ကော့စမွီကျွန်း
Ko Samui
เกาะสมุย | |
|---|---|
Island; City Municipality | |
| City of Ko Samui เทศบาลนครเกาะสมุย | |
Lipa Noi Beach | |
| Coordinates: Lua error in package.lua at line 80: module 'Module:ISO 3166/data/TH' not found. | |
| Country | Thailand |
| Province | Surat Thani |
| Government | |
| • Mayor | Ramnet Jaikwang |
| • Vice Mayor | Muensilp Poolsawat |
| Area | |
| • Total | ၂၂၈.၇ km2 (၈၈.၃ sq mi) |
| Highest elevation | ၆၃၅ မီတာ (၂၀၈၃ ပေ) |
| Lowest elevation | ၀ မီတာ (၀ ပေ) |
| လူဦးရေ (2017) | |
| • Total | ၆၇,၂၆၅[၁] |
| Time zone | UTC+7 (ICT) |
| Area code | (+66) 77 |
| Website | kohsamuicity.go.th |
ကော့စမွီကျွန်း စွာ ထိုင်းနိုင်ငံ အရှိဖက်ကမ်းရိုးတန်း အလွန်ဟိ ကျွန်းတကျွန်း ဖြစ်တေ။ ပထဝီဝင်အားဖြင့် ချွမ်ဖုံကျွန်းစုမာ တည်ဟိပြီး ဆူရတ်ဌာနီပြည်နယ်မာ ပါဝင်ရေ။ ၂၀၁၂ ခုနှစ်မာ ကော့စမွီ အား စည်ပင်သာယာ နယ်နိမိတ် အဆင့် သတ်မှတ်ပီးခပြီးကေ ဂုချိန်ခါမာ ဒေသမား ကိုယ်ပိုင်အုပ်ချုပ်ရီး ဟိရေ။ ကော့စမွီကျွန်းစွာ ၂၂၈.၇ စတုရန်း ကီလိုမီတာ (၈၈.၃ စတုရန်းမိုင်) ဟိသဖြင့် ထိုင်းနိုင်ငံမာ ဖူးခက်ကျွန်း ပြီးကေ ဒုတိယမြောက် အကြီးဆုံးကျွန်း ဖြစ်တေ။[၂]၂၀၀၈ ခုနှစ်မာ ကမ္ဘာလှည့် ခရီးသည် ၂.၇ သန်း လာရောက် လည်ပတ်ခရေ။ [၃]
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လွန်ခရေ ၁၅ရာစခန့်ကပင် ဒေကျွန်းမာ မလေးကျွန်းဆွယ်နန့် တရုတ်တောင်ပိုင်းမှ ပိုက်သေများအခြီချနီထိုင်ခကြောင်းတွိဟိရရေ။ ၁၆၈၇ခုနှစ် တရုတ်မြီပုံများမာ ပူလိုကော်နမ်နာမည်ဖြင့် ဖော်ပြထားရေကိုလေ့ တွိဟိရရေ။
စမွီဆိုရေ နာမည်ဧ့မူလအစကိုမသိရသိမ့်ပါ။ ယင်းစွာ 'ပင်လယ်ရာသီဥတု' ဟုအဓိပ္ပာယ်ရရေ Sanskrit- တမီးလ်စကားလုံး สมวย မှဆင်းသက်လာနှိုင်ရေ။ သို့မဟုတ် ယင်းစွာထိုင်းနိုင်ငံတောင်ပိုင်းမာ ต้นหมุย (နာမည်အပြည့်အစုံต้นสมุย) ဟု အများသိရေအပင်ဧ့ နာမည်မှ ဆင်းသက်လာနှိုင်ရေ။ တတိယဖြစ်နှိုင်ခြီမာ စမွီကျွန်းသို့ ရောက်ဟိခဲ့ဖူးရေ အစောပိုင်းဟိုင်နန်ကုန်စွာတိပါးက ဖြစ်နှိုင်ရေ။ ဟိုင်နန်တရုတ်ဘာသာစကားတွင် เซ่าบ่วย စွာ 'ပထမကျွန်း'၊ 'အတားအဆီး' သို့မဟုတ် 'ဂိတ်' သို့မဟုတ် စာသားအရ 'လှပရေကမ်းခြီ' ကိုဆိုလိုရေ။ ယင်းရို့အတွက် ထိုင်းနိုင်ငံနန့် ကူးလူးဆက်ဆံရာမာ ပထမဆုံးသော ဆိပ်ခုံဖြစ်တေအတွက်ယင်းနာမည်ဖြစ်လှာခပြီးကေ အချိန်ကြာလာရေနန့်တတူ สมุย ကိုပြောင်းလဲပါလတ်တေ။ လူတချို့က“ samui” ဆိုရေစကားလုံးစွာမလေးစကားလုံး saboey (သို့) 'လုံချုံရေခိုလှုံရာ' မှဆင်းသက်လာရေဟုယုံကြည်ကတ်တေ။ ဒေသီအိုရီတိထဲကဇာအခိုင်အမာအတည်ပြုချက်မျှမဟိပါ။ ကော့ ဆိုစွာမာ ထိုင်းဘာသာဖြင့် ကျွန်း ဆိုပနာ အဓိပ္ပာယ်ရရေ။
၂၀ ရာစုနှောင်းပိုင်းအထိ ကော့စမွီစွာထိုင်းနိုင်ငံပြည်မကြီးနန့်ဆက်သွယ်မှုနည်းပါးသောသီးခြားရပ်တည်နှိုင်ရေရပ်ရွာတခုဖြစ်ခရေ။ ၁၉၇၀ ပြည့်နှစ်အစောပိုင်းအထိကျွန်းစွာ လမ်းများမဟိဘဲ ကျွန်းတဖက်မှအရာတဖက်သို့ ၁၅ ကီလိုမီတာ (၉.၃ မိုင်) ဟိရေ ခရီးဖြစ်ပြီးကေ တောင်တန်းအလယ်ပိုင်းတောတောင်များတလျှောက်ဖြတ်သန်းလို့ တစ်နီကုန်ခရီးနှင်ရရေ။ ကော့စမွီကျွန်းဧ့ စီးပွားရီးစွာဂုချိန်ခါအဓိကကတော့ခါ အောင်မြင်သောခရီးလားလုပ်ငန်းထက်မာ ရပ်တည်နီစွာရာမက အုန်းနန့်ရော်ဘာတင်ပို့ခြင်းလည်း လုပ်ကိုင်ကတ်တေ။
စီးပွားရီးတိုးတက်မှုစွာသာယာဝပြောမှုရာမကကျွန်းဧ့ပတ်ဝန်းကျင်နန့်ယိုင်ကျေးမှုကိုပါကြီးမားရေပြောင်းလဲမှုတိဖြစ်စီခရေ။
အုပ်ချုပ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျွန်းဟိ ပထမဆုံးသော ဒေသန္တရအစိုးရအား ၁၉၅၆ခုနှစ်မာ ကျန်းမာရီးနန့် သန့်ယှင်းရီးခရိုင် တည်ဆောက်ရီးနန့်အတူ စတင်တည်ထောင်ခပြီးကေ ထိုဒေသပတ်ဝန်းကျင်တဝိုက်ကိုရာ တာဝန်ယူနိုင်ခရေ။ ၁၉၆၃မာ စမွီနန့် ပငန်းကျွန်းတိအားလုံးကို ဖုံးလွှမ်းတာဝန်ယူနှိုင်ရေအထိ ကျယ်ပြန့်လာခပြီး ထိုအချိန်အထိ ခရိုင်တခုအထဲသာတည်ဟိသိမ့်ရေ။ ၁၉၇၃ခုနှစ်မာ ကော့ပငန်းကျွန်းစွာ သီးသန့် ကျန်းမာရီးနန့် ရှင်းသန့်သောခရိုင် ဖြစ်လာခရေ။ ၁၉၈၁ခုနှစ်မှစတင်ပနာ ခရိုင်တခုလုံးအား တာဝန်ယူနိင်ရေ ကျန်းမာရီးနန့်ရှင်းသန့်သောခရိုင်ဖြစ်လာခရေ။
အရာခရိုင်တိအားလုံးပိုင် ကော့စမွီကျွန်းစွာလေ့ ၁၉၉၉ခုနှစ်မာ ဒေသန္တရခွဲမြူနီစပယ်တခုဖြစ်လာခရေ။ ၂၀၀၈ မာ ဒေသန္တရခွဲမြူနီစပယ် မြို့နယ် မြူနီစပယ်အဆင့်သို့ တိုးမြှင့်ပီးခပြီး ၂၀၁၂ခုနှစ်မာ မြို့တော်မြူနီစပယ်တခုအဖြစ်သို့ ပြောင်းလဲတိုးမြှင့်ပီးခရေ။
မြို့နယ်အား ပတ္တယားပိုင်ယင်းနည်းပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာပိုပြီးကေကြီးမားရေ အထူးစီမံအုပ်ချုပ်မှုဧရိယာအဖြစ်ပြောင်းလဲနိုင်ရီးအတွက် ၂၀၀၈ ခုနှစ်မှစပြီးကေ ဆွေးနွေးခကေလေ့၂၀၁၈ ခုနှစ်အထိဇာ အတည်ပြုခြင်းမျှ မဟိသိမ့်ချေ။
