Jump to content

ကရင်လူမျိုး

ဝီကီးပီးဒီးယား က

ကရင်လူမျိုးတိစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဧ့ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားလူမျိုးတိထဲမာတခုအပါအဝင်ဖြစ်ပြီးကေ တိဗက်-ဗမာအုပ်စုဝင်လူမျိုးတိဖြစ်တေ။အဓိကကတော့ခါ မြန်မာနိုင်ငံ ကရင်ပြည်နယ် နန့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမာ နီထိုင်ကတ်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း တောင်ပေါ်ဒေသများမာလည်းနီထိုင်ကတ်ရေ။ကရင်မျိုးနွယ်စု (၇)မျိုးဟိရေ။

ကရင်လူမျိုး
ကရင် အမျိုးသား အောင်လံတော်
ရိုးရာဝတ်စုံဝတ်ဆင်ထားရေ ကရင်အမျိုးသမီးတဦး
လူဦးရွီ စုစုပေါင်း
၄,၁၉၁,၀၅၀
အများစု နီထိုင်ရေ နီရာ
 Myanmar၃,၆၀၄,၀၀၀[]
 Thailand၁,၃၅၀,၀၀၀[]
 United States၂၁၅,၀၀၀ (၂၀၁၈)[]
 Australia၁၁,၀၀၀[]
 Canada၆၀၅၀[]
 India (အက်ဒမန်ကျွန်းစု)၂,၅၀၀[]
 Sweden၁,၅၀၀
ဘာသာစကား
ကရင်ဘာသာစကားတိစကောကရင်ပိုးကရင်ကရင်နီနန့် ပအိုဝ်း
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာနန့် ကရင်ရိုးရာကိုးကွယ်မှု၊ ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
တိဗက်-ဗမာနွယ်
ကရင်အမျိုးသား အမျိုးသမီး ရိုးရာဝတ်စုံ
ကရင်ဒုံးအက
ကရင်လူမျိုး

ကရင်ဒဏ္ဍာရီတိအရ ကရင်လူမျိုးတိစွာ ရှီးဦးစွာ "ထီးဆဲ့မဲ့ယွား" (သို့မဟုတ်) "ထီဆေ့မေ့ယွား" ဒေသမာ နီထိုင်ခကတ်ရေ။ ထိုစကားရပ်ရေ အဓိပ္ပာယ်မာ "သဲစီးရေချောင်း" (သို့မဟုတ်) "ရီထိုးသဲစီး" ဟု အဓိပ္ပာယ်ရရေ။ အလွန်ကျယ်ပြန့်ရေ သဲကန္တာရကြီးအား မြစ်ချောင်းများ ဖြတ်ကျော်စီးဆင်းရာမာ ရီနန့်သဲများ ရောပါစီးဆင်းလားခြင်းကို အစွဲပြုပနာ ခေါ်ဆိုခြင်းဖြစ်တေ။ ကရင်လူမျိုးအများစုစွာ ထိုဒေသမာ ဂိုဘီသဲကန္တာရ (Gobi Desert) ကို ဆိုလိုရေဟု ယုံကြည်ကတ်တေ။

ထီးဆဲ့မဲ့ယွား ဒေသကို မရောက်မီ ရှီးဦးစွာ "ထီးဆဲ့မဲ့ဘော" (ရီထိုးသဲဝါ) ဒေသကို ရောက်ဟိခရေလို့ ဆိုကတ်ရာ၊ ယင်းမာ သဲနုန်းတိကြောင့် အဝါရောင်သန်းနိန်ရေ တရုတ်နိုင်ငံ မြောက်ဘက်ဟိ မြစ်ဝါမြစ် ဒေသ ဖြစ်နှိုင်ရေဟု ယူဆရရေ။[] ဒေဒေသစွာ တိဗက်-အောက်သား များ စတင်ရာဒေသလည်း ဖြစ်နှိုင်ရေ။

မြန်မာနိုင်ငံသို့ ရောက်ဟိလာခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရှေးလင်္ကာဟောင်းများဖြစ်ရေ "သက်နန့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ" ဆိုရေ စပ်ဆိုချက်အရ ကရင်လူမျိုးစွာ ရှေးဟောင်း ကမ်းယံလူမျိုး တိက ဆင်းသက်လာရေလို့လေ့ ယူဆချက်တိ ဟိရေ။ မှန်နန်း ရာဇဝင်အရ ကမ်းယံလူမျိုးတိစွာ သံတွဲနန့် ပြည်မြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းတလျှောက်မာ နီထိုင်ခကတ်သူတိ ဖြစ်တေ။[]

ကရင်လူမျိုးတိစွာ တရုတ်-တိဗက်နွယ်ဝင် တိဗက်-ဗမာနွယ်ဝင်များ ဖြစ်ကတ်ပြီး မြန်မာနိုင်ငံအတွင်းကို အစောဆုံး ဝင်ရောက်လှာခကတ်ရေ လူမျိုးစုတိထဲမာ တစုအပါအဝင် ဖြစ်တေ။ ယင်းရို့၏ ရွှိပြောင်းလှာပုံကို အပိုင်း (၃) ပိုင်းဖြင့် လိ့လာနှိုင်ရေ။

ကရင်လူမျိုးတိ၏ ဘိုးဖီးတိစွာ လွန်ခရေ နှစ်ပေါင်းများစွာက ဂိုဘီသဲကန္တာရ (Gobi Desert) နံဘေးမှ စတင်ကာ တောင်ဘက်ကို အဆင့်ဆင့် ရွှိပြောင်းလှာခကတ်ရေလို့ ကရင်ရိုးရာ ဒဏ္ဍာရီတိနန့် သမိုင်းသုတေသီတိက ဆိုရေ။ ယင်းရို့စွာ တရုတ်ပြည် အနောက်မြောက်ပိုင်းကတဆင့် ယူနန်ဒေသကို ရောက်ဟိခကတ်ရေ။[]

