ကျိန်းကျွန်း
ကျိန်းကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျိန်းကျွန်းစွာ တောင်ဘက်ကျွန်း၏ အရှိဖက်တွင် ဟိရေ။ အဂုမင်းပြားမြို့အရပ် ဖြိုက်ရေ။ မင်းပြားမြို့စွာ ရှီးအခါက လက်ယာကိုးဆယ့်ကိုးမြို့စာရင်းဝင် တစ်ခု ဖြိုက်ရေ။ ကင်းအရပ်တစ်ခုလည်း ဟိခရေ။ မင်းပြားကင်းဟု တွင်ရေ။ ကျိန်းကျွန်းဟု တွင်ခြင်းကာ ကျိန်းတော်စာတီကို အစွဲပြုထားခြင်းဖြိုက်ရေ။ ကျိန်းတော်စွာ ရက္ခိုင်မွေတော်ငါးရပ်ဝင် တစ်ခုလည်းဖြိုက်ရေ။ လိုင်ဖင်းဟု တင်စားထားရေ။ မြောက်ဦးမြို့တော်ကို တည်ထောင်စိုင်က မြောက်ဦးကို တွဲရေ ကြိုးလေးသွယ်တွင် ကျိန်းတောင်လည်း ပါခရေ။ ကျန်သုံးခုမှာ ဦးရစ်တော်၊ ကျောက်တော်နန့် ဥဿလင်း ရို့ဖြိုက်ကတ်တေ။ မြောက်ဦး ဥပနိဿယျကျမ်း၌ ရက္ခိုင်ပြည်အတွက် အကျိုးဟိကြောင်း အစီအရင်တွင် ကန်ကြီးငါးကန်၌“ကျိန်းရမောင်ကန်လည်းပါခရေ။ ကျိန်းအရပ် ရမောင်မြစ်ကမ်းရှိ ကန်ဟု ဆိုလိုရေ။
မင်းဖလောင်းလက်ထက် မင်းပြားကင်းစားမှာ ဘုရင်မဏိသူဖြိုက်ရေ (စန္ဒ။၂း၁၃၆)
မင်းမတည်ပြည်မရပ်ကာလမာ ကျိန်းအနောက်အုန်းတာခေါင်းစွာ ရွှေတုံးညိုဖြိုက်ရေ။ တုံးညို၏ စွမ်းရည်သတ္တိကြောင့် နန်းတော်က ၄င်းကို ၁၇ဝ၃-ခုနှစ်မာ တန္တဗိုလ်မင်း ခန့် ထားခရေ (စန္ဒ။၂။ ၂၃၈)။ တန္တဗိုလ် ဆိုရေစကားစွာ ပါဠိသက်ဖြိုက်ပြီးကေ ကွပ်ညှပ်ဆုံးမရေတပ်မင်း ဟု အဓိပ္ပါယ်ရဟိရေ။ ယင်းနှစ် တော်စလင်းလတွင် ကျိန်းကျွန်းကျက်ဇရရွာကို ပုန်ကန်သူရို့က ဖျက်လေရေအခါ တန္တဗိုလ် မတ်က လားရောက်တိုက်ခိုက်ခရေ ဓါးမကျမြစ်စွာ လူသေကောင်ပြည့်လီရေ (စန္ဒ။၂း၂၃၈)။ ဓါးမကျ မြစ်မှာ တောင်ဘက်ကျွန်း၏ အနောက်ဘက်မြစ်ဖြိုက်ရေ။ အဂုစွန်ပုတ်မြစ်၏ အထက်ပိုင်းပင် ဖြိုက်ရေ။
တန္တဗိုလ်စွာ ကျိန်းတိုင်းမြို့တွင် အနေတိစွာ။ မြောက်ဦးထီးနန်းကို ၁၇၁ဝ-ပြည့်နှစ်မာ လုယူသူမဟိရေအခါ ၄င်းစွာ လားရောက်သိမ်းယူဖိ စန္ဒဝိဇယနာမည်နန့် နန်းတက်ခလီရေ (စိန္ဒ။ ၂း၂၄၃)။ သူ၏သားတော်တိစွာ ကျိန်းအရပ်ဇာအတိပင် ဖြိုက်ကတ်တေ။ သားတော်ငါးယောက်မှာ ဟာအာဂါ့အာဒါန်းရရေအခါ ကျိန်းအရပ်သို့ အပို့ခံရရား လွန်လီကတ်ရေ(ထို-၂၅၉)။ နရအဘယရာဇာ မင်းလက်ထက် ၁၇၄၈-ခုနှစ်မာ စန္ဒဝိဇယသားတော်နှစ်ဦး ဖြိုက်ကတ်တေ ပြလုနန့် ကြောင်ချီး ရို့စွာ ကျိန်းအရပ်က ချီလာရား နန်းတော်သို့ ဝင်ကာ ပုန်ကန်ခကတ်သိမ့်ရေ၊ယှူရေခကတ်ချေ (ထို-၂၆၂)။ ၁၇၇၈-ခုနှစ်မာ စန္ဒသတိဿရာဇာမင်းစွာ ရက္ခိုင်တောင်ပိုင်းသို့ တိုင်းခန်းလှည့်နီရာ ပုန်ကန်သူ ရို့က ခံတပ်သုံးတပ်ကိုတည်ခရေ ကျိန်းအရပ်တွင် ကံ့ကော်သစ်တပ်ရို့ကို တည်ခပြီးကေ ဘုရင်အပြန်ကို စောင့်နီခကတ်ရေ။ သို့ရာမာ ဘားပြိုတပ်ပြိုလီစွာနန့် ကံ့ကော်သစ်တပ်လည်း အပိုင်ပင် ပျက်လေလီရေ (စန္ဒ။၂း၂၈၆-၂၈၀)။
မြောက်ဦးခေတ် ကာကွယ်မှူစနစ်တွင် ကျိန်းအရပ်စွာ ကကောင်းအရီးပါခရေ အရပ်တစ်ခုအဖြိုက် သတ်မှတ်ခကတ်ရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။