Jump to content

ကယန်းလူမျိုး

ဝီကီးပီးဒီးယား က
ကယန်း
ပဒေါင်
ကယန်းအမျိုးသားအလံ
ကယန်းအမျိုးသမီးတဦး
လူဦးရွီ စုစုပေါင်း
၁၈၀,၀၀၀
အများစု နီထိုင်ရေ နီရာ
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနန့် အမေရိကန်ပြည်ထောင်စု
 Myanmar: သျှမ်းပြည်နယ်၉၀,၀၀၀
 Myanmar: ကယားပြည်နယ်၇၀,၀၀၀
 Myanmar: ကရင်ပြည်နယ်၁၅,၀၀၀
 ထိုင်း၆၀၀
 ဗီယက်နမ်၆၀၀ [ကိုးကားချက်လိုပါရေ]
 အမေရိကန်၆၀၀
 မင်နီဆိုးတားပြည်နယ်၆၀၀
ဘာသာစကား
ပဒေါင်ဘာသာစကား
ကိုးကွယ်မှု
ရိုမန်ကတ်သလစ်ဗုဒ္ဓဘာသာ
ကယန်းအချေတဦး
  • ပဒေါင် ( ကယားပြည်နယ် )
  • ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်တေ။

ကယန်းစွာ မြန်မာနိုင်ငံဟိ တောင်ပေါ်ဒေသ မာ နီထိုင်ရေ တိဗက်-ဗမာအုပ်စုဝင် လူမျိုး တခုဖြစ်တေ။ ကရင်နီ မျိုးနွယ်စုဝင် လူမျိုးစုတစု ဖြစ်ပြီးကေ ကယန်းလထာ(ဇယိမ်း)၊ ကယန်းကငန်(ယင်းဘော်)၊ ကယန်းကဒေါ့(ဂေခို) နန့် ကယန်းကခေါင်း (ဝါ) ကယန်းလဟွီ(ပဒေါင်) ဆိုပနာ ကယန်း မျိုးနွယ်စု လေးစုဟိရေ။

အတိက ပဒေါင်ဟု သိထားရေလူမျိုးတိစွာ ကယန်းထဲမာ ပါဝင်ရေ။ သူရို့စွာလည်း “ပဒေါင်”ဟု ခေါ်ရေကို မကြိုက်ချေ။ “ပဒေါင်”ဆိုစွာမာ ရှမ်းရို့က ပီးရေ နာမည်ဖြစ်တေ။ သူရို့ဘာသာ မှည့်ခေါ်ရေ နာမည် မဟုတ်။ သူရို့က ကယန်းဟု ခေါ်ရေကိုနှစ်သက်ရေ။ တခါတရံ အရာကယန်းလူမျိုးတိနန့် ကွဲပြားစီရန် သူရို့ကိုယ်သူရို့ “လိုင်ဖင်းရှည်”၊ “ကြီးကွင်းပတ်”လို့လေ့ ညွှန်းပြီး ပြောတတ်သိမ့်ရေ။ Archived 13 January 2012 at the Wayback Machine.

ကယန်းတိုင်းရင်းသားတိက ကိုယ်ရို့ လူမျိုးဧ့ မူလနာမည်မာ "ကန်ယန်" ဖြစ်တေဟု ဆိုရေ။ "ကန်"မာ "ပိုင်နက်၊ နယ်မြီ" ဖြစ်ပြီးကေ၊ "ယန်"မာ "စစွဲမမြဲ ဟိခြင်း၊ နိန်ရာတကျ ဟိခြင်း"ဟု အဓိပ္ပာယ်ရရေ။ ယင်းအတွက်နန့် "ကန်ယန်"ဆိုစွာမာ "နယ်မြီဒေသတခုအထဲ နိန်ရာတကျ စစွဲမမြဲနီတတ်ရေ လူမျိုး"ဟု ဆိုလိုရေ။ ကာလရွီ့လျောလာရေအခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာရေဟု ဆိုရေ။ ယင်းအပြင် ကယန်းမျိုးနွယ်မာ မျိုးနွယ်ခွဲပေါင်း (၄)မျိုးဟိရေဟု ဆိုရေ။ ယင်းရို့မာ-