မြန်မာနိုင်ငံအတွင်းကို လှောက်မှန်းခြေ အေဒီ (၃) ရာစုကနိန် (၈) ရာစုအထဲ လမ်းကြောင်းကြီး (၃) ခုဖြင့် ဝင်ရောက်လှာခကတ်ရေလို့ ယူဆရရေ။[၁၀]သံလွင်မြစ်ကြောင်းဖြစ်ရေ အရှိဖက်လမ်းကြောင်းကတဆင့် ကယားပြည်နယ်နန့် ကရင်ပြည်နယ် တောင်တန်းဒေသတိသို့ ဝင်ရောက်လှာခကတ်ပိုင် ဧရာဝတီမြစ်ကြောင်း မြောက်ဘက်ကတဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းနန့် အောက်ပိုင်းဒေသတိသို့ ဝင်ရောက်လှာခသူတိနန့် စစ်တောင်းမြစ်ဝှမ်းတလျှောက် နီထိုင်အခြီချသူတိလည်းဟိရေ။

ဘာသာဗေဒပညာသျှင် ဒေါက်တာလုစ် (G.H. Luce) ဧ့ အဆိုအရ ကရင်လူမျိုးတိစွာ ပျူ နန့် မွန်ရို့ မြန်မာနိုင်ငံမာ အထွန်းကားဆုံးအချိန်များမာပင် အခြီချနီထိုင်ပြီး ဖြစ်နှိုင်ရေဟု လှောက်မှန်းထားရေ။ ယင်းရို့စွာ အောက်သားများ မြန်မာနိုင်ငံသို့ အရွီပြတ်နန့် မဝင်ရောက်မီကပင် ရောက်ဟိနီကတ်သူတိ ဖြစ်တေ။[၁၁]

ကိုလိုနီခေတ်နန့် ဒုတိယကမ္ဘာစစ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဗြိတိသျှရို့ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်ပြီးကေ ကရင်လူမျိုးအများစုကတော့ခါ ဗြိတိသျှအစိုးရ ဝန်ထမ်းတိအဖြစ် လုပ်ကိုင်ခကတ်ပြီးကေ သာသနာပြုလုပ်ငန်းတိကြောင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ များပြားပါလတ်တေ။ ဒုတိယကမ္ဘာစစ်အထဲ ကရင်လူမျိုးတိစွာ မဟာမိတ်တပ်များဘက်မှ ပါဝင်ပြီးကေ ဖက်ဆစ်ဂျပန်ရို့ကို တိုက်ခိုက်ခကတ်ရေ။[၁၂]

လွတ်လပ်ရီး ကြိုးပမ်းမှုနန့် နိုင်ငံရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မြန်မာနိုင်ငံ လွတ်လပ်ရီး ကြိုးပမ်းမှု သမိုင်းမာ ကရင်လူမျိုး ဂေါင်းဆောင်များ ဖြစ်ကတ်ရေ မန်းဘခိုင် နန့် မန်းလိုက်းမောင် ရို့စွာ ထင်ရှားစွာ ပါဝင်ခကတ်တေ။ တဖက်မာလည်း ကရင်အမျိုးသားတိဧ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နန့် လွတ်လပ်ရီးအတွက် စောဘဦးကြီး က ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရီး တပ်မတော် (KNLA) နန့် ကရင်အမျိုးသားကာကွယ်ရီးအဖွဲ့ (KNDO) ရို့ကို တည်ထောင်လို့ လက်နက်ကိုင် တော်လှန်ရီး ဆောင်ရွက်ခရေ။ ဂုချိန်ခါ ကိုယ်ပိုင်အုပ်ချုပ်နိုင်ရီးနှင် ဖက်ပြားဆတ်မူရဟိရီးအတွက် တိုင်ပွဲဝင်နီဆဲဖြစ်တေ။

ကလမဲကျွန်း(အက်ဒမန်)ဟိကရင်လူမျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

    အိန္ဒိယပိုင်နက် ကလမဲကျွန်း(အက်ဒမန်)မာ ကရင်လူဦးရွီ ၂,၅၀၀ ဦးဟိရေ။ မြန်မာ့ပင်လယ်ပိုင်နက် ကိုကိုးကျွန်းစုများနံဘေးဟိ ကရင်လူမျိုးအများစုကတော့ခါ အိန္ဒိယပိုင်နက် ကလမဲကျွန်း(အက်ဒမန်ကျွန်း)နန့် နီကိုဘာကျွန်းစုတိ၏ ပြည်ထောင်စုပိုင်နက်အထဲ မြောက်ပိုင်း ကလမဲ ကျွန်းတိ၏ မာယာဘွန်ဒါ ရေဆီးလ် မာ ကန့်သတ်ထားရေ။ ယင်းရို့အားနုန်းနီးပါးစွာ နှစ်ခြင်းပရိုတက်စတင့်ခရစ်ယာန်တိဖြစ်တေ။ ယင်းရို့စွာ အသိုင်းအဝိုင်းအထဲ ဆက်သွယ်ပြောဆိုဖို့အတွက် ယင်းရို့၏ဘာသာစကားကို ထိန်းသိမ်းထားကေလေ့ ကရင်မဟုတ်ရေ အိမ်နီးချင်းတိနန့် ဆက်သွယ်ဖို့အတွက် ဒုတိယဘာသာစကားအဖြစ် ဟိန္ဒီဘာသာစကားကို အသုံးပြုကတ်တေ။

