Jump to content

ကော့တောင်ကျွန်း

ဝီကီးပီးဒီးယား က
ကော့တောင် (Ko Tao)
เกาะเต่า
Subdistrict
Shark Bay, on the island's south side
Shark Bay, on the island's south side
ကော့တောင် (Ko Tao) is located in ထိုင်းနိုင်ငံ
ကော့တောင် (Ko Tao)
ကော့တောင် (Ko Tao)
Coordinates: 10°5′24″N 99°50′17″E / 10.09000°N 99.83806°E / 10.09000; 99.83806
နိုင်ငံထိုင်းနိုင်ငံ
ပြည်နယ်ဆူရတ်ဌာနီ
ခရိုင်ကော့ပငန်း
Area
  Total၂၁ km2 (၈ sq mi)
လူဦးရေ
  Total၁,၃၈၂
Time zoneUTC+7 (ICT)

ကော့တောင်ကျွန်းစွာ ထိုင်းနိုင်ငံပိုင် ကျွန်းတကျွန်းဖြစ်ပြီးကေ ချွမ်ဖိုကျွန်းစုဧ့ အစိတ်အပိုင်းတခုဖြစ်တေ။ ထိုင်းဂျိုင်တာလောင်(ပင်လယ်ကွေ့)ဧ့ အနောက်ဖက်မာ တည်ဟိရေ။ ကျွန်းအကျယ်အဝန်းမာ စတုရန်းကီလိုမီတာ ၂၁ကီလိုမီတာ ဟိရေ။ ဆူရတ်ဌာနီပြည်နယ် အမ်းဖိုးကော့ပငန်းဧ့ ခရိုင်ခွဲဖြစ်တေ။ ၂၀၀၆ခုနှစ် စစ်တမ်းတိအရ လူဦးရွီ ၁၃၈၂ ဦးခန့် နီထိုင်ရေ။ အဓိက လူနီထိုင်ရာဒေသမာ ဘန်းမဲဟတ် ဖြစ်တေ။[ကိုးကားချက်လိုပါရေ]

၂၀၀၈ ခုနှစ်မှစပြီးကေ သံသယဖြစ်ဖွယ် သို့ မဟုတ် မှုခင်းဆိုင်ရေ အခြီအနီများအောက်မာ သီဆုံးခရရေ ခရီးလား အာဂန္တု အနည်းဆုံး ၁၀ ဦးခန့်အား တွိဟိခရပြီးနောက်ပိုင်း ဒေကျွန်းနာမည်ကို "သီမင်းကျွန်း"ဟု မီဒီယာတိက ဖော်ပြကတ်တေ။[].

ဒေကျွန်းဧ့အဓိက စီးပွားရီးမာ ခရီးလားလုပ်ငန်းဖြစ်ပြီးကေ အထူးအနိန်နန့် ရီအောက်အဏ္ဏဝါလိလာရီးလုပ်ငန်း (Scuba diving) ဖြင့် ထင်ရှားရေ။

ကနဦးမာ ဒေကျွန်းမာ ဇာသူလေ့မနီထိုင်ချေ။ ကျွန်းပတ်ဝန်းကျင်ဒေသတိက ပိုက်ချသမားနန့် လောင်းတိရာ မုန်တိုင်းခိုရန် လာရောက်နီထိုင်ကတ်တေ။ အနောက်တိုင်း မြီပုံဆွဲသူတိနန့် ရီလမ်းသွားတိဧ့ ရှိဟောင်းမြီပုံများမာ ပူလို ဘာဒီယာ ကျွန်းအဖြစ် ရီးသားဖော်ပြထားပြီးသား မလအို-ပိုလီနီးရှားလူမျိုးများ ပထဦးစွာအခြီချနီထိုင်ကတ်ောင်း ညွှန်းဆိုထားရေ။ မြီပုံဟောင်းတိအရတောင်ဘက် - မြောက်ဘက်နန့်မချေကျွန်းဆွယ်ဧ့အရှိဖက်ကမ်းရိုးတန်းမာတည်ဟိပြီးကျွန်းသုံးကျွန်းဟိရေ။ ဒေကျွန်းတိထဲက မြောက်ဘက်အကျဆုံး နန့်အသီးငယ်ဆုံးနီရာမာ P. Bardia ဖြစ်ပြီးကေ ဒေနာမည်အား၁၉၀၀ ပြည့်နှစ်များအစောပိုင်းအထိအသုံးပြုခရေ။ ကောင်းဘီယက်မြီပုံသာဓကမာ ၁၇၀၁ ရက်စွဲပါ John Thornton ဧ့ တတိယမြောက်စာအုပ် "အိန်းဂလိချ်လီယာဉ်မှူး" မာ ဖော်ပြထားရေ်လည်း စယမ်းဂျိုင်တာလောင်(ပင်လယ်ကွေ့)မြီပုံစွာ ၁၆၇၇ ခုနှစ်ဝန်းကျင်ကပင် ဟိနီယားဖြစ်တေ။ ဝီလျံ ဒမ်ပီယာဧ့ အရှိအင်ဒီးစ်မြီပုံများ(၁၆၉၇ခုနှစ်) မာလည်းကြည့်ရှုနှိုင်ပါသိမ့်ရေ။ မျက်မှောက်ခေတ် တိကျမှန်ကန်မှုစံသတ်မှတ်ချက်အရ ထိုကျွန်းတိကို အစောပိုင်းမြီပုံများမာတိကျစွာနီရာချထားခြင်းမဟိပါ။ ၁၇ ရာစုရီကြောင်းလားလာမှုနန့်မြီပုံရီးဆွဲမှုစွာ ဒေဒေသအမာ လောင်ဂျီကျု ၁ ဒီဂရီ သို့ ရေမိုင် ၆၀ ခန့် တိကျရေ Backstaff ကိရိယာ အသုံးပြု ရီးဆွဲခကတ်တေ။ ၁၈၂၇ ခုနှစ်မာထုတ်ဝီခရေ (Edinburgh Gazetteer) သို့မဟုတ် ပထဝီဆိုင်ရေအဘိဓာန်စာအုပ်စွာ ဒေကျွန်းကိုဖော်ပြပြီးကေ ပထဝီအနိန်အထားကိုဖော်ပြရေ။ Narrative of a Residence in Siam စာအုပ်မာ ဘာဒီယာကျွန်းမာ လူနန့် တောရိုင်းတိရစ္ဆာန်များ အကြောင်းဖော်ပြထားရေ။ မှတ်တမ်းဧ့အဆိုအရ ကျွန်းဧ့အနောက်ဘက်ခြမ်း ပင်လယ်အော်ဟိ ရွာတရွာမာလယ်ယာမြီတိနန့်နများပင်ဟိရေဟူဧ့။ ဒေစာအုပ်မာ ဘာဒီယာ ကျွန်းဧ့ တဲတိနန့်အုန်းပင်တိကိုဖော်ပြသော ရုပ်ပုံများပါဟိရေ။ ၁၈၀၁ ခုနှစ်မာ ဂျိုးဇက်ဟတ်ဒတ်က ကျွန်းတိကိုလားလာရန်ဒေလမ်းညွှန်တိကိုထည့်သွင်းခရေ။ အနောက်မြောက်မာ ပူလိုကာနွန်နန့် အမြင့်တူရေ ကျွန်းနှစ်ဟိရေ။ ပထမကျွန်းအား စန်ကိုရီ ဟုခေါ်ပြီးကေ ၇ လိဂ်(၃မိုင်) ဒုတိယကျွန်းအား ဘာဒါ သို့မဟုတ် ဘာဒီယာ ဟုခေါ်ပနာ စန်ကိုရီမှ ၇ လိဂ်ခွဲ ခန့်မာ ဟိရေဟူဧ့။ (၁ လိဂ် စွာ လှောက်မှန်းချေ ရေမိုင် ၃ မိုင် သို့ ၅.၅ကီလိုမီတာ ဟိရေ) []

၁၈၉၉ ခုနှစ်ဂျုန်လ ၁၈ ရက်နိမာဘုရင် ချူလာလောင်ကွန်း စွာ ကော့တောင်ကျွန်း သို့လားရောက်ခပြီးကေ စိုင်လီ (Sairee) ကမ်းခြီနံဘေး ဂျော်ပေါခရာဝအော် ဟိ ကျောက်တုံးကြီးထက်မာသူ၏ ဘုရင့်တံဆိပ်တော် monogram ကိုသက်သီအဖြစ် ချန်ထားခရေ။ ဒေနိခေတ်ထိ ဒေနီရာအား လာရောက်ဖူးမြော်သူတိဟိရေ။

၁၉၃၃ခုနှစ်မာ နိုင်ငံရီးအကျိုင်းသားတိအား ဒေကျွန်းမာထားဟိရေ။ ၁၉၄၇ ခုနှစ် ခွန်အဖိုင်ဝေါင် နာမည်ဟိ ဝန်ကြီးချုပ်စွာ ကျွန်းဟိ အကျိုင်းသားအားလုံးအား တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပီးပြီးကေ လွတ်မြောက်စီခရေ။ ထိုအကျဉ်သားအားလုံးကို ဆူရတ်ဌာနီပြည်နယ်သို့ ခေါ်ဆောင်ခပြီးကေ ကော့တောင်ကျွန်းစွာလေ့ နောက်တကြိမ် စွန့်ပစ်ခြင်းခံခရရေ။

၁၉၈၀ ခုနှစ်မာ နိုင်ငံရပ်ခြား ခရီးလားများလာရောက်လည်ပတ်ရာမှ ခရီးလားဒေသအဖြစ်မမြန်ဆဆန်တိုးတက်ပါလတ်တေ။ ၁၉၉၀ ခုနှစ်များအတွင်းမှာ ရီအောက်အဏ္ဏဝါလိ့လာစရာနီရာအဖြစ် ထင်ရှားပါလတ်တေ။ [][]

ထိုင်းဂျိုင်တာလောင်(ပင်လယ်ကွေ့)ဟိ ကော့တောင်ကျွန်း

ဒေကျွန်းစွာ လိပ်စွန်နန့် ပြင်သာလိပ်စိမ်းတိ၏ အခရာက်စားရာနီရာဖြစ်တေ။ ခရီးလားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစွာ ထိုဂွက်တိ၏ကျန်းမာရီးကို ဆိုးကျိုးသက်ရောက်စီခရေ။ ယကေလေ့ ၂၀၀၄ ခုနှစ်မာ ထိုင်းတော်ဝင်ရီတပ်နန့် ဒေသခံရေအောက်လိလာရီးဆန်တာတိဧ့ညွန့်ပေါင်း KT-DOC ရို့မှစီစိုင်သောမွေးမြူရီးအစီအစိုင်စွာ ကျွန်းဧ့ဂေဟစနစ်သို့ ရာနန့်ချီသောလိပ်သားပေါက်များ ပြန်ပနာထည့်သွင်းပီးခရေ။

Chumpon Pinnacle စွာကျွန်းဧ့အနောက်ဖက်မာဟိရေရေငုပ်ရေနီရာတခုဖြစ်ပြီးကေ ရေငုပ်သူတိအတွက် ဝေလငါးမန်းနန့် ကျွဲငါးမန်း(Bull Shark)တိအားတိဟိရေ နီရာအဖြစ် ထင်ရှားရေ။ ယကေလေ့ပြီးခရေနှစ်ကပိုပြီးကေပူနွေးသောရေအပူချိန်ကြောင့် ကျွဲငါးမန်းအမြောက်အမြားစွာ ရေအေးရာဒေသတိသို့ပြောင်းရွိလားခကတ်တေ။ ဒေကျွန်းပတ်ဝန်းကျင်မာ သန္စွာကျောက်တန်းမျိုးစိတ် ၁၃၀ ကျော်နန့် ငတောက်တူမျိုးစု ၅၃ စုမှ သန္စွာကျောက်တန်းငါးမျိုးစိတ် ၂၂၃ ခု ကျက်စားနီထိုင်ဗျာယ်ဟိရေ။ ရီအောက်အဏ္ဏဝါလိလာရီးအဖွဲ့အစည်းတိ၏ အကူအညီနန့် ဒေသခံတိအား ပညာပီးလုပ်ငန်းများလုပ်ဆောင်နှိုင်ခရာ နှစ်စိကေချေအထဲ ရီအောက်အဏ္ဏဝါလိလာရီး အနေအခြီများ သိသိသာသာတိုးတက်ခရေ။ အယ်နီညိုရာသီဥတုအခြီအနီကြောင့်ရေပူနွီးလာသဖြင့် ကျွန်းနံဘေးဟိ ရီတိမ်ပိုင်းသန္စွာကျောက်တန်းများစွာဆုံးရှုံးခရေ။ ထိုအချိန်ကပင် အယင့်ယင် ပြန်ပနာနာလန်ထူနိုင်ဖို့ရီးအတွက် ကြိုးပမ်းခကတ်တေ။ အဂုအချိန်မာ ကော့တောင်စွာ ထိုင်းဂျိုင်တာလောင်(ပင်လယ်ကွေ့)ဧ့ ကောင်းဘီယက်သော ရီအောက်အဏ္ဏဝါလိလာရီးတချို့အတွက် ကောင်းဘီယက်နီရာဖြစ်တေ။ ကျွန်းထိန်းသိမ်းရီးအဖွဲ့ Save Koh Tao ဧ့အကူအညီနန့်ကျွန်းဧ့ပတ်ဝန်းကျင်ဆိုင်ရေပိုင်အလာများတိုးတက်ပါလတ်တေ။

