Jump to content

ကမ်းယံလူမျိုး

ဝီကီးပီးဒီးယား က

အာသျှတိုက် အလယ်ပိုင်းမာ နီထိုင်ကတ်ရေ မွန်ဂိုလူမျိုးရို့စွာ ကိုယ်ရို့ဒေသမာ အစာရီစာ ယှားပါးသဖြင့် ရှီးနှစ်ပေါင်းများစွာကပင် တောင်ဘက်ကို တသုတ်ပြီး တသုတ် ပြောင်းရွိလှာကတ်ရာ မြန်မာနိုင်ငံသို့ ရှီးဦးစွာ ဝင်လှာသူတိမာ တိဘက်-မြန်မာလူမျိုးတိ ဖြစ်ကတ်တေ။

သူရို့စွာ အရှိဖက်လမ်း၊ အနောက်ဘက်လမ်းဆိုပနာ လမ်းနှစ်သွယ်နန့် ဝင်ရောက်လှာကတ်တေ။ အရှိဖက်လမ်းဖြင့် ဝင်ရောက်လှာသူစွာ မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်း ရို့နန့် ဝင်ရောက်လှာကတ်တေ။ အနောက်ဘက်လမ်းဖြင့် ဝင်ရောက်လှာသူရို့အနက် တချို့မာ ဒီဟောင်းခေါ် ဗြဟ္မပုတ္တရမြစ်ဝှမ်းအတိုင်း ဆင်းလှာကတ်ပြီးကေ အာသံနယ်မာ မြို့ပြ တည်ထောင်နီထိုင်ကတ်ရေ။ တချို့မာ ဧရာဝတီမြစ်ကြောင်း၊ ချင်းမားမြစ်ကြောင်းရို့နန့် ဝင်ရောက်လှာကတ်တေ။ ဒေပိုင်နန့် သူရို့စွာ ဗြဟ္မပုတ္တရမြစ်နန့် ဧရာဝတီမြစ်များအကြားဟိ ရေဝေကုန်းတန်းကြီးမာ မှီတင်းနီထိုင်လှာကတ်ရာ နောင်ကာလ ကြာမြင့်သော် တောင်ဘက်ကို ပြန့်နှံ့ဗျာယ် နီထိုင်ကတ်လီရေ။

တိဘက်-မြန်မာရို့စွာ မြန်မာနိုင်ငံမားသို့ ရောက်လှာရေအခါ ပျူ၊ ကမ်းယံ၊ သက်ဆိုပနာ အမျိုးသုံးစား ကွဲပြားခရေ။ ဧရာဝတီမြစ်ကမ်းတလျှောက်မာ ပျူရို့မြို့ပြ တည် ထောင်နီထိုင်ကတ်ရေ။ အနောက်ရိုးမတလျှောက်ဖြစ်ရေ တောင်ကုန်းဒေသတိမာ နီထိုင်သူတိကို သက်ဟု ခေါ်တွင်ရေ။ အနောက်ရိုးမဧ့ တောင်ဘက်စွန်းဖြစ်ရေ ရခိုင်ရိုးမနန့် ဘင်္ဂလားအော်အကြားဟိ ပင်လယ်ကမ်းခြီ အရပ်ဒေသမာ နီထိုင်ကတ်သူတိကို ကမ်းယံဟု ခေါ်ကတ်တေ။ ကာလကြာမြင့်သော် ပျူရို့စွာ ကွယ်ပျောက်လို့ မြန်မာအစု မာ ပါဝင်လှာကတ်တေဟု ဆိုရေ။ သက်နန့် ကမ်းယံ တိကိုမူ ချင်း၊ ရခိုင်အစုတိမာ ထည့်သွင်းရွီတွက်ကြ လီရေ။

ကမ်းယံရို့ မှီတင်းနီထိုင်ရာဒေသမာ သံတွဲမှစပြီးကေ တောင်စဉ်ခနစ်ခရိုင်ဖြစ်ကြောင်း၊ သရေခေတ္တရာမာ ပျူရို့ ကောင်းစားစဉ် ရခိုင်ပြည်တောင်ပိုင်းမာ ကမ်းယံရို့ဟိခကြောင်း ယင်းရို့မာ ဗုဒ္ဓဝါဒီတိဖြစ်ကြောင်း သိရရေ။[၁]

  1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)