြစ်ပေါ်လိဟိရေ။

ဒေကျွန်းနန့်ဆက်စပ်ပြီးကေ အစောဆုံးမှတ်သားချက်တိကို ၈၇၁ ခုနှစ်လောက်က အရှိပိုင်းသို့ ခရီးထွက်သော အာရပ်လူမျိုး ခရီးသည်နှစ်ဦးဧ့ မှတ်တမ်းမာ တွိရရေ၊ ပထမ ၁၀၀၀ စုနှစ်များမာ တရုတ်နန့် ဂျပန်လူမျိုးရို့စွာလည်း ဒေကျွန်းစုအကြောင်းကို ကောင်းစွာသိကတ်တေ။ တရုတ်ရို့က ဒေကျွန်းစုကို ယန်ထိုမန်ဆိုပနာပင်ဖြစ်ဖြစ်၊ ဂျပန်ရို့က အန္ဒဗန်ဆိုပနာပင်ဖြစ်ဖြစ် အသီးသီး ခေါ်ကတ်တေ။ ကမ္ဘာကျော်ခရီးသည် မာကိုပိုလိုဧ့ မှတ်တမ်းမာလည်း ဒေကျွန်းများအကြောင်းကို ဖော်ပြထားရေ။ ယေကေလဲ ဖော်ပြရေအကြောင်းအရာရို့မာ တဆင့်ကြားတိရာဖြစ်ခဟန်တူစွာ

၁၅၆၆ ခုနှစ်က နကဗာရီကျွန်းနံဘေးမှ ဖြတ်လားခရေ ဆီဇာဖရက်ဒရစ်ဆိုသူ၏ မှတ်တမ်းမာ ထိုကျွန်းစုအကြောင်းကို ပိုပြီးကေခိုင်လုံစွာ ဖော်ပြထားရေ။ ၁၇ နန့် ၁၈ ရာစုနှစ်များအထဲက ထိုကျွန်းစုများအကြောင်းကို ဖော်ပြသော မှတ်တမ်းများ ဟိခလီရေ။ ယင်းကနိန်တ်တမ်းရို့မာ ဒေကျွန်းသားရို့မာ လူရိုင်းများဖြစ်ပနာ ကြောက်ရွံ့ဖွယ်ရာကောင်းကြောင်း၊ တတ်နိုင်သမျှ ကျွန်းကိုယှောင်သင့်ကြောင်း အစဟိစွာရို့ ဖော်ပြခရေ။ သင်္ဘောပျက်ပနာ ထိုကျွန်းများမာ သောင်တင်ခရေ ခလာချိတ်ရို့မာ များရေအားဖြင့် သတ်ဖြတ်ခြင်းခံခရရေ။ မှတ်တမ်းအများမာ ကျွန်းသားတိသည် လူသားစားသူတိဟု ဖော်ပြခကေလေ့ ထိုဖော်ပြချက်ရို့မာ အခြီအမြစ် မဟိပေ။ သင်္ဘောပျက်ရို့နန့် သံကိုရဟိပြီးကေမှ ဒေကျွန်းသားရို့ရေ သံဧ့အသုံးကို တတ်သိခကတ်တေ။