    ကရင်လူမျိုးအများစုစွာ ထေရဝါဒ ဗုဒ္ဓဘာသာနန့် ကရင်ရိုးရာကိုးကွယ်မှုကို ယုံကြည်သူတိဧ့။ ပိုးကရင်စွာ ထေရဝါဒ ဗုဒ္ဓဘာသာကိုရာ ယုံကြည်သူတိပြီး စကောကရင်စွာ ထေရဝါဒ ဗုဒ္ဓဘာသာနန့် ကရင်ရိုးရာကိုးကွယ်မှုရို့ကိုပါ ယုံကြည်ကြသူတိရေ။ ၁၅-၃၀ ရာခိုင်နှုန်း‌ရေ ကရင်လူမျိုးရို့စွာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကတ်တေ။ အစ္စလာမ်ဘာသာ ကိုးကွယ်သူတိလည်းဟိပြီး မွတ်စလင်ဟု ခံယူကတ်တေ။ အများစုကတော့ခါ အိန္ဒိယလူမျိုးရောကတ်တေ။[၁၃][၁၄][၁၅][၁၆]

    ကရင်လူမျိုးတိစွာ ဘာသာစကားအရ တရုတ်–တိဗက်ဘာသာမိသားစုဧ့ ကရင်နွယ်ဘာသာစကားအုပ်စုမာ ပါဝင်သော်လည်း၊ မျိုးရိုးဗီဇ အရ အရှိတောင်အာသျှဒေသခံတိနန့် ပေါင်းစပ်မှုဟိရေ ထူးခြားရေ မျိုးရိုးဗီဇလက္ခဏာတိကို ပိုင်ဆိုင်ထားကတ်တေ။

    ကရင်အမျိုးသားတိဧ့ Y-DNA အချက်အလက်တိအရ Haplogroup O (O-M175) အုပ်စု အောက်ဟိ O2 (O-M122) နန့် O1b1a (O-M95) ရို့ကို အများဆုံးတွိဟိရရေ။ ဒေဗီဇတိစွာ အရှိတောင်အာသျှနန့် တရုတ်တောင်ပိုင်းဒေသများမာ ကျယ်ပြန့်စွာတွိရရေ မျိုးရိုးတိဖြစ်တေ။[][၁၇]Haplogroup O2a (O-M324)ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့် တွိဟိရယား ယင်းစွာ တရုတ်တောင်ပိုင်းနန့် တိဗက်ဒေသဟိ တိုင်းရင်းသားတိနန့် သမိုင်းအဆက်အသွယ်ဟိကြောင်း ဖော်ပြနိန်ရေ။[၁၈]Haplogroup Dစွာ အနည်းစုရေ ကရင်အုပ်စုတချို့မာ တွိဟိရရေ။ ယင်းစွာ တိဗက်နန့်ဂျပန်ကျွန်းစု ရို့မာ တွိရလိ့ဟိရေ ရှီးဦးအာသျှမျိုးရိုးဗီဇတခု ဖြစ်တေ။[၁၉]

    ယေဘုယျအနိန်နန့် ကရင်လူမျိုးရို့၏ ဖခင်ဘက်မှဆင်းသက်သီာဗီဇစွာ အောက်သားများ ပိုင်ပင် တိဗက်-ဗမာအုပ်စုနန့် နီးစပ်ကေလေ့၊ကရင်လူမျိုးနန့် နှိုင်းယှဉ်ကေအောက်သားတိစွာ တိဗက်-ဗမာရင်းမြစ် ဗီဇပိုပြီးကေအားကောင်းသဖြင့် မြောက်ပိုင်းအုပ်စုတိနန့် ပိုတူစွာယကေလေ့ကရင်လူမျိုးများမာ အရှိတောင်အာသျှဒေသခံ မွန်-ခမာနွယ်ဝင်တိ၏ ဗီဇ (O-M95) သက်ရောက်မှု ပိုပြီးကေပါဝင်နီကြောင်း တွိဟိရရေ။[၂၀]အရှိတောင်အာသျှ ဒေသခံ ဗီဇတိနန့် ပိုပြီးကေရောနှောသွားသဖြင့် အောက်သားတိနန့် နှိုင်းနိူင်းပါက မြောက်ပိုင်းသားလက္ခဏာ စိကေချေ လျော့နည်းလားခြင်း ဖြစ်တေ။

    မိခင်ဘက်မှဆင်းသက်သီာ Mitochondrial DNA လိ့လာမှုတိအရ ကရင်လူမျိုးများမာ Haplogroup B5a, F1a နန့် M7b ရို့ အများဆုံးဖြစ်ကတ်ောင်း တွိဟိရရေ။ ဒေအမျိုးအစားတိစွာ တရုတ်တောင်ပိုင်း၊ မြန်မာနန့် ထိုင်းနိုင်ငံဟိ ဒေသခံမိခင်မျိုးရိုးတိနန့် နီးစပ်မှုဟိရေ။[၂၁]