ပထဝီအနိန်အထား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ကော့စမွီကျွန်းစွာ ထိုင်းဂျိုင်တာလောင်မာ တည်ဟိပြီး ဆူရတ်ဌာနီမြို့ဧ့ အရှိမြောက်လက် ၃၅ကီလိုမီတာအကွာ ((9°N, 100°E) မာဟိရေ။ ချွမ်ဖုံကျွန်းစုမာ အထင်ရှားဆုံးကျွန်းတခုဖြစ်တေ။ ကျွန်းဧ့အကျယ်ဆုံးအမှတ်မှ တိုင်းတာရာမာ ၂၅ကီလိုမီတာ (၆မိုင်)ခန့် ကျယ်ပြန့်ရေ။ မြောက်ဖက်မာ လူနီထူထပ်ရေ အပန်းဖြီကျွန်းတိဖြစ်ကတ်တေ ကော့ပငန်းကျွန်း၊ ကော့တောင်ကျွန်းနန့် ကော့နောင်ရွမ် ကျွန်းတိဟိပါယင့်။ စမွီအရှိမြောက်ဘက် ဘန်းရက်နံဘေးမာ လူမနီရေ ကော့စွန်ခေါ်ရေ ကျွန်းငယ်တခုဟိပြီးး ချိုဝင် အရှိမြောက်ဖက်မာတဝတဝငယ်ရေ ကော့မက်လန် ကျွန်းသျှေဟိရေ။ တောင်ဖက်မာ ကော့သန်း နှင် ကော့မက်စမ်ကျွန်းများဟိပြီးး ယင်းကျွန်မာ လည်ပတ်စရာနီရာစိကေချေစီဟိကတ်တေ။ အနောက်ဘက် အင်တန်ဝီးဝေးမာ မူကော့အန်သောင်း အမျိုးသားဟင်းခင်းဟိပြီးး ကျွန်းပေါင်း ၄၄ ကျွန်းဖြင့် ဖွဲ့စည်းထားရေ။ ယင်းသို့ ရက်ချင်းပြန်ခရီးဖြင့် လားရောက်လည်ပတ်နှိုင်ရေ။
ကော့စမွီကျွန်းဧ့ အလယ်ပိုင်းမာ တောတောင်တိနန့် ပြည့်နက်နိန်ပြီးကေ ယင်းဧ့ အကြီးဆုံးတောင် ခေါင်ဖွန်မာ ၆၃၅မီတာ (၂၀၈၃ပေ) မြင့်ရေ။ အရာ ကုန်းနိမ့်ပိုင်းနန့် ကမ်းခြီတလျောက်အား လမ်းအမှတ် ၄၁၆၉ဖြင့် ဆက်သွယ်ထားပြီးသား အရှည်အားဖြင့် ၅၁ကီလိုမီတာ (၃၂မိုင်) ဟိပြီးး ကျွန်းအား ပတ်လို့ဖောက်လုပ်ထားရေ။ လမ်းအမှတ် ၄၁၆၉ နန့် ဆက်သွယ်ထားရေ အရာကွန်ကရစ်လမ်းမတိအားအသုံးပြုပနာ ကျွန်းပေါ်ဟိအရာနီရာတိသို့ ခရီးလားလာနှိုင်ရေ။
အနောက်ဘက် ကမ်းရိုးတန်းမာ ကျွန်းဧ့မြို့တော် နတ်ထွန်မြို့ဟိပြီးး လူနီအိမ်ရာများ၊ အစိုးရရုံးတိနန့်တတူ ယင်းကျွန်းဧ့ ကတို့ဆိပ်ကြီး ၅ခုအနက် အဓိကကတို့ဆိပ်၂ ခု အား တွိရရေ။ နတ်ထွန်စွာ ပိုက်လောင်းတိအတွက် အဓိက ဆိပ်ခုံဖြစ်ပြီးကေ ယာဉ်တိနန့် အရာကုန်ပစ္စည်းပို့ဆောင်ရီးအတွက် အခရာသော ဆိပ်ခုံဖြစ်တေ။ ဒေဒေသစွာ ကုန်းမကြီးနန့် အပါးဆုံးသောမြို့ဖြစ်ပြီးကေ အဓိကဆိပ်ခုံဟိရေအတက် စမွီဧ့အရေးပါသော စီးပွားရီးဒေသဖြစ်လာရေ။ တအောင့်လောက်ကဒေသမားအုန်းသီးလုပ်ငန်းအပေါ်မှီခိုမှုမှ ခရီးလားလုပ်ငန်းတိုးတက်မှုနန့်ဖွံ့ဖြိုးတိုးတက်မှုအပြင် လီဆိပ်ဧ့အရှိမြောက်ဘက်တည်နီရာနန့် တတူအကူးအပြောင်းစွာ ချိုဝင် (Chaweng) နန့် ဘိုဖွတ် (Bophut) ရို့မာစီးပွားဖြစ်လုပ်ငန်းများတိုးပွားလာစီရေ။
