ကာယသံသဂ္ဂသိက္ခာပုဒ်
ကာယသံသဂ္ဂသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂-ကာယသံသဂ္ဂသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၆၉။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သူဌေးဧ့ အရံဖြိုက်ရေဇေတဝန်ကျောင်းမာ သီတင်းသုံး နိန်တော်မူရေအခါ အသျှင်ဥဒါယီစွာ တောမာ နိန်ဧ့၊ ထိုအသျှင်ဧ့ကျောင်းစွာ ကကောင်းလှပဧ့၊ ရှုချင်ဖွယ်ကောင်းဧ့၊ စိတ်ကို ကြည်လင်စီတတ်ဧ့၊ အလယ်မာ အခန်းဟိဧ့၊ ထက်ဝန်းကျင်မာ စမြင်ဆောင်လှည့်ထားဧ့၊ ညောင်စောင်း 'ခုတင်'အင်းပျဉ် 'ခုံရှည်' ဘုံလျို 'ဖုံ'ခေါင်းအုံးကို ကောင်းစွာ ခင်းကျင်းထားဧ့၊ သောက်ရီ သုံးရီကို ကောင်းစွာ တည်ထားဧ့၊ ပရိဝုဏ်ကိုကောင်းစွာ တံမျက်လှည်းထားဧ့၊ လူအများကြီးရို့စွာ အသျှင်ဥဒါယီဧ့ ကျောင်းကို ကြေ့လိုပြီးကေလာကက်ကုန်ဧ့၊ ပုဏ္ဏားတစ်ယောက်စော်လည်း အိမ်ရှင်မနန့်တကွ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးကေ အသျှင်ဥဒါယီအား-'အကျွန်ုပ်ရို့စွာ အသျှင်ဥဒါယီဧ့ ကျောင်းကို ကြေ့လိုပါကုန်ဧ့'လို့ (ပြောရေအခါ)
'ပုဏ္ဏား သို့ဖြစ်ကေ ကြေ့ပါ'လို့ သံကောက် 'သော့' ကို ယူပြီးကေ မင်းတုပ်ကို နုတ်ပြီးကေ တန်းခါးကိုတိုးပြီးကေ ကျောင်းသို့ ဝင်လီဧ့။ ထိုပုဏ္ဏားစော်လည်း အသျှင်ဥဒါယီဧ့ နောက်မှ ဝင်လီဧ့၊ ထိုပုဏ္ဏေးမစော်လည်း ထိုပုဏ္ဏားနောက်မှ ဝင်လီဧ့။
ယင်းခါ အသျှင်ဥဒါယီစွာ လီသောက်တန်းခါး 'ပြူတင်း' အချို့ကို ဖွင့်ပနာ လီသောက်တန်းခါး 'ပြူတင်း' အချို့ကို ပိတ်ပနာ အခန်းကို အစိုင်လှည့်လည်ပြီးကေ နောက်မှ လာပြီးကေ ထိုပုဏ္ဏေးမဧ့ အင်္ဂါကြီးငယ်တိကို သုံးသပ်ကိုင်တွယ်ဧ့။
ယင်းခါ ထိုပုဏ္ဏားစွာ အသျှင်ဥဒါယီနန့် အတူ ဝမ်းပန်းတသာ ပြောဆိုပြီးကေ ပြန်လားဧ့။
ယပြီးနောက် ထိုပုဏ္ဏားစွာ ဝမ်းသာရကား 'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော် ရဟန်းရို့စွာ မြင့်မြတ်တော်မူကတ်ပါလီရေ။ ယင်း ရဟန်းတော်ရို့စွာ ဒေပိုင် တောမာ နိန်တော်မူကတ်လီရေ၊ အသျှင်ဥဒါယီစော်လည်း မြင့်မြတ်ပါလီရေ၊ ယင်းဥဒါယီစော်လည်း တောမာ နိန်တော်မူပေရေ'လို့ အားပါရေ စကားကို မြွက်ဆိုဧ့။
အေပိုင် ဆိုလတ်ကေ ထိုပုဏ္ဏေးမစွာ ထိုပုဏ္ဏားအား 'ထိုအသျှင်ဥဒါယီဧ့ မြင့်မြတ်ရေ သဘောစွာ အဇာမှာ ဟိရေလဲ၊ သင်စွာ ငါဧ့ အင်္ဂါကြီးငယ်တိကို သုံးသပ်ကိုင်တွယ် သပိုင်၊ ဒေအတူပင် ရဟန်းဥဒါယီစော်လည်း ငါဧ့ အင်္ဂါကြီးငယ်တိကို သုံးသပ် ကိုင်တွယ်လီယာ'လို့ ပြောဆိုဧ့။
ယင်းခါ ထိုပုဏ္ဏားစွာ 'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြိုက်ကုန်ရေ ရဟန်းရို့စွာ အရှက်မဟိကုန်၊ သီလမဟိကုန်၊ မမှန်စော်ကို ဆိုလိ့ဟိကုန်ဧ့၊ သို့စင်ပနာ ဒေရဟန်းရို့က တရားကို ကျင့်လိ့ဟိကုန်ဧ့။ ညီညွတ်မျှတရေ အကျင့်ကို ကျင့်လိ့ဟိကုန်ဧ့၊ မြတ်စော်ကို ကျင့်လိ့ဟိကုန်ဧ့၊ အမှန်ကို ဆိုလိ့ဟိကုန်ဧ့၊ သီလဟိကုန်ဧ့၊ ကောင်းရေသဘော ဟိကုန်ဧ့လို့ ဝန်ခံကက်တုံဘိဧ့၊ ဒေရဟန်းရို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်စွာ မဟိတော့ယာ၊ ဒေရဟန်းရို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်စွာ ပျောက်ပျက်ခလီယာ၊ ဒေရဟန်းရို့အား အဇာမှာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်စွာ ဟိဖို့လဲ၊ ဒေရဟန်းရို့စွာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာကုန်ယာ၊ အဇာ့ကြောင့် ဥဒါယီရဟန်းစွာ ငါ့မပြီးဧ့ အင်္ဂါကြီးငယ်တိကို သုံးသပ်ကိုင်တွယ်လီဘိသလဲ။
အမျိုးမိမ 'အိမ်ထောင်သျှင်မ' အမျိုးသမီးကြီး 'အပျိုကြီး' အမျိုးသမီးငယ် 'အပျို' အမျိုးချွေးမ အမျိုးအငှားသမားမရို့စွာ အရံတွင်းသို့ဖြစ်စီ၊ ကျောင်းသို့ဖြစ်စီ လားရန် မသင့်လျော်တော့ပေ၊ အမျိုးမိမ အမျိုးသမီးကြီး အမျိုးသမီးငယ် အမျိုးချွေးမ အမျိုးအငှားသမားမရို့စွာ အရံတွင်းသို့ဖြစ်စီ၊ ကျောင်းသို့ဖြစ်စီ လားကတ်ပါကုန်မူ ထိုအမျိုးသမီးရို့ကိုလည်း သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ ဖျက်ဆီးကုန်ရာဧ့'လို့ သရော်ဧ့၊ ရှုတ်ချဧ့၊ အပြစ်ပြ ပြောဆိုဧ့။
ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုရေ ထိုပုဏ္ဏားဧ့ စကားကို ကြားကုန်ပြီးကေ အကြင်ရဟန်းရို့စွာ အလိုနည်းပါးကုန်ဧ့၊ ထိုရဟန်းရို့စွာ 'အဇာ့ကြောင့် အသျှင်ဥဒါယီစွာ မိမနန့် အတူတကွ ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်လီဘိသနည်း'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။
ယပြီးနောက် ထိုရဟန်းရို့စွာ အသျှင်ဥဒါယီကို အများကြီးရေ အကြောင်းနန့် သရော်ပြစ်တင်ကတ်ရားကေ မြတ်စွာဘုရားအား ဒေ အကြောင်းကို လျှောက်ကက်ကုန်ဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝီးစီပြီးကေ အသျှင်ဥဒါယီကို-
'ဥဒါယီ သင်စွာ မိမနန့် အတူတကွ ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့ဆိုစော် မှန်သလော'လို့စိစစ်မီးမြန်းတော်မူဧ့။
မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့၊ '(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား (ဒေအလုပ်အမူစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့ အပြုအမူမဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား အဇာ့ကြောင့် မင့်စွာ မိမနန့် အတူတကွ ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်လီဘိသလဲ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးရေ အကြောင်းနန့် ရာဂနန့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူစွာ မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်ရို့ဧ့ ငြိမ်းအီးမှုကို ဟောတော်မူစွာမဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေသူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ။ပ။ ရဟန်းရို့စွာ အေပိုင်ကေ ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။
ပညတ်သိက္ခာပုဒ်နန့် သိက္ခာပုဒ်အဖွင့်
၂၇၀။ 'အကြင် ရဟန်းစွာ ရာဂဘီလူးပူးဝင်အပ်စွာဖြစ်ပြီးကေ ဖောက်ပြန်ရေ စိတ်နန့် မာတုဂါမနန့် အတူတကွ ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ငြားအံ့၊ လက်ကို ကိုင်ခြင်းသို့ဖြစ်စီ၊ ဆံထုံးကို ကိုင်ခြင်းသို့ဖြစ်စီ၊ တစ်ပါးပါးရေ အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့ဖြစ်စီ ရောက်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်ဧ့'၊ အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။
၂-ကာယသံသဂ္ဂသိက္ခာပုဒ် အဖွင့်
၂၇၁။ အကြင်ဆိုစော် အကြင်သို့သဘောဟိရေ။ပ။
ရဟန်းဟူရေပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြစ်သို့ ရောက်သူကို 'ရဟန်း'လို့အလိုဟိအပ်ဧ့။
ရာဂဘီလူးပူးဝင်အပ်စွာ ဖြစ်ပြီးကေ ဆိုစော် ကကောင်းတပ်မက်စွာ ဖြစ်ပြီးကေ ငဲ့ကွက်ခြင်းဟိစွာဖြစ်ပြီးကေ ဖွဲ့နှောင်ရစ်ပတ်အပ်တေ စိတ်ဟိစွာဖြစ်ပြီးကေ။
ဖောက်ပြန်ဆိုစော် တပ်မက်ရေ စိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ အမျက်ထွက်ရေစိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ တွီဝေရေ စိတ်စော်လည်း ဖောက်ပြန်စွာ မည်ဧ့၊ ယေကေလဲ တပ်မက်ရေစိတ်ကို ဒေအရာမာ 'ဖောက်ပြန်'လို့ အလိုဟိအပ်ဧ့။
မာတုဂါမ ဆိုစော် လူမိမတဲး၊ ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ အယုတ်ဆုံးအားနန့် ဒေနိန့်မွီးဖွားရေ သူငယ်မတဲး၊ အရွယ်ကြီးရေ မိမမာ ဆိုဖွယ်ရာ မဟိစွာသာတဲး။
အတူဆိုစော် အတူတကွတဲး။
ကိုယ်လက်ခုတ်နှောခြင်းသို့ရောက်ငြားအံ့ဆိုစော် လွန်ကျူးမှုကို ဆိုဧ့။