    ကရင်မျိုးရိုးဗီဇစွာ သမိုင်းတလျှောက် ဧရာဝတီမြစ်ချိုင့်ဝှမ်းနန့် သံလွင်မြစ် လမ်းကြောင်းတိအနှုန်း ရွှိပြောင်းအခြီချခကြစဉ်အထဲ အရှိတောင်အာသျှဒေသဟိ တခြားသော လူမျိုးစုတိနန့် ထိတွိဆက်ဆံမှုတိကြောင့် မျိုးရိုးဗီဇ ပေါင်းစည်းမှုတိ ဟိလာခခြင်း ဖြစ်တေ။ ယင်းအတွက်နန့် ကရင်လူမျိုးတိစွာ တရုတ်-တိဗက်မိသားစုဝင်များ ဖြစ်ကတ်ကေလေ့ ဗီဇအနက်မာ အရှိတောင်အာသျှ မျိုးရိုးဗီဇလက္ခဏာတိကို ပိုပြီးကေသယ်ဆောင်ထားကတ်တေဟု သုတေသနတိက ကောက်ချက်ချထားပါရေ။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ တရားဝင် အသိအမှတ်ပြုထားရေ ကရင်လူမျိုး (၁၁) မျိုးဟိရေ။[၂၂][၂၃][၂၄]

    ၁။ ကရင်လူမျိုး
    ၂။ စကောကရင်လူမျိုး
    ၃။ ပိုးကရင်လူမျိုး
    ၄။ ပလီကီးလူမျိုး (ပလေချီး)
    ၅။ ဘွဲလူမျိုး
    ၆။ တလောင်းပွာလူမျိုး (တလောင်းပွား)
    ၇။ မောနေပွားလူမျိုး
    ၈။ မိုးပွလူမျိုး (မိုးပွား)
    ၉။ ပကူးလူမျိုး
    ၁၀။ကရင်ဖြူလူမျိုး (ဂေဘားကရင်)
    ၁၁။မွန်ကရင်လူမျိုး (စာဖြူ)

    ကရင်လူမျိုးမာ စကောကရင် နန့် ပိုးကရင် ဆိုပနာ အဓိကလူမျိုးစုကြီး ၂ စုဟိရေ။ ယင်းလူမျိုးစုကြီး ၂ စုမာ ဓလိ့စရိုက် နန့် အသုံးပြုရေ ဘာသာစကားတွင် ကွဲပြားခြားနားမှုတိဟိရေ။ ကရင်မျိုးနွယ်စုမာ အဓိကမျိုးနွယ်စုဖြစ်ရေ ပိုးကရင် (အရှိပိုး နန့် အနောက်ပိုးကရင်) နန့် စကောကရင်ရာမက ပကူးကရင်၊ ဘွဲကရင်၊ ဂေခိုကရင်၊ ဂေဘားကရင်၊ မောနေပွားကရင်၊ ကရင်ဖြူ၊ ထူးကလိဘောင်ကရင်၊ တလောင်းပွာကရင်၊ ပလီကီးကရင် စရေမျိုးနွယ်စုတိစွာလည်း ကရင်လူမျိုးစုအုပ်စုဝင်ထဲမာပါဝင်ရေ။

    စကောကရင်လူမျိုးတိစွာ ကလွေသျှေတိ၏ နာမည်ရှိ့မာ "စော" တပ်ပြီးကေ ခေါ်ဝေါ်လေ့ဟိကတ်ရား ကလိန့်မေသျှေနာမည်ရှိ့မာ "နော်" တပ်ပြီးကေ ခေါ်ဝေါ်လေ့ဟိကတ်တေ။ ပိုးကရင်လူမျိုးအနက် အရှိပိုးကရင်တိ၏ နာမည်ရှိ့မာ အမျိုးသားဆိုခကေ "စော" နန့် "မန်း" ထည့်လို့ အမျိုးသမီး နာမည်ရှိ့မာ "နန်း" တပ်ပြီးကေ ခေါ်ဝေါ်လေ့ဟိကတ်တေ။ အနောက်ပိုးကရင်တိ၏ နာမည်ရှိ့မာမူ အသက်အလိုက် အမျိုးသားဆိုခကေ "စ" နန့် "မန်း" ထည့်လို့ ခေါ်ပြီးကေ အမျိုးသမီး နာမည်ရှိ့မာ "နန့်" တပ်ပြီးကေ ခေါ်‌လေ့ဟိကတ်တေ။

    ကရင်နှစ်သစ်ကူးနိဖြစ်ပေါ်လှာပုံ

    [တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

    စာလုံးအစောင်း

    အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကရင်နှစ်သစ်ကူးနိ

    "ဒေါကလု" ခေါ် ကရင်အမျိုးသားအစည်းအရုံး (Karen National Assoiation)စွာ မြန်မာနိုင်ငံရီး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကစပနာ ဒေါက်တာတီသံပြာ၊ ဦးလူနီ(ဆစ်ဒနီလူနီဧ့ဖခင်)၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနန့် တခြားသော ကရင်အမျိုးသားဂေါင်းဆောင်ကြီးတိက တည်ထောင်ခရေ အစည်းအရုံးကြီးဖြစ်တေ။ ဒေါက်တာတီသံပြာ (M.A.D.D.) စွာ "ဒေါကလု"ဧ့ ပထမဆုံးအနိန်နန့် ဥက္ကဋ္ဌဖြစ်ပနာ စောဘမောင်(Bar-at-Law)စွာ အိန်းဂလိချ်များ မြန်မာပြည်မှ ဆုတ်ခွာလားရေအထိ နောက်ဆုံး ဥက္ကဋ္ဌတဦး ဖြစ်၏။