ရာသီဥတု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကော့စမွီကျွန်းစွာ အပူပိုင်း ဆာဗန်နား ရာသီဥတုအားပိုင်ဆိုင်းထားရေ။ ကျွန်းမာခြောက်သွိရာသီဟိပြီးးဖေဖဝါရီလမာတလပျမ်းမျှမိုးရီချိန် ၆၀ မီလီမီတာ (၂ လက်မ) အပူချိန်မာတနှစ်လုံးလုံး ၁၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နိန်ပြီးကေပျမ်းမျှအပူချိန် ၂၈ ဒီဂရီနီးပါးဟိရေ။ ရာသီဥတုစွာတနှစ်လုံးအတွက်နွီးထွီးပြီးစိုစွတ်ရေ။ Phuket နန့်ထိုင်းနိုင်ငံတောင်ပိုင်းဟိအရာဒေသတိနန့်နှိုင်းနိူင်းပါက Samui ဧ့ရာသီဥတုမာပိုပြီးကေခြောက်သွိစွာ (Samui စွာတနှစ်လျှင်မိုးရီ ၁,၉၆၀ မီလီမီတာရွာသွန်းစွာ၊ ဖူးခက်ကျွန်းမာ မိုးရီချိန် ၂,၂၂၀ မီလီမီတာ (၈၇ လက်မ) ရဟိရေ။ ဖူးခက်ဧ့ခြောက်သွိသောရာသီစွာခြောက်လမှသျှစ်လအထိကြာမြင့်ရေ။ စမွီမာကား မိုးရီးချိန် ၂၁၂ မီလီမီတာ (၈ လက်မ)အထက်ရဟိသော လမာ နှစ်လပဟိရေ။ အဆိုးရွားဆုံးမိုးရွာသွန်းမှုကိုအောက်တိုဘာနန့်နိုဗန်ဘာလများမာဖြစ်တေ။ အပူပိုင်းရာသီဥတုကြောင့်နှစ်တနှစ်လုံးလုံး မိုးရီရဟိရေ။ တခါရွာလျှင် မိနစ် ၂၀ မှ တနာရီလှောက်ဟိရေ။ တမ်းပလိတ်:Weather box
အုပ်ချုပ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကော့စမွီစွာ အမ်ဖိုး(ခရိုင်)တခုဖြစ်ပြီးကေ ဆူရတ်ဌာနီပြည်နယ်မား ပါဝင်ရေ။ ထိုခရိုင်အား ခရိုင်ခွဲ ၇ခု၊ အုပ်ချုပ်ရီးကျေးရွာ ၃၉ ခုရို့နန့် ဖွဲ့စည်းထားရေ။ ကျွန်းတခုလုံးမာ မြို့တော်စည်ပင်တခုဟိရေ။ အမ်သောင်း ကျွန်းစုအပါအဝင် နံဘေးအနားဟိ အရာကျွန်းငယ်တိအား အုပ်ချုပ်ရာမာလည်း တာဝန်ယူထားရရေ။ မူလက ဒေခရိုင်နန့် ကျွန်းတိအားလုံးစွာ ဆူရတ်ဌာနီပြည်နယ်ဧ့မာပါဝင်ရေ။ ကော့ပငန်းနန့်ကော့တောင်ကျွန်းများ ခရိုင်ငယ်(King amphoe) အဆင့်မှ ခွဲထွက်လားခကတ်ပြီးကေ ကော့ပငန်းကျွန်းအား ၁၉၇၀ခုနှစ် အောက်တိုဘာလ ၁ရက်မာ ခွင့်ပြုခရေ။ ၁၉၈၀ခုနှစ်အထဲ အမ်သောင်းခရိုင်ဧ့ အုပ်ချုပ်ရီးကျေးရွာနံပါတ်၇ စွာ ကော့ချောက်၊ ကော့နော့ဖောင် နန့် ကော့ ရီကန်ရို့အား ဒွန်းဆက်ခရိုင်မှ တာဝန်ခွဲယူရန် ပြန်ပနာသတ်မှတ်ပီးခပြီးကေ အဂုချိန်မာ ကျေးရွာနံပါတ်၁၁ အဖြစ်ဖွဲ့စည်းခကတ်တေ။
|
|
