Jump to content

ကမီယို

ဝီကီးပီးဒီးယား က
ရောမမှ ၂၃ ဘီစီတွင် ပြုလုပ်ခရေ ကမီယို ပန်းပြောက်
လင်းယုန် ကမီယို ၂၇ ဘီစီ
ရီနော့ဆင့်ခေတ် အာဖရိကဘုရင်ပုံ ကမီယို ၁၆ ရာစု
Cameo, handmade shell (Cassis madascarensis) , Modula Gioielli.

လူရို့ အဆင်အယင်တန်ဆာအဖြစ် အသုံးပြုကတ်ရေ ပစ္စည်းအမျိုးမျိုးတွင် မိမိရို့ နှစ်သက်ရာ ကိုးကွယ်ရာ အထိမ်းအမှတ်ပြုရာ ရုပ်ပုံတိကို အကြွထွင်းထု ထားရေ ကျောက်မျက်နန့် ပြုလုပ်သည့် ပစ္စည်းတိလည်း ပါဝင်လီရေ။ ထိုကျောက်မျက်တိကို 'ကမီယို'လို့ခေါ်ပနာ အချိုင့်ထွင်း ကျောက်မျက်တိကို 'အင်တဲလယို'လို့ခေါ်ရေ။ ကမီယိုပန်းပြောက်ကိုသုံးရေ အလိ့အထရေ လူရို့တွင် ရှေးအခါမှစပနာ ဟိခဧ့။ ရှေးက ကျောက်မျက် တိတွင်သာမက

ယောက်လားခွံတိ၊ ခရုခွံတိ၊ ကနုကမာတိပေါ်တွင်လည်း ပုံကြွတိဖော်ပနာ ဝတ်ဆင်ခကတ်ရေ။ ကျောက်မျက်တိကို ပုံကြွ တိဖော်ရာတွင် အရောင်နှစ်မျိုးသုံးမျိုး ထပ်လျက်ဟိရေ ကျောက်မျက်များရေ အလွန်ကောင်းဧ့။ အပေါ်ယံအရောင် တွင် လိုရာပုံစံကို ထုလုပ်ပနာ မလိုရေအပိုင်းကို ထွင်းပစ် လိုက်ရေအခါ အောက်ထပ်ဟိအရောင်ရေ နောက်ခံကား သဖွယ် ဖြစ်နီလီရေ။ အရောင်တစ်မျိုးတည်း ဟိရေ ကျောက်မျက်တိပေါ်တွင် ပြုပြင် ဖန်တီးထားရေ ကမီယို ပန်းပြောက်ရေ ရောင်ကွဲကျောက်မျက် တိမှာပိုင် မလှပချေ။

ရှေးဟောင်းဆူမာလူမျိုးရို့ဧ့ ခေတ်မှ ရောမနိုင်ငံတော်ကြီး ယိမ်းယိုင်ပြိုကွဲချိန်အထိ ကမီယိုပန်းပြောက် များရေ များစွာ ခေတ်စားခရေ။ ထိုနောက် အတတ်ပညာ ပြန်ပနာဆန်းသစ် ခေတ်ဖြစ်ရေ ခေတ်ဆန်းချိန်မှဂနိတိုင်အောင် ကမီယို ပန်း ပြောက်ကို အသုံးပြုလာကတ်ရေ။

ကမီယိုပန်းပြောက်အတတ်မှာ ပန်းပု ရုပ်လုံးထွင်းခြင်း အတတ်၌ အကျုံးဝင်ကေလည်း သေးငယ်ရေ ကျောက်မျက်ရို့ အပေါ်တွင် အလွန်နုနယ်စွာ ပုံဖော်ယူရအတွက်နန့် သီးသန့် အနုပညာရပ်ဖြစ်လီရေ။[]

ရှေးခေတ်နန့် ရီနေဆန်းခေတ်ကာလက ကမီယိုတိကို အလတ်စား ကျောက်မျက်တိနန့် ပြုလုပ်ပြီး၊[] အထူးအတွက်နန့် အရောင် နှစ်ရောင် စပ်နီရေ ကျောက်မျက်တုံး၊ မဟူရာကျောက် (onyx)၊ သင်္ဘောမဟူရာ (‌agate) အစဟိရေ ကျောက်တိနန့် ထုလုပ်ရေ။ ယင်းရို့ရေ အမာခံ ကမီယိုတိ ဖြစ်ရေ။ ဈေးပိုပေါရေ ခေတ်သစ်လက်ရာတိတွင် ခရုခွံနန့် ဖန်သားတိနန့် အတွိ့ရများရေ။ ကျော်ကြားရေ ပို့တလန်း ပန်းအိုး (Portland Vase) ပိုင်ရေ ဖန်သားကမီယို ခွက်တိကို ရောမလူမျိုးတိက ပြုလုပ်ရေ။

ခေတ်သစ်ကမီယိုများရေ နောက်ခံကွဲပြားရေ အရောင်ပေါ်၌ ပုံတူပိုင်ရေ ထွင်းထုပြီး အရုပ်ကို တပ်ဆင်ခြင်းနန့် ထုတ်လုပ်နိုင်ပြီး၊ ၎င်းကို ပေါင်းစပ်ကမီယို (Assembled cameo) လို့ခေါ်ရေ။ အမှန်မှာ ကမီယို တချပ်ကို ရိုးရာနည်းနန့် ထွင်းထုနိုင်ကေလည်း အလွန်ခက်၊ အလွန်လက်ဝင်လီရေ။ တိုက်ရိုက်နည်းနန့် အလွှာမတူ အရောင်မတူရေ မဟူရာကျောက်ပေါ်၌ လိုအပ်ရေ ရုပ်လုံးပေါ်အောင် လက်နန့် ထွင်းထုခြင်းရေ သာပနာ ခက်သိမ်းရေ။

တခါတရီ ဆိုးဆီးတိနန့် ပိုဆွဲဆောင်မှုဟိအောင် မွမ်းမံတတ်ကတ်ရေ။

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  2. Ting Morris (1 August 2006). Arts and Crafts of Ancient Rome. Black Rabbit Books. p. 26. ISBN 978-1-58340-913-8. Archived from the original on 16 March 2020. Retrieved 17 June 2017.