    ကရင်အမျိုးသား ဂေါင်းဆောင်ကြီးတိစွာ ကရင်အမျိုးသားနိကို တင်သွင်းတောင်းဆိုရာ အိန်းဂလိချ်အစိုးရက လက်ခံခွင့်ပြုခြင်းမဟိဘဲ ယင့်ချင့်နိအစား အရာနိတနိကို ဆက်ပနာထပ်မံတင်သွင်းပါဖို့ ပြန်ပနာအဆိုပြုခရေ။ ကရင်အမျိုးသား ဂေါင်းဆောင်ကြီးတိက သမိုင်းဝင်နိအတွက် ဆွေးနွေးအနီချ ခကတ်ရာမာ "ကရင်နှစ်သစ်ကူးနိ"ကို တောင်းဆိုတင်သွင်းရန် သဘောတူညီခကတ်ရေ။

    ထိုအချိန်မာ ကရင်အမျိုးသားရို့စွာ နှစ်သစ်ကူးနန့်ပတ်သက်ပနာ ကျင်းပခကတ်ရေနိ၊ ရက်၊ လတိစွာ ဒေသတခုနန့်တခု တူညီမှုမဟိခကြောင်း တွိဟိခရရေ။ တောင်ပေါ်ဒေသမာ နီထိုင်ရေ ကရင်အမျိုးသားတချို့စွာ တောင်ယာလုပ်ငန်း ပြီးဆုံးကေ ရိုးရာအရိုးကောက်ပွဲများ ကျင်းပပြုလုပ်ကတ်၏။ ယေပြီးနောက်မာ ဆက်လက်ပြီးကေ နှစ်သစ်ကူးပွဲကို ကျင်းပကတ်တေ။ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးရို့မာ မြန်မာဗုဒ္ဓဘာသာဝင်တိကဲ့သို့ပင် သင်္ကြန်ကျပြီးကေ နှစ်ဆန်းတစ်ရက်နိကို နှစ်သစ်ကူးအဖြစ်ပင်ဖြစ်ဖြစ်၊ လဲကယ်ဘာသာဝင် ကရင်ရို့မာမူ ဝါကျွတ်လအထဲ စနီနိ တရက်ရက်မာပင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဝင် ကရင်တိက ကမ္ဘာ့နှစ်ဆန်းတရက်ဖြစ်ရေ ဂျန်နဝါရီလ တရက်နိမာပင်ဖြစ်ဖြစ်၊ မေတ္တာဗြဟ္မစိုရ်အသင်းဝင်ကရင်တိနန့် ယိုးဒယားနိုင်ငံဟိ အချို့ကရင်တိစွာ နှစ်သစ်ကူးနိကို တပို့တွဲလဆန်း တရက်နိမာပင်ဖြစ်ဖြစ်၊ မြန်မာနိုင်ငံ မြီပြန့်ဒေသများမာ နီထိုင်ကတ်ရေ ကရင်တိနန့် ယိုးဒယားနိုင်ငံဘက်မှ နီထိုင်ရေ ကရင်တချို့ရို့စွာလည်း ပြာသိုလဆန်း တရက်နိမာပင်ဖြစ်ဖြစ် နှစ်သစ်ကူးပွဲတော်ကို အသီးသီးကျင်းပကတ်တေ။

    ယင်းအတွက်နန့်ပင် သမိုင်းဝင်နီ့တရက်ရဟိရန် ကရင်နှစ်သစ်ကူးနိအဖြစ် တင်သွင်းရာမာ အယင်ဦးဆုံး အောက်လွှတ်တော်မှ စတင်တင်သွင်းရဖို့ဖြစ်ပနာ ကရင်အမတ် ၁၅ ဦးဧ့ ဒုတိယဥက္ကဋ္ဌဖြစ်ရေ စောဂျွန်ဆင်ဒီဖိုးမင်းစွာ နိရက်သတ်မှတ်ရီးအတွက် တာဝန်ယူရ၏။ ယင်းခါ စောဂျွန်ဆင်ဒီဖိုးမင်းစွာ တောင်ငူမြို့ဟိ ကရင်သက်ကြီး ဝါရင့်သူတချို့ကို ခေါ်ယူဆွေးနွေးခပြီးကေ သရာမိုးလိုအား ဆက်ပနာတာဝန် လွှဲအပ်ခကတ်ရေ။ သရာမိုးလိုစွာ ကရင်အမျိုးသားရို့ဧ့ ခုနှစ် သက္ကရာဇ်စွာ နှစ်ပေါင်းဇာလောက်ဟိကြောင်းနန့် ကရင်အမျိုးသားရို့ဧ့ နှစ်သစ်ကူးနိစွာ ဇာနိ၊ လမာ ဖြစ်ကတ်ောင်းဆိုရေ အချက်နှစ်ချက်အပေါ် မူတည်ပနာ ရှာဖွီသုတေသန လုပ်ခပြီးကေ ပြန်ပနာတင်ပြခရေ။

    အရှိတိုင်းသမိုင်းသုတေသီကြီးနှစ်ဦးဖြစ်ရေ ဂျီ၊အိပ်ခ်ျ၊လုစ်(G.H.Luce)နန့် ဂျီ၊အီး၊ဟာဗီ(G.E.Harvey)ရို့၏ မှတ်တမ်းပြုချက်တိအရ ပင်ဖြစ်ဖြစ်၊ အမျိုးသားပညာဝန် ဦးဖိုးကျားရီးသားရေ မြန်မာရာဇဝင်အရ ပင်ဖြစ်ဖြစ်၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရှီးဦးစွာ ဝင်ရောက်လှာခကတ်ရေမာ ဘီစီ ၇၃၉ ခုနှစ်ကဖြစ်ကတ်ောင်း သိဟိရလီရေ။ သို့အတွက်နန့် သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးရို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လှာခကတ်ရေ ထိုခုနှစ်မှအစပြုပနာ ရွီတွက်ရန် အဆိုပြုခဧ့။ ယင်းအဆိုပြုချက်ကို အေဒီ ၁၉၃၆ ခုနှစ်မာ တင်သွင်းခရေ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လှာခကတ်ရေ ဘီစီ ၇၃၉ ခုနှစ်မှစပြီးကေ ရွီတွက်သော် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ဟိခယာ ဖြစ်တေ။