ကမ္ဘာ့လူကြိုက်အများဆုံးရေငုပ်ရေနီရာတခုအနိန်နန့်ရေအလျောက် ရီအောက်လိလာရီးလုပ်ငန်းတိ၏ ဆိုးကျိုးတိစွာ ကော့တောင် ကျွန်းပတ်ဝန်းကျင်ဟိ သန္စွာကျောက်တန်းများရှင်သန်ရီးအပေါ်ဆိုးကျိုးသက်ရောက်လှာနှိုင်ရေအတွက် ပိုပြီးကေသထိထားကိုင်တွယ်နီရရေ။ သဘာဝအကြောင်းအချက်တိနန့် ပတ်ဝန်းကျင်အား အလွန်အကျွံအသုံးပြုခြင်းရို့ကြောင့် ဒရူပီလာ ခရုတိနန့် ပခြုပ်ကောင်များ အကောင်ရေတိုးတက်များပြားလာခြင်းကို မကြာခင်နှစ်များအထဲ တွိဟိခရရေ။ ၂၀၁၂ခုနှစ် ကျွန်းအတွက်အဏ္ဏဝါဇုန်ခွဲခြားသတ်မှတ်ခြင်းနန့်စည်းမျှိုင်းစည်းကမ်းတိကို ရီးဆွဲခပြီးကေနောက်ပိုင်းမာ ဒေသဆိုင်ရေဥပဒေဖြစ်လာခရေ။ ယကေလေ့စီမံခန့်ခွဲမှုတိုးမြှင့်ခြင်းဧ့အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုတိကိုအကောင်အထည်ဖော်ရန်မဟိသိမ့်ပါ။[]

ဝပ်ကော့တောင် ကျောင်း

ကျွန်းပေါ်ဟိခရီးလားလုပ်ငန်းနန့်ဖွံ့ဖြိုးတိုးတက်မှုကိုလွန်ခရေဆယ်စုနှစ်များစွာကတဆတ်ဆတ်တိုးတက်များပြားလာခရေ်လည်း အများပြည်သူဆိုင်ရေအခြီခံအဆောက်အအုံတိမာအလွန်နောက်ကျကျန်ရစ်ခရေ။ လျှပ်စစ်မီးနန့်ရီချိုရှားပါမုစွာ ပုံမှန်အခြီအနီဖြစ်ပြီးကေ လောက်ငှရေ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလေ့မဟိချေ။ ဒေကျွန်းထက်မာ နှစ်စိုင် အစိုင်အခဲနန့် အရည် စွန့်ပစ္စည်း တန်ချိန် ၄၂၀၀၀ ခနန့် ထုတ်လုပ်ရေ၊ ရလဒ်အနိန်နန့် စွန့်ပစ်အမှိုက်တန်ချိန် ၄၅၀၀၀လှောက်ဟိရေ အမှိုက်တောင်ကြီးတိအဖြစ် ဟိနီယား စွန့်ပစ်ပစ္စည်းစက်ရုံတိမာလေ့ အလုပ်မလုပ်ရေအနိန်အထားမာ ဟိနီရေ။

စိုင်ရီး ကမ်းခြီ
အပြာရောင် ပုလဲပေါက်များပါရေ လကျောက်

ထိုင်းနိုင်ငံဧ့ ခရီးလားအခန်းကဏ္ဍမာ ကော့တောင်ကျွန်းစွာ အထင်ကရနီရာတခုဖြစ်တေ။ ဘန်ကောက်ပို့စ် သတင်းစာက ဒေကျွန်းစွာ တနှစ်လျှင် ခရီးလား ၃သန်းမှ ၁၃၂၀၀၀ ခန့် လက်ခံရဟိရေဟု အတိအကျ မဆုံးဖြတ်နှိုင်ရေ ဖြစ်စီပနာမူ ခရီးလားအာဂန္တု အမြောက်အမြား လက်ခံရဟိရေမာ မုချအမှန်ဖြစ်တေ။