၁၈ ရာစုနှစ်တိကုန်သည်ထိအောင် ဒေကျွန်းစုတိနန့် ဆက်သွယ်မှုတိ ရဟိရန် ဇာသူလေ့ ကြိုးစားခြင်း မဟိခဲ့ချေ။ သို့ရာတါင် ဒေကျွန်းတဝိုက်မာ ခရီးလားသော ခလာချိတ်တိအတွက် ဖီးအန္တရာယ်တဗျင်းများလွန်းအတွက်နန့် လော့ကွန်း ဝေါလစ် လက်ထက် ၁၇၈၈ ခုနှစ်မာ ဗြိတိသျှ အရှိအိန္ဒိယကုမ္ပဏီရေ အာချီဗော်ဗလဲယားဆိုသူကို ဒေကျွန်းစုမာ ကိုလိုနီတခု ဖွင့်လှစ်ရန် တာဝန်လွှဲအပ်ခီရေ။ အလုပ်သမားတိအဖြစ် အကျိုင်းသားတိကို ပို့ပီးခရေ။ ကိုလိုနီကို ၁၇၈၉ ခုနှစ် စတ်တင်ဘာလမာ အဂု ပို့ဗလဲယားမာ စတင်ခရေ၊ ၁၇၉၂ ခုနှစ်မာ အခြီခံရီတပ်စခန်းတခု ဖွင့်လှစ်ရန် ရည်ညွှန်းလို့ မြောက်အန္ဒမန်ကျွန်းဟိ အဂုပို့ကွန်းဝေါလစ်နီရာသို့ ရွှိပြောင်းခရေ။ ယေကေလဲ ကျန်းမာရီးနန့် ရှင်းသန့်စင်ကြယ်ရီး အခြီအနီ ဆိုးရွားအတွက်နန့် အခြီခံ ရီတပ်စခန်းဖွင့်လှစ်ရန် အကြံကို တနားချေတဗွေချေရုပ်သိမ်းပြီးကေ အကျိုင်းသားတိအား အိန္ဒိယပြည်သို့ ပြန်ခေါ်ခရေ။ ယပြီးနောက် အနှစ် ၆၀ အထဲ ဒေကျွန်းမာ အပြင်လူများ လားရောက်နီထိုင်ခြင်း မဟိခဲ့ချေ။ ယေကေလဲ သင်္ဘောပျက် ကိစ္စများ တနားတခါ တွိကြုံနေသဖြင့် အရှိအိန္ဒိယကုမ္ပဏီရေ ဒေကျွန်းစုကို ကိုလိုနီအဖြစ်ပြုလုပ်ဖို့ ပြန်ပနာ ဆောင်ရွက်ခလီရေ။ ၁၈၅၈ ခုနှစ် မာ့ခ်ျလမာ အယင်နီရာဟောင်းဖြစ်ရေ ပို့ဗလဲယားနီရာမာပင် အကျိုင်းသား ရို့၏ စခန်းတခုကို ပြန်ပနာဖွင့်လှစ်ခလီရေ။ ထိုအချိန်မာ အိန္ဒိယ တပ်မား သူပုန်ကြီးပြီးစဖြစ်ပနာ အရှိအိန္ဒိယကုမ္ပဏီမာ မြောက်မြားလှသော တပ်မား သူပုန်အကျိုင်းသားရို့အား နီရာချ ထားပီးဖို့ ပြဿနာနန့် ရှိဆိုင်နီခသဖြင့် အကျိုင်းသားရို့ဧ့စခန်းကို ပိုလိုအယင့်ယင် ဖွင့်လှစ်နှိုင်ခပေ ရေ။

ကလမဲလူမျိုးများဖြစ်ရေ အန္ဒမန်ကျွန်းသားရို့မျာ ကိုယ်ရို့ ဒေသကို ဝင်ရောက်နီထိုင်ကတ်တေ နိုင်ငံခြားသားရို့အား ကိုယ်ရို့ဒေသမာ မနီထိုင်အောင် စတင် ဝင်ရောက်လှာကြရေ အချိန်မှစပြီးကေ တနားတခါ တိုက်ခိုက်သတ်ဖြတ်ကတ်တေ။ နိုင်ငံခြားသားရို့မာ ထိုကျွန်းသားရို့နန့် ချစ်ခင်ရင်းနှီးမှု ရဟိစီရန် နည်းအမျိုးမျိုးဖြင့် ဆက်ဆံခလီရေ။ ဂုချိန်ခါမာ တောင်အန္ဒမန်ကျွန်းအထဲ နီထိုင်ကတ်တေ ဂျာရဝါးလူမျိုးရို့မှတပါး ကျန်ကျွန်းသားရို့ဖြင့် ဆက်သွယ်မှုကို ကောင်းမွန်ပါလတ်တေ။

၁၈၂၄ ခုနှစ်မာ ပထမအိန်းဂလိချ်မြန်မာစစ်ပွဲ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စီလွှတ်သော အရှိအိန္ဒိယ ကုမ္ပဏီဧ့ ဘင်္ဂလားတပ်မကြီးနန့် မဒရပ်တပ်မကြီးရို့စွာ ရှီးဦးစွာ အန္ဒမန်ကျွန်းကြီးဟိ ပို့ကွန်းဝေါလစ်မာ စုဝေးပြီးကေမှ ပင်လယ်ခရီးဖြင့် ရန်ကုန်မြို့သို့ ချီတက်တိုက်ခိုက်ခကတ်တေ။