    တောင်ငူမြို့ဟိ သက်ကြီးဝါကြီးသူတိဧ့ သဘောတူညီ သတ်မှတ်လိုက်ရေ နိရက် "သလေး လဆန်း ၁ ရက်"ကို ဥပဒေပြုအောက်လွှတ်တော်မာ တင်သွင်းရေအဆို (Bill) ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ရီးထိုးကာ အောက်လွှတ်တော်အစည်းအဝေးမာ တင်သွင်းခ၏။ ၁၉၃၇ ခုနှစ်၊ သြဂတ်လ ၂၃ ရက်နိမာ ကျင်းပပြုလုပ်ရေ ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေး မှတ်တမ်းတင်ချက်အရ (Presented)ဆိုပနာ မှတ်တမ်းတင်ထားရေ။

    ယင်းကိစ္စနန့်ပတ်သက်ပနာ ဒေါကလုဥက္ကဋ္ဌအထက်လွှတ်တော်အမတ် ဆရာစံဘော်က ဆက်ပနာဦးဆောင်လို့ ဝန်ကြီးစောဖေသာနန့် အနီချ ပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့သို့တင်ပြလို့ အစိုးရအဖွဲ့ဧ့ သဘောတူညီချက်အရ (Cabinet Executive Power)ဖြင့် ဘုရင်ခံထံကို တင်ပြနိူင်လို့ ဘုရင်ခံဧ့ သဘောတူညီချက်ကြောင့် အစိုးရရုံးတိနန့် လွှဲပြောင်းနှိုင်ရေ စာချုပ်စာတမ်း အက်ဥပဒေ (Negotiable Instrument act.) အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရဟိခရေ။

    အစိုးရ၏ ပထမဆုံးအနိန်နန့် အသိအမှတ်ပြု ရုံးပိတ်ရက်မာ ၁၉၃၈ ခုနှစ်၊ ဂျန်နဝါရီလ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)နိဖြစ်ပြီးကေ ယင်းနိမာ ဝတ်လုံတော်ရ ဆစ်ဒနီလူနီက အသံရွှင့်မိန့်ခွန်း ပြောကြားခရေ။ ၁၉၃၈ ခုနှစ်မာ ပေါ်ထွက်လှာရေ "သာ့ပွာဖိုးလင်းတေး"ပြုစုရီးဆွဲရေ ကရင်အမျိုးသားပက္ခဒိန်အရ တနှစ်ပြည့်မြောက်လို့ ၁၉၃၈ ခုနှစ်၊ ဒီဇန်ဘာလ ၂၁ ရက်နိမာ ကျရောက်ရေ ကရင်နှစ်သစ်ကူးပွဲတော်မာ ကရင်အမျိုးသား ဂေါင်းဆောင်ကြီး ၅ ဦး ဖြစ်ကတ်ရေ စောစံစီဖိုး၊ မန်းရွှီဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနန့် စောဖေသာရို့က ဩဝါဒသဝဏ်လွှာ ပီးပို့ခရေ။[၂၅]

    ၁၉၄၈ ခုနှစ်၊ ဖေဖဝါရီလ (၃) ရက်နိမာ KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ကရင်ပြည်ပြန်ပီးဖို့အတွက် စာရီးတောင်းဆိုခရေ။ စာကို တလအထဲ ၁၉၄၈ ခုနှစ်၊ မာ့ခ်ျလ (၃) ရက်နိနောက်ဆုံးထားပြီးသား ဖဆပလ အစိုးရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရဟိပါက (သို့မဟုတ်) ကရင်ပြည်ပြန်ပီးဖို့အတွက် ငြင်းဆိုခကေ ကရင်အမျိုးသားတိ ခြီတလှမ်း တက်လှမ်းဖို့လို့ ပါဟိရေ။ ကရင်ပြည်တောင်းဆိုစာ ပိုပြီးကေလီးနက်စီရန် ဖေဖဝါရီလ (၁၁) ရက်နိမာ မြန်မာနှစ်သိုက်လုံးဟိ ကရင်အမျိုးသားတိအားနူံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်ပနာ ကရင်လူထုဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခကတ်တေ။ ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ်၊ ဖေဖဝါရီလ (၁၁) ရက်နိမာ မြန်မာပြည်တပြည်လုံးဟိ ကရင်အမျိုးသားတိ မြို့ပေါ်တက်ပနာ ကရင်ပြည်လိုလားကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပလီရေ။ အောက်မြန်မာပြည် ကရင်အများစုဟိရာ ဒေသများမာရာမက မြောက်ဘက်မြစ်ကြီးနားမှ တောင်ဘက် မြိတ်မြို့အထိ၊ သျှမ်းပြည်နယ်မာ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားဟိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းမာ မိတ္ထီလာ၊ ချောက်၊ ရီနံချောင်း စသည်အနိန်နန့် နှစ်သိုက်လုံးမာ ဆန္ဒပြကတ်တေ။ ဖဆပလ ကလည်း မျောက်ခြောက်ခြောက်နှောင့်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခရေ။ ယကေလေ့ နှောင့်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး ၂ ရက်၊ ၃ ရက် ခရီးများချီတက်ပနာ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် အသံတိတ် ဆန္ဒပြလို့ ထိုနိရက်အထိ မြန်မာပြည်သမိုင်းမာ အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခရေ။ ကရင်အမျိုးသားတိစွာ ကြွီးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခကတ်တေ။