လက် ဆိုစော် တံတောင်ဆစ်ကို အစလုပ်ပနာ လက်သည်းဖျားအထိ (လက်မည်ဧ့)။
ဆံထုံး ဆိုစော် ဆံပင်သက်သက်ရို့စွာဖြစ်စီ၊ ချည်နန့်ရောရေ ဆံပင်ရို့စွာဖြစ်စီ၊ ပန်းနန့်ရောရေ ဆံပင်ရို့စွာဖြစ်စီ၊ ဖေသာနန့်ရောရေ ဆံပင်ရို့စွာဖြစ်စီ၊ ရွှေနန့်ရောရေ ဆံပင်ရို့စွာဖြစ်စီ၊ ပုလဲသွယ်နန့်ရောရေ ဆံပင်ရို့စွာဖြစ်စီ၊ ပတ္တမြားကုံးနန့် ရောရေ ဆံပင်ရို့စွာဖြစ်စီ (ဆံထုံးမည်ဧ့)။
အင်္ဂါကြီးငယ် ဆိုစော် လက်ကိုဖြစ်စီ၊ ဆံထုံးကိုဖြစ်စီ ထားပြီးကေ အကြွင်းစွာ အင်္ဂါကြီးငယ်မည်ဧ့။
ကာယသံသဂ္ဂသိက္ခာပုဒ်အဖွင့်ပြီးဧ့။
ခေါင်းစဉ်မာတိကာ
၂၇၂။ ရှီးရှုသုံးသပ်ခြင်း၊ ယင်းကနိန် ဒေမှ သုံးသပ်ခြင်း၊ အောက်သို့ သက်ပြီးကေ သုံးသပ်ခြင်း၊ အထက်သို့တက်ပြီးကေ သုံးသပ်ခြင်း၊ အောက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ခြင်း၊ အထက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ခြင်း၊ ရှီးရှု ဆွဲခြင်း၊ တွန်းပြီးကေ ဆွဲခြင်း၊ နှိပ်ခြင်း၊ ညှပ်ခြင်း၊ ကိုင်ခြင်း၊ တို့ထိခြင်း။
မာတိကာအဖွင့်
ရှီးရှုသုံးသပ်ခြင်း ဆိုစော် ရှီးရှု သုံးသပ်ကာမျှတဲး။
ယင်းကနိန် ဒေမှ သုံးသပ်ခြင်း ဆိုစော် ယင်းကနိန် ဒေမှလည်း လှုပ်လျှားစီခြင်းတဲး။
အောက်သို့ သက်ပြီးကေ သုံးသပ်ခြင်း ဆိုစော် အောက်သို့ ချခြင်းတဲး။
အထက်သို့ တက်ပြီးကေ သုံးသပ်ခြင်း ဆိုစော် အထက်သို့ မ-ခြင်းတဲး။
အောက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ခြင်း ဆိုစော် အောက်သို့ ညွှတ်စီခြင်းတဲး။
အထက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ခြင်း ဆိုစော် အထက်သို့ မ-ခြင်းတဲး။
ရှီးရှု ဆွဲခြင်း ဆိုစော် ဆွဲငင်ခြင်းတဲး။
တွန်းပြီးကေ ဆွဲခြင်း ဆိုစော် တွန်းခြင်းတဲး။
နှိပ်ခြင်း ဆိုစော် အင်္ဂါကြီးငယ်ကို ကိုင်ပြီးကေ ညှပ်ခြင်းတဲး။
ညှပ်ခြင်း ဆိုစော် တစ်စုံတစ်ခုနန့် နှိပ်ခြင်းတဲး။
ကိုင်ခြင်း ဆိုစော် ကိုင်ကာမျှတဲး။
တို့ထိခြင်း ဆိုစော် တို့ထိကာမျှတဲး။
သံဃာဒိသိသ်ဟူရေပ။ ယင်းချင့်ကြောင့်လည်း 'သံဃာဒိသိသ်'လို့ ဆိုအပ်ဧ့။
၂-ကာယသံသဂ္ဂသိက္ခာပုဒ်စက်လှည့်ပုံ
၂၇၃။ မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့၊ အောက်သို့သက်ပြီးကေ သုံးသပ်အံ့၊ အထက်သို့ တက်ပြီးကေ သုံးသပ်အံ့၊ အောက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်အံ့၊ အထက်သို့ခုန်ကျော်ပြီးကေ သုံးသပ်အံ့၊ ရှေ့မှ ဆွဲအံ့၊ တွန်းပြီးကေ ဆွဲအံ့၊ နှိပ်အံ့၊ ညှပ်အံ့၊ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။
မိမလည်း ဟုတ်ဧ့၊ ယုံမှားပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
မိမလည်းဟုတ်ဧ့၊ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
မိမလည်းဟုတ်ဧ့၊ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်း စော်လည်း မိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
မိမလည်းဟုတ်ဧ့၊ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
ပဏ္ဍုက်လည်းဟုတ်ဧ့၊ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းပဏ္ဍုက်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
ပဏ္ဍုက်လည်းဟုတ်ဧ့၊ ယုံမှားပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်ဧ့ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်လည်းဟုတ်ဧ့၊ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်လည်းဟုတ်ဧ့၊ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းပဏ္ဍုက်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်လည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းပဏ္ဍုက်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ယောက်ျားလည်းဟုတ်ဧ့၊ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ယောက်ျားဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ယောက်ျားလည်းဟုတ်ဧ့၊ ယုံမှားဟိပြီးကေ။ပ။ ယောက်ျားလည်းဟုတ်ဧ့၊ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ ယောက်ျားလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ။ ယောက်ျားလည်းဟုတ်ဧ့၊ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ယောက်ျားဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
