Jump to content

ကုလဒူသကသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၁၃-ကုလဒူသကသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၃၁။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူသော အခါ အဿဇိ ပုနဗ္ဗသုကမည်သော အရှက်မဟိကတ်ရေရဟန်းယုတ်ရို့စွာ ကီဋာဂိရိ၌ ကျောင်းထိုင်ပုဂ္ဂိုလ်ရို့ ဖြိုက်ကေတ်ကုန်၏။

ထိုရဟန်းရို့စွာ ဧပိုင်သဘောဟိရေ အကျင့်ဆိုးရို့ကို ပြုကျင့်ကတ်ကုန်၏၊ ပန်းပင်ငယ်ကို စိုက်ကုန်၏စိုက်စေကုန်၏၊ ရေသွန်းလောင်းကုန်၏ ရေသွန်းလောင်းစေကုန်၏။ ဆွတ်ခူးကုန်၏ ဆွတ်ခူးစေ ကုန်၏၊ သီကုံးကုန်၏ သီကုံးစေကုန်၏၊ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစီကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်၏ ပြုစီကုန်၏၊ ပန်းတံကို ပြုကုန်၏ ပြုစီကုန်၏၊ ပန်းလက်ကောက်ကို ပြုကုန်၏ ပြုစီကုန်၏၊ ဦးဆောက်ပန်းကို ပြုကုန်၏ ပြုစီကုန်၏၊ နားသွယ်ပန်းကိုပြုကုန်၏ ပြုစီကုန်၏၊ ရင်လွှမ်းပန်းကို ပြုကုန်၏ ပြုစီကုန်၏။

ထိုရဟန်းရို့စွာ အမျိုးမိမ အမျိုးသမီးကြီး အမျိုးအဘုချေ အမျိုးခြုပ်မ အမျိုးအကျွန်ရို့၏အကျိုးငှါ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းတံကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ ပန်းလက်ကောက်ကိုဆောင်ကုန်၏ ဆောင်စေကုန်၏၊ ဦးဆောက်ပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏၊ နားသွယ်ပန်းကိုဆောင်ကုန်၏ ဆောင်စေကုန်၏၊ ရင်လွှမ်းပန်းကို ဆောင်ကုန်၏ ဆောင်စေကုန်၏။

ထိုရဟန်းရို့စွာ အမျိုးမိမ အမျိုးသမီးကြီး အမျိုးအဘုချေ အမျိုးခြုပ်မ အမျိုးအကျွန်ရို့နန့် အတူတခုတည်းသော ခွက်၌လည်း စားကုန်၏၊ သောက်ရီခွက်တခုတည်း ၌လည်း သောက်ကုန်၏။ တနီရာတည်း၌လည်း ထိုင်ကုန်၏၊ တညောင်စောင်းတည်း၌လည်း အိပ်ကုန်၏၊ တစ်ခင်းတည်းလည်းအိပ်ကုန်၏၊ တစ်ခြုံတည်းလည်း အိပ်ကုန်၏၊ တစ်ခင်းတစ်ခြုံတည်းလည်း အိပ်ကုန်၏၊ အခါမဲ့၌လည်း စားကုန်၏၊ သေကိုလဲ့ သောက်ကုန်၏၊ ပန်း နံ့သာ နံ့သာပျောင်းကိုလဲ့ ဆောင်ကုန်၏၊ ကလည်းကကုန်၏၊ သီဆိုလည်း သီဆိုကုန်၏၊ တီးမှုတ်လည်း တီးမှုတ်ကုန်၏၊ မြူးထူးစံပယ်လည်း၁ မြူးထူးစံပယ်ကုန်၏၊ ကချေသမ၏ အလိုက်လည်း ကကုန်၏၊ ကချေသမ၏ အလိုက်လည်း သီဆိုကုန်၏၊ ကချေသမ၏ အလိုက်လည်း တီးမှုတ်ကုန်၏၊ ကချေသမ၏ အလိုက်လည်း စံပယ်ကုန်၏၊ အဆိုသမ၏ အလိုက်လည်း ကကုန်၏၊ အဆိုသမ၏ အလိုက်လည်း သီဆိုကုန်၏၊ အဆိုသမ၏အလိုက် လည်း တီးမှုတ်ကုန်၏၊ အဆိုသမ၏ အလိုက်လည်း စံပယ်ကုန်၏၊ ဆိုင်းသမ၏အလိုက်လည်း က ကုန်၏၊ ဆိုင်းသမ၏ အလိုက်လည်း သီဆိုကုန်၏၊ ဆိုင်းသမ၏ အလိုက်လည်းတီးမှုတ်ကုန်၏၊ ဆိုင်း သမ၏ အလိုက်လည်း စံပယ်ကုန်၏၊ စံပယ်သော မိမ၏ အလိုက်လည်းကကုန်၏၊ စံပယ်သော မိမ၏ အလိုက်လည်း သီဆိုကုန်၏၊ စံပယ်သော မိမ၏ အလိုက်လည်းတီးမှုတ်ကုန်၏၊ စံပယ်သော မိမ၏ အလိုက်လည်း စံပယ်ကုန်၏။

ရှစ်ကွက်ကျားကိုလဲ့ ကစပ်ကုန်၏၊ ဆယ်ကွက်ကျားကိုလဲ့ ကစပ်ကုန်၏၊ အာကာ ကျားကိုလဲ့ ကစပ်ကုန်၏၊ ဖိုးလမင်းကျားကိုလဲ့ ကစပ်ကုန်၏၊ ဇယ်တောက်ခြင်းနန့်လည်းကစပ်ကုန်၏၊ အန်စာဖြင့်လည်း ကစပ်ကုန်၏၊ ကျည်းသားရိုက်ခြင်းခြင့်လည်း ကစပ်ကုန်၏၊ စုတ်ခတ်ရီးခြင်းနန့် လည်း ကစပ်ကုန်၏၊ ဂေါ်လီကစပ်ခြင်းနန့်လည်း ကစပ်ကုန်၏၊ ပိပီမှုတ်အနိန်နန့်လည်း ကစပ်ကုန်၏၊ ထွန်ငယ်ဖြင့်လည်း ကစပ်ကုန်၏၊ ကျွမ်းထိုးခြင်းနန့်လည်းကစပ်ကုန်၏၊


စကြာဖြင့်လည်း ကစပ်ကုန်၏၊ ခြင်ခွက်ငယ်ဖြင့်လည်း ကစပ်ကုန်၏၊ ရထားငယ်ဖြင့်လည်း ကစပ်ကုန်၏၊ လေးငယ်ဖြင့်လည်း ကစပ် ကုန်၏၊ အက္ခရာဝှက်ခြင်းနန့်လည်းကစပ်ကုန်၏၊ စိတ်အကြံဖော်ခြင်းနန့်လည်း ကစပ်ကုန်၏၊ ကျိုး ယောင် ကန်းယောင်ပြုပနာလည်းကစပ်ကုန်၏၊ ဆင်ကြန်အတတ်ကိုလဲ့ သင်ကုန်၏၊ မြင်းကြန် အတတ်ကိုလဲ့ သင်ကုန်၏၊ ရထားအတတ်ကိုလဲ့ သင်ကုန်၏၊ လေးအတတ်ကိုလဲ့ သင်ကုန်၏၊ သန်လျက်အတတ်ကိုလဲ့သင်ကုန်၏၊ ဆင်၏ ရှိကလည်း ဗြီးကုန်ရေ၊ မြင်း၏ ရှိကလည်း ဗြီး ကုန်၏၊ ရထား၏ ရှိကလည်းဗြီးလွှား အစောက်စောက်ကုန်၏၊ လီလေ့ ချွန်ကုန်၏၊ လက်ပမ်း ပေါက်လည်း ခတ်ကုန်၏၊ လက်ပမ်းလည်း လုံးကုန်၏၊ လက်ဝှေ့လည်း သတ်ကုန်၏။

