Jump to content

ကယဝိက္ကယသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၁၀-ကယဝိက္ကယ သိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၉၃။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ သင်္ကန်း (ချုပ်) မှီငြမ်းပနာ ပြုခြင်းငှါ စွမ်းနိုင်သူ ဖြိုက် ၏၊ ထိုဥပနန္ဒစွာ အချာုတ် ဒုကုဋ်သင်္ကန်းကို ချုပ်ပြီးကေ ကကောင်း ဆိုးကကောင်း အပြေအပြစ်ပြုပနာ ဝတ်ရုံ၏၊ ယင်းခါ ပရိဗိုဇ်တစ်ယောက်စွာ ဝါကြီးအတိကြီးထိုက်တန်သော အဝတ်ကို ဝတ်ရုံပနာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒပါးကို ချိုင်းကပ်ပြီးကေ သာကီဝင့်မင့်သား အသျှင်ဥပနန္ဒကို "ငါ့သျှင် သင်၏ ဒေဒုကုဋ် သင်္ကန်းစွာ ကောင်းပေ၏၊ ငါ၏ အဝတ်နန့်ဖလော့"ဟု ပြောဆို၏။

ငါ့သျှင် သိလော့ဟု (ဆို၏)။

အိမ်း ငါ့သျှင် သိပါရေဟု (ပြန်ဆို၏)။

ငါ့သျှင် ယူလော့ဟု ပီးဗလင့်၏။

ယင်းခါ ပရိဗိုဇ်စွာ ထိုဒုကုဋ်ကို ရုံပနာ ပရိဗိုဇ်အရံသို့ လားရေ၊ ပရိဗိုဇ်ရို့စွာ ထိုပရိဗိုဇ်ကို "ငါ့သျှင်သင်၏ ဒေဒုကုဋ်စွာ ကောင်းပေ၏၊ သင်ရေ အဇာအရပ်မှ ရခဲ့သနည်း"ဟု ပြောဆိုကတ် ကုန်၏။

ငါ့သျှင်ရို့ ငါ၏ ထိုအဝတ်နန့် ဖခဲ့လီရေဟု (ပြောဆို၏)။

ငါ့သျှင် သင်၏ ဒေဒုကုဋ်စွာ ဇာနှစ်ရက်ခံဖို့လဲ၊ သင်၏ ထိုအဝတ်ရေသာ ကောင်းပေ၏ဟု (ဆိုကတ်ကုန်၏)။

ယင်းခါ ထိုပရိဗိုဇ်စွာ "ပရိဗိုဇ်ရို့စွာ အမှန်ကို ဆိုကတ်လီရေ၊ ငါ၏ ဒေဒုကုဋ်စွာ ဇာနှစ်ရက်ခံဖို့လဲ၊ ငါ၏ ထိုအဝတ်ရေသာ ကောင်းပေ၏"ဟု သာကီဝင်မင့်သား အသျှင် ဥပနန္ဒပါးကိုချိုင်းကပ်ပနာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို "ငါ့သျှင် သင်၏ ဒုကုဋ်ကို ယူလော့၊ ငါ၏ အဝတ်ကိုပီးဗလင့်ာ့"ဟု (ဆိုလေ၏)။

ငါ့သျှင် ငါစွာ သင့်ကို "ငါ့သျှင် သိလော့"ဟု ဆိုခရေ မဟုတ်လော၊ ငါစွာ ပီးလိမေမဟုတ်ဟု ဆို၏။

ယင်းခါ ထိုပရိဗိုဇ်စွာ "လူစွာပင်သော်မှ နှလုံးမသာယာသူ လဘောား ပီးရတုံသိမ့်၏၊ ရဟန်း စွာရဟန်းအား အဇာကြောင့် မပီးနှိုင်ရသနည်း"ဟု သရော်၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုရေ ထိုပရိဗိုဇ်၏ စကားကို ကြားကတ်ရေသာတည်း။

အလိုနည်းသော ရဟန်းရို့စွာ "သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ပရိဗိုဇ်နန့် ဝယ်ခြင်းရောင်းခြင်းသို့ အဇာကြောင့် ရောက်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို အများကြီးသော အကြောင်းနန့်သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။


