Jump to content

ကလင်ဂွန်ဘာသာ

ဝီကီးပီးဒီးယား က

The Klingon language (Klingon: tlhIngan Hol) ရခိုင်ဘာသာအားဖြင့် ကလင်ဂွန်ဘာသာစကား ရေ စတားတရက် ဇာတ်ကားတိတွင်ပါဝင်ရေ ကလင်ဂွန်တိပြောဆိုသုံးစွဲရန်အတွက် တီထွင်ထားရေဘာသာစကားတစ်မျိုးဖြစ်ရေ။ ၎င်းဘာသာစကားရေ တီထွင်ထားရေဘာသာစကားဖြစ်သည့်အတွက်တစ်နည်းအားဖြင့်ဆိုလိုစွာမှာ၎င်းဘာသာစကားကိုအသုံးပြုရေနိုင်ငံဟူ၍မဟိသေးချေ။ လူတဖဲ့ချေသာကေ ကလင်ဂွန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်ရေ။ ကလင်ဂွန်ဘာသာစကားအင်စတီကျု့ ရေကလင်ဂွန်ဘာသာစကားကိုသင်ကြားနီရေသူတိကိုအကူအညီပီးနေပါရေ။

ပထမဦးဆုံးကလင်ဂွန်စကားလုံးတိကို ၁၉၇၉ တွင်မင်းသားဂျိမ်းဒိုဟန်ကတီထွင်ဖန်တီးခရေ။ ၁၉၈၄ခုနှစ်တွင်တတိယမြောက် စတားတရက် ဇာတ်ကားကိုတီထွင်ဖန်တီးရေအခါ ဂျင်းရိုဒန်ဘယ်ရီရေတကယ့်အစစ်အမှန်ရုပ်လုံးပေါ်ဘာသာစကားကိုတီထွင်ရန်ဆန္ဒပြင်းပြခရေ။ ယင်းချင့်ကြောင့် ဘာသာဗေဒပညာသျှင် မာ့အော့ရန်းက ကလင်ဂွန်ဘာသာစကားကိုတီထွင်ဖန်တီးခရေ။ သူရေ ကလင်ဂွန်ဘာသာစကားနန့်ပတ်သက်ရေစာအုပ်အများအပြားကိုလည်း ရီးသာပြုစုခရေ။

သဒ္ဒါပိုင်းဆိုင်ရာအချက်အလက်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

 ကလင်ဂွန်ဘာသာစကားရေ ပြောဆိုရာတွင်လွယ်ကူသည့်အတွက်ဘာသာစကားတီထွင်သူဘာသာဗေဒပညာသျှင် မာ့အော့ရန်းရေဘာသာစကားကို တတ်နိုင်သမျှရူပ်ထွီးပြီးအသံထွက်တိကိုလည်း ပြန်လည်ပြင်ဆင်ခရေ။ ဘာသာစကားစကားလုံးတည်ဆောက်မှုပုံစံရေ ကံ+ကြိယာ+ကတ္တားဖြစ်ရေ။ မြန်မာဘာသာစကားအရ ကျွန်တော်ကြောင်ကိုမြင်ရေ ရေ ကလင်ဂွန်ဘာသာစကားအရ ကြောင်ကို မြင်ရေ ကျွန်တော် ဖြစ်ရေ။

ကလင်ဂွန်ဘာသာစကားရေ စကားလုံးတည်ဆောက်မှုတွင် ဝဏ္ဏစနစ် ကို အသုံးပြုထားပြီးစကားလုံးတိဧနောက်တွင်လည်းကောင်း၊ ရှေ့တွင်လည်းကောင်း တွယ်ကပ်ကာ ပြောဆိုသုံးစွဲခြင်းဖြစ်ရေ။

Klingon English
qet run
maqet we run
maqetbe’ we do not run

ကလင်ဂွန်ဘာသာစကားကိုရီးသားရာတွင် အချို့ရေစကားလုံးတိကို လက်တင်အက္ခရာကြီးဖြင့်ရီးသားပြီးအချို့ရေစကားလုံးတိကိုအက္ခရာအသေးဖြင့်ရီးသားလေ့ဟိရေ။ ၎င်းစနစ်ရေ စကားလုံးတိကိုကွဲပြားစွာပြောဆိုကေလည်းပြောင်းလဲခြင်းမဟိပါ။ အောက်တွင်ဖော်ပြထားရေတိရေ ကလင်ဂွန်အက္ခရာတိဖြစ်ရေ။

a b ch D e gh H I j l m n ng o p q Q r S t tlh u v w y ’