  1. ကိုယ့်ကိုယ်ကို တောင်ပေါ်ဒေသဧ့ အသျှင်သခင်ဟု ယူဆထားပြီးသား အမျိုးသမီးတိ၏ လိုင်ဖင်းနန့် ခြီထောက်ရို့မာ ကြီးခွေတိ ရစ်ပတ်ဝတ်ဆင်လေ့ဟိရေ "ကယန်း" (ပဒေါင်)
  2. မြီပြန့်လွင်ပြင်မာ အနီများပြီးကေ လိုင်ဖင်းမာ ဖေသာပြားတိ ချိတ်ဆွဲဝတ်ဆင်လေ့ဟိရေ ယင်းဘော် ခေါ် "ကယန်း" (ကငန်)
  3. တောင်ပေါ်ဒေသမာ အနီများပြီးကေ ကယန်း(ပဒေါင်)ဘာသာစကားနန့် အလွန်နီးစပ်ရေ စကားကို ပြောဆိုကတ်တေ ဂေခို ခေါ် "ကယန်း" (ကဒေါ့)
  4. တောင်ပေါ်ဒေသ ကျောက်တုံး၊ ကျောက်စိုင်တိကြားမာ အိမ်ချေတိဆောက်ကာ အမျိုးသားတိ ကတုံးတုံးလိ့ဟိရေ ဇယိမ်း ခေါ် "ကယန်း" (လထ) ရို့ဖြစ်ကတ်တေ။

ကယန်း (ပဒေါင်)တိုင်းရင်းသားတိကို ရှမ်းရို့က ပဒေါင်ဟု ခေါ်ကတ်တေ။ ကြီးပတ်ရေသူ - "ပတ်တောင်း" ဆိုရေ ရှမ်းစကားမှ "ပဒေါင်"ဖြစ်လာရေဟု ဆိုရေ။ "ကယန်း" (ပဒေါင်) တိုင်းရင်းသားတိ ကိုယ်တိုင်ကမူ ကောင်း-ခေါင်း-ဒိုးဟု ခေါ်ကတ်တေ။ "တောင်တိ၏ အသျှင်သခင်" ဟု အဓိပ္ပာယ်ရရေ။

ကယန်းလူမျိုးတိနီထိုင်ရေ ဒီးမော်ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာ

ကယန်းတိုင်းရင်းသားတိက ကိုယ်ရို့လူမျိုးဖြစ်ပေါ်လှာပုံကို ကာကောင်း ဟုခေါ်ရေ လင်္ကာရှည်ကြီးဖြင့် ဘိုးစဉ်ဘောင်ဆက် နှုတ်တိုက်ရွတ်ဖတ်မှတ်သားလာခကတ်တေ။ ထိုလင်္ကာရှည်ကြီးဧ့ မြန်မာပြန် အနက်အဓိပ္ပာယ်မာ အောက်ပါအတိုင်းဖြစ်တေ။

ကယန်းတိုင်းရင်းသားတိစွာ မူလက မောအိုက်ရှခေါ် အာသျှမိုင်းနားအရပ်ဒေသမာ နီထိုင်ခရေ ဆို၏။ မောအိုက်ရှဧ့ အဓိပ္ပာယ်မာ "အကြီးဆုံးနန့် ပထမဆုံးဖြစ်ပေါ်လှာရေ နယ်မြီ"ဟု အဓိပ္ပာယ်ရရေ။ အာသျှမိုင်းနားမာ ဟိစဉ် မျှော်စင်နီကြီးကို မိုးထိတောင်တည်ဆောက်ကတ်ရာ အသျှူတစ်ရာမြင့်ယင့်အတွက် ပြိုကျလားသဖြင့် လူ၊ သတ္တဝါအားနူံးရို့ ထီးခြင်းခံခရရေ။ ထိုနီရာကို ကယန်းရို့က ဘီလူးခေါ် ဘေဘီလုန်ဟု ခေါ်ကတ်တေ။ အဓိပ္ပာယ်မာ အားလုံးပိတ်အရပ်ဖြစ်တေ။ လူ၊ သတ္တဝါရို့ထီးခြင်းခံရရေအတွက် အကြီးအမှူးဖြစ်သူ ဖူးကလိပ်ဆိုသူက မြီကြီးကို ရေဖြင့် သုံးပိုင်းပိုင်းရာမာ ကယန်းရို့စွာ နီထွက်ရာ အရှိဖက်အစိတ်မာ ပါဝင်ကတ်ကုန်သည်ဟု ဆိုရေ။

