ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရီး
ကိုယ်ဝန်ဟိလာပါကေ မိခင်ဘေး အန္တာရာယ် ကင်းရန် မွေးလာရေ အချေ လည်း ကျန်းမာဖို့ ကိုယ်ဝန်ဆောင်နီတုန်းမှာ၊ မွီးဖွားနီတုန်း မီးတွင်းမှာ အရီးတကြီးလုပ်စရာတိဟိရေ။ ကိုယ်ဝန်အပ်ခြင်း ( ဗိုက်အပ်ခြင်း ) ရေ ထိုအရီးတကြီးလုပ်စရာတိထဲက တစ်ခုဖြစ်ရေ။
ကိုယ်ဝန်ဟိပါ က ဆရာဝန်နန့် စောပြရန်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုယ်ဝန်ဟိနီရေ လို့သိသိခြင်း အစောဆုံးစောင့်ရှောက်မှုကိုခံယူသင့်ရေ။
ဆရာဝန်ဧရက်ချိန်းတိမှန်မှန်လားရန်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရေ ကိုယ်ဝန် စောင့်ရှောက်မှု ကို အနည်းဆုံး (၄) ကြိမ်ရသင့်ရေ။
- ပထမအကြိမ် - ကိုယ်ဝန် (၄) လမတိုင်မှီ
- ဒုတိယအကြိမ် - (၆-၇) လကိုယ်ဝန်
- တတိယအကြိမ် - (၈) လကိုယ်ဝန်
- စတုတ္ထအကြိမ် - (၉) လကိုယ်ဝန်
အကယ်၍ လိုအပ်စွာတိဟိလာကေမူ ကိုယ်ဝန် စောင့်ရှောက်ပီးသူရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။
ကိုယ်ဝန် စောင့်ရှောက်မှု ကို ဇာသူ့ဆီကယူသင့်လဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လုံခြုံစိတ်ချရရေ မိခင်ဘဝရဟိီစီရီးအတွက် စနစ်တကျ စောင့်ရှောက်မှု ပီးနိုင်ရေ ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမတိနန့် ကိုယ်ဝန်ကိုအပ်ပြီး စောင့်ရှောက်မှု ခံယူသင့်ရေ။
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှာ ဇာတိလုပ်ပီးနီပါလဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မိခင်ဧရောဂါရာဇဝင်၊ မွေးဖွားမှုနန့်ဆိုင်ရေရာဇဝင်ယူပြီး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားရေ။ ဒေမှတ်တမ်းက ကိုယ်ဝန်ဆောင်နီစဉ်ကာလတလျှောက်လုံး နဲ့ မီးမွီးရေအချိန်မှာလိုအပ်ရေ စောင့်ရှောက်မှုတိအတွက် အထောက်အကူပြုနိုင်ရေ။
- အထွေထွေစမ်းသပ်စစ်ဆီးခြင်း နန့် ကိုယ်ဝန်စမ်းသပ်ခြင်းတိပြုလုပ်ပီးခြင်း
- ဆီးချိုကိုယ်ဝန်ဆိတ်တက်နိုင်ရေအခြီအနီတိ ဟိ၊ မဟိ သိဟိနိုင် ရန် ဆီးစစ်ရပါမည်။ ယပြီးမှ လိုအပ်ရေပိုင် ဆက်လက်စစ်ဆေးခြင်း ကုသခြင်းတိပြုလုပ် နိုင်မည်ဖြစ်ရေ။
- ကာလသားရောဂါစစ်ဆေးခြင်း
ကာလသားရောဂါ ဟိ မဟိ စစ်ဆေးရန် အရီးကြီးရေ။ ဇာကြောင့်ဆိုကေ ရောဂါဟိခပါက မိခင်မှတဆင့် ဝမ်းထဲကအချေကို ကူးစက်နိုင်ရေကြောင့် မိမိခင်ပွန်းနန့်အတူတူ ဆေးကုသမှူ စောစောခံယူထားပါက အချေကိုရောဂါမကူးအောင် ကြိုတင်ကာကွယ်ရာရောက်ရေ။
- HIV ပိုးစစ်ဆေးခြင်း
ဆွေးနွေးတိုင်ပင်ပြီး HIV ပိုး ဟိ၊ မဟိ စစ်ဆေးခံယူနိုင်ရေ။ ပိုးဟိခပါက မိခင်မှတဆင့်အချေကို မကူးအောင် ကြို တင်ကာကွယ်နိုင်ရေနည်းလမ်းတိဟိရေ။