ကိုကိုးကျွန်းစု ၊ အန္ဒမန်ကျွန်းစု၊ နာကဗာရီကျွန်းစုရို့မာ ဗြိတိသျှလက်ထက်က ကော်မသျှင်နာမင်းကြီးတဦး အုပ်ချုပ်ရေ ဗြိတိသျှအင်ပိုင်ယာ အပါအဝင် နယ်တနယ် ဖြစ်ခရေ။ ယင်းခါက အိန္ဒိယပြည်နန့် မြန်မာပြည်မာ တသက်တကျွန်း ပို့ခြင်းခံရသူရို့ကို ဒေကျွန်းသို့ ပို့ခကတ်တေ။ ဗြိတိသျှ ပါလီမန်မာ ပြုလုပ်ရေ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနန့် မြန်မာနိုင်ငံကို ခွဲလိုက်ရာမာ အန္ဒမန်ကျွန်းစုမာ အိန္ဒိယပိုင်နက်မာ ကျရောက်ခဧ့။ အမှန်ကသော်ကား ပထဝီဝင် အနိန်အထားအရ ကလမဲ ကျွန်းစုရေ ပြည်ထောင်စု မြန်မာနိုင်ငံပိုင် ဖြစ်သင့်လီရေ။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံခေတ်မာမူ တသက် တကျွန်း အပြစ်ပီးခံရသူရို့ကို မြန်မာနိုင်ငံမှ ထိုကျွန်းသို့ မပို့တော့ပါ။ ကလမဲကျွန်းစုဧ့ တိုင်းဦးသားရို့မာ အပင်တိုရေ ကလမဲလူမျိုးများမာ အပါအဝင်ဖြစ်တေ။ ထောင်ပေါင်းများစွာသော နှစ်ပေါင်းအလျင်က အာသျှတိုက် အရှိတောင်ပိုင်းနန့် ထိုဒေသတဝိုက်ကျွန်းရို့မာ ဒေကလမဲပုများ ပြန့်နှံ့ နီထိုင်ခကတ်တေ။ သူရို့မာ ထိုဒေသမာ ရှီးအကျဆုံး နီထိုင်ခသူများဟု ယူဆဖွယ်ရာဟိရေ။ ကျွန်းသားရို့နန့်အနွယ်တူဖြစ်ရေ ကလမဲပုတိကို ဂုထိတိုင် အာသျှတိုက်အရှိတောင်ပိုင်းနန့် ကျွန်းစုများမာ တွိရသိရေ။ သူရို့မာ ပသျှူးအတွင်းမှား လတ္တီတွဒ် ၅ နန့် ၇ စပ်ကြား ထူထပ်သောဒေသဟိ ဆေမန်များ၊ ဖိလစ်ပိုင်ကျွန်းစုဧ့ ကျွန်းမဖြစ်သော လူဇုံကျွန်းတောမားနေ အအီတများ၊ နယူးဂင်းနီကျွန်းဟိ တပိရိုတိနန့် တိုင်မော်၊ စူးမတြားစရေ ကျွန်းရို့မာ တွိရသော အရာလူမျိုးဖြစ်တေ။ ဒေဒေသဟိ ကလမဲ လူပိထိုင့်သည် အရာလူမျိုးရို့နန့် ရောနှောနီလှာခရေမာ ကြာရာ ဖြစ်သဖြင့် ယင်းသူတိစွာ အရာလူမျိုးရို့၏ ယိုင်ကျေးမှုလွှမ်းမိုးခြင်း၊ ရောနှောခြင်းကို ခံခရသလောက် ကလမဲကျွန်းသား တိမာ မခံခရသဖြင့် ကလမဲကျွန်းသား တိစွာ ကလမဲပုလူမျိုးတိအနက် အမျိုးအစစ်ဆုံး၊ အသန့်ဆုံးဟု ဆိုနှိုင်လီရေ။ ကလမဲကျွန်းသားရို့ရေ ဇာဒေသ၊ ဇာ အချိန်လောက်က ကလမဲကျွန်းစုသို့ ရောက်ခကတ်စွာကို မလှောက်မှန်း နိုင်ပါ၊၊ ကျွန်းစုရေ ကျွန်းမကြီးနန့် တဆက်တည်း ဖြစ်စိုင်က ရောက်ခရေ။ သို့မဟုတ် ပင်လယ်ရီကြောင်း အဆက်ပြတ်ရားမှ ရောက်ခစွာကိုပင် မပြောနိုင်ပါ၊၊ ကမ္ဘာလောက် ရှီးကျသောခေတ်က ရောက်ခရေလို့သာ ယူဆရပေမည်။ ဇာအချိန်ကပင်ရောက်ရေဖြစ်စီ သူရို့စွာ မြန်မာနိုင်ငံ ရခိုင်၊ သို့မဟုတ် ပဲခူးဒေတံဘက်ဆီမှ ရောက်လှာကြတန်ရာရေဟု