နောက်ထပ် အိုင်ရာဟုခေါ်ရေ အရပ်သို့ လားရောက်နီထိုင်ကတ်ရေအခါ လူအများစွာ ဆိုး၊ မိုက်ကြယင့်အတွက် မိုးအာကာမှ မီးကျလှာပြီး ကမ္ဘာမြီပြင်မှ မြေပြိုကျလားရေ အတွက် ကြောက်မတ်ဖွယ်ရာ မြို့(၇)မြို့၊ ရွာ(၇)ရွာ သီကြီပျက်စီးလားပြီး ဒေနိန့်ထိ အိုင်ရာအိုင် ဖြစ်လားရေဟု ဆိုရေ။ နောက်နောက်ထပ် အတ်ရတ်ဒေသမာ နီထိုင်ကတ်စဉ် (၇)နှစ်၊ (၇)မိုး မိုးခေါင်ရေရှား ငတ်မွတ်ခေါင်းပါးကြသဖြင့် ထိုဒေသဆီမှ မိုသာခေါ် သားသဲကန္တာရအရပ်သို့ ပြောင်းရွိနီထိုင်ကတ်ရေလို့ ဆိုရေ။ ယင်းမှ တဖန် နှစ်ပေါင်းလေးရာကျော် ခရီးလားလာယား တောတောင်ထူထပ်ရေ မောဂွေခေါ် မွန်ဂိုလီးယား ဒေသကို ရောက်ဟိနီထိုင်ခကတ်ရေလို့ ဆိုရေ။ မောဂွေဧ့ အနက်မာ မိုးကုပ်စက်ဝိုင်းဧ့ အမြင့်ဆုံးနီရာဟု အဓိပ္ပာယ်ရရေ။

မွန်ဂိုလီးယားဒေသမာ နီထိုင်ကတ်စဉ် ကယန်းလူမျိုးစွာ လင်းယန်းနန့် လင်းချူးဆိုပနာ နှစ်ခုခွဲလာရာ နယ်မြီနီရာ အမွီခွဲရီးကိစ္စနန့် ပတ်သတ်လို့ တနားတခါမသင့်တင့်ကြဘဲ စစ်တိုက်ကတ်ယင့်အတွက် လင်းယန်းလူမျိုးစုစွာ တောင်ဘက်အရပ်သို့ထွက်ခွာလာရေ ဟူဧ့။ တဖန် ဟိုလူမျိုးစုအထဲက 'ခေ' ခေါ် 'တရုတ်' နန့် 'ခဲယန်း' ခေါ် 'ကယန်း'လူမျိုးစုနှစ်စု ထပ်မံကွဲထွက်လှာပြန်လို့ နယ်မြီဂွက်နန့် ပတ်သတ်လို့ တနားတခါခိုက်ရန်ဖြစ်ပွားကတ်ရာမှ ယှုံးနှိမ့်ရေ ကယန်းလူမျိုးစုစွာ တောင်ဘက်ကို ပြောင်းရွိခကတ်ရေလို့ ဆိုရေ။ ယင်းပိုင်ပြောင်းရွိလာရေ အခါ စော်ဘွားခေါ် စော်ဘွားလင်ခရန်းဆိုသူက ဦးဆောင်လို့ အုပ်ချုပ်လားရေဟူဧ့။

မွန်ဂိုလီးယာမှ တောင်ဘက်ကို ပြောင်းရွိလာရာ တောင်ဘက်ကို ပြောင်းရွိလာရာ "တောင်ဖာတောင်မက်ခေါ် တိဘက်" သို့ရောက်လှာလို့ "ကွီလုံ၊ ကွီလန် "တောင်တန်းမာ တောင်ယာတိကို စိုက်ပျိုးကြလို့ တောင်ကမ်းထောင်းပြိုကျလှာအတွက်နန့် အိုင်ကြီး(၃)ခု၊ မြစ်ကြီး(၃)သွယ် မြစ်ဖျားခံရာဒေသကို ပြောင်းရွိလာယား နီထိုင်ကတ်ရေလို့ စော်ဘွားထောဖားအမျိုးက အုပ်ချုပ်ကြီးကြပ်လာရေဟု ဆိုရေ။