"ဥပနန္ဒ သင်ရေ ပရိဗိုဇ်နန့် ဝယ်ခြင်းရောင်းခြင်းသို့ ရောက်၏ဟူစွာ မှန်သလော"ဟု စိစစ်မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား သင်ရေ ပရိဗိုဇ်နန့် ဝယ်ခြင်းရောင်းခြင်းသို့ အဇာကြောင့် ရောက်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသောသူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၉၄။ "အကြင် ရဟန်းစွာ အထူးထူးအပြားပြားဟိရေ ဝယ်ခြင်း ရောင်းခြင်းသို့ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟုမိန့်တော်မူ၏)။


၁၀-ကယဝိက္ကယသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၉၅။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

အထူးထူးအပြားပြားဟိရေ ဆိုစွာ သင်္ကန်း ဆွမ်း အိပ်ရာ နီရာ ကျောင်း သူနာ၏အထောက်အပံ့ ဆေးဝန်ရို့တည်း။ အယုတ်အနိန်နန့် ကသယ်မှုန့်အခဲစွာလိ့ကောင်း၊ ဒန်ပူစွာလိ့ကောင်း၊ အမြိတ် အဆာချိုင်ရေလိ့ကောင်းတည်း။

ဝယ်ခြင်းရောင်းခြင်းသို့ ရောက်ငြားအံ့ဟူစွာ "ဒေအရာနန့် ဒေအရာဝထုကို ပီးဗလင့်ာ့၊ ဒေအရာဝထုနန့် ဒေအရာဝထုကို ဆောင်ခလော့၊ ဒေအရာဝထုနန့် ဒေအရာဝထုကို ဖလော့၊ ဒေဝထုနန့် ဒေဝထုကို ဝယ်လော့"ဟု လွန်ကျူးပနာ ကျင့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အကြင်အခါ၌ဝယ်မှုစွာလိ့ကောင်း၊ ရောင်းမှုစွာလိ့ကောင်း ဖြိုက် ၏၊ မိမိ၏ ဥစ္စာစွာ သူတပါးလက်သို့ရောက်အံ့၊ သူတပါးဥစ္စာစွာ မိမိလက်သို့ ရောက်အံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင်စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ အထူးထူးအပြားပြားဟိရေ ဝယ်ခြင်းရောင်းခြင်းသို့ ရောက်ပါရေ၊ အကျွန်ုပ်၏ ဒေဝထုစွာ စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေဝထုကို သံဃာတော်အား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။

၅၉၆။ အရောင်းအဝယ်၌ အရောင်းအဝယ်ဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ အရောင်းအဝယ်၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ အရောင်းအဝယ်၌အရောင်းအဝယ်မဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အရောင်းအဝယ် မဟုတ်စွာ၌ အရောင်းအဝယ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အရောင်းအဝယ်မဟုတ်စွာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ အရောင်းအဝယ်မဟုတ်စွာ၌ အရောင်းအဝယ်မဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။

၅၉၇။ တန်ဖိုးကို မေးအံ့၊ ကပ္ပိယကာရကအား ပြောအံ့၊ အာပတ် မသင့်။ "ငါရို့အား ဒေဝထု ဟိ၏၊ ငါရို့အားလည်း ဒေပိုင် ဒေပိုင်သော ဝထုနန့် အလိုဟိ၏"ဟု ဆိုအံ့၊ အာပတ် မသင့်။ ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

ဒသမ ကယဝိက္ကယသိက္ခာပုဒ် ပြီး၏။

ဒုတိယ ကောသိယဝဂ် ပြီး၏။

အကျိုင်းချုပ်ခေါင်းစိုင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပိုးချည် ကောသိယသိက္ခာပုဒ်၊ နာမည်းသက်သက် သုဒ္ဓသိက္ခာပုဒ်၊ ဒွေဘာဂသိက္ခာပုဒ်၊ ဆဗ္ဗဿသိက္ခာပုဒ်၊ နိသီဒနသိက္ခာပုဒ်၊ ဧဠကလောမသိက္ခာပုဒ်နှစ်ခု၊ ရူပိယပဋိဂ္ဂဟဏ သိက္ခာပုဒ်၊ နာနပ္ပကာရသိက္ခာပုဒ်နှစ်ခု၊ ဒေကား အကျိုင်းချုပ်ခေါင်းစိုင်တည်း။