ကျွန်းဧ့ ရီအောက်အဏ္ဏဝါလိလာရီး(Scuba Diving) နန့် ရေပေါ်မျိုး လိလာရီးများ(Snorkeling) ၊ တောင်တက်ခရီးတိကြောင့် လူသိမျာထင်ရှားရေ။ ကမ္ဘာလှည့်ခရီးသည်တိအတွက်အကျော်ကြားဆုံးနီရာမာ ၁.၇ ကီလိုမီတာဟိရေအဖြူရောင်သဲပြင်ရှည်ဟိရေ အနောက်ဘက်ကမ်းရိုးတန်းဟိ စိုင်ရီးကမ်းခြီ (Sairee) ဖြစ်တေ။ ကျောက်တုံးကြီးတိနန့်အလယ်အလတ်ဘတ်ဂျက်အပန်းဖြီစခန်းတိနန့် စားသောက်ဆိုင်များပြန့်ကျဲစွာတည်ဟိရေ။ ကျွန်းဧ့တောင်ဘက်ဟိ ချလောက် ဘန်း​ခေါင် စွာ လူစုလူဝီးတိက ဝေးလို့ တိန်းစွာနီချင်သူတိအကြိုက် ရွီးချယ်စရာနီရာတခုအဖြစ် စွံလာရေ။ သစ်တောများအထဲနန့် ကမ်းခြီများထက်မာတည်ဟိနီကတ်ရေ နှမ်းဖတ်ကျောက်တောင်ကျောက်တုံးကြီးတိစွာ တောင်တက်သမားများစွာကို သိမ်းသွင်းနိန်ရေ။ ကော့တောင်မာ ရီအောက်အဏ္ဏဝါ စူးစမ်းလေ့လာစရာ နီရာ ၂၅ ခုကျော်ဟိရေ။

ကော့တောင်ကျွန်းစွာ ကော့စမွီနန့် ကော့ပငန်းကျွန်းရို့ထက် ဖွံ့ဖြိုးမှုအား နည်းကေလေ့ ဈီးအတော်အသင့်သင့်ရေ စကူးဘားဖုံးဆိုးဘီး (ရီအောက်အဏ္ဏဝါလိလာရီးသင်တန်း) သင်တန်းလက်မှတ်လိုရေအထူးအနိန်နန့်အသက်၂၀ကျော်ပတ်ဝန်းကျင် ဘူးသီးပိုးအိတ်ဆွဲခရီးလားများ(Backpacker) အတွက် အထူးရီပန်းစားလှရေ။ လွန်ခရေ (၂) နှစ်စွာကာလအထဲကျွန်းဧ့လူ ဦး ရေစာရင်းအရအသက်အရွယ်ကြီးလာစွာကိုတွိရရေ။ လွန်ခရေ (၁၀)နှစ်ကျော်က ကျွန်းသို့ပထမဆုံးအကြိမ်လာရောက်လည်ပတ်သူတိစွာစွာ ဂုချိန်ခါ ယင်းရို့၏မိသားစုတိနန့်တတူပြန်ပနာ လာရောက်လည်ပတ်တတ်ကတ်ရေ။

ယကေလေ့သော့ ၂၀၀၁၄ခုနှစ်မှစပြီးကေ လူသတ်မှုနန့် ကိုယ့်ကိုယ်ကိုယ့် သတ်သီမှုတိပါဝင်ရေ ခရီးလားများသီဆုံးမှု ဖြစ်စိုင်တိကြောင့် တချို့က ကော့တောင်ကျွန်းသို့ လားရောက်လည်ပတ်ခြင်းကို ယှောင်ရှားရန်အကြံပီးလာကတ်တေ။

ဒေကျွန်းသို့ လာရောက်လည်ပတ်ရေ ခရီးလားလူထုအား ဝန်ဆောင်မှု ပီးနှိုင်ဖို့အတွက် မြန်မာအလုပ်သမား ၃၀၀၀ မှ ၅၀၀၀ ခန့်အား ခန့်အပ်ထားရေ။ ထိုကျွန်းမာ နီထိုင်ရေ ထိုင်းမိသားစုအများစုစွာ ရီအောက်ငုပ်ခြင်းသင်တန်းကျောင်းတိ၊ အပန်းဖြီစခန်းတိနန့် ဘားများ ပိုင်ဆိုင်ကတ်တေ။ []

