Jump to content

ကယားလူမျိုး

ဝီကီးပီးဒီးယား က

ကယားလူမျိုး (အင်္ဂလိပ်: Kayah People) သို့မဟုတ် ကရင်နီ (Karenni) စွာ မြန်မာနိုင်ငံဧ့ အရှိဖက်တောင်တန်းဒေသများဖြစ်ရေ ကယားပြည်နယ်မာ အဓိကနိန်ထိုင်ကတ်တေ ကရင်နွယ်စုဝင်များ ဖြစ်ကတ်ပြီး သမိုင်းကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စော်ဘွားနယ်မြီတိအဖြစ် ရပ်တည်ခရေ ရာဇဝင်ဟိရေ၊၊

ကယားလူမျိုး
Kayah, Kayan-ne ꤊꤢ꤬ꤛꤢ꤭ꤜꤟꤤ꤬-ꤖꤢꤨ
ကယား (ကရင်နီ) ရိုးရာဝတ်စုံ
လူဦးရွီ စုစုပေါင်း
၂၅၀,၀၀၀ ကျော် (လှောက်မှန်း)
အများစု နီထိုင်ရေ နီရာ
 Myanmar
ကယားပြည်နယ်
ကရင်ပြည်နယ်
သျှမ်းပြည်နယ် (တောင်ပိုင်း)
 Thailand
မေဟောင်ဆောင်ခရိုင်
ဘာသာစကား
ကယားဘာသာစကားမြန်မာဘာသာစကား
ကိုးကွယ်မှု
ခရစ်ယာန်ဘာသာ (အများစု)၊ ဗုဒ္ဓဘာသာနတ်ကိုးကွယ်မှု (ကတိုးဘိုး)
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
ကရင်လူမျိုးပအိုဝ်းလူမျိုးကယန်းလူမျိုး

သမိုင်းကြောင်းနန့် နာမည်ရင်းမြစ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကယားလူမျိုးရို့စွာ ကိုယ်ရို့ကိုယ်ကို လူနှင့်ငှက် အမျိုးအနွယ်ဖြစ်ရေ ကိန္နရီ ကိန္နရာ ရို့မှ ဆင်းသက်လာရေဟု ယုံကြည်ကတ်တေ၊၊ ဗြိတိသျှနယ်ချဲ့ခေတ်မာ ယင်းရို့ ဝတ်ဆင်ရေ အင်္ကျီအရောင်ကို အစွဲပြုပနာ "ကရင်နီ" (Red Karen) ဟု ခေါ်ဆိုခကတ်ရေ၊၊ ၁၈၇၅ ခုနှစ်မာ မြန်မာဘုရင် မိုဃ်းကျောက်မင်း နန့် ဗြိတိသျှအစိုးရရို့အကြား ချုပ်ဆိုခရေ စာချုပ်အရ ကရင်နီနယ်မြီကို လွတ်လပ်ရေ ကြားနီနယ်မြီအဖြစ် အသိအမှတ်ပြုခကတ်တေ၊၊

လွတ်လပ်ရီးရပြီးနောက် ၁၉၅၁ ခုနှစ် အောက်တိုဘာလမာ လွှတ်တော်မာ အတည်ပြုချက်အရ "ကရင်နီပြည်နယ်" နာမည်မှ ကယားပြည်နယ် အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခစွာ၊၊ ယကေလေ့ ကရင်နီအမျိုးသားရီးလှုပ်ရှားသူတိကမူ ဧပိုင်နာမည်ပြောင်းလဲခြင်းစွာ ယင်းရို့၏ သမိုင်းဝင်လွတ်လပ်မှုကို မှေးမှိန်စီရန် ပြုလုပ်ခြင်းဖြစ်တေဟု ယူဆကတ်ပြီး ဒေနိန့်ထိ "ကရင်နီ" ဆိုရေ နာမည်ကိုရာ ပိုပြီးကေ နှစ်သက်စွာ အသုံးပြုကတ်တေ၊၊

ကယားလူမျိုးအများစုကတော့ခါ ခရစ်ယာန်ဘာသာဝင်တိနန့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကတ်ကေလေ့ မိရိုးဖလာ "ကတိုးဘိုး" (ခေါ်) တင်းခွန်တိုင်နတ်တင်ပွဲ ဓလိ့ကိုမူ ရိုးရာမပျက် ထိန်းသိမ်းထားကတ်တေ၊၊ ယင်းရို့၏ အထင်ရှားဆုံးပွဲတော်မာ ကယားပြည်နယ်နိ (ဂျန်နဝါရီ ၁၅) နန့် တင်းခွန်တိုင်ပွဲတော်ရို့ ဖြစ်တေ၊၊

