Jump to content

ကမန် အမျိုးသား တိုးတက်ရေးပါတီ

ဝီကီးပီးဒီးယား က
ကမန် အမျိုးသား လက်တက်ရေးပါတီ
အင်္ဂလိပ် နာမည်Kaman National Progressive Party
ဥက္ကဋ္ဌဦးဇော်ဝင်း
တည်ထောင်ခြင်းဇူလိုင် ၅၊ ၂ဝ၁ဝ (၂ဝ၁ဝ-ဝ၇-ဝ၅)[]
ဌာနချုပ်မြလေးရုံလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်ရနီလဲ့တိုင်းဒေသကြီး
အဖွဲ့ဝင်၄,၀၀၀ ကျော်[]
အရောင်အစိမ်း၊ အပြာ၊ အနီ
ပါတီအလံ

ကမန်အမျိုးသားလက်တက်ရီးပါတီ (အင်္ဂလိပ်: Kaman National Progressive Party၊ အတိုကောက် KNPP) ကို ရန်ကုန်တွင် ရောက်ဟိနိန်ရေ ကမန်လူမျိုးတိနန့် ၂၀၁၀ ခုနှစ် မာ့ခ်ျလအတွင်းမာ ဖွဲ့စည်းခပြီးကေ မေလ ၂၅ ရက်နိမာ ပြည်ထောင်စု ရွီးကောက်ပွဲ ကော်မယှင် UEC ထံမာ ပါတီတည်ထောင်ခွင့် လျှောက်ထားခရေ။ ရွီးကောက်ပွဲ ကော်မယှင်က မှတ်ပုံတင်အမှတ် ၃၆ နန့် ၂၀၁၅ ခုနှစ် ဂျူလိုင် ၅ ရက်နိမာ မှတ်ပုံတင်ခွင့်ပြုခရေ။ ၂၀၁၀ ရွီးကောက်ပွဲတွင် မဲဆန္ဒနယ် ခြောက်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခရေ။[]

ရက္ခိုင်ပြည်နယ်အတွင်းမာ ကမန် အမျိုးသားတိုးတက်ရီးပါတီ အပါအဝင် ပါတီပေါင်း ၆ ခု ၂၀၁၀ ရွီးကောက်ပွဲတွင် ပါဝင်နိူင်းပြိုင်ရန် မှတ်ပုံတင်ခွင့်ပြုချက် လျှောက်ထားခကေလေ့ ၅ ခုရာ မှတ်ပုံတင်ခွင့် ခွင့်ပြုချက် ရဟိခရေ။ လက်ဟိတွင် KNPP စွာ ရက္ခိုင်ပြည်နယ်ဟိ ကမန်လူမျိုးတိအတွက် ရွီးကောက်ပွဲ ဝင်ပြိုင်ရေ တခုတည်းသော ပါတီဖြစ်ရေ။

KNPP တွင် ဌာနဆိုင်ရာမှ အငြိမ်းစားဝန်ထမ်းတချို့နန့် ကိုယ်ပိုင်စီးပွားရီးလုပ်ငန်းရှင် ၁၆ ဦးနန့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်းထားရေ။ ပါတီဖွဲ့စည်းပုံမှာ ကျေးရွာ၊ ရပ်ကွက်၊ ခရိုင်၊ မြို့နယ်နန့် ပြည်နယ် အဆင့်ဆင့် ဖြစ်ရေ။ ၉ဝ ခုနှစ် ရွီးကောက်ပွဲမာ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာမည်ဟိ ပါတီတခု ပေါ်ပေါက်လာကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ရွီးချယ်ခံခရရေ။ အငြိမ်းစား တရားရီးဝန်ထမ်း တဦးဖြိုက်ရေ ဦးဇော်ဝင်းက ပါတီဥက္ကဋ္ဌ တာဝန်ယူထားရေ။

