ကောင်းကျော်ထင်ကျွန်း
ကောင်းကျော်ထင်ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကောင်းကျော်ထင်ကျွန်းစွာ ရမ်းဝကျွန်းဧ တောင်ဘက်မာ ကပ်ပြီးကေဟိကာ မြောက်ဦးမြို့တော်က အနောက်ဘက်ကို ခြောက်မိုင် ကွာဝီးရေ။ အရှိဖက်မာ လုလင်ကျော်ကျွန်းနန့် လက်ယာကျွန်းရို့ ဟိကတ်ရေ။ တောင်ဘက်မာ လက်ယာကျွန်း၊ ချောင်းဖလာကျွန်း၊ အနောက်ဘက်မာ ကုလားတန်မြစ်ရိုးရို့ ဟိကတ်ရေ။ ကဒဝ၊ စုပ္ပါ၊ ချရား၊ ဝက်မက္ကလာ၊တောဘွယ်၊ မညှင်းချောင်း၊ဘာညို၊ နကန်စရေ ရွာတိအဂု ပါဝင်ကတ်ရေ။
ကောင်းကျော်ထင်ကျွန်းမာ နှလုံးရည်ဟိကတ်တေ သူကောင်းမျိုးအမတ်ရို့ကို ကျေးစားပီခရေ အရပ်ဖြိုက်ရေ။ မင်းဇာယှင့်လက်ထက်က မဟာပညာကျော်စွာ နုစဉ်ဘဝက ဒေကျွန်းကို စားကျေးရခရေ။(စန္ဒ။၂း၅၉)။ မဒ္ဒရာဇ်မင်းလက်ထက် ကိုယ်ရံကြီးသား မြကျော်ဦးကို သမီတော် မြတ်ဘုန်းကြွယ် နန့်ပီးစပ်ပနာ သောင်းထီး၊ ကောင်းကျော်ထင် နန့် သူငယ်တော်ကျွန်းရို့ကို ကျေးစားပီးခရေ။(စန္ဒ။၂း၃၁၄)။ အဘယမင်းလက်ထက် ၁၇၄၅-ခုနှစ်မာ ကောင်းကျော်ထင်စားအား အနောက်ပြည်ကို စီလွှတ်ပနာ နယ်မြီတောင့်တင်းအောင် ဆောင်ရွက်စီခရေ။(စန္ဒ။၂း၃၁၄)။
အမတ်ကြီး စာဆိုရွှီသဲစွာ ဒေကျွန်းက မင်းတရားလမိုင်းတစ်ရွာကို စားကျေးရခရေ။(စန္ဒ။ ၂း၃၂၁)။ ဒေအချက်ကိုထောက်ကေ ဒေကျွန်းမာ ဘုရင်ပိုင် လယ်မြီတိဟိခကြောင်း ထင်ယှားပါရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။