    ကရင်အမျိုးသားအောင်လံတော်

    [တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

    စာလုံးအစောင်း

    အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကရင်အမျိုးသားအောင်လံတော်
    ကရင်အမျိုးသားအောင်လံတော်

    ၁၉၃၆ ခုနှစ် ဒေါက်တာဘမော်ဧ့ ညွန့်ပေါင်းအစိုးရလက်ထက်မာ ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီးဧ့ ဆုံးဖြတ်ချက်အရ လွှတ်တော်အထဲဟိ ကရင်အမတ်တိစွာ

    1. ကရင်နှစ်သစ်ကူးနိ(ကရင်အမျိုးသားနိ)
    2. ကရင်အမျိုးသားတေးခြင်း
    3. ကရင်အမျိုးသားအောင်လံတော် စသည်ရို့ကို တောင်းဆိုခကတ်ရေ၊၊

    ဒေတောင်းဆိုချက်တိရဟိရေအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးရေ ကရင်ဂေါင်းဆောင်တိနန့် ကရင်အမျိုးသားတိထံ “ကရင်အမျိုးသားအောင်လံ” ပုံစံများရီးဆွဲလို့ တင်ပို့ကတ်ရန် မေတ္တာရပ်ခံခရေ။ ရောက်ဟိလာရေ ကရင်အောင်လံပုံစံ တရာအနက်မှ မန်းဘခင်(ဝန်ကြီးဟောင်း) ရီးဆွဲရေအောင်လံပုံစံကို အတည်ပြု ရွီးချယ်ခရေ။ အရဲရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ထက်မာ တက်သစ်စနီဝန်းနန့် ဖားစည်ပါဟိရေ အောင်လံစွာ ကရင်အမျိုးသားအောင်လံပင် ဖြစ်တေ။

    ကရင်အမျိုးသားတိစွာ ကရင်အမျိုးသားအောင်လံတော်ကို လူထုအစည်းအဝေးပွဲတိနန့် ကရင်အမျိုးသားနှစ်သစ်ကူးနိ အခမ်းအနားများမာ ပြည်ထောင်စုအောင်လံတော်နန့် လက်တွဲလို့ စိုက်ထူကတ်တေ။

    ကရင်အမျိုးသားတေးခြင်း

    [တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

    ကရင်အမျိုးသားတေးခြင်းကို စောစံဘ နန့် စောသာအေးကြီးရို့က ရီးသားတင်ပြရာ ကရင်အမျိုးသားအဖွဲ့ချုပ်မှ အတည်ပြုလက်ခံသဖြင့် ကရင်အမျိုးသားတေးခြင်းဆိုပနာ ပေါ်ပေါက်လာဧ့။ တေးခြင်းကို ကရင်အမျိုးသားဆိုင်ရေအခမ်းအနားများ၊ ယိုင်ကျေးမှုဆိုင်ရေ ဓလိထုံးစံပွဲ အခမ်းအနားများမာ အဖွင့်တေးခြင်းနန့် အမျိုးသားအောင်လံတော်အလေးပြုရန် အမြတ်တနိုး တန်ဖိုးထား သီဆိုလိဟိရေ။

    အယင်ခေါက်က လိတ်ဆန်ဝှေ့ (ကြက်ယက်စာ) တိကို အသုံးပြုခကတ်ကေလေ့ ဂုချိန်ခါ ထိုစာတိကို တတ်မြောက်သူတိ မဟိတော့ပါ၊၊ မှတ်တမ်းတိအရသာ သိဟိနိုင်လီရေ။ တချို့ကို ပီစာတိအဖြစ် စာကြည့်တိုက်တချို့ရို့မာ အလွန်နည်းပါးရေ အရွီအတွက်ဖြင့် ထိန်းသိမ်းထားရေကို တွိရရေ။ ဂုချိန်ခါမာ အသုံးပြုနိန်ရေ စာ‌ပီတိမာ စကောကရင်စာပီ (ဒေါက်တာဝိတ် -၁၈၃၀မာ တီထွင်ခရေ။)၊ အနောက်ပိုးကရင်စာပီ (ဖူဆရာဘရိတ်တန်- ၁၈၄၀လောက်မာတီထွင်ခရေ။)၊ အရှိပိုးကရင်စာပီ ရို့ ဖြစ်ကတ်တေ။ သုံးနှုန်းရေ ဘာသာစကားတိစွာ နီရာဒေသကိုလိုက်လို့ ခြားနားမှုဟိရေ။[၂၆]