တိရစ္ဆာန်လည်းဟုတ်ဧ့၊ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းတိရစ္ဆာန်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
တိရစ္ဆာန်လည်းဟုတ်ဧ့၊ ယုံမှားဟိပြီးကေ။ပ။ တိရစ္ဆာန်လည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လည်းဟုတ်ဧ့၊ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လည်းဟုတ်ဧ့၊ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း တိရစ္ဆာန်ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
ဧကမူပြီးဧ့။
၂၇၄။ မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်ဧ့။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ ယုံမှားဟိပြီးကေ တပ်မက်ရေ စိတ် လည်းဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ပ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။
ပဏ္ဍုက်နှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ ပဏ္ဍုက်နှစ်ယောက်ရို့မာ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်နှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။
ပဏ္ဍုက်နှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ ပဏ္ဍုက်နှစ်ယောက်ရို့မာ ယုံမှားဟိပြီးကေ။ပ။ ယောက်ျားလို့ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ပဏ္ဍုက်နှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
ယောက်ျားနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ ယောက်ျားနှစ်ယောက်ရို့မာ ယောက်ျားလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ယောက်ျားနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
ယောက်ျားနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ ယောက်ျားနှစ်ယောက်ရို့မာ ယုံမှားဟိပြီးကေ။ပ။ တိရစ္ဆာန်လို့ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း ယောက်ျားနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
တိရစ္ဆာန်နှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ တိရစ္ဆာန်နှစ်ယောက်ရို့မာ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း တိရစ္ဆာန်နှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
တိရစ္ဆာန်နှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ တိရစ္ဆာန်နှစ်ယောက်ရို့မာ ယုံမှားဟိပြီးကေ။ပ။ မိမလို့ထင်မှတ်ပြီးကေ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း တိရစ္ဆာန်နှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
၂၇၅။ မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ တပ်မက် ရေစိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ် အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယောက်ျားလို့ ထင်မှတ် ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိ ကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ၊ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ ယောက်ျားဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ ယောက်ျားဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ။ပ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