ပို့ဆောင်ဆက်သွယ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စမွီလီဆိပ်စွာ ဘန်ကောက်လီကြောင်းလိုင်းက တည်ဆောက်ခဲ့ရေ ကုပ္မဏီပိုင်လီဆိပ်ဖြစ်တေ။ ဒေလီဆိပ်အား ၁၉၈၉ခုနှစ်မာ စတင်တည်ဆောက်ခပြီးကေ ကုန်းတွင်းပိုင်းမှ ကော့စမွီသို့ ဝန်ဆောင်မှုပီးထားပြီး အဓိကအရေးပါရေ တခုတည်းသော လီကြောင်းလိုင်းဖြစ်တေ။ ဒေလီဆိပ်ပတ်ဝန်းကျင်မာ အုန်းပင်နန့်အရာသဘာဝပေါက်ပင်တိက ထုတ်လုပ်ရေ သဘာဝလီအီးစနစ်ကြောင့် ပရာဆတ် ပရဆတ်သောင် အိုစတ် လမ်းညွှန်မှုအောက်မာပတ်ဝန်းကျင်ဆိုင်ရေသက်ရောက်မှုအကဲဖြတ်ခြင်းဆုကိုရဟိခရေ။ ကော့စမွီလီဆိပ်အား အဖွင့်ပုံစံတည်ဆောက်ထားပြီးသား ထိုင်းရိုးရာပုံစံ ဗိသုကာတိနန့် နှီးနွယ်အောင် တည်ဆောက်ပီးထားရေ။ ၂၀၀၉ ခုနှစ်မာလီဆိပ်စွာ ခရီးသည် ၁.၃ သန်းနန့်လီယာဉ်တင်သင်္ဘော ၁၇,၇၀၇ ရို့ကိုကိုင်တွယ်ခရေ။ အဂုလီဆိပ်ကို Thai Airways International မှဘန်ကောက်သို့၊ Firefly လီကြောင်းလိုင်းတိကကွာလာလမ်ပူနန့် Penang လီကြောင်းလိုင်းတိနန့်စင်ကာပူ SilkAir ရို့ကထပ်မံ ၀ န်ဆောင်မှုပီးရေ။
စမွီမှဖူးခက်နန့်အရာ အခြားနီရာတိသို့ လီကြောင်းခရီးစဉ်တိလေ့ဟိရေ။ ၂၀၁၂ ခုနှစ်မာ ထိုင်းအစိုးရအနိန်နန့်လီဆိပ်ဈီးနှုန်းမြင့်မားခြင်းကြောင့်တိုင်မှုတိကြောင့် စမွီလီဆိပ်စွာ ဒုတိယဖြစ်လှာနှိုင်ရေဟုကြေညာခရေ။
ပြည်မကြီးနန့် ဆက်သွယ်ရန် ကားနန့် ခရီးသည်များတင်ဆောင်နှိုင်ရေ သင်္ဘောလိုင်းတချို့ဟိရေ။ ယင်း သင်္ဘောတိစွာ ဒွန်ဆက် ဆိပ်ခုံမှ အနောက်ဘက်ဟိကျွန်းဟိ ဆိပ်ခုံများဖြစ်ရေ လီပနွိုင်နန့် နတ်ထွန် ဆိပ်ခုံတိသို့ ဗြီးဆွဲပီးရေ။ ပြည်မကြီးသို့ သွားရေ အများပိုင်ယာဉ်တိအားလုံးစွာ နတ်ထွန်မြောက်ဘက်ဟိ ဘတ်စ်ကားဂိတ်အသစ်မှ စတင်ပနာ ဝန်ဆောင်မှုပီးရေ။ ပုဂ္ဂလိကပိုင် ဆောင်သွေး(နောက်ဖက်မာထိုင်ခုံနှစ်တန်းပါရေ ကားငယ်) ခေါ် အငှားယာဉ်ငယ်တိစွာ ဘတ်စ်ကားဝန်ဆောင်မှုပိုင် မြို့တလုံးလုံး ပို့ဆောင်ပီးနှိုင်ပြီး နိအချိန်မာ သတ်မှတ်ဈီးနှုန်းအတိုင်းဗြီးဆွဲပီးစွာ၊ စင်းပြတ်ငှားတက္ကစီတိလေ့ဟိပြီးခရီးအကွာအဝီးပေါ်မူတည်ပနာ သတ်မှတ်ဈီးနှုန်းအတိုင်း ကောက်ခံကတ်တေ။
ခရီးလားလုပ်ငန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကော့စမွီကျွန်းဟိ ခရီးလားလုပ်ငန်း ကျယ်ပြန့်လာရေအလျှောက် အပန်းဖြီစခန်းများ၊ ဘန်ဂလိုတိနန့် ပုဂ္ဂလိပိုင် ဗျိုင်းအိမ်ရာများ တိုးချဲ့တည်ဆောက်ပါလတ်တေ။ ဒေကျွန်းဧ့ ဟိုရေအခန်းစုစုပေါင်းမှ ၂၀၁၁ ခုနှစ်စာရင်းအရ ၁၇,၄၇၉ခန်းဖြစ်ပြီးကေ ၂၀၁၅ခုနှစ်မာ ၄၅၉ခန်း တိုးချဲ့ခရေလို့သိရရေ။ စျီးကွက်လိုအပ်ချက်အားတွက်ချက်ကြည့်ရာမာ အာသျှသား ခရီးလား မိသားစုတိက အများဆုံးဖြစ်ကေလေ့ ထိပ်ပိုင်းစျီးကွက်ကို ဂျာမန်၊ ယူကေနန့် ထိုင်းရို့က ရယူထားပြီးသား စုစုပေါင်းရှဲယာမာ ၂၇ ရာခိုင်းနှုန်းဟိရေ။ ဘန်ကောင်လီကြောင်းလိုင်းကလေ့ ယင်းရို့၏ လီယာဉ်တိကို ခေတ်မီစီရန်အတွက် အဲယားဘက်စ်လီယာဉ်သစ်များ၊ ပန်ကာလီယာဉ်ဖြစ်တေ အေအာတီ ၇၂ လီယာဉ်တိနန့် အဆင့်မြှင့်တင်ခရေ။ ၂၀၁၇ အထဲ ဒေကျွန်းစွာ နိုင်ငံခြားအာဂန္တုပေါင်း ၂.