မြန်မာနိုင်ငံဟိ တိုင်းရင်းသား ကယားလူမျိုးစု (၉)စု ဟိရေ။[]

  1. ကယား
  2. ကယန်းပဒေါင် (ကယန်းကခေါင်း/ကယန်းလဟွီ)
  3. ဂေခို (ကယန်းကဒေါ့)
  4. ဇယိမ်းလူမျိုး (ကယန်းလထာ)
  5. ယင်းဘော်လူမျိုး (ကယန်းကငန်)
  6. ပရဲလူမျိုး (ကယော)
  7. မနူမနောလူမျိုး (ကော်ယော်မနုမနော)
  8. ယင်းတလဲလူမျိုး
  9. ဂေဘားလူမျိုး ရို့ဖြစ်တေ။
ကယားပြည်နယ်ယိုင်ကျေးမှုပြတိုက်အထဲမှ တိုင်းရင်းသားလူမျိုးစု ဝတ်စားဆင်ယင်မှုတိ

ကယားနန့် ကရင်နီ အခေါ်အဝေါ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဝတ်ဆင်ရေ အဝတ်အထည်ရို့၏ နီရေ အရောင်အသွီးကို လိုက်ပြီးကေ မြန်မာရို့က ကယားလူမျိုးရို့ကို ရှီးအခါက ကရင်နီဟု ခေါ်ဝေါ်ကတ်တေ။ အသားရောင်နီမြန်းခြင်းကြောင့် ကရင်နီဟု ခေါ်ဆိုခြင်းမဟုတ်။ ကယားလူမျိုးရို့ကမူ သူရို့ကိုယ်သူရို့ "ကယား" သို့မဟုတ် "ကယားလိ"ဟု ခေါ်ဝေါ်ကတ်တေ။ ကယားဆိုရေ အဓိပ္ပာယ်မာ ကယားဘာသာစကားအရ "လူ"ဟု အဓိပါယ်ရပြီးကေ ကယားလိဆိုရေ ဝေါဟာရ အဓိပ္ပာယ်မာ "လူနီ"ဟု အဓိပ္ပာယ်ရရေ။ လှောက်မှန်းခြေ လူဦးရွီ ၉၀၀၀၀ လှောက်ဟိမည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့အစည်းအုပ်ချုပ်ပုံအခြီခံဥပဒေ (၁၉၄၇) နှစ်မာ ကရင်ပြည်နယ် ဖွဲ့စည်းရေအခါမာ ကရင်နီနယ်ကိုပါ ထည့်သွင်းရန် ရည်မှန်းချက်ဟိခသည္။၁၉၅၁ခုနှစ် အထဲက နာမည်ပြောင်းလဲရီးနန့် ကယားပြည်နယ် သီးသန့်တည်ဟိရီးရို့အတွက် ပါလီမန်မှ အက်ဥပဒေပြုလုပ်ဗျာယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြီခံဥပဒေမာ လိုအပ်ရေ ပုဒ်မတိကို ပြင်ဆင်ခွင့်ရဟိခရေ။


ရန်ကုန်တိုင်းရင်းသားကျေးရွာမာ တွိရရေ ကယားလူမျိုးစု ရုပ်တုများ

[] ကယားလူမျိုးတိစွာ အရပ်အမောင်း (5)ပေကျော်လောက်ဟိပြီးး မျက်လုံးမျက်ခုံ ကောင်းပနာ ရိုးမြင့်ရေနှာတံ အနီတော်ဖြစ်ပြီးကေ မေးရိုးဝိုင်းစွာအသားညိုစွာ ဆံပင်နက်လို့ စိကေချေကြမ်းပုံပေါ်စွာ ယောက်ျားတိက ဆံထုံးထုံးကြလို့ အဖြူရောင် ခေါင်းပေါင်းကို ပေါင်းရေ။ အရဲရောင်ပေါင်ဖ နန့်အင်္ကျီ ရင်ကွဲကိုဝတ်ကတ်တေ။ အမျိုးသမီးတိက လည်း ဆံထုံးထုံးလို့ အရဲရောင်ပုဝါကိုပေါင်းရေ။ အရဲ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီ တိကိုဝတ်ဆင်လို့အရဲရောင် သို့မဟုတ် အနက်ရောင် ခြုံထည်လွှမ်းခြုံထားလိ့ဟိရေ။ (5)ပေလောက်ရှည်ရေ အဖြူရောင်ခေါင်းခါးစည်း ကိုလေ့ စဉ်းစားကြလိဟိရေ အနက်ရောင် သင်တိုင်းကိုဝတ်လို့ ခြေသလုံးမာသစ်ဆီးသုတ်ရေကြိုးခွေများ ပတ်လီ့ဟိရေ။ ဖေသာနားဆွဲ၊ နားတောင်းတိကို ဆွဲကတ်တေ။ ဖေသာလက်ကောက်အလုံးတိကိုဝတ်ဆင်ကတ်တေ။ ဖေသာဆံထိုး တိကိုထိုးရား ခြီကျင်းဝတ်မာ ပုတီစိတိကိုစီတန်းလို့ ဆွဲလီ့ဟိရေ။