မိမဖြစ်စီ၊ တိရစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှုသုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်ဧ့။ (၁၃၅)
မိမဖြစ်စီ၊ တိရစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ။ပ။ ပဏ္ဍုက်လို့ထင်မှတ်ပြီးကေ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်ဖြစ်စီ၊ ယောက်ျားဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိ ကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်ဖြစ်စီ၊ ယောက်ျားဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ။ပ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန် ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
ပဏ္ဍုက်ဖြစ်စီ၊ တိရိစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ပဏ္ဍုက်လို့ ထင်မှတ် ပြီးကေ။ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိ ကိုယ်နန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။
ပဏ္ဍုက်ဖြစ်စီ၊ တိရိစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ။ပ။ ယောက်ျားလို့ ထင်မှတ်ပြီးကေ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
ယောက်ျားဖြစ်စီ၊ တိရစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယောက်ျားလို့ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကိုမိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ ယောက်ျားဖြစ်စီ၊ တိရစ္ဆာန်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ ယုံမှားဟိပြီးကေ။ပ။ တိရစ္ဆာန်လို့ ထင်မှတ်ပြီးကေ။ မိမလို့ ထင်မှတ်ပြီးကေ။ ပဏ္ဍုက်လို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။
ဒုမူပြီးဧ့။
၂၇၆။ မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်း ဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကိုမိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ်နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့်ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်စပ်ရေအရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ်နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ တိုကိုယ်ကို မိမိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနန့်ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်းဟိဧ့၊ ရဟန်းစွာ လည်း မိမဧ့ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကိုမိမိကိုယ်နန့် စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထ္ထုကို မိမိကိုယ်နန့် စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ထို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်တေအရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်နှစ်ချက် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ထို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက် ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကိုမိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်းမိမဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ထို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း မိမနှစ်ယောက်ရို့ဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကိုမိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ ရဟန်းစွာ လည်း နှစ်ယောက်လုံးရို့ဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