    1. စကောကရင်- ရဖို့းသင်းခရိုင်မှ တောင်ဘက် မြိတ်ခရိုင်အထိ အများဆုံးတွိရရေ။ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမာလည်း အဝှမ်းနီထိုင်ကတ်ရေ။
    2. ပိုးကရင် - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမာ အများဆုံးနီထိုင်ကတ်ရေ။
    3. ပအိုဝ်း(တောင်သူ) - သျှမ်းပြည်နယ်တောင်ပိုင်းနန့်အနောက်တောင်ပိုင်းတောင်ကုန်းဒေသများ နန့် သထုံခရိုင်၊ ကျိုက္ခမီခရိုင်။
    4. ကရင်နီ (ကယား) - ကယားပြည်နယ်အဝှမ်း။
    5. ပဒေါင် - တောင်ငူအရှိဖက်၊ကယားပြည်နယ်နန့် သျှမ်းပြည်နယ်တောင်ပိုင်းစပ်ကြားဒေသ။
    6. ပကူး - တောင်ငူခရိုင်နန့် သျှမ်းပြည်နယ်တောင်ပိုင်း။
    7. ပ၏(ပလကူး) - ကယားပြည်နယ် ဘော်လခဲနန့် ကြယ်ဖိုးကြီးနယ်၊ သျှမ်းပြည်တောင်ပိုင်း မိုးဗြဲနယ်၊ တောင်ငူခရိုင်အရှိဖက်နန့် မြေလတ်တောင်ဘက်။
    8. ဘွဲ - တောင်ငူခရိုင်၊ သျှမ်းပြည်တောင်ပိုင်း၊ကယားပြည်နယ်။
    9. ကရင်ဖြူ - တောင်ငူခရိုင်၊ ရဖို့းသင်းခရိုင်၊ ကယားပြည်နယ်၊ ပေါင်းလောင်းမြစ်ဝှမ်း၊ လွယ်လုံ၊ ခမောင်းနား။
    10. ဇယိမ်း - သျှမ်းပြည်တောင်ပိုင်း လွယ်လုံ၊ မိုးဗြဲ။
    11. ဂေခို - တောင်ငူ အရှိဖက်၊ သျှမ်းပြည်တောင်ပိုင်း။
    12. မိုးပွား - တောင်ငူခရိုင် သံတောင်။
    13. ယင်းဘော် - တောင်ငူခရိုင် လိပ်သိုနန့် သျှမ်းပြည်တောင်ပိုင်း။

    ထင်ရှားရေ ကရင်လူမျိုးများ

    [တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
    1. "Largest Ethnic Groups In Myanmar". Worldatlas.com. Reunion Technology.
    2. International Convention on the Elimination of All Forms of Racial Discrimination; Reports submitted by States parties under article 9 of the Convention: Thailand (PDF) (in English and Thai). United Nations Committee on the Elimination of Racial Discrimination. 28 July 2011. p. 13. Archived from the original (PDF) on 9 October 2016. Retrieved 8 October 2016.
    3. "Jobs and housing lure karen refugees to spread across minnesota". Archived from the original on 24 July 2020. Retrieved 25 February 2020.
    4. "Burmese Community Profile" (PDF). dss.gov.au. Archived (PDF) from the original on 30 December 2016. Retrieved 28 June 2017. {{cite web}}: More than one of |accessdate= and |access-date= specified (help); More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
    5. Census Profile, 2016 Census, Statistics Canada, 8 February 2017
    6. "The Karen – A Lesser Known Community of the Andaman Islands (India)" .
    7. 1 2 ကရင်၊ ကရင်လူမျိုးနန့်ယင်းရို့၏ရိုးရာယိုင်ကျေးမှုဆိုင်ရေအချက်အလက်များ
    8. မှန်နန်းရာဇဝင်
    9. ဦးဘထွန်း (၁၉၂၄). ကရင်ရာဇဝင်. {{cite book}}: Check date values in: |year= (help)
    10. Luce, G.H. (1985). Phases of Pre-Pagan Burma.
    11. Smith, Martin (1991). Burma: Insurgency and the Politics of Ethnicity.
    12. https://my.m.wikipedia.org/wiki/ဒုတိယအိန်းဂလိချ်-မြန်မာစစ်[လင့်ခ်သီ]
    13. "The Karen People". Karen Culture and Social Support Foundation. 20 December 2015. Archived from the original on 13 March 2024. Retrieved 28 November 2018.
    14. Keenan, Paul. "Faith at a Crossroads; Religions and Beliefs of the Karen People of Burma". Karen Heritage 1 (1).
    15. "Karen". Minority Rights Group. 19 June 2015.
    16. "Religion". Karen Organization of Minnesota (in English). Retrieved 2026-02-08.
    17. အထောက်အထား အမှား- Invalid <ref> tag; no text was provided for refs named ":1".
    18. Karmin, M., et al. (2015). "A recent bottleneck of Y chromosome diversity coincides with a global change in culture". Genome Research. 25(4): 459–466.
    19. He, Jun, et al. (2012). "Y Chromosome Evidence of Earliest Modern Human Settlement in East Asia and Multiple Origins of Tibetan and Japanese Populations". BMC Biology. 10: 82.
    20. အထောက်အထား အမှား- Invalid <ref> tag; no text was provided for refs named ":2".
    21. van Driem, G. (2020). The Tale of Genomic and Linguistic Co-Evolution in Mainland Southeast Asia. Brill.
    22. "တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနန့်ပတ်သက်ပနာ ဇာအစိုးရလက်ထက်မာ စာရင်းပြုစုပြီး ရဟိပါလတ်တေနန့် စပ်လျဉ်းရေမီးခွန်း". Archived from the original on 3 February 2020. Retrieved 3 February 2020.
    23. Gamanii။ "135: Counting Races in Burma"၊ 25 September 2012 26 August 2013 တွင် ပြန်စစ်ပြီး Archived from the original on 9 May 2014။
    24. "Composition of the Different Ethnic Groups". Archived from the original on 10 April 2020. Retrieved 3 February 2020.
    25. မန်းလင်းမြတ်ကျော်. ကရင့်ရိုးရာ သုတပဒေသာ.
    26. မြန်မာ့စွယ်စုံကျမ်း. p. ၉၆. {{cite book}}: Unknown parameter |vol= ignored (|volume= suggested) (help)
    27. မြန်မာ့စွယ်စုံကျမ်း. p. ၉၆၊၉၇. {{cite book}}: Unknown parameter |vol= ignored (|volume= suggested) (help)