ကပွဲ၏ အလယ်၌လည်း ဒုကုဋ်ကို ဖြန့်ခင်း၍ ကချေသမကို "နှမ ဒေနီရာမာ ကလော့"ဟုဆိုကုန်၏၊ ကောင်းစွ ကောင်းစွ ငါ့နှမဟု ကောင်းချီးလည်း ပီးကုန်ရေ 'နဖူးတင်ထား လက်ချောင်းတိကိုလဲ့ ပီးကုန်ရေ'၊ ဆိဆောက်ခရောက်သော အကျင့်ဆိုးရို့ကိုလဲ့ ပြုကျင့်ကုန်၏။

၄၃၂။ ယင်းခါ ရဟန်းတပါးစွာ ကာသိတိုင်း ဇနပုဒ်၌ ဝါမှ ထပြီးပနာ မြတ်စွာဘုရားကို ဖူးမြော်ရန်အလို့ငှါ သာဝတ္ထိမြို့ကို လားရေဟိရေ် ကီဋာဂိရိသို့ ရောက်၏၊ ယင်းခါ စောစောသား၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကြည်ညိုဖွယ်ဆောင်သော ဟိကိုတက်ခြင်းနောက်ကိုဆုတ်ခြင်း တူရူကြည့်ခြင်း တလွေ့ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းနန့် ချအပ်ရေ မျက်လွှာဟိရေဖြိုက်ပနာ ဣရိယာပုထ်နန့် ပြည့်စုံသော ထိုရဟန်းစွာ ကီဋာဂိရိသို့ ဆွမ်းအလို့ငှါ ဝင်၏။

လူရို့စွာ ထိုရဟန်းကိုမြင်ပြီးကေ "ထုန်ထိုင်းထိုင်း နုန့်နဲ့နဲ့ မာန်ပါပိုင် မျက်မိုက်ကုပ်၍လားရေ ဒေသူရာ အသူနည်း၊ ချိုင်းကပ်သော ဒေသူအား အဇာသူစော် ဆွမ်းကို လှူအံ့နည်း၊ ငါရို့၏ အသျှင်အဿဇိ ပုနဗ္ဗသုကရို့စွာကား သိမ်မွိကုန်၏၊ ပြေပြစ်ကုန်၏၊ နှုတ်ချိုကုန်၏၊ ပြုံးခြင်းကေ ရှေ့သွား ဟိကုန်ရေ၊ ကြွပါ ကြွပါဟု ဖော်ရွေစွာ ကြိုဆိုလေ့ဟိကုန်ရေ၊ ချိုသာကြိုင်လင်ပေါ်လွင်သော မျက်နှာဟိကုန်ရေ၊ ဦးစွာ ဆိုလေ့ဟိကုန်ရေ၊ ထိုအသျှင်ရို့အားရာကေ ဆွမ်းကိုလှူသင့်ပေ၏"ဟု ပြောဆို ကတ်ကုန်၏။

ဥပါသကာ တစ်ယောက်စွာ ကီဋာဂိရိ၌ ဆွမ်းအလို့ငှါ လှည့်လည်သော ထိုရဟန်းကို မြင်လီသော်ထိုရဟန်းအပါးကို ချိုင်းကပ်ပြီးကေ ရိုသီစွာ ယှိခိုး၍ "အသျှင်ဘုရား ဆွမ်းကို ရခပါ၏လော"ဟုလျှောက်၏။

ဒါယကာ ဆွမ်းကို မရခသိမ့်ဟု (ပြန်ပြောရေ)။

အသျှင်ဘုရား ကြွပါ၊ အိမ်သို့ လားပါကုန်အံ့ဟု (လျှောက်၏)။

ယင်းခါ ဥပါသကာစွာ ရဟန်းကို အိမ်သို့ ပင့်ဆောင်ပနာ ဆွမ်းကျွေးပြီးကေ -

"အသျှင်ဘုရား အသျှင်ဘုရားစွာ အဇာအရပ်သို့ ကြွပါဖို့လဲ"ဟု လျှောက်၏။

ဒါယကာ ငါစွာ မြတ်စွာဘုရားအား ဖူးမြော်ရန်အလို့ငှါ သာဝတ္ထိမြို့ကို လားမေဟု (ပြန်ပြောရေ)။

အသျှင်ဘုရား ယပိုင်ဖြိုက်ခကေ အကျွန်ုပ်၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်ရို့ကို ဦးညွတ်ဇိခိုးပါလော့။


ဧပိုင်လည်း လျှောက်ပါလော့-

"အသျှင်ဘုရား ကီဋာဂိရိ၌ ကျောင်းတိုက်စွာ ပျက်စီးပါယာ၊ အဿဇိ ပုနဗ္ဗသုက မည်ကုန် သောအရှက်မဟိကတ်ရေ ရဟန်းယုတ်ရို့စွာ ကီဋာဂိရိ၌ ကျောင်းထိုင်ပုဂ္ဂိုလ်ရို့ ဖြိုက်ကတ်ပါရေ၊ ထိုရဟန်းရို့စွာ ဧပိုင်သဘောဟိရေ အကျင့်ဆိုးရို့ကို ပြုကျင့်ကတ်ပါရေ၊ ပန်းပင်ငယ်ကိုစိုက်ကတ်ပါရေ စိုက်စေကတ်ပါရေ၊ ရေသွန်းလောင်းကတ်ပါရေ ရေသွန်းလောင်းစေကတ်ပါရေ။ပ။ ဆိဆောက်ခရောက်သော အကျင့်ဆိုးရို့ကိုလဲ့ ပြုကျင့်ကတ်ပါရေ။

မြတ်စွာဘုရား ရှိးအခါ၌ (ရတနာသုံးပါးကို) ယုံကြေကြ ကြည်ညိုကတ်ရေ လူရို့စော်လည်းဂုချိန်ခါ၌ (ရတနာသုံးပါးကို) မယုံကြေကြ မကြည်ညိုကတ်တော့ပါ၊ ရှီးအခါက သံဃာတော်၏အလှူဝတ်ရို့စော်လည်း ဂုချိန်ခါ၌ ပြတ်ပါကုန်၏၊ (သီလကို) ချစ်မြတ်နိုးသော ရဟန်း ရို့ရေဆိတ်သုဉ်းကတ်ပါ၏၊ ယုတ်မာသော ရဟန်းရို့စွာ နိကတ်ပါ၏။

မြတ်စွာဘုရား တောင်းပန်ပါရေ၊ မြတ်စွာဘုရားစွာ ကီဋာဂိရိသို့ ရဟန်းရို့ကိုစီလွှတ် တော်မူပါ၊ ယင်းပိုင် (စီလွှတ်ခြင်း) ဖြင့် ကီဋာဂိရိ၌ ဒေကျောင်းတိုက်စွာ ကကောင်း တည်ရာ ပါ၏" ဧပိုင် (လျှောက်ပါလေဟု လျှောက်၏)။