ကယန်းရို့၏ လက်နက်ကိုင်တော်လှန်ရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကယန်းလူမျိုးရို့၏ လက်နက်ကိုင်တော်လှန်ရီးစွာ ၁၉၆၄ ခုနှစ်မှ စတင်ခရေ။ အဂုဥက္ကဋ္ဌ ငိန်းကယန်းထန်စွာ ၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက်နိ အရီးအခင်း ဖြစ်ပွားစဉ်က ရန်ကုန်တက္ကသိုလ်မာ မောင်ရွှီအေး နာမည်ဖြင့် ကျောင်းတက်နီရေ ကျောင်းသား တယောက် ဖြစ်တေ။ နီဝင်းအစိုးရ၏ အရက်စက်ဆုံးရေ ကျောင်းသားအရီးအခင်း ဖြိုခွင်းမှုကို မျက်ဝါးထင်ထင် မြင်တွိခရရေ တိုင်းရင်းသား ကျောင်းသားငယ်စွာ တုန်လှုပ်လားခီရေ။ ၁၉၆၃ ခုနှစ် နီဝင်းစစ်ကောင်စီလက်ထက် ပြည်မား ငြိမ်းချမ်းရီး အတွက် ခြောက်ခရိုင် လူထုဆန္ဒဖော်ထုတ်ပွဲတိမာ ကျောင်းသားတယောက်အနိန်နန့် ရှိတန်းမှ တက်ကြွစွာ ပါဝင်ခရေ။ နီဝင်းစစ်ကောင်စီစွာ ငြိမ်းချမ်းရီးဆွီးနွီးပွဲတိ တဖက်သက် ဖျက်သိမ်းပြီး တောမား လက်နက်ကိုင်အဖွဲ့တိကို ပြန်ပနာမောင်းထုတ်ရေ ဖြစ်ရပ်ကို တွိကြုံခရပြန်ရေ။ ယင်းအတွက်နန့် လက်နက် အားကိုးပြီး ဖိနှိပ်ဖြိုခွင်းရေ အစိုးရကို လက်နက်နန့်သာ သူတိုက်ကိုယ်တိုက် တိုက်ရဖို့ဟု စဉ်းစား ယုံကြည်မိလီရေ။ တောခိုဖို့ ကျောင်းသားတယောက်အနိန်နန့် ကရင်တော်လှန်ရီးနယ်မြီသို့ ရောက်ဟိခရေ။ ကရင်တပ်မှူးတိနန့် တတူနီထိုင်စဉ် ကယန်းလူမျိုးတယောက်အနေနန့် ကိုယ့်ဒေသမာ တော်လှန်ရီးအဖွဲ့အစည်း ဟိလိုက်စွာ၊ မဟိသိမ့်လျှင် ကိုယ့်ဒေသအထဲ ပြန်ပနာစည်းရုံး သင့်ကြောင်း အကြံပြုကတ်တေ။ ဒေပိုင်နန့် ကိုယ့်ဒေသမားသို့ စည်းရုံးရီးဆင်းရန် ပြန်လာခလီရေ။

လက်နက်ကိုင် တော်လှန်ရီးကို စတင်ရန် လူစုနေစဉ် နီဝင်းအစိုးရ မှ ဖေသာစက္ကူ ၁၀ဝ တန်တိကို တရားမဝင်အဖြစ် ကြေညာရေ။ လကုန်ရက်မာ ၁၀ဝ တန်တွေ ရထားရေ ကယန်းဝန်ထမ်းတိဧ့ လစာလေးတိ၊ တောထဲမာ ဒေသထွက်ကုန်လေးတိ ရောင်းပြီး စုထားရေ ချွေးနည်းစာ ရာတန်လေးတိ တန်ဖိုးမဲ့ကုန်ရာ။ လူထု၏ဒေါသက လူစုနိန်ရေ တော်လှန်ရီးကို အဟိန်မြင့်စီခပြီ။ ကယန်းလူမျိုး တော်တော်များများမာ ဂျပန်ခေတ်၊ အိန်းဂလိချ်ခေတ် က ရယူထားရေ လက်နက်ကောင်းတိ ၂၀ဝ လောက် ဟိပြီးသားမို့ လက်နက်အတွက် အခက်အခဲမဟိတော့။ ပထမဆုံးအနိန်နန့်တိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ဂါတ်ကို ဝင်ရောက်စီးနင်းခရေ။ နီဝင်းအစိုးရကို စတင်တော်လှန်ရေ ထိုနိစွာ ၁၉၆၄ ခုနှစ် ဂျုန်လ ၄ ရက်နိ၊ ကယန်းလက်နက်ကိုင် တော်လှန်ရီးနိ အဖြစ် ကယန်းလူမျိုးတိ၏ သမိုင်းမာ မှတ်တမ်းတင်ခရေ။ []


