Jump to content

ကိုယ်ရမ္မာ

ဝီကီးပီးဒီးယား က

ကိုယ်ရမ္မာကို ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် အချိန်ပြင်ကျေးရွာ၌ (အဖ) ဦးမောင်ပေါက်ကေ (အမိ) ဒေါ်မေစိန်ရို့မှ ၅-၂-၅၅ တွင် မွီးဖွားခပါရေ။ နာမည်ရင်း မောင်ဘိုးနုဖြစ်တေ။ အထက်တန်းကျောင်းသားဘဝမာ ကျောင်းနံရံကပ် စာစောင်၊ လမ်းဘေးနံရံကပ်စာစောင်၊ လက်ကမ်းစာစောင်ရို့တွင် စာတိုပေစတိရီးသားခရေ။

ယုဝတီဂျာနယ်တွင် ကဗျာ၊ စာညွန့်တိပါဝင်ရီးသားခရေ။ ပထမအကြိမ်ထုတ်စစ်တွေကောလိပ်မဂ္ဂဇင်း (၁၉၈၆-၈၇)တွင် မဂ္ဂဇင်းကော်မတီ တွဲ/မှူး အဖြစ်ဆောင်ရွက်ခရေ။ ကလောင်နာမည်ဟိမာ (ကိုယ်)ဟု နာမည်တပ်ကာ မိမိဒေသနာမည်နန့် တွဲဖက်ပြီး (ကိုယ်ရမ္မာ)ဆိုရေ ကလောင်နာမည်ကိုခံယူခရေ။ ရက္ခိုင်မဂ္ဂဇင်းနန့် ဒေသထုတ်မဂ္ဂဇင်းတိတွင် ကဗျာ၊ ဝထု၊ ဆောင်းပါးတိပါဝင်ရီးသားခရေ။

ရမ္မာဝတီမဂ္ဂဇင်းအမှတ် (၁) (၂) (၃)ရို့တွင် အတွင်းမာရီးမှူး၊ ထုတ်ဝီသူနန့် တာဝန်ခံစာတည်း စရေ တာဝန်ကို ဆောင်ရွက်ခရေ။ ဝါသနာရင်းမှာ ဒီဇိုင်းရီးဆွဲခြင်းအလုပ်ဖြစ်ပနာ ရမ္မာဝတီမဂ္ဂဇင်းတိတွင် (ဖြတ်ညှပ်ကပ်- ဆာယာဖိုး)ဟု နာမည်ယူလုပ်ဆောင်ခရေ။ စာရီးသားမှုကို ပြင်းပြရေ ဆန္ဒဟိမှရာ တခါတရီ ရီးသားလိဟိရေ။ ယေဒါလေ့ (ရန်ပြေမောင်မောင်)ဆိုရေ ကလောင်နာမည်ခွဲကိုလေ့ လောဘတကြီး ခံယူထားသိမ့်ရေ။

ဂုချိန်ခါ ရမ်းဗြဲမြို့ အ-ထ-ကတွင် (စာရီး )အဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်ရင်း ယိုယွင်းနီရေ မိမိ၏ စိတ်နန့် ရုပ်ခန္ဓာကို အသစ်တဖန် မွမ်းမံအင်ဂျင်ကိုင်ပြီးကေ အောင်ဆိပ်ရပ်ကွက်မာ နီထိုင်လျက်ဟိရေ။[]

  1. ရခိုင်မဂ္ဂဇင်း၊ အမှတ် ၂၉၊ ရန်ကုန်၊ လောကပါလပုံနှိပ်တိုက်၊ ၂၀၀၈။ စာ-၂၇