"ဒါယကာ ကောင်းယာ"ဟု ထိုရဟန်းစွာ ထိုဥပါသကာအား ဝန်ခံ၍ သာဝတ္ထိမြို့ကို ဖဲလားရေ၊ အစိုင်တကျ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း မြတ်စွာဘုရားပါးကိုချိုင်းကပ်ယပြီးနောက် မြတ်စွာဘုရားကို ယှိခိုး၍ တစ်ခုသော နီရာမာ ထိုင်ရေ။

အာဂန္တုရဟန်းရို့နန့် အတူတကွ ဝမ်းသာစွာ နှုတ်ဆက်စကား ပြောကတ်ားတော်မူခြင်းစွာဘုန်းတော်ကြီးရေ မြတ်စွာဘုရားရို့၏ အလိအထပင် ဖြိုက်၏။

ယင်းခါ မြတ်စွာဘုရားစွာ ထိုရဟန်းအား-

"ရဟန်း မာပါ၏လော၊ မျှတပါ၏လော၊ မပင်မပန်း ချမ်းသာစွာ ခရီးခဲကို လာခရ၏လော၊ ရဟန်း သင်ရေ အဇာအရပ်မှ လာခသနည်း"ဟု မီးမြန်းတော်မူ၏။

မာပါရေ မြတ်စွာဘုရား၊ မျှတပါရေ မြတ်စွာဘုရား၊ အကျွန်ုပ်စွာ မပင်မပန်း ချမ်းသာစွာဖြင့် ခရီးခဲကို လာခရပါရေ၊ အသျှင်ဘုရား အကျွန်ုပ်စွာ ကာသိတိုင်း ဇနပုဒ်၌ ဝါမှ ထပြီးပနာမြတ်စွာဘုရားကို ဖူးမြော်ရန်အလို့ငှါ သာဝတ္ထိမြို့ကို လာရေဟိရေ် ကီဋာဂိရိသို့ ရောက်ပါ၏၊ အသျှင်ဘုရား ယင်းခါ အကျွန်ုပ်စွာ စောစောသား၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်ကီဋာဂိရိသို့ ဆွမ်းအလို့ငှါ ဝင်ပါ၏။

အသျှင်ဘုရား ကီဋာဂိရိသို့ ဆွမ်းအလို့ငှါ လှည့်လည်သော အကျွန်ုပ်ကို ဥပါသကာတစ်ယောက် စွာမြင်လတ်သော် အကျွန်ုပ်အပါးကို ချိုင်းကပ်ယပြီးနောက် အကျွန်ုပ်ကို ယှိခိုး၍-

"အသျှင်ဘုရား ဆွမ်းကို ရခပါ၏လော"ဟု လျှောက်ပါရေ။

ဒါယကာ ဆွမ်းကို မရခသိမ့်ဟု (ပြန်ပြောပါရေ)။

"အသျှင်ဘုရား ကြွပါ၊ အိမ်သို့ လားပါကုန်အံ့"ဟု လျှောက်ပါရေ၊ အသျှင်ဘုရား ယင်းခါထိုဥပါသကာစွာ အကျွန်ုပ်ကို အိမ်သို့ ပင့်ဆောင်ပနာ ဆွမ်းကျွေးယပြီးနောက် အကျွန်ုပ်အား -

"အသျှင်ဘုရား အသျှင်ဘုရားစွာ အဇာအရပ်သို့ ကြွပါဖို့လဲ"ဟု လျှောက်ပါရေ။

ဒါယကာ ငါစွာ မြတ်စွာဘုရားအား ဖူးမြော်ရန်အလို့ငှါ သာဝတ္ထိမြို့ကို လားရဖို့ဟု (ပြန်ပြောပါရေ)။


အသျှင်ဘုရား သို့ ဖြိုက်ကေ အကျွန်ုပ်၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်ရို့ကို ဦးညွတ်ဇိခိုးပါလော့။ ဧပိုင်လည်း လျှောက်ပါလော့ -

"အသျှင်ဘုရား ကီဋာဂိရိ၌ ကျေင်းတိုက်စွာ ပျက်စီးပါယာ၊ အဿဇိ ပုနဗ္ဗသုက မည်ကုန် သောအရှက်မဟိကတ်ရေ ရဟန်းယုတ်ရို့စွာ ကီဋာဂိရိ၌ ကျောင်းထိုင်ပုဂ္ဂိုလ်ရို့ ဖြိုက်ကတ်ပါရေ၊ ထိုရဟန်းရို့စွာ ဧပိုင်သဘောဟိရေ အကျင့်ဆိုးရို့ကို ပြုကျင့်ကတ်ပါရေ၊ ပန်းပင်ငယ်ကိုစိုက်ကတ်ပါရေ စိုက်စေကတ်ပါရေ၊ ရေသွန်းလောင်းကတ်ပါရေ ရေသွန်းလောင်းစေကတ်ပါရေ။ပ။ ဆိဆောက်ခရောက်သော အကျင့်ဆိုးရို့ကိုလဲ့ ပြုကျင့်ကတ်ပါရေ။

အသျှင်ဘုရား ရှိးအခါ၌ (ရတနာသုံးပါးကို) ယုံကြေကြ ကြည်ညိုကတ်ရေ လူရို့စော်လည်းဂုချိန်ခါ၌ (ရတနာသုံးပါးကို) မယုံကြေကြ မကြည်ညိုကတ်တော့ပါ၊ ရှီးအခါက သံဃာတော်၏အလှူဝတ်ရို့စော်လည်း ဂုချိန်ခါ၌ ပြတ်ပါကုန်ရာ၊ (သီလကို) ချစ်မြတ်နိုးသော ရဟန်းရို့စွာဆိတ်သုဉ်းကတ်ပါ၏၊ ယုတ်မာသော ရဟန်းရို့စွာ နိကတ်ပါ၏။

မြတ်စွာဘုရား တောင်းပန်ပါရေ၊ မြတ်စွာဘုရားစွာ ကီဋာဂိရိသို့ ရဟန်းရို့ကိုစီလွှတ် တော်မူပါ၊ ယင်းပိုင် (စီလွှတ်ခြင်း) ဖြင့် ကီဋာဂိရိ၌ ဒေကျောင်းတိုက်စွာ ကကောင်း တည်ရာ ပါ၏ဟုလျှောက်ပါလော့"ဟု အကျွန်ုပ်အား လျှောက်ပါ၏။

မြတ်စွာဘုရား အကျွန်ုပ်စွာ ထိုကီဋာဂိရိမှ လာခပါရေဟု (လျှောက်၏)။

၄၃၃။ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝီးစီရားကေ ရဟန်းရို့ကို-

