ကောသိယသိက္ခာပုဒ်
၂-ကောသိယဝဂ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁-ကောသိယသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၄၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ အာဠဝီမြို့ အဂ္ဂါဠဝစာတီ၌ သီတင်းသုံး နေတော်မူသော အခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ ပိုးလုပ်သူရို့ပါးကို ချိုင်းကပ်ပနာ "ဒါယကာရို့ အများကြီးသော ပိုးကောင်ရို့ကို ပြုတ်ကတ်ဖိ၊ ငါရို့အားလည်း ပီးကတ်ဖိ၊ ငါရို့စွာလည်း ပိုးချည်နန့်ရောသော အခင်းကိုပြုလုပ်ခြင်းငှါ အလိုရှိကတ်ရေ"ဟု ဆိုကုန်၏။
ယင့်သူရို့စွာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ ငါရို့ပါးကို ချိုင်းကပ်ပနာ "ဒါယကာရို့ အများကြီးသော ပိုးကောင်ရို့ကို ပြုတ်ကတ်ဖိ၊ ငါရို့အားလည်း ပီးကတ်ဖိ၊ ငါရို့ စွာလည်း ပိုးချည်နန့်ရောသော အခင်းကို ပြုလုပ်ခြင်းငှါ အလိုရှိကတ်ကုန်၏"ဟု အဇာကြောင့်ဆိုကုန် ဘိသနည်း။ ငါရို့အားပင်လည်း လဘောဖြိုက်ကေို အရမတော်လေစွ၊ ငါရို့စွာပင်လည်း လဘောဖြိုက်ကေိုမကောင်းအနိန်နန့် ရအပ်လီရေ၊ ယင်း ငါရို့စွာ အသက်မွီးမှု၏ အကြောင်းကြောင့်လိ့ကောင်း၊ သား မယား၏ အကြောင်းကြောင့်လိ့ကောင်း ငယ်ကုန်သော အများကြီးသော ပိုးသတ္တဝါရို့ကို သတ်ဖြတ်ကတ်ရ စွာ"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော်ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း။
အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ ပိုးချည်လုပ်သူရို့ပါးကို ချိုင်းကပ်ပနာ 'ဒါယကာရို့ အများကြီးသော ပိုးကောင်ရို့ကို ပြုတ်ကတ်ဖိ၊ ငါရို့အားလည်း ပီးကတ်ဖိ၊ ငါရို့စွာလည်း ပိုးချည်နန့် ရောသော အခင်းကို ပြုလုပ်ခြင်းငှါ အလိုရှိကတ်ကုန်၏ဟု အဇာကြောင့် ဆိုကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကိုလျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာ ပိုးချည်လုပ်သူရို့ပါးကို ချိုင်းကပ်ပနာ 'ဒါယကာရို့ အများကြီးသောပိုးကောင်ရို့ကို ပြုတ်ကတ်ဖိ၊ ငါရို့အားလည်း ပီးကတ်ဖိ၊ ငါရို့စွာလည်း ပိုးချည်နန့်ရောသော အခင်းကိုပြုလုပ်ခြင်းငှါ အလိုရှိကတ်ကုန်စွာ'ဟု ဆိုကတ်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ "သင်ရို့စွာ ပိုးချည်လုပ်သူရို့ပါးကို ချိုင်းကပ်ပနာ ဒါယကာရို့ အများကြီးသော ပိုးကောင်ရို့ကို ပြုတ်ကတ်ဖိ၊ ငါရို့အားလည်း ပီးကတ်ဖိ၊ ငါရို့စွာလည်း ပိုးချည်နန့်ရောသော အခင်းကိုပြုလုပ်ခြင်းငှါ အလိုရှိကတ်ကုန်၏"ဟု အဇာကြောင့် ဆိုကတ်ကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၄၃။ "အကြင် ရဟန်းစွာ ပိုးချည်နန့်ရောသော အခင်းကို ပြုလုပ်စီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၁-ကောသိယသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၄၄။ အကြင်ဟူစွာ အကြင်သို့ သဘောဟိရေ။ပ။
ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။
အခင်း ဆိုစွာ မရက်ဘဲ ဖြန့်ပနာ ပြုလုပ်အပ်ရေ အခင်းတည်း။
ပြုလုပ်စီငြားအံ့ဟူစွာ ပိုးချည်မျှင် တစ်မျှင်လှောက်နန့်ကေလေ့ ရောပနာ ပြုလုပ်အံ့ ပြုလုပ်စီအံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင်စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ အခင်းစွာ ပိုးချည်နန့်ရောပနာ ပြုလုပ်စီအနိန်နန့် စွန့်ထိုက်ပါရေ၊ အကျွန်ုပ်စွာ ဒေအခင်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာဟု။ပ။ အသျှင်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၅၄၅။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားသူ၏ အကျိုးငှါ (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခြားသူစော် ပြုအပ်ပြီးကို ရပြီးကေ သုံးဆောင်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
၅၄၆။ ဗိတာန် 'ဘုံပိတ်' ကိုသော်လိ့ကောင်း၊ မြေအခင်းကိုသော်လိ့ကောင်း၊ တင်းတိမ် 'လန့်ဆန့်ကာ'ကိုသော်လိ့ကောင်း၊ ဘုံလျှို 'ဖုံ' ကိုသော်လိ့ကောင်း၊ ခေါင်းအုံးကိုသော်လိ့ကောင်းပြုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
ပဌမ ကောသိယသိက္ခာပုဒ် ပြီး၏။