ကရဗီမြို့
အသွင်ပြင်
ကရဗီမြို့ စွာ ထိုင်းနိုင်ငံတောင်ပိုင်း အနောက်ဘက်ကမ်းရိုးတန်း ကရဗီခရိုင်ဧ့ အဓိကမြို့ ဖြစ်ပြီးကေ ဖန်ငပင်လယ်အော်အထဲ စီးဝင်သော ကရဗီမြစ်ဝမာ တည်ဟိရေ။ ၂၀၁၀ ခုနှစ်မာ လူဦးရွီ ၅၂,၈၆၇ ဦး ဟိရေ။ ကရဗီခရိုင် နန့် ကရဗီဒိစတြိတ် ဧ့ မြို့တော်ဖြစ်တေ။ ကမ္ဘာလှည့်ခရီးလား လုပ်ငန်းစွာ အရေးပါသော စီးပွားရီးလုပ်ငန်းတခု ဖြစ်တေ။ ကရဗီစွာ ဘန်ကောက်မြို့ ဧ့ တောင်ဘက် ကုန်လမ်း ၇၈၃ ကီလိုမီတာအကွာမာ တည်ဟိရေ။