"ရဟန်းရို့ အဿဇိ ပုနဗ္ဗသုက မည်သော အရှက်မဟိသော ယုတ်မာသော ရဟန်းရို့စွာ ကီဋာ ဂိရိ၌ကျောင်းထိုင်ဖြိုက်ကေုန်ရေ၊ ထိုရဟန်းရို့စွာ ဧပိုင်သဘောဟိရေ အကျင့်ဆိုးရို့ကို ပြုကျင့်ကြ ကုန်၏၊ ပန်းပင်ငယ်ကို စိုက်ကတ်ကုန်၏၊ စိုက်စေကတ်ကုန်၏၊ ရေသွန်းလောင်းကတ်ကုန်၏၊ ရေသွန်းလောင်းစေကတ်ကုန်၏။ပ။ ဆိဆောက်ခရောက်သော အကျင့်ဆိုးရို့ကိုလဲ့ ပြုကျင့်ကတ်ကုန်၏၊ ရဟန်းရို့ ရှီးအခါက (ရတနာသုံးပါးကို) ယုံကြေကြ ကြည်ညိုကတ်ရေ လူရို့စော်လည်း ဂုချိန်ခါ၌ (ရတနာသုံးပါးကို) မယုံကြေကြ မကြည်ညိုကတ်ကုန်၊ ရှိးအခါ၌ဟိရေ သံဃာတော်၏ အလှူဝတ်ရို့စော်လည်း ဂုချိန်ခါ၌ပြတ်ကုန်၏၊ (သီလကို) ချစ်မြတ်နိုးသော ရဟန်းရို့စွာ ဆိတ်သုဉ်းကတ်ကုန်၏၊ ယုတ်မာသော ရဟန်းရို့စွာ နေကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့စွာ အဇာကြောင့် ဧပိုင်သဘောဟိရေ အကျင့်ဆိုးရို့ကို ပြုကျင့်ကတ်ကုန်ဘိသနည်း၊ ပန်းပင်ငယ်ကို စိုက်ကုန်ဘိသနည်း စိုက်စေကုန်ဘိသနည်း၊ ရေသွန်းလောင်းကုန်ဘိသနည်းရေသွန်းလောင်းစေကုန်ဘိသနည်း၊ ဆွတ်ခူးကုန်ဘိသနည်း ဆွတ်ခူးစေကုန်ဘိသနည်း၊ သီကုံးကုန်ဘိသနည်း သီကုံးစေကုန်ဘိသနည်း၊ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း၊ ပန်းတံကို ပြုကုန်ဘိသနည်းပြုစီကုန်ဘိသနည်း၊ ပန်းလက်ကောက်ကို ပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း၊ ဦးဆောက်ပန်းကိုပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း၊ နားသွယ်ပန်းကို ပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း၊ ရင်လွှမ်းပန်းကို ပြုကုန်ဘိသနည်း ပြုစီကုန်ဘိသနည်း။


ထိုရဟန်းရို့စွာ အမျိုးမိမ အမျိုးသမီးကြီး အမျိုးအဘုချေ အမျိုးခြုပ်မ အမျိုးအကျွန်ရို့၏အကျိုးငှါ ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ၊ ပန်းတံကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ၊ ပန်းလက်ကောက်ကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ဦးဆောက်ပန်းကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ နားသွယ်ပန်းကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ရင်လွှမ်းပန်းကို ဆောင်ကုန်ဘိသနည်း ဆောင်စေကုန်ဘိသနည်း၊ ။

ထိုရဟန်းရို့စွာ အမျိုးမိမ အမျိုးသမီးကြီး အမျိုးအဘုချေ အမျိုးခြုပ်မ အမျိုးအကျွန်ရို့နန့် အတူ တခုတည်းသောခွက်၌လည်း စားကုန်ဘိသနည်း၊ သောက်ရီခွက်တခုတည်း၌လည်း သောက်ကုန်ဘိသနည်း။ တနီရာတည်း၌လည်း နီကုန်ဘိသနည်း၊ ၊ တညောင်စောင်းတည်း၌လည်း အိပ်ကုန်ဘိသနည်း၊ တစ်ခင်းတည်းလည်း အိပ်ကုန်ဘိသနည်း၊ တစ်ခြုံတည်းလည်း အိပ်ကုန်ဘိသနည်း၊ တစ်ခင်းတစ်ခြုံတည်းလည်း အိပ်ကုန်ဘိသနည်း၊ အခါမဲ့၌လည်း စားကုန်ဘိသနည်း၊ သေကိုလဲ့ သောက်ကုန်ဘိသနည်း၊ ပန်း နံ့သာ နံ့သာပျောင်းကိုလဲ့ ဆောင်ကုန်ဘိသနည်း၊ ကလည်း ကကုန်ဘိသနည်း သီလည်းသီဆိုကုန်ဘိသနည်း၊ တီးမှုတ်လည်း တီးမှုတ်ကုန်ဘိသနည်း၊ မြူးထူးစံပယ်လည်း မြူးထူးစံပယ်ကုန်ဘိသနည်း၊ ကချေသမ၏ အလိုက်လည်း ကကုန်ဘိသနည်း၊ ကချေသမ၏ အလိုက်လည်းသီဆိုကုန်ဘိသနည်း၊ ကချေသမ၏ အလိုက်လည်း တီးမှုတ်ကုန်ဘိသနည်း၊ ကချေသမ၏ အလိုက့်လည်း စံပယ်ကုန်ဘိသနည်း၊ အဆိုသမ၏ အလိုက်လည်း ကကုန်ဘိသနည်း၊ အဆိုသမ၏ အလိုက်လည်း သီဆိုကုန်ဘိသနည်း၊ အဆိုသမ၏ အလိုက်လည်း တီးမှုတ်ကုန် ဘိသနည်း၊ အဆိုသမ၏အလိုက်လည်း စံပယ်ကုန်ဘိသနည်း၊ ဆိုင်းသမ၏ အလိုက်လည်း ကကုန်ဘိသနည်း၊ ဆိုင်းသမ၏အလိုက်လည်း သီဆိုကုန်ဘိသနည်း၊ ဆိုင်းသမ၏ အလိုက်လည်း တီးမှုတ်ကုန်ဘိသနည်း၊ ဆိုင်းသမ၏အလိုက်လည်း စံပယ်ကုန်ဘိသနည်း၊ စံပယ်သောမိမ၏ အလိုက်လည်း ကကုန်ဘိသနည်း၊ စံပယ်သောမိမ၏ အလိုက်လည်း သီဆိုကုန်ဘိသနည်း၊ စံပယ်သောမိမ၏ အလိုက်လည်း တီးမှုတ်ကုန်ဘိသနည်း၊ စံပယ်သောမိမ၏ အလိုက်လည်း စံပယ်ကုန်ဘိသနည်း။

ရှစ်ကွက်ကျားကိုလဲ့ ကစပ်ကုန်ဘိသနည်း၊ ဆယ်ကွက်ကျားကိုလဲ့ ကစပ်ကုန်ဘိသနည်း၊ အာကာကျားကိုလဲ့ ကစပ်ကုန်ဘိသနည်း၊ ဖိုးလမင်းကျားကိုလဲ့ ကစပ်ကုန်ဘိသနည်း၊ ဇယ်တောက်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ အန်စာဖြင့်လည်း ကစပ်ကုန်ဘိသနည်း၊ ကျေးသားရိုက်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ စုတ်ခတ်ရီးကစပ်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ ဂေါ်လီကစပ်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ ပိပီမှုတ်အနိန်နန့်လည်း ကစပ်ကုန်ဘိသနည်း၊ ထွန်ငယ်ဖြင့်လည်း ကစပ်ကုန်ဘိသနည်း၊ ကျွမ်းထိုးကစပ်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ စကြာဖြင့်လည်းကစပ်ကုန်ဘိသနည်း၊ ခြင်ခွက်ငယ်ဖြင့်လည်း ကစပ်ကုန်ဘိသနည်း၊ ရထားငယ်ဖြင့်လည်း ကစပ်ကုန်ဘိသနည်း၊ လေးငယ်ဖြင့်လည်း ကစပ်ကုန်ဘိသနည်း၊ အက္ခရာဝှက်ကစပ်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ စိတ်အကြံဖော်ခြင်းနန့်လည်း ကစပ်ကုန်ဘိသနည်း၊ ကျိုးယောင် ကန်းယောင်ပြုပနာလည်းကစပ်ကုန်ဘိသနည်း၊ ဆင်ကြန်အတတ်ကိုလဲ့ သင်ကုန်ဘိသနည်း၊ မြင်းကြန်အတတ်ကိုလဲ့ သင်ကုန်ဘိသနည်း၊ ရထားအတတ်ကိုလဲ့ သင်ကုန်ဘိသနည်း၊ လေးအတတ်ကိုလဲ့ သင်ကုန်ဘိသနည်း၊ သန်လျက်အတတ်ကိုလဲ့ သင်ကုန်ဘိသနည်း၊ ဆင်၏ ရှိကလည်း ဗြီးကုန်ဘိသနည်း၊ မြင်း၏ ရှိကလည်း ဗြီးကုန်ဘိသနည်း၊ ရထား၏ ရှိကလည်း ဗြီးလွှားအစောက်စောက်ကုန်ဘိသနည်း၊ လီလေ့ချွန်ကုန်ဘိသနည်း၊ လက်ပမ်းပေါက်လည်း ခတ်ကုန်ဘိသနည်း၊ လက်ပမ်းလည်း လုံးကုန်ဘိသနည်း၊ လက်ဝှေ့ လည်း သတ်ကုန်ဘိသနည်း။