ခရီးလားယာဉ်အဖြစ် မော်တော်ဆိုင်ကယ်ကို အဓိကအသုံးပြုကတ်တေ။ ဇာပိုင်ပင်ဆိုစေ ခရီးလားများဟိရေ အဓိကနိန်ရာများမာ ထိခိုက်မှုတိ ဖြစ်စီရေ မော်တော်ဆိုင်ကယ်အား တာဝန်ယူမှုအပြည့်နန့် မောင်းနှင်ရန်လည်း ဆော်အော်ထားကတ်တေ။

မင်းလမ်းကြီး၊ ကော့တောင်

ကတို့လောင်း ကုမ္ပဏီတိမာ လုံပရာရ(Lomprayah)၊ စီးထရန်(Seatran) နန့် ဆောင်ဆမ်(Songserm) ကုမ္ပဏီရို့ ဖြစ်ကတ်ပြီး ကော့တောင်က

  • ဆူရတ်ဌာနီ သို့ (နိအချိန်မာ ၄နာရီခန့်၊ ညအချိန်မာ ၉ နာရီခန့်ကြာမြင့်)
  • ချွန်ဖို (နိအချိန် မာ ၁.၅-၃ နာရီခန့်၊ ညအချိန်မာ ၇ နာရီခန့် ကြာမြင့်)
  • ကော့စမွီ သို့ (လှောက်မှန်းချေ ၂.၅ နာရီခန့်ကြာမြင့်)
  • ကော့ပငန်း သို့ (လှောက်မှန်းချေ ၁.၅-၂နာရီခန့်ကြာမြင့်) စသည်အနိန်နန့် အသီးသီးပို့ဆောင်ပီးရေ။

ကတို့လောင်းအားလုံးစွာ ဘန်မဲ့ဟတ်မာ ဆိုက်ကပ်ရေ။ ခရီးချိန်မာ ကတို့လောင်းကုမ္ပဏီက အသုံးပြုရေ လောင်းအမျိုးအစားထက်မာ မူတည်ပနာ ကြာမြင့်ချိန် ကွာရေ။

ရီအောက်အဏ္ဏဝါလိလာရီး အခြီစိုက်နီရာပြ မြီပုံ

ကော့တောင်ကျွန်းမာ လီဆိပ်မဟိချေ၊ ယကေလေ့ မြန်နှုန်းမြင့် ကတ္တမာရန် (Catamaran ဆိုစွာမာ လောင်းငယ်နှစ်စင်းဧ့ တဖက်တချက်စီအား အလယ်ကိုယ်ထည်နန့် ချိတ်ဆက်ထားရေ လောင်းအမျိုးအစား) နန့် ကတို့လောင်း ကုမ္ပဏီများချိတ်ဆက်ထားရေ လီဆိပ် ၃ခုမာ လားရောက်စီးနင်းနှိုင်ရေ။

လီဆိပ်တိမာ

  • ချွန်ဖို လီဆိပ် (CJM)
  • ကော့စမွီလီဆိပ် (USM)
  • ဆူရတ်ဌာနီလီဆိပ် (URT) ရို့ဖြစ်ကတ်တေ။

ချွန်ဖိုသို့ ကတို့လောင်းဖြင့် လားရောက်ပြီး ယင်းကနိန်တဆင့် မီးရထား စီးနှင်နှိုင်ရေ။


  1. Mail, Pattaya (2020-06-16). "Whale Shark spotted at Koh Tao, island in the Gulf of Thailand". Pattaya Mail (in American English). Retrieved 2020-10-02.
  2. Thornton, John. "The English Pilot, the Third Book". Royal Museums Greenwich. Archived from the original on 3 May 2012. Retrieved 9 October 2020. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. The Edinburgh Gazetteer, or Geographical Dictionary:... London: Longman, Rees, Orme, Brown, and Green. 1827. p. 383. Retrieved 2015-01-04.
  4. Neale, Frederick Arthur (1852). Narrative of a Residence in Siam. London: Office of the National Illustrated Library. p. 120.
  5. Lamb, Joleah (2014). "Scuba diving damage and intensity of tourist activities increases coral disease prevalence". Biological Conservation 178: 88–96. doi:10.1016/j.biocon.2014.06.027.
  6. Campbell, Charlie (17 July 2015). "This Septic Isle: Backpackers, Bloodshed and the Secretive World of Koh Tao". Time. Retrieved 8 October 2017.