၅သန်းခန့် လက်ခံရဟိပြီး ၂၀၁၆ခုနှစ်က ၂.၃၄ သန်းခန့် ရဟိရေ။ ဗျိုင်းဟိုရေတိ၏အဆိုအရ ကော့စမွီကျွန်းသို့ ရာရောက်လည်ပတ်စွာ အာဂန္တုတိ၏ တယောက်လျှင် ပျမ်းမျှသုံးဖေသာ တနိလျှင် ဘတ် ၇၇၀၀၀ မှ ၈၂၀၀၀ ဟိရေဟူဧ့။
၂၀၂၀ ခုနှစ်အရ ထိုင်းလွှတ်တော်အထဲဟိ ဥပဒေပြုသူတိက နတ်ခွန်စီထမရတ်ပြည်နယ်နန့် စမွေ ချိတ်ဆက်ပီးဖို့ ၁၈ကီလိုမီတာအရှည်တန်းထားတစင်း တည်ဆောက်ရီးအား အလေးပီးဆွေးနွေးလားဖို့လို့ သိရရေ။ လွှတ်တော်အမတ်တိပြောဆိုရေမှ ဒေပရောဂျတ်စွာ ထိုင်တောင်ပိုင်းဧ့ စီးပွားရီးအား ပိုပြီးကေအားကောင်းလာစီဖို့လို့ဆိုရေ။ လက်ဟိဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာအား ဂုဏ်ပြုရေအနိန်နန့် ချန်အိုချ တန်းထားဟု အမည်ပီးမည်ဖြစ်ကြောင်း တင်သွင်းထားဧ့။
သဘာဝပတ်ဝန်းကျင် တိုးတက်မှုစီမံကိန်းတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကော့စမွေကျွန်းအား လာရောက်လည်ပတ်ရေ အာဂန္တုမာ တနှစ်လျှင် ၂,၇၀၀,၀၀ လှောက်ဟိရေ။ ။ ယင်းကိုစီမံခန့်ခွဲရန်အပန်းဖြီစခန်း၊ ဟိုရေ၊ ဗီလာ၊ စားသောက်ဆိုင်နန့်စက်ရုံတိုင်းရေယင်းရို့၏ မိလ္လာကန်စနစ်တိကိုထိန်းသိမ်းဖို့လိုအပ်ရေ။ လမ်းမကြီးမှစီးဆင်းလှာရေ မိုးရီအား စုဆောင်းရယူခြင်းလုပ်ငန်းစွာ ၂၀၀၇ခုနှစ်မာ စတင်ရေ အဓိကလမ်းမကြီး ပြန်ပနာရှင်သန်ရီးနန့်တိုးတက်ရီးစီမံကိန်းအထဲ ကျကျယ်ပြန့်ပြန်တိုးတက်လာယား ၂၀၂၀ခုနှစ်အထဲပြီးဆုံးမည်ဖြစ်တေ။ ဒေစီမံကိန်းစွာ ကျွန်းပတ်လည်အဓိကလမ်းမကြီးအား ပိုပြီးကေကျယ်ပြန်လာစီပြီး ခိုင်ခံရေ ဒုံနာပိုးရေ ကွန်ကရစ်လမ်းများ၊ လမ်းလျောက်စင်္ကြံလမ်းများ၊ ထပ်တိုးလာရေ လမ်းမီတိုင်းများ၊ ရေစုဆောင်းရေနီရာအစဟိစွာရို့ ပိုပြီးကေတည်ဆောက်နိုင်ခရေ။ ကော့စမွီကျွန်းမာ စီးဆင်းမိုးရီအား ပြန်ပနာပြုပျင်ရေ အဓိကစက်ရုံကြီး ၃ရုံ ဟိပြီးး ချိုဝင်၊ လမိုင်းနန့် မဲနမ်း ရို့မာတည်ဟိရေ။ ကျွန်းဟိ စက်ရုံ ဟိုရေနန့် နီအိမ်များမာ ကိုယ်ပိုင်မိလ္လာကန်စနစ်များ ဟိပြီးးဖြစ်ရေအလျှောက် ဒေစက်ရုံကြီးတိ၏ အဓိကလုပ်ငန်းမာ လမ်းမကြီးများဖီးမှစီးဆင်လာရေ စုဆောင်းရဟိလာရေ မိုးရီတိအား သန့်စင်ရန်ဖြစ်တေ။
