ကျီးဖြူရွာ
ရခိုင်ကျီးဖြူသာခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](တန်းခိုးဆရာထွန်း၊ ရခိုင်သကြစ်-၁၂၈၂ ခုနှစ်မှာ စပ်ဆိုပါ၏)
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သုံးပါးမယေရတနာ၊ မြတ်ဆရာနှင့်၊ မာတာပီတ၊ ဂုဏ်ပေါင်းကဲလွန်၊ နှုံးမတန်အောင်၊ အနန္တကို၊ ကန်တော့သုံးလီ၊ ထုံးကေသီမှာ၊ သရဘီစံကား၊ နန်းဂေါ်သဇင်၊ ပန်းတော်၀င်သို့၊ ဆင်ပန်ထားမှ၊ ဥာဏ်သွားလည်းထက်၊ ရှိအဆက်က၊ ဆန်းလက်လာငြား၊ လူကြီးများရို့၊ ပြောဟောတိုင်မူ၊ အရေးယူ၍၊ ကျီးဖြူ၀တ္ထု၊ ရှိဖြစ်မှုကို၊ ယခုတဖန်၊ စပ်ကာရံဖြင့်၊ အကျွနုပ်သည်၊ ရှိလွန်လီကေ၊ သက်သီထုံးကို၊ ကုံးလိုက်မည်က၊ သပြီလက်ယာ၊ မြီမျက်နှာတွင်၊ အောင်ချာပူရ၊ ထီးနန်းတည်၍၊ ဌာနီချကေ၊ အဋ္ဌ၀လာ၊ မြို့ပြည်ရွာကို၊ တည်ခါကာလ၊ မြီ၀သုန်မှာ၊ ပစ္စုန္နလျှင်၊ သွန်းချဖြိုးဖြိုး၊ ၀ရဇိနျလေ၊ ထိန်ကာကြိုးလို့၊ မိုးကြီးသျှစ်ခါ၊ ရွာခြင်းရာကြောင့်၊ တွင်ခေါ်နာမ၊ နဂရကို၊ အဋ္ဌ၀လာ၊ တွင်တုံပါ၍၊ ဗြမ္မာသက္က၊ အသမ္ဘိန်လေ၊ နရိန္ဒဟု၊ နာမတွင်ငြား၊ ထိုးမင်းဖျားလျှင်၊ တရားလျှော်ရာ၊ များပြည်သူကို၊ ထီဖြူမိုးကေ၊ စိုးစိုင်ခါ၌၊ မြို့ရွာအနား၊ လယ်ချောင်းထွန်၍၊ လုပ်ကြံစားကေ၊ မယားနှင့်လင်၊ သူရို့တွင်၌၊ ချစ်ကြင်မညီး၊ အသီးသီးကေ၊ သမီးကများ၊ သားမရတတ်၊ မြင့်တာရှည်လေ၊ နီပြန်လတ်က၊ နောက်ထပ်မကြာ၊ ချစ်သမီးကေ၊ အထွီးမှာက၊ ရုပ်ဝါရူပ၊ လှလည်းလှလို့၊ မြကုံးစိန်ကုံး၊ ပုလဲကုံးကေ၊ ရွေးလုံးအသွင်၊ မိနှင့်ဘရို့၊ စိတ်ကထင်၍၊ ခေါ်တွင်တသီး၊ ကြင်မညီးကေ၊ သမီးသက်နှံ၊ ရုပ်ပိုင်းပြင်မှာ၊ ရွှင်ပြုံးပြုံးနှင့်၊ စိတ်ကုံးတံဟု၊ ဘုန်းကံကကြီး၊ ချစ်သမီးမှာ၊ ရင့်သီချိန်လှောက်၊ လောကီအနွယ်၊ ဂေါရီမေလေ၊ အရွယ်ရောက်လို့၊ ဆံတောက်လှလှ၊ နောက်ကချကေ၊ ကာလသမီး၊ မိဘထံမှာ၊ လှစံသီက၊ မကြီးမငယ်၊ တင့်အတယ်လျှင်၊ လရွယ်တက်စ၊ တနိသ၌၊ မိဘနှစ်ပါး၊ သမီးများနှင့်၊ စောစောမိုးထက်၊ ထမင်းချက်လို့၊ ကျက်ကတ်တုံပြီး၊ အသီးသီးလျှင်၊ သမီးမိဘ၊ ဂေါင်းချင်းဆုံးကေ၊ စားတုံကြလို့၊ ကိစ္စပြီးခါ၊ နှမ်းတဖျာကို၊ လှမ်းကာလည်းထား၊ စိန်ကုံးတံဟု၊ လှစံသီးကေ၊ သမီးအားလျှင့်၊ မှာထားသည်မှာ၊ ဤနှမ်းဖျာတွင်၊ စောင့်ကာနီငြား၊ ဂြိုးဇရက်နှင့်၊ ကျီးငှက်များကို၊ မစားခင်ဖြစ်၊ နားလျှင်လိုက်၍၊ မေချစ်နီကေ၊ ရပ်ကိုလည်လို့၊ သူငယ်တခြား၊ တော်လျှော်ရာမှာ၊ အဘော်များဖြင့်၊ ကစပ်ပြီးထွေ၊ မနီလီကဲ၊ ညနီချမ်းခါ၊ တောကလာသော်၊ စားငှာမညီး၊ ချစ်သမီးဘို့၊ သစ်သီးပန်းမှန်၊ အီးချိုရသာ၊ ပြန်လာပါကေ၊ ငါရို့မိဘ၊ သမီးလှဖို့၊ ဆွတ်ခမည်ဟု၊ မှာပေတုံပြီး၊ အသီးသီးကေ၊ မိဘနှစ်ပါး၊ သမီးများနