ကာဠုဒါယီထေရ်
ကာဠုဒါယီထေရ်ရေ ဂေါတမမြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထဇာတ်လိုက်နန့် တစ်ပြိုင်တည်း ဖွားသော ဖွားဖက်တော်တစ်ဦးဖြစ်ရေ။ သူငယ်ဖော် ကစားဖက်အဖြစ် ကြီးပြင်းခရာ၊ သိဒ္ဓတ္ထဇာတ်လိုက်၏ ဖခင်သုဒ္ဓေါဒနမင်းကြီးရေ ကာဠုဒါယီအား အမတ်အဖြစ် ခန့်အပ်မြှောက်စားရေ။ သိဒ္ဓတ္ထမင်းသားရေ ဘုရားဖြစ်တော်မူပြီးကေ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူနီရေအခါ၊ ခမည်း တော် သုဒ္ဓေါဒနမင်းကြီးရေ မြတ်စွာဘုရားကို ဖူးတွိ ချင်လို့ ကြွလာတော်မူရန် အမတ်တိကို အခေါက်ခေါက် ရွှတ်ပြီးကေ ပင့်စီရေ။ အပင့်ရွှတ်သော အမတ်ရို့လေ့ မြတ်စွာဘုရား ထံသို့ ရောက်ကေ အခြွီအရံတိနန့်အတူ အကျွတ်တရားရပြီးကေ ရဟန္တာဖြစ်လားခကတ်ရေအတွက်နန့် ခမည်းတော်၏စကားကို မလျှောက် ထားမိဘဲ ဟိကတ်ရေ။
သုဒ္ဓေါဒနမင်းကြီးလည်း မယ်သယ်သတင်းစကားမျှ မကြား သိရအနိန်နန့် စိတ်မချမ်းမသာဖြစ်ပနာ နောက်ဆုံးတွင် ကာဠု ဒါယီ အမတ်ကို ခေါ်ပြီးကေ အခြွီအရံတစ်ထောင်နန့် စီလွှတ်ပြန် ရေ။
မြတ်စွာဘုရားထံသို့ ရောက်ကေပင် ကာဠုဒါယီအမတ်နန့် အခြွီအရံများရေ ရဟန္တာဖြစ်ကတ်ပြန်ရေ။ ယေကေလေ့ ခမည်း တော် မှာကြားလိုက်စွာကို မမိန့်လျော့ဘဲ ၆ဝ မျှသော ဂါထာ ရို့နန့် ကပိလဝတ် နီပြည်တော်သို့ ပြန်လည် ကြွရောက်ဖို့ လျှောက်ထားလီရေ။ ထိုဂါထာခြောက်ဆယ် လျှောက်ထား ချက်များကား၊ မြတ်စွာဘုရား၏ စိတ်သဘောတော် ကြည်နူး ညွတ်ပျောင်းအောင် တပေါင်းရာသီ၏ ရီမြီ တောတောင် ဩကာသလောက သာယာဟန်ကို အဖန်ဖန်ချီးကျူးကာ ပင့် ဆောင်သောစကားများ ပါဝင်အနိန်နန့် ကကောင်း သာယာနာ ပျော်ဖွယ်ဟိလီရေ။ ယင်းခါမှ မြတ်စွာဘုရားရေ ရာဇဂြိုဟ် ပြည်မှ ယူဇနာ ၆ဝ ကွာသော ကပိလဝတ်ပြည်သို့ ကြွရောက်ပြီးကေ သာကီဝင်မင်းတိအား တရားဟောကြားတော်မူရေ။ ကာဠုဒါယီထေရ်ရေ ဒါယကာရို့၏စိတ်ကို သဒ္ဓါကြည် လင် ဖြစ်စီနိုင်သော ဘုရားတပည့်သားရို့တွင် ထူးချွန် မြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်အဖြစ် ကုလပ္ပသာဒကဧတဒဂ် ဘွဲ့ရလီရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ဗမာ့စွယ်စုံကျမ်း၊ အတွဲ(၁)