ရဟန်းဘက်မှ စက်မြှုပ် 'ဘိက္ခုပေယျာလ' ပြီးဧ့။
၂၇၇။ မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစော်လည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိ 'မိမ'ဧ့ ကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့၊ အောက်သို့သက်ပြီးကေ သုံးသပ်အံ့၊ အထက်သို့ တက်ပြီးကေ သုံးသပ်အံ့၊ အောက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်အံ့၊ အထက်သို့ခုန်ကျော်ပြီးကေ သုံးသပ်အံ့၊ ရှေ့မှ ဆွဲအံ့၊ တွန်းပြီးကေ ဆွဲအံ့၊ နှိပ်အံ့၊ ညှစ်အံ့၊ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလိုပြီးကေကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့၁ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့စွာလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိတိကိုယ်နန့် ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့၊ အောက်သို့ သက်ပြီးကေ သုံးသပ်ကုန်အံ့၊ အထက်သို့ တက်ပြီးကေ သုံးသပ်ကုန်အံ့၊ အောက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ကုန်အံ့၊ အထက်သို့ ခုန်ကျော်ပြီးကေ သုံးသပ်ကုန်အံ့၊ ရှေ့မှ ဆွဲကုန်အံ့၊ နောက်မှ ဆွဲကုန်အံ့၊ မြဲစွာ ဆွဲကိုင်ကုန်အံ့၊ ညှစ်ကုန်အံ့၊ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့်လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့စွာလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိတိကိုယ်နန့်ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့်လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစော်လည်းရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိကိုယ်နန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့စွာလည်း ရဟန်းဧ့ ထိုကိုယ်စပ်ရေ အရာဝထုကို မိမိတိကိုယ်နန့်ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့်လုံ့လ လုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီလည်းဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကိုမိမိရို့ ကိုယ်နန့် ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ် အာပတ် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစော်လည်းရဟန်းဧ့ ထိုကိုယ်ကို မိမိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ်သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့စွာလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိတိကိုယ်နန့်စပ်ရေ အရာဝထုနန့်ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိတိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းနန့် ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
၂၇၈။ မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစွာ လည်းရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ ယင်းကနိန်ဒေမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့'သာယာအံ့'၊ ဒုက္ကဋ် အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့စွာလည်း ရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိတိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကိုမိမိတိကိုယ်နန့်စပ်ရေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ ယင်းကနိန် ဒေမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်းဟိဧ့၊ မိမစော်လည်း ရဟန်းဧ့ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လ လုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့ကလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိရို့စွန့်လွှတ်အပ်တေ အရာ ဝထုနန့်ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ် အာပတ်နှစ်ချက် သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုကိုယ်ကို မိမိရို့ စွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစော်လည်းရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ မိမနှစ်ယောက်ရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့ကလည်း ရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေ အရာဝထုကို မိမိရို့စွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုကိုယ်နန့်စပ်ရေအရာဝထုကို မိမိရို့ စွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့်လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ပ။
မိမလည်းဟုတ်ဧ့၊ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေ စိတ်လည်း ဟိဧ့၊ မိမစော်လည်းရဟန်းဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကို မိမိစွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်ဧ့။ပ။
မိမနှစ်ယောက်ရို့လည်းဟုတ်ကုန်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေ တပ်မက်ရေစိတ်လည်း ဟိဧ့၊ မိမရို့ကလည်း ရဟန်းဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကို မိမိရို့စွန့်လွတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုကား ဝန်မခံအံ့'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ပ။
မိမဖြစ်စီ၊ ပဏ္ဍုက်ဖြစ်စီဟုတ်ဧ့၊ နှစ်ယောက်လုံးရို့မာ မိမလို့ ထင်မှတ်ပြီးကေတပ်မက်ရေ စိတ်လည်း ဟိဧ့၊ နှစ်ယောက်လုံးရို့ကလည်း ရဟန်းဧ့ ထိုစွန့်လွှတ်အပ်တေ အရာဝထုကို မိမိရို့ စွန့်လွှတ်အပ်တေ အရာဝထုနန့် ရှီးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်ဧ့။ပ။
၂၇၉။ မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။
မှီဝဲလိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
မှီဝဲလိုပြီးကေ ကိုယ်နန့်ကား လုံ့လမလုပ်၊ အတွိ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ အာပတ်မသင့်။
မှီဝဲလိုပြီးကေ ကိုယ်နန့်လည်း လုံ့လမလုပ်၊ အတွိ့ကိုလည်း ဝန်မခံအံ့ 'မသာယာအံ့'၊ အာပတ်မသင့်။
လွတ်မြောက်လိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကို ဝန်ခံအံ့၊ 'သာယာအံ့'၊ အာပတ်မသင့်။
လွတ်မြောက်လိုပြီးကေ ကိုယ်နန့် လုံ့လလုပ်အံ့၊ အတွိ့ကိုကား ဝန်မခံအံ့၊ 'မသာယာအံ့'၊ အာပတ်မသင့်။
လွတ်မြောက်လိုပြီးကေ ကိုယ်နန့်ကား လုံ့လမလုပ်၊ အတွိ့ကို ဝန်ခံအံ့၊ 'သာယာအံ့'၊ အာပတ်မသင့်။
လွတ်မြောက်လိုပြီးကေ ကိုယ်နန့်လည်း လုံ့လမလုပ် အတွိ့ကိုလည်း ဝန်မခံအံ့၊ 'မသာယာအံ့'၊ အာပတ်မသင့်။
၂၈၀။ စီတနာထင်ယှားမဟိရေ ရဟန်း၊ သတိမိန့်လျော့ရေ ရဟန်း၊ မသိရေ ရဟန်း၊ မသာယာရေ ရဟန်း၊ ရူးရေ ရဟန်း၊ စိတ်ပျံ့လွင့်ရေ ရဟန်း၊ ဝေဒနာဖိစီးရေ ရဟန်း၊ အစ လက်ဦးလွန်ကျူးရေ ရဟန်းအား အာပတ်မသင့်။
စက်လှည့်ပုံပြီးဧ့။
၁။ ဝန်ခံဆိုစော် သာယာမှု- ခံစားမှုကိုယူ။
ဝိနိတဝထု ခေါင်းစိုင်မာတိကာ
အမိ၊ သမီး၊ မမ 'နှမ'၊ မယား၊ ဘီလူး (နတ်) မ၊ ပဏ္ဍုက်၊ အိပ်ပျော်ရေ မိမ၊ သူသီကောင်မ၊ တိရစ္ဆာန်မ၊ သစ်သားညမင်းသျှေ၊ ညှပ်ခြင်း၊ တန်းထား၊ လမ်းခရီး၊ သစ်ပင်၊ လှေ၊ ကက်ိုး၊ တုတ်၊ သပိတ်နန့် တိုးခြင်း၊ ဟိခိုးခြင်း၊ လုံ့လပြုပနာမတို့ထိခြင်း။ ဒေကား ခေါင်းစိုင်မာတိကာတဲး။
ဝိနိတဝထု ဖြတ်ထုံးတိ