ကပွဲ၏ အလယ်၌လည်း ဒုကုဋ်ကို ဖြန့်ခင်း၍ ကချေသမကို "နှမ လာလော့၊ ဒေနီရာမာကလော့"ဟု ဆိုကုန်ဘိသနည်း၊ ကောင်းစွ ကောင်းစွ ငါ့နှမဟု ကောင်းချီးလည်း ပေးကုန်ဘိသနည်း၊ 'နဖူးတင်ထား လက်ချောင်းတိကိုလဲ့ ပေးကုန်ဘိသနည်း'၊ ဆိဆောက်ခရောက်သော အကျင့်ဆိုးရို့ကိုလဲ့ပြုကျင့် ကုန်ဘိသနည်း၊ ရဟန်းရို့ ဒေ (ရဟန်းရို့ပြုမိသောအမှုစွာ) မကြည်ညိုသေးသော သူရို့အားကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

သရော်တော်မူပြီးပနာ တရားစကားကို ဟောကြားတော်မူယပြီးနောက် သာရိပုတြာ မောဂ္ဂလာန်ရို့ကို-

"သာရိပုတြာ မောဂ္ဂလာန်ရို့ သင်ရို့စွာ လားကတ်ကုန်လော့၊ ကီဋာဂိရိသို့ လားပနာ အဿဇိ ပုနဗ္ဗသုကရဟန်းရို့အား ကီဋာဂိရိမှ နှင်ထုတ်ခြင်းအမှု 'ပဗ္ဗာဇနီယကံ' ကို ပြုကတ်ကုန်လော့၊ ထိုရဟန်းရို့စွာသင်ရို့၏ အတူနီတပည့်တိ ဖြိုက်ကေတ်ကုန်၏"ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား ထိုရဟန်းရို့စွာ ကြမ်းတမ်းပါကုန်၏၊ ခက်ထန်ပါကုန်၏၊ အငရို့တိစွာအဇာပိုင် အဿဇိ ပုနဗ္ဗသုက ရဟန်းရို့အား ကီဋာဂိရိမှ နှင်ထုတ်ခြင်းအမှုကို ပြုရပါကုန်ဖို့လဲဟု (လျှောက်ကတ်ကုန်၏)။

သာရိပုတြာ မောဂ္ဂလာန်ရို့ သို့ ဖြိုက်ကေ သင်ရို့စွာ အများကြီးဖြိုက်တေ ရဟန်းရို့နန့်အတူလားကတ်ကုန်လော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ကောင်းပါရာဟု သာရိပုတြာနန့် မောဂ္ဂလာန်ရို့စွာ မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကတ်ကုန်၏။

ရဟန်းရို့ ဒေစွာကား ကျင့်ထုံးတည်း၊ ရှီးဦးစွာ အဿဇိ ပုနဗ္ဗသုက ရဟန်းရို့ကိုစောဒနာ ရဖို့၊ ယယပြီးနောက် အောက်မေ့စီရေဖို့၊ ယယပြီးနောက် အာပတ်သို့ တင်ရဖို့၊ ယယပြီးနောက် တမွတ်ချင်းလိမ္မာပနာစွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့-

၄၃၄။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေ အဿဇိပုနဗ္ဗသုက ရဟန်းရို့စွာ အမျိုးကို ဖျက်တတ်ကုန်၏၊ ယုတ်မာသော ဝသီဟိကုန်ရေ၊ ဒေရဟန်းရို့၏ယုတ်မာသော ဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ် ကုန်၏၊ ဒေရဟန်းရို့စွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အဂယင့်လို့ သံဃာအား လျောက်ပတ်သော အခါဟိရေ ကံစွာ ဖြိုက်အံ့၊ သံဃာစွာအဿဇိ ပုနဗ္ဗသုက ရဟန်းရို့အား 'အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ ကီဋာဂိရိ၌ မနီရ'ဟုကီဋာဂိရိမှ နှင်ထုတ်ရာ၏၊ ဒေကား သိစီခြင်းတည်း။

အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေအဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ အမျိုးကို ဖျက်တတ်ကုန်၏၊ ယုတ်မာသော ဝသီဟိကုန်ရေ၊ ဒေရဟန်း ရို့၏ယုတ်မာသော ဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ဒေရဟန်းရို့စွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ သံဃာစွာ အဿဇိ ပုနဗ္ဗသုက ရဟန်းရို့အား 'အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ ကီဋာဂိရိ၌ မနီရ'ဟု ကီဋာဂိရိမှ နှင်ထုတ်ခြင်း အမှုကို ပြုရေ၊ အဿဇိ ပုနဗ္ဗသုကရဟန်းရို့အား 'အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ ကီဋာဂိရိ၌ မနီရ'ဟု ကီဋာဂိရိမှ နှင်ထုတ်ခြင်းကိုအကြင်အသျှင်အား ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင်အသျှင်အား ခြီခြင်းမဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဒေအကြောင်းကို ပြောဆို ပါ၏။ အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော။ပ။ ထိုအသျှင်စွာ ပြောဆိုရာ၏။


သံဃာစွာ အဿဇိ ပုနဗ္ဗသုက ရဟန်းရို့အား 'အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ ကီဋာဂိရိ၌မနီရ'ဟု ကီဋာဂိရိမှ နှင်ထုတ်အပ်ပြီ၊ သံဃာအား ခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေခြီရေ အဖြိုက်ကို သိမှတ်ရပါရေ"ဟု (သိစီရဖို့)။

