Jump to content

ကုလားပုန်းကျွန်း

ဝီကီးပီးဒီးယား က

ကုလားပုန်းကျွန်းစွာ ကုလားတန်မြစ်ဧ လက်ယာကမ်းတွင်ဟိရေ။ မြောက်ဘက်မာ ချောင်းဖလာကျွန်းဟိရေ။ ဒေကျွန်းနှစ်ကျွန်းကို ကုလားကျွန်းချောင်းက ပိုင်းခြာထားရေ။ ထိုချောင်းစွာ အနောက်ဘက်မာ ကုလားတန်မြစ်၊ အရှိဖက်တွင် ဆင်ခြံမြစ်ရို့ကို ဆက်သွီပီးထားရေ။ ကျွန်းဧအရှိဖက်တွင် ဆင်ခြံကျွန်း၊ တောင်ဘက်မြစ်လက်တက် တစ်ဘက်ကမ်းတွင် ပြားကျွန်းရို့ ဟိကတ်ရေ။ ထိုမြစ်လက်တက်ရေ မြောက်ကြောင်းလမ်းပင် ဖြိုက်ရေ။

မြောက်ဦးကောင်းစားစိုင်ကာလက မြောက်ဦးမြို့တော်စွာ ဒေကုလားပုန်းကျွန်းအထိ ကျယ်ခကြောင်းဆိုရေ။ မြောက်ဦးအဆုံး ကုလားပုန်း ဆိုပနာ စာချိုးတစ်ခု ကျန်ဟိနီပါရေ။

အဂုဒေကျွန်းတွင် ကုလားပုန်း၊ ဂျင်ချေ၊ နတ်ချောင်း၊ ရွာသစ်၊ ညောင်ပင်လယ်၊ ဇီးပင်ကြီး၊ ရဲဖျား၊ သာယာကုန်း စရေရွာတိဟိပါရေ။

ရဲဖျားစားစွာ ရက္ခိုင်နန်းတွင်းညီလာခံ တက်ခွင့်ရ အမတ် ၉၈-ပါးဝင်ဖြိုက်ခရေ။

ရာဇဝင်၌ ၁၇၆၉-ခုနှစ်မာ အနောက်ပြည်က မောင်းကွတ်ရို့ လာတိုက်ဖို့ဖြိုက်လို့ ကုလားပုန်း ဆားလင်းကန်အရပ်တွင် တပ်ကြီးတည်ပြီးကေ ကိုယ်ရံတော်ရို့ကို ချထားခကြောင်း ဖေါ်ပြထားရေ (စန္ဒ။ ၂း၂၇၁)။ ဆားလင်းကန်စွာ ကုလားကျွန်းချောင်း တနီရာရာမှာ ဟိခဖို့ထင်ပါရေ။ []

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။