၂၈၁။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အမိအား အမိဆိုရေ ချစ်ခြင်းနန့် သုံးသပ် ကိုင် တွယ်ဧ့။ ထိုရဟန်းအား 'ငါစွာ သံဃာဒိသိသ်အာပတ် သင့်လေသလော'လို့ တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ဧ့။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သမီးအား သမီးဆိုရေ ချစ်ခြင်းနန့် သုံးသပ်ကိုင်တွယ်ဧ့။ပ။ မမ'နှမ'အား မမ 'နှမ'ဆိုရေ ချစ်ခြင်းနန့် သုံးသပ်ကိုင်တွယ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂-၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မယားဟောင်းအား ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ်အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဘီလူးမ (နတ်သမီး) အား ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပဏ္ဍုက်အား ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့။ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ်သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အိပ်ပျော်ရေ မိမအား ကိုယ်လက်ခုတ်နှောခြင်းသို့ရောက်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ်အာပတ် သင့်ယာလို့ (မိန့်တော်မူဧ့)။ (၇)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သူသီကောင်မအား ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ တိရစ္ဆာန်မအား ကိုယ်လက်ခုတ်နှောခြင်း သို့ရောက်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၉)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သစ်သားယိုင်မင်းရုပ်အား ကိုယ်လက်ခုတ်နှောခြင်းသို့ ရောက်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၀)
၂၈၂။ အယင်ခေါက်ကခါ မိမအများကြီးရို့စွာ ရဟန်းတစ်ပါးကို ဖိညှပ်ပြီးကေ လက်မောင်းအဆက်ဆက်နန့် ဆောင်ယူကက်ကုန်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ သာယာသလောလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော် မသာယာပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသာယာရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမလျှောက်ကူးနိန်ရေ တန်းထားကို တပ်မက်ရေ စိတ်ဟိပြီးကေလှုပ်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခရီးရင်ဆိုင်မာ မိမကို မြင်အနိန်နန့် တပ်မက်ရေ စိတ်ဟိပြီးကေပက်ကုန်းစွန်းနန့် တိုက်လေဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာသံဃာဒိသိသ် အာပတ် သင့်ယာလို့ (မိန့်တော်မူဧ့)။ (၁၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမတက်နိန်ရေ သစ်ပင်ကို တပ်မက်ရေ စိတ်ဟိပြီးကေ လှုပ်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမစီးနိန်ရေ လှေကို တပ်မက်ရေ စိတ်ဟိပြီးကေ လှုပ်ဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၅)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမကိုင်နိန်ရေ ကြိုးကို တပ်မက်ရေ စိတ်ဟိပြီးကေ ဆွဲဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ်မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမကိုင်ရေ တုတ်ကို တပ်မက်ရေ စိတ်ဟိပြီးကေ ဆွဲဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၇)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ တပ်မက်ရေ စိတ်ဟိပြီးကေ မိမကို သပိတ်နန့် တိုးဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဥ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမက ဟိခိုးလတ်ကေ တပ်မက်ရေ စိတ်ဟိပြီးကေ ခြီကို ကြွဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သံဃာဒိသိသ် အာပတ်သင့်ယာလို့ (မိန့်တော်မူဧ့)။ (၁၉)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမကို ကိုင်အံ့လို့ လုံ့လပြုကေလည်း မတို့ထိမိဘဲ ဟိဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၀)
ဒုတိယ ကာယသံသဂ္ဂသိက္ခာပုဒ် ပြီးဧ့။