၄၃၅။ ယင်းခါ သာရိပုတြာ မောဂ္ဂလာန် အမှူးဟိရေ ရဟန်းသံဃာစွာ ကီဋာဂိရိသို့ လားပနာအဿဇိ ပုနဗ္ဗသုက ရဟန်းရို့အား 'အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ ကီဋာဂိရိ၌ မနီရ'ဟု ကီဋာဂိရိမှနှင်ထုတ်အပ်ပြီးရာ၊ သံဃာစွာ နှင်ထုတ်အပ်ပြီးကုန်သော ထိုရဟန်းရို့စွာ ကကောင်း မကျင့်ကုန်၊ မာန်အမွီးကို မလှဲကုန်၊ ကံမှထုတ်ဆောင်တတ်ရေ ဝသီကို မကျင့်ကုန်၊ ရဟန်းရို့ကို မတောင်းပန်ကတ်ကုန်၊ ဆဲရီးကုန်ရေ၊ ရေရွတ်ကုန်၏၊ ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိကို လိုက်သောအဖြိုက်ရို့သို့ ရောက်စီကုန်၏၊ ဖဲလားလည်း ဖဲလားကုန်ရေ၊ လူလေ့ ထွက်ကုန်၏။

အလိုနည်းသော ရဟန်းရို့စွာ အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ "သံဃာက နှင်ထုတ်အပ်ကေုန်လျက် အဇာကြောင့် ကကောင်း မကျင့်ကုန်ဘိသနည်း၊ မာန်အမွီးကို မလှဲကုန်ဘိသနည်း၊ ကံမှထုတ်ဆောင်တတ်ရေ ဝသီကို မကျင့်ကုန်ဘိသနည်း၊ ရဟန်းရို့ကို မတောင်းပန်ကုန်ဘိသနည်း၊ ဲဆဲရေးကုန်ဘိသနည်း၊ ရေရွတ်ကုန်ဘိသနည်း၊ ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိကို လိုက်သော အဖြိုက်ရို့သို့ ရောက်စီကုန်ဘိသနည်း၊ ဖဲလားလည်း ဖဲလားကုန်ဘိသနည်း၊ လူလေ့ ထွက်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာအဿဇိ ပုနဗ္ဗသုက ရဟန်းရို့ကို အများကြီးဖြိုက်တေ အကြောင်းဖြင့် သရော် ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကတ်ကုန်၏။ပ။

"ရဟန်းရို့ အဿဇိ ပုနဗ္ဗသုက ရဟန်းရို့စွာ သံဃာစွာ နှင်ထုတ်အပ်ကုန်လျက် ကကောင်းမကျင့်ကုန်။ပ။ လူလေ့ ထွက်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၁။ စံပယ်ခြင်း- မိမရို့၏ တဏှာရာဂကြောင့်ဖြိုက်ပေါ်လှာသော အမူအရာ ကြိယာအထူးတည်း။

၄၃၆။ အမျိုးရို့ကို ဖျက်ဆီးတတ်ရေ ယုတ်မာသော ဝသီဟိရေ ရဟန်းစွာ တစ်ခုသော ရွာ နိဂုံးကို အမှီပြုပနာ နီ၏၊ ထိုရဟန်း၏ ယုတ်မာသော ဝသီရို့ကို မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းစွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းကို ရဟန်းရို့စွာ'အသျှင်စွာကား အမျိုးကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော ဝသီဟိ၏၊ အသျှင်၏ ယုတ်မာသောဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာ ဒေကျောင်းတိုက်မှ ဖဲလားပါလီာ့၊ အသျှင့်အား ဒေကျောင်းတိုက်၌ နေခြင်းနန့်အကျိုးမဟိပါ'ဟု ဆိုရာ၏၊ ဧပိုင် ရဟန်းရို့က ဆိုအပ်ရေ် ထိုရဟန်းစွာ ရဟန်းရို့ကို'ရဟန်းရို့စွာ ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ မောဟာဂတိသို့လည်း လိုက် ကုန်၏၊ ဘယာဂတိသို့လည်း လိုက်ကုန်၏၊ ယင်းပိုင်သဘောဟိရေအာပတ်ဖြင့် ရဟန်းတချို့ကို နှင်ထုတ်ကုန်၏။ ရဟန်းတချို့ကို မနှင်ထုတ်ကုန်'ဟု ဆိုငြားအံ့၊ ထိုရဟန်းကို ရဟန်းရို့စွာ 'အသျှင်စွာ ဧပိုင် မဆိုပါလင့်၊ ရဟန်းရို့စွာ ဆန္ဒာဂတိ သို့လည်းမလိုက်ကတ်ပါ၊ ဒေါသာဂတိသို့လည်း မလိုက်ကတ်ပါ၊ မောဟာဂတိ သို့လည်း မလိုက်ကတ်ပါ၊ ဘယာဂတိသို့လည်း မလိုက်ကတ်ပါ၊ အသျှင်စွာသာ အမျိုးရို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသောဝသီဟိ၏၊ အသျှင်၏ ယုတ်မာသော ဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အသျှင်စွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ် ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာ ဒေကျောင်းတိုက်မှ ဖဲလားပါလီာ့၊ အသျှင့်အားဒေကျောင်းတိုက်၌ နေခြင်းနန့် အကျိုးမဟိပါ'ဟု ဆိုရာ၏၊ ရဟန်းရို့စွာ ဧပိုင် ဆိုအပ်လျက်ထိုရဟန်းစွာ ယင်းအတူပင် ဆက်ပနာပြု မူ နေငြားအံ့၊ ထိုရဟန်းကို ရဟန်းရို့ စွာ ထိုအယူကိုစွန့်စီခြင်းငှါ သုံးကြိမ်ထိတောင် ကကောင်း ဆိုဆုံးမအပ်၏၊ အဂယင့်လို့ သုံးကြိမ်ထိတောင် ကကောင်းဆိုဆုံးမအပ်ရေဟိရေ် ထိုအယူကို စွန့်ငြားအံ့၊ ဧပိုင် စွန့်ခြင်းစွာ ကောင်း၏၊ အဂယင့်လို့မစွန့်ငြားအံ့၊ (ထိုရဟန်းအား) သံဃာဒိသိသ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၄၃၇။ ရဟန်းစွာ တစ်ခုသော ရွာ နိဂုံးကိုဟူရာမာ ရွာစွာလိ့ကောင်း၊ နိဂုံးစွာ လိ့ကောင်း၊ မြို့စွာလိ့ကောင်း ရွာနိဂုံးမည်၏။

အမှီပြုပနာ နီ၏ဟူစွာ သင်္ကန်း ဆွမ်း အိပ်ရာနီရာကျောင်း သူနာ၏ အထောက်အပံ့ ဆေးဝန်ရို့စွာ ထိုရွာနိဂုံးနန့် စပ်ကုန်၏။

အမျိုး ဆိုစွာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်စွာမျိုး၊ ဆင်းရဲသားမျိုးဆိုပနာ လေးမျိုးရို့တည်း။

အမျိုးရို့ကို ဖျက်ဆီးတတ်၏ဟူစွာ ပန်းဖြင့်လိ့ကောင်း၊ သစ်သီးဖြင့်လိ့ကောင်း၊ ကသယ်မှုန့် (မျက်နှာချေအစဟိစော်) ဖြင့်လိ့ကောင်း၊ မြေညက်ဖြင့်လိ့ကောင်း၊ ဒန်ပူဖြင့်လိ့ကောင်း၊ ဝါးဖြင့်လိ့ကောင်း၊ ဆီးကုခြင်းနန့်လိ့ကောင်း၊ သလုံး (မြင်းခေါင်း) ဖြင့် အစီအပါးခံခြင်းနန့်လိ့ကောင်း အမျိုးရို့ကို ဖျက်ဆီးတတ်၏။