ပညာသျှင်ရို့က ယူဆကတ်တေ။ ကလမဲကျွန်းသား ယောက်ျားရို့စွာ များရေအားဖြင့် ၄ ပေ ၁၀ လက်မခွဲ၊ မမာ့ရို့မာ ၄ ပေ ၆ လက်မခွဲမျှ အရပ်ဟိကတ်တေ။ အဂေါင်းလုံးလို့ နခေါင်းပြားရေ။ ဆံပင်မာ ကျပ်ခိုးရောင်ဟိပြီးကေ တွန့်လိမ်နီရေအပြင် ဦးရေမာ ပြားကပ်လို့ တည်နီရေ။ အသားရောင်မာ မဲပြောင်နီ၏။ ကလမဲကျွန်းသားရို့မာ လူမျိုးတမျိုးတည်းပင် ဖြစ်ကေလေ့ ဘာသာစကားနန့် ယိုင်ကျေးမှု အချက်အလက်တိ၏ ကွဲပြားချက်ကိုလိုက်လို့ ကလမဲကျွန်းကြီးအစုနန့် ကလမဲကျွန်းငယ်အစုဟု ၂ စုခွဲခြားရေ။ ပထမအစုမာ တောင်အန္ဒမန်ဟိ ဂျာရဝါးလူမျိုးရို့မှအပ ကလမဲကျွန်းကြီးနေ အရာလူမျိုးများပါဝင်ပြီးကေ ဒုတိယအစုမာ ဂျာရဝါးများ၊ ကလမဲကျွန်းနေ လူမျိုးတိနန့် မြောက်ဆင်တီနယ်ကျွန်းသားတိ ပါဝင်ဧ့။ ကလမဲကျွန်းကြီးအစုမာ လူမျိုးစု ၁၀ မျိုးပါဝင်ရာ မြောက်အန္ဒမန်ကျွန်းမာ အကချရီ၊ အကကိုရ၊ အကဂျေရု၊ အလယ်အန္ဒမန်နန့် ဗာရာတန်းရို့မာ အကကေဒေ၊ အကကို၊ အိုကိုဂျူဝိုင်နန့် အပုစိကွာ၊ ရစ်ချီကျွန်းစုမာ အကာဘလေ၊ တောင်အန္ဒမန်ကျွန်းစုဧ့ ကမ်းရိုးတန်းမာ အကဘီအရို့ဟိကတ်တေ။ ကလမဲကျွန်းငယ်အစုမာ တောင်အန္ဒမန်အထဲပိုင်း နေဂျာရဝါးများ၊ မြောက်ဆင်တီနယ်ကျွန်းသားတိ၊ အန္ဒမန်ကျွန်းငယ်နေ အွန်ဂေများ ပါဝင်ကတ်တေ။ ဟိုလူမျိုးစုရို့စွာ ရောနှောနီထိုင်ခြင်းမဟိ။ ကိုယ်ရို့ဒေသနန့် ကိုယ်ရို့ သီးသန့် နီထိုင်ကတ်ရေ။ နီထိုင်စားသောက်၊ တွေးခေါ်ယုံကြည်မှုရို့မာ တိုးတက်မှု မဟိကြသိမ့်လီ။ ဝတ်ဆင်မှုဆိုပနာ မဟိလှ။ အလှ အပအအဖြစ် ကိုယ်မာ ကျုတ်နစ်ရို့နန့် အဆင်ပေါ်ယောင် ဆီးရီးတတ်ကတ်တေ။ ရွှင်ပြစွာ နီထိုင်တတ်ကတ်ကေလေ့ အမျက်ထွက်ရေအခါရို့မာ ရက်စက်ကြမ်းကြုတ်သူတိ ဖြစ်ကတ်တေ။ [၅]

  1. ↑ Andaman and Nicobar Administration။ And.nic.in။ 18 February 2015 မာ မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2013 မာ ပြန်စစ်ပြီး။
  2. ↑ Census of India Archived 14 June 2007 at the Wayback Machine., 2011. Census Data Online, Population.
  3. 1 2 50th Report of the Commissioner for Linguistic Minorities in India (16 July 2014)။ 8 July 2016 မာ မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2021 မာ ပြန်စစ်ပြီး။
  4. ↑ www.andaman.gov.in။ 20 November 2016 မာ မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2016 မာ ပြန်စစ်ပြီး။
  5. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)