အမျိုးသမီးရို့စွာ လည်တိုင်ရှည်မှ လှပရေဟု ယုံကြည်သဖြင့် လည်တိုင်ရှည်အောင် လိုင်ဖင်းမာ ကြီးခွေတိကို တခွေပြီးတခွေဆင့်ပနာ ရစ်ပတ်ဝတ်ဆင်ရေ အလိအထဟိရေ ပဒေါင်လူမျိုးရို့စွာ ကရင်လူမျိုး တမျိုးဖြစ်တေ။ ဂုချိန်ခါ ပဒေါင်အမျိုးသမီးတိ လိုင်ဖင်းမာ ကြီးခွေစွပ်ရေ အလိအထမာ ကွယ်ပျောက်စပြုနိန်ယာ ဖြစ်တေ။ ပဒေါင်ရို့စွာ ၁၉၃၁-ခုနှစ် သိုင်ခေါင်စာရင်းအရ လူဦးရွီ ၁၆,၅ဝဝ ကျော်လှောက် ဟိပြီးကေ၊ တောင်ငူအရှိဖက် ကယားပြည်နယ်နန့် သျှမ်းပြည်နယ် တောင်ပိုင်းဒေသရို့အကြားမာ အဝှမ်း နီထိုင်ကတ်ရေ။ သျှမ်းပြည်နယ်တောင်ပိုင်းမာ ပဒေါင် ၁၄,ဝဝဝ လှောက်ဟိဟိ ကယားပြည်နယ်မာ ၂,၅၀၀ ကျော်ဟိရေ။ ပျဉ်းမနား အရှိဖက်မာ ဟိရေ ကယားပြည်နယ်ထဲ အပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းဟိ စတုရန်းမိုင် ၁၅၀ မျှ ကျယ်ရေ မြီပြန့်မာလည်း နီထိုင်ကတ်ရေ။

ပဒေါင်ရို့စွာ ကိုယ်ရို့ကိုယ်ကို ကေကောင်းဒု ဟုခေါ်ဝေါ်ကတ်တေ။ ပဒေါင် အမျိုးသားရို့စွာ တောင်သူလူမျိုးရို့ကဲ့သို့ပင် ဖော်ရွေသူတိ ဖြစ်တေ။ ကိုယ်လက် ကြံ့ခိုင်တောင့်တင်းရေ။ အလုပ်ကို အပင်ပန်းခံလို့ လုပ်နှိုင်ကတ်ရေ။ ပျော်ပျော်ရွှင်ရွှင် နီတတ်ကတ်တေ။ ပဒေါင်ရို့စွာ တောင်ယာကို လှီခါးထစ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာမာ တောင်စောင်းမာ တဆင့်ပြီး တဆင့် ကန်သင်းခတ်လို့ ရီသွင်း စိုက်ပျိုးကတ်တေ။ ထိုအလုပ်မာ များစွာခက်ခဲ ပင်ပန်းရေ။ ယကေလေ့ မအယိုးမညူ လုပ်ကတ်တေ။ ကုန်ရောင်းကုန်ဝယ် အလုပ်မာလည်း ကောင်းစွာလုပ်တတ်ကတ်ရေ။ အမဲလိုက်လည်း ဝါသနာထုံရေ။ ပတ်ဝန်းကျင်ဟိ တောင်ပေါ်သားရို့မာ ပဒေါင်ရို့စွာ အလုပ်အကိုင်မာ အတော်ဆုံး ကောင်းဘီယက် လူတမျိုးဖြစ်တေဟု ချီးကျူးခံရရေ။ []

  1. သျှင်ထွေးယဉ်(မနုဿ) ယကန်း(ပဒေါင်)-ပခုက္ကူဦးအုံးဖေ စာပီဆုရ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)
  • ခင်မင်းဇော် ဘလော့ဂ်