ရိုးရာယိုင်ကျေးမှုနန့် ဓလိထုံးစံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကယားရို့စွာ ရိုးရာနတ်နန့်ဗုဒ္ဓဘာသာကိုကိုးကွယ်ရေ။ တင်းခွန်တိုင်နတ်စင်စွာအဓိကဖြစ်တေ။ ရာသီပွဲများနေဖြင့် ကောက်ညှင်းထုပ်ပွဲ၊ ကေထိုးဘိုး (ခေါ် ) တင်းခွန်တိုင်ပွဲ၊ စပါးပုတ်ပွဲ၊ အိမ်တက်မင်္ဂလာပွဲ နန့် တောလိုက်ပွဲများဟိကတ်တေ။ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်းခွက်၊ ပလွီ၊ ဖားစည် စရေတူရိယာတိကိုသုံးပြီးကေ တင်းခွန်တိုင်အက၊ အိမ်တက်မင်္ဂလာအက၊ ဒေချင့်ကူးအက၊ ဝါးညှပ်အက ဆွမ်းယင်အကနန့် နိုင်ငံအကများ ကိုကလေ့ဟိကတ်တေ။ ကွယ်လွန်သူ၏အဂေါင်းကိုလေ့ ဖေသာတောင်ပြည်ဘက်ကို ဦးလှည့်ပနာ ထားတတ်ကတ်ရေ။ ကယား ပြည်နယ်ဧ့ထူးခြားရေ အထိမ်းအမှတ်ပစ္စည်းဖြစ်ရေ ဖားစည် (ခေါ်) ကြီးနက်စည်ကြီးကိုလေ့ ဖေသာတောင်ပြည်မာသွန်းလုပ်ခစွာ ဟုဆိုရေ။

ကယားရို့စွာ အယင်ခေါက်က မြန်မာတိနန့်တတူ စစ်ရီးစစ်ရာမာတတူလက်တွဲပြီးကေတိုက်ခိုက်ခဲ့ဖူးရေ အထောက်အထားတိကိုလည်းဟိပါရေ။ "ပျိုလေးတို့အိမ်မိုး ထိုးလာတဲ့ပေဖူးလွှာ၊ ဘာစာတဲ့ မေး။ မေးပါနဲ့အေ။ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလိုကရေ လွမ်းစာတဲ့လေ" ဆိုရေ ရှေးဟောင်းတွေ သားလီမာစစ်သားဘဝဧ့ချစ်ရီးချစ်ရာတိကို လွမ်းစဖွယ်ကောင်းယောင် ဖော်ပြထားရုံမက ရှေးဟောင်းကာလကပင် ကယားလူမျိုးရို့စွာ မြန်မာရို့နန့် စစ်ရီးမာတတူလက်တွဲတိုက်ခိုက်ခကတ်ဖူးရေဆိုရေ သာဓကကိုပါထင်ရှားစွာဖော်ပြထား ခြင်းဖြစ်တေ။ []

  1. ခွန်းဆက်နေ (၇ ဖေဖဝါရီ ၂၀၁၆). "ဒွေးရာနန်းရို့ပျော်စံရာ ကယားမြေ". ပြန်ကြားရီးဝန်ကြီးဌာန. Retrieved ၁၉ စတ်တင်ဘာ ၂၀၁၈. {{cite web}}: Check date values in: |accessdate= and |date= (help)
  2. Karenni(Kayah) and Kayan Studies: ကကရင္နီ (ကယား) စုံတြဲ
  3. http://www.mwaf.org.mm/Developing%20Sector_mm/DevSector_mm/Details.asp?id=645[လင့်ခ်သီ]