ယုတ်မာသော ဝသီဟိ၏ဟူစွာ ပန်းပင်ငယ်ကို စိုက်၏ စိုက်စီ၏၊ ရေသွန်းလောင်း၏သွန်းလောင်းစီ၏၊ ဆွတ်ခူး၏ ဆွတ်ခူးစီ၏၊ သီကုံး၏ သီကုံးစီ၏။

မြင်လည်းမြင်အပ်ကုန်၏ ကြားလည်းကြားအပ်ကုန်၏ဟူစွာ အကြင်သူရို့စွာ မျက်မှောက်ဖြိုက်ကေုန်ရေ၊ ယင့်သူရို့စွာ မြင်ကုန်၏၊ အကြင်သူရို့စွာ မျက်ကွယ်ဖြိုက်ကေုန်ရေ၊ ယင့်သူရို့စွာ ကြားကုန်၏။

ထိုရဟန်းစွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ဟူစွာ ရှီးအခါက သဒ္ဓါတရား ဟိပြီးကေကြည်ညိုကုန်သော သူရို့စွာ ထိုရဟန်းကို အကြောင်းပြပြီးကေကေ သဒ္ဓါတရား ကင်းကုန်၏၊ ကြည်ညိုခြင်းကင်းကုန်၏။

မြင်လည်း မြင်အပ်ကုန်၏ ကြားလည်း ကြားအပ်ကုန်၏ဟူစွာ အကြင်သူရို့စွာ မျက်မှောက်ဖြိုက်ကေုန်ရေ၊ ယင့်သူရို့စွာ မြင်ကုန်၏၊ အကြင်သူရို့စွာ မျက်ကွယ်ဖြိုက်ကေုန်ရေ၊ ယင့်သူရို့စွာ ကြားကုန်၏။

ထိုရဟန်းကိုဟူစွာ အမျိုးရို့ကို ဖျက်ဆီးသော ထိုရဟန်းကို။

ရဟန်းရို့ကဟူစွာ တပါးသော ရဟန်းရို့က။

အကြင်ရဟန်းရို့စွာ မြင်ကုန်၏၊ အကြင်ရဟန်းရို့စွာ ကြားကုန်၏၊ ထိုရဟန်းရို့က "အသျှင်စွာသာ အမျိုးရို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော ဝသီဟိ၏၊ အသျှင်၏ ယုတ်မာသော ဝသီရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာ ဒေကျောင်းတိုက်မှ ဖဲလားပါလီာ့၊ အသျှင့်အား ဒေကျောင်းတိုက်၌ နေခြင်းနန့် အကျိုးမဟိပါ"ဟုပြောရဖို့၊ ရဟန်းရို့က ဧပိုင် ဆိုအပ်ရေ် ထိုရဟန်းစွာ ရဟန်းရို့ကို "ရဟန်းရို့စွာဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ရဟန်းရို့စွာ ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ ရဟန်းရို့စွာမောဟာဂတိသို့လည်း လိုက်ကုန်၏၊ ရဟန်းရို့စွာ ဘယာဂတိသို့လည်း လိုက်ကုန်၏၊ ယင်းပိုင်သဘောဟိရေ အာပတ်ဖြင့် ရဟန်းတချို့ကို နှင်ထုတ်ကုန်၏။ ရဟန်းတချို့ကို မနှင်ထုတ်ကုန်'ဟုဆိုငြားအံ့။

ထိုရဟန်းကိုဟူစွာ ကံကို ပြုအပ်ရေ ထိုရဟန်းကို။

ရဟန်းရို့စွာဟူစွာ တပါးသော ရဟန်းရို့စွာ။


အကြင်ရဟန်းရို့စွာ မြင်ကုန်၏၊ အကြင်ရဟန်းရို့စွာ ကြားကုန်၏၊ ထိုရဟန်းရို့က "အသျှင်စွာ ဧပိုင် မဆိုပါလင့်၊ ရဟန်းရို့စွာ ဆန္ဒာဂတိသို့လည်း မလိုက်ကတ်ပါ၊ ရဟန်းရို့စွာ ဒေါသာဂတိသို့လည်း မလိုက်ကတ်ပါ၊ ရဟန်းရို့စွာ မောဟာဂတိသို့လည်း မလိုက်ကတ်ပါ၊ ရဟန်းရို့စွာဘယာ ဂတိသို့လည်း မလိုက်ကတ်ပါ၊ အသျှင်စွာသာ အမျိုးရို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသောဝသီဟိ၏၊ အသျှင်၏ ယုတ်မာကုန်သော ဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အသျှင်စွာ ဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ် ကုန်၏၊ အသျှင်စွာ ဒေကျောင်းတိုက်မှ ဖဲလားပါလီာ့၊ အသျှင့်အားဒေကျောင်းတိုက်၌ နေခြင်းနန့် အကျိုးမဟိပါ"ဟု ပြောဆိုရဖို့။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရဖို့၊ သုံးကြိမ်မြောက်လည်း ပြောဆိုရဖို့၊ အဂယင့်လို့ စွန့်ငြားအံ့၊ ဧပိုင် စွန့်ခြင်းစွာ ကောင်း၏၊ အဂယင့်လို့ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကြားပနာ မဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်ကုန်၏၊ ထိုရဟန်းကို သံဃာ့အလယ်သို့လည်း ခေါ်ဆောင်ပနာ "အသျှင်စွာ ဧပိုင်မဆိုပါလင့်၊ ရဟန်းရို့စွာ ဆန္ဒာဂတိသို့လည်း မလိုက်ကတ်ပါ၊ ရဟန်းရို့စွာ ဒေါသာဂတိသို့လည်းမလိုက်ကတ်ပါ၊ ရဟန်းရို့စွာ မောဟာဂတိသို့လည်း မလိုက်ကတ်ပါ၊ ရဟန်းရို့စွာ ဘယာဂတိသို့လည်းမလိုက်ကတ်ပါ၊ အသျှင်စွာသာ အမျိုးရို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော ဝသီဟိ၏၊ အသျှင်၏ယုတ်မာသော ဝသီရို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာဖျက်ဆီးအပ်ကုန်သော အမျိုးရို့ကိုလဲ့ မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်စွာ ဒေကျောင်းတိုက်မှ ဖဲလားပါလီာ့၊ အသျှင့်အား ဒေကျောင်းတိုက်၌ နေခြင်းနန့် အကျိုးမဟိပါ"ဟု ပြောဆိုရဖို့။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရဖို့၊ သုံးကြိမ်မြောက်လည်း ပြောဆိုရဖို့၊ အဂယင့်လို့ စွန့်ငြားအံ့၊ ဧပိုင် စွန့်ခြင်းစွာ ကောင်း၏၊ အဂယင့်လို့ မစွန့် ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ထိုရဟန်းကို ကကောင်း ဆိုဆုံးမရဖို့၊ ရဟန်းရို့ ဒေပိုင်ဆိုကေ ကကောင်း ဆိုဆုံးမရဖို့၊ တမွတ်ချင်းလိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။

၄၃၈။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေ မည်သောရဟန်းစွာ သံဃာက နှင်ထုတ်အပ်ရေ် ရဟန်းရို့ကို ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိဘယာဂအရို့သို့ ရောက်စီ၏၊ ထိုရဟန်းစွာ ထိုအယူကို မစွန့်၊ အဂယင့်လို့ သံဃာအားလျောက်ပတ်သော အခါဟိရေ ကံစွာ ဖြိုက်အံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ထိုအယူကိုစွန့်စီခြင်းငှါ ကကောင်း ဆိုဆုံးမရာ၏၊ ဒေကား သိစီခြင်းတည်း။

"အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သော ရဟန်းစွာ သံဃာက နှင်ထုတ်အပ်ရေ် ရဟန်းရို့ကို ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂအရို့သို့ရောက်စီ၏၊ ထိုရဟန်းစွာ ထိုအယူကို မစွန့်၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ထိုအယူကိုစွန့်စီခြင်းငှါ ကကောင်း ဆိုဆုံးမ၏၊ အကြင် အသျှင်အား ဒေပိုင်သော ရဟန်းကို ထိုအယူကိုစွန့်စီခြင်းငှါ ကကောင်း ဆိုဆုံးမခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင်အသျှင်အား ခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဒေအကြောင်းကို ပြောပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဒေအကြောင်း ကိုပြောပါ၏။ပ။

သံဃာစွာ ဒေပိုင်သော ရဟန်းကို ထိုအယူကို စွန့်စီခြင်းငှါ ကကောင်း ဆိုဆုံးမအပ်ပြီ၊ သံဃာအားခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေ ခြီရေအဖြိုက်ကို သိမှတ်ရပါရေ"ဟု (သိစီရဖို့)။


၄၃၉။ ဉတ်၏ အဆုံးမာ ဒုက္ကဋ်အာပတ် သင့်၏၊ ကမ္မဝါစာနှစ်ကြိမ်ရို့၏ အဆုံးမာ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ကမ္မဝါစာ၏ အဆုံးမာ သံဃာဒိသိသ်အာပတ် သင့်၏၊ သံဃာဒိသိသ်သို့ ရောက်သော ရဟန်းအားဉတ်၏ အဆုံးမာ ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်ရို့၏ အဆုံးမာ ထုလ္လစ္စဉ်းရို့စွာ ငြိမ်းကုန်၏။

သံဃာဒိသိသ်ဟူစွာ ထိုအာပတ်အတွက် သံဃာစွာရာကေ ပရိဝါသ်ကို ပီးရ၏၊ အရင်းသို့ငင်ရ၏၊ မာနတ်ကို ပီးရ၏၊ အဗ္ဘာန်သွင်းရ၏၊ နှစ်ပါးသုံးပါးစွာလိ့ကောင်း၊ ပုဂ္ဂိုလ်တဦးတစ်ယောက်စွာလိ့ကောင်း ပရိဝါသ်မပီးရ၊ အရင်းသို့ မငင်ရ၊ မာနတ် မပီးရ၊ အဗ္ဘာန် မသွင်းရ၊ ယင်းအတွက်နန့် "သံဃာဒိသိသ်"ဟု ဆိုအပ်၏၊ (သံဃာဒိသိသ်ဆိုရေ အဆိုစွာ) ထိုအာပတ်အပေါင်း၏့နာမည်ရာကေတည်း၊ ယင်းအတွက်နန့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။

၄၄၀။ ဓမ္မကံ၌ ဓမ္မကံဟု ထင်မှတ်ခြင်းဟိပြီးကေ မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားဟိပြီးကေမစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု ထင်မှတ်ခြင်းဟိပြီးကေ မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု ထင်မှတ်ခြင်းဟိပြီးကေ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၄၄၁။ ကကောင်း မဆိုဆုံးမအပ်ရေ ရဟန်း၊ (အယူကို) စွန့်သော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

တေရသမ ကုလဒူသကသိက္ခာပုဒ် ပြီး၏။


အကျိုင်းချုပ်ခေါင်းစိုင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၄၂။ အသျှင်ရို့ လွန်ကျူးဆဲတချက်ချေ၌ သင့်ရေ အာပတ် ကိုးပါး၊ သုံးကြိမ်ထိတောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမယပြီးနောက်မာ သင့်ရေ အာပတ် လေးပါးအနိန်နန့် တစ်ဆယ့်သုံးပါးသော သံဃာဒိသိသ်အာပတ်ရို့ကို သရုပ်အနိန်နန့် ပြဆိုအပ်ပြီးကေုန်ရာ၊ ရဟန်းစွာ ယင်း (တစ်ဆယ့်သုံးပါး) ရို့တွင် တပါးပါးသို့လည်း သင့်ရောက်ပနာ အကြင်မျှလောက်သော ရက်ရို့လုံးလုံး သိပျားကေ ဖုံးထား၏၊ ထိုမျှလောက်သော ရက်ရို့လုံးလုံး ထိုရဟန်းစွာ အလိုမဟိပဲနန့် ပရိဝါသ် နီရဖို့၊ ပရိဝါသ် နိန်ပြီးကေရေရဟန်းစွာ နောက်ထပ် ခြောက်ညဉ့်လုံးလုံး ရဟန်းရို့ ခြီမြတ်နိုးခြင်းငှါ မာနတ်ကျင့်ရဖို့၊ မာနတ်ကျင့်ပြီးရေ ရဟန်းကို ရဟန်းသံဃာနှစ်ကျိပ် အရီအတွက်ဟိရေ သိမ်၌ အဗ္ဘာန်သွင်းရဖို့၊ ရဟန်း သံဃာစွာ တပါးယုတ်သော နှစ်ကျိပ်ဖြင့်ကေလေ့ ထိုရဟန်းကို အဗ္ဘာန်သွင်းငြားအံ့၊ ထိုရဟန်းလည်း အဗ္ဘာန်သွန်းအပ်ရေ မမည်၊ ထို (အဗ္ဘာန်သွင်းသော) ရဟန်းရို့ကိုလဲ့ သရော်အပ်ကုန်၏၊ ဒေစွာကား ထို (သံဃာဒိသိသ်သင့်ရာ) ၌ လိုက်နာရဖို့ ဝသီတည်း။

ထိုသံဃာဒိသိသ် တစ်ဆယ့်သုံးပါးရို့မာ အသျှင်ရို့ကို မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါ၏လော၊ နှစ်ကြိမ်မြောက်လည်း မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါ၏လော၊ သုံးကြိမ်မြောက်လည်း မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါ၏လော၊ အသျှင်ရို့စွာ ဒေ (သံဃာဒိသိသ် တစ်ဆယ့်သုံးပါး) ရို့မာ အာပတ်မှစင်ကြယ်ကတ်ပါ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နေကတ်ကုန်၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေအာပတ်မှစင်ကြယ်ရေအဖြိုက်ကို သိမှတ်ရပါရေ။

တစ်ဆယ့်သုံးခု ပြီး၏။

ထိုတေရသကဏ် (သံဃာဒိသိသ်) ၏ အကျိုင်းချုပ် ခေါင်းစိုင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သုက်လွတ်ခြင်း၊ ကိုယ်လက်နှီးနှောခြင်း၊ ရုန့်ရင်းမှု၊ မိမိအလို့ငှါ ကာမဂုဏ်တောင်းခြင်း၊ အောင်သွီခြင်း၊ ကျောင်းအချေ၊ ကျောင်းကြီး၊ အခြီအမြစ်မဟိ၊

(တခုတစ်ရီ) ဆင်တူယိုးမှား၊ သင်းခွဲခြင်း၊ နောက်လိုက်တိ၊ ဆိုခက်ခြင်း၊ အမျိုး ဖျက်ခြင်း၊ ပေါင်းသံဃာဒိသိသ် တစ်ဆယ့်သုံးပါးရို့တည်း။

သံဃာဒိသိသ်အခန်း ပြီး၏။