ဗဟိုအလုပ်အမှုဆောင် ၁၆ ဦး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. ဦးဇော်ဝင်း (ဥက္ကဋ္ဌ)
  2. ဦးလှတိုး (ဒု ဥက္ကဋ္ဌ ၂)
  3. ဦးထွန်းငွေ (ဒု ဥက္ကဋ္ဌ ၃)
  4. ဦးတင်လှိုင်ဝင်း (အတွင်းမာရီးမှူး)
  5. ဦးကျော်ငြိမ်း (တွဲဘက် အတွင်းမာရီးမှူး ၁)
  6. ဦးသိန်းရွှေ (တွဲဘက် အတွင်းမာရီးမှူး ၂)
  7. ဦးဆန်းရွှေ (တွဲဘက် ပြန်ကြားရီးမှူး)
  8. ဒေါ်နွဲ့နွဲ့အေး (ဘဏ္ဍာရီးမှူး ၁)
  9. ဒေါ်စုစုခိုင် (ဘဏ္ဍရီးမှူး ၂)
  10. ဒေါ်မြင့်သိန်း (စာကေးစစ် ၁)
  11. ဦးကျော်စိုးမိုး (အဖွဲ့ဝင်)
  12. ဦးအောင်မျိုးသိန်း (အဖွဲ့ဝင်)
  13. ဦးကြည်ထွန်း (အဖွဲ့ဝင်)
  14. ဦးမောင်ထွန်း (အဖွဲ့ဝင်)
  15. ဦးလှရွှေ (အဖွဲ့ဝင်)
  16. ဦးသက်ထွန်း (အဖွဲ့ဝင်)

ပါတီဧ့မူဝါဒမှာ ပြည်ထောင်စုမပြိုကွဲရီး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရီး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရီး နန့် လောကပါလတရားတိကို အခြီခံကာ အခြီခံလူ့အခွင့်အရီးတိကို လေးစားလိုက်နာရေ ပြည်ထောင်စုဖွား ပြည်သူပြည်သားတိ၊ ပါတီတိနန့် လက်တွဲပြီးကေ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးလက်တက်ရေ ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်လှာစီရန် စကုန်ကြိုးပမ်းလားရီး၊ အကြမ်းဖက်ဝါဒနန့် အခြား အစွန်းရောက်ရေ ဇာဝါဒမျိုးကို မဆို ဆန့်ကျင်လားရီး၊ ကမ္ဘာ့နိုင်ငံတိအပါအဝင် အိမ်နီးချင်းနိုင်ငံတိ နန့် ဖြောင့်မတ်ရေ ဘက်မလိုက် မူဝါဒကို အခြီခံရေ ချစ်ကြည်နှီးမှု ပါဝင်ကူညီရီး၊ နိုင်ငံတစ်ဝန်းလုံးတွင် ဘက်စုံဖွံ့ဖြိုးလက်တက်လှာယောင် ဆောင်ရွက်ရီး၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျိုးမပြုရေ အတွေးအခေါ်အယူအဆတိ ပပျောက်ချုပ်ငြိမ်းလားယောင် ပညာပီးစည်းရုံးရီး ရို့ဖြစ်ရေ။[]


ဒေပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရီးပါတီတိ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်းမာ လျှောက်ထားခြင်းမဟိခအတွက်နန့် ၂၀၂၃ ခုနှစ် မာ့ခ်ျလ ၂၉ ရက်နိမှစပြီးကေ နိုင်ငံရီးပါတီအဖြိုက်နန့် မှတ်ပုံတင်ထားခြင်းက ပြည်ထောင်စုရွီးကောက်ပွဲကော်မယှင်က ပယ်ဖျက်ခရေ။[]

  1. 1 2 "ကမန် အမျိုးသား လက်တက်ရီးပါတီ". Vote4Myanmar. Archived from the original on 18 November 2015. Retrieved ၁၄ နိုဝင်ဘာ ၂၀၁၅. {{cite web}}: Check date values in: |accessdate= (help)
  2. 1 2 "ကမန်အမျိုးသားလက်တက်ရီးပါတီ". ၇ ရက်သတင်းဂျာနယ်. ၂၃ ဂျူလိုင် ၂၀၁၅. Archived from the original on 4 March 2016. Retrieved ၁၄ နိုဝင်ဘာ ၂၀၁၅. {{cite web}}: Check date values in: |accessdate= and |date= (help)
  3. "နိုင်ငံရီးပါတီတိတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနန့် ပါတီဖျက်သိမ်းခြင်းရို့နန့် ဆက်စပ်ပြီးကေ ကြေညာ". သတင်းနန့် စာနယ်ဇင်းလုပ်ငန်း. Archived from the original on 2025-6-11. Retrieved 2025-6-11. {{cite web}}: Check date values in: |accessdate= and |archivedate= (help)