- သွီးအားနည်းရောဂါ ဟိ၊ မဟိ စစ်ဆီးကုသဖို့လည်းလိုအပ်ရေ။
- သံဓာတ်ပါရေအားဆီးတိ တိုက်ကျွေးသင့်ရေ။
- မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးရပါမည်။ သို့မှသာ မိခင်ရောအချေပါ မေးခိုင်ရောဂါ မှကာကွယ်ပြီးသားဖြစ်မည်။
- မွီးဖွားရေအခါမှာ မိခင်ရောအချေပါ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်နဲ့ပတ်သက်ရေ ကျန်းမာရီး ဗဟုသုတတိ ကြိုတင်ပြင်ဆင်စရာတိကို ပညာသျှင်တိနန့် ဆွေးနွေးသင့်ရေ။
ဆောင်စရာ၊ ရှောင်စရာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- တစ်ကိုယ် ရေသန့်သျှင်းရီး ကိုဂရုစိုက်ရမည်။
- အာဟာရ ဖြစ်စေမည့် အစားအစာတိစားသုံးပီးရမည်။
- လုံလောက်အောင် အိပ်စက်အနားယူရမည်။
- မျှတရေ ကိုယ်လက်လှုပ်ရှားမှု လုပ်ရမည်။
- မွီးဖွားရန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်။
- ပင်ပန်းရေ အလုပ်တိရှောင်ရမည်။
- ဆီးလိပ်၊ အရက် ရှောင်ရမည်။
- ဆရာဝန်၊ ဆရာမ ညွှန်ကြားချက်မဟိဘဲ ဆီးမသောက်သင့်ပါ။
ခင်ပွန်း နန့် မိသားစုက ဇာပိုင်ကူညီပီးနိုင်လဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူ ရန်လားရေအခါ အတူလိုက်ပါပီး နိုင်ပြီး၊ အိမ်တာဝန်အပါအဝင် လိုအပ်စွာတိကို ကူညီပီးရပါမည်။ မွေးဖွား ရန် နန့် အခြီအနီတိအတွက် အတူတူပြင်ဆင်ကတ်ရပါမည်။ ဥပမာ အားဖြင့် ငွေကြို စုထားခြင်း၊ အရီးပေါ်ဝမ်းနာပါက ဆေးရုံချက်ချင်းလားနိုင်ရန် လိုအပ်သည့် ပစ္စည်းတိ၊ လားလာရီး စရေရို့ကို ကြိုတင်ပြင်ဆင်ထားဟိခြင်း ရို့ဖြစ်ရေ။
ရပ်ရွာဝန်းကျင်ဧအခန်းကဏ္ဍ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မိခင်နန့် မွေးလာမည့်အချေဧကျန်းမာရီးမှာ ရပ်ရွာဧဖွံ့ဖြိုးတိုးတက်ရီးအတွက်လည်း အရီးကြီးရေကြောင့်
- ဆေးရုံ ဆေးခန်းလားလာရီး ချောမွေ့လွယ်ကူစေရန် ကူညီပီးခြင်း။
- ငွေကြေးအကူအညီ ထောက်ပံ့နိုင်ခြင်း။
- အရီးပေါ်သွီးလိုအပ်ပါက ရပ်ရွာထဲမှသွီးအလှူ သျှင်တိမှ လှူ ပီးနိုင်ခြင်း။
- အန္တရာယ်ဖြစ်စီနိုင်ရေ အယူလွဲတိ၊ အပြုအမူမှားတိကို ဝိုင်းဝန်းဖယ်ရှားပီးခြင်း ဖြင့်ကူညီနိုင်ရေ။
ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါလက္ခဏာတိ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန် လားရန်လိုရေ။
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- သွေးဆင်းကေ
- ရေဆင်းကေ
- မခံမရပ်နိုင်အောင် ဝမ်းဆက်တိုက်နာကေ
- ဝမ်း၊ လက် နန့် မျက်နှာတိ ဖေ့ရောင်နီကေ
- ခေါင်းတိကကောင်းကိုက်ကေ
- မျက်စိပြာ၊ အလွန်အော့အန်နီကေ
- ဖျားကေ
- အချေအလှုပ်နည်းကေ