ကုလားတန်မြစ်
ကုလားတန်မြစ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ယဉ်ကျေးမှု ထွန်းကားခရာ ရှိဟောင်းမြို့တော်ကြီးတိရေ ကုလားတန်မြစ်ခေါ် ကစ္ဆပနဒီမြစ်ဝှမ်းကို အမှီပြုပနာ ပေါ်ပေါက်ခကတ်ခြင်းဖြစ်ရေ။ ရခိုင်တိ၏ နောက်ဆုံးမြို့တော်ဖြစ်ရေ မြောက်ဦးမြို့တော်သို့ စစ်တွေမြို့မှ လားလာကေ ဒေမြစ်ကြောင်းလမ်းကိုပင် အသုံးပြုရရေ။
ဒေမြစ်ရေ ရခိုင်တိ၏အသက်သွီးကြောပင်။ သမိုင်းမှတ် တမ်းတိတွင် ကစ္ဆပနဒီဟူပနာတွိရရေ။ ကုလားတန်မြစ်ဟူပနာအမည်တွင်လာပုံနန့် ကစ္ဆပနဒီမြစ်ဟူပနာခေါ်ဝေါ်ကတ်ပုံမှာ စိတ်ဝင်စားဖွယ်ဖြစ်ရေ။ တခါက ကပိလဝတ်ပြည့်ရှင် မင်းသားတပါးရေ ကုလားတန်မြစ်ညာပိုင်းတွင် ရသေ့ရဟန်း ပြုနီရာမှ ထိုဒေသမှ တိုင်းရင်းသားအကြီးအကဲတစ်ဦး၏ သမီးနန့် လက်ဆက်ရေ။
တနိတွင် ရီကြီးလီရာ မြစ်အတွင်းသို့ နှစ်ဦးလုံး မျောပါလားခလီရေ။ ကျောက်တော်မြို့အနီး သေလာဂီရိတောင်နားအရောက်တွင် ကူးလာ ပြီး ရပ်တန့်မိကတ်ရေ။ ထိုဖြစ်စဉ်ကို အမှီပြုပနာ ကုလားတန် ဟု ခေါ်ကတ်ရာ နောင်တွင်ကာလရွိလျောပြီး ကုလားတန်ဟု ဖြစ်လာရေ။
ကစ္ဆပနဒီမှာမူ ပါဠိဝေါဟာရဖြစ်ပနာ လိပ်ကျောကုံးခွံသဏ္ဍာန် ရှိရေ မြစ်ဟု အဓိပ္ပါယ်ရရေ။ ဒေမြစ်၏မြစ်ညာပိုင်း ရီခမ်းရေရာသီတွင် ရီတိုက်စားပနာ ချောမွိပြောင်လက်နီ ရေ ကျောက်တုံးကျောက်ခဲတိမှာ စီရရီတွိမြင်ရစွာကို အစွဲပြုပနာ ကစ္ဆပနဒီမြစ်ဟု ခေါ်ရေလို့ဆိုရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊ မြောက်ဦးမြို့တော်-(p-12)