အရာကျွန်းများဖြစ်ကတ်ရေ ကော့တောင်နန့် ကော့ပငန်းကျွန်းများမာ ကောင်းမွန်ရေ အခြီခံအဆောက်အဦးစီမံကိန်းနန့် ပြဋ္ဌာန်းချက်တိချို့တဲ့ခြင်းကြောင့် ပိုပြီးကေကြီးမားရေ ပြဿနာတိနန့်ရှိဆိုင်နီရရေ။ အရာကျွန်းများထက်မာ ယင်းပိုင် ရီသန့်စင်စက်ရုံများပိုပြီးကေဆောက်လုပ်ဖို့အစီအစိုင်စွာရန်ပုံဖေသာမလောက်ငှခြင်းကြောင့်ပြဿနာတိနန့် ရှိဆိုင်နိန်ရချိန် ကော့စမွေဧ့ ကောင်းမွန်သောအခြီခံအဆောက်အအုံတိက ပိုပြီးကေနှစ်သက်ဖွယ်ကောင်းစီရေ။
ပွဲတော်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ကျွဲတိုက်ပွဲတော်။ ။ ကော့စမွီဧ့ ကျော်ကြားသော ပွဲတော်တိထဲက တခုဖြစ်ပြီးကေ နှစ်သစ်ကူးနိနန့် သင်္ကြန်ရက်များမာ ကျင်းပရေ။ စပိန်ကျွဲတိုက်ပွဲတိနန့်မတူပဲ အန္တရာယ်ကင်းရေ။ ဒေပွဲတိကို ရှီးခေတ်ဓလိ့ထုံးတမ်းတိနန့်အခမ်းအနားတိအရကွဲပြားရေ။ ကျွဲတိကို ဖဲကြိုးတိနန့် ရွှီပိန်းချအရွက်တိနန့်တန်ဆာဆင်ထားရေ။ ပြိုင်ပွဲမစတင်မီ ဘုန်းတော်ကြီးတိက ကျွဲတိကို ပရိတ်ရေဖြန်းပက်ဖြန်းပြီး နှစ်ကြိမ်သာ ခတ်စီရေ။ အလောင်းအစားခြင်းစွာ ဒေဖြစ်ရပ်တိ၏ တစိတ်တပိုင်းဖြစ်ကေလေ့ ထိုင်းနိုင်ငံမာအလောင်းအစားခြင်းစွာတရားမဝင်ပါ။
- Samui Regatta: Samui Regatta စွာနှစ်စိုင်နှစ်တိုင်းကျင်းပသော ရွက်တိုက်ပြိုင်ပွဲဖြစ်တေ။ ယင့်ချင့်ပြိုင်ပွဲကိုနိုင်ငံတိုင်းမာသိပျားပြိုင်ဘက်များဖြစ်ရေ ဩစတြေးလျ၊ စင်ကာပူ၊ ဂျပန်နန့်တရုတ်နိုင်ငံတိက ပြိုင်ဘက်တိလေ့ လာရောက်နိူင်းပြိုင်ကတ်တေ။ ထိုပွဲကို ၂၀၀၂ ခုနှစ်မာစတင်ခရေ။
Ten Stars Samui အနုပညာပါတီ - အနုပညာချစ်သူတိ၊ ဒေသခံထိုင်းနန့်အပြည်ပြည်ဆိုင်ရေအနုပညာသျှင်တိနန့်သူရို့၏အနုပညာလက်ရာတိကိုတတူတကွပေါင်းစပ်ပီးရေအရာထခါယိုင်ကျေးမှုပွဲတခုဖြစ်တေ။ အပန်းဖြီစခန်းအမျိုးမျိုးနန့်အရာနီရာများမာကျင်းပသောနှစ်ပတ်လည် ဒေပွဲစွာ စမွေမာ အနုပညာအသိုင်းအဝိုင်းကိုတည်ဆောက်ရန်အဓိကထားပနာ အထူးအနုပညာသျှင်တိဧ့ တင်ဆက်မှုတိဖြင့် ကျင်းပပီးရေ။
- Samui Triathlon: အပြည်ပြည်ဆိုင်ရေ Triathlon Union စွာဒေပွဲကိုနှစ်စိုင်ကျင်းပရေ။ ဒေပွဲစွာကမ္ဘာတဝန်းမှသင်တန်းသားငါးရာကျော်ကိုသိမ်းသွင်းထားရေ။
- Koh Samui THA Midnight Run - Koh Samui Midnight Run စွာထိုင်းဟိုရေအစည်းအရုံး (THA) နန့် Ko Samui ဧ့ Thailand Association (TAKS) မှစီစိုင်သောပရဟိတလုပ်ငန်းတခုဖြစ်တေ။ ဒေချင့်စွာပုံမှန်ဆိုလို့ဟိကေမာ့ခ်ျလကျင်းပသောနှစ်စိုင်ဖြစ်ရပ်ဖြစ်ပါရေ။ တက်ရောက်သူ ၂၀၀၀ ကျော်ဖြင့်တတူ Samui နန့်ထိုင်းနိုင်ငံရို့မာအကြီးမားဆုံးအဗြီးပြိုင်ပွဲတခုဖြစ်တေ။ ပါဝင်သူတိစွာ ချိုဝင်(Chaweng) သဲပြင်ရှည်လမ်းများထက်မာ ၅ကီလိုမီတာ (သို့) ၁၀ ကီလိုမီတာအကွာအဝီးအထိပြေးရရေ။ ပထမဆုံးအဗြီးပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မာကျင်းပခရေ။
- Koh Samui (နှစ်ပတ်လည်ပွဲတော်) ကိုနှစ်စိုင် စတ်တင်ဘာလဒုတိယပတ်ပတ်လည်မာကျင်းပလိဟိရေ။ များရေအားဖြင့်ဆိပ်ခုံမြို့ဖြစ်ရေ နတ်ထွန်(Nathon) နန့် Chaweng ရို့မာဖြစ်တေ။ ဂီတပွဲများ၊ လက်မှုပညာပွဲများ၊ ထိုင်းယိုင်ကျေးမှုပြပွဲတိနန့်ကျွန်းဧ့အရှည်ဆုံးကမ်းခြီတလျှောက်မာတည်ဟိပြီးအခမဲ့ဘူဖေးတိနန့်လည်း ကျွေးမွီးရေ။ ကြီးမားလှရား ပွဲတော်ဧ့ အခမဲ့ညစာစားပွဲဟာ စတ်တင်ဘာ ၁၂ ရက် ၂၀၁၇ ခုနှစ်မာပြုလုပ်ခပြီး အကြီးမားဆုံးဘူဖေးပွဲအဖြစ် ဂရင်းနစ်စံချိန်ဝင်ခရေ။ ဒေပွဲစွာ စမွီဟိ ချိုဝင်သဲပြင်ရှည်တလျှောက် ၂.၅ ကီလိုမီတာရှည်ရေ။ ငါးရက်ကြာကျင်းပသောပွဲတော်စွာနှစ်စိုင်နှစ်တိုင်းကျင်းပလေ့ဟိပြီးး ၁၈၉၇ ခုနှစ်မာကျွန်းတည်ထောင်ခြင်းဧ့ ၁၂၀ နှစ်မြောက်အထိမ်းအမှတ်အဖြစ်စတင်ကျင်းပပီးခခြင်းဖြစ်တေ။
- Koh Samui အပြည်ပြည်ဆိုင်ရေ Podcast ပွဲတော် - အပြည်ပြည်ဆိုင်ရေ Podcast ပွဲတော်စွာ Chaweng ကမ်းခြီမာကျင်းပပြီး ၂၀၁၈ ပွဲတော်မာ ရာပေါင်းများစွာသောနိုင်ငံတိုင်းပရိသတ်ကိုသိမ်းသွင်းရေ။ Podcasts မျိုးစုံအား တင်ဆက်ပီးခပြီး ဩစတြေးလျ Logie ဆုရဟိသူ Dilruk Jayasinha ပါဝင်အစီအစိုင်မှူးလုပ်ပနာ The Dollop ဇာတ်လမ်းတွဲအားတင်ဆက်ပီးခရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "Population statistics 2017" (in Thai). Department of Provincial Administration. Archived from the original on 5 March 2021. Retrieved 2018-04-04.
- ↑ "Ko Samui". Tourism Authority of Thailand (TAT). Retrieved 14 February 2020.
- ↑ "Koh Samui opts for luring Thais as foreigners flee"၊ Bangkok Post၊ 19 August 2019။ 14 February 2020 တွင် ပြန်စစ်ပြီး။
- ↑ "Population statistics 2017" (in Thai). Department of Provincial Administration. Archived from the original on 5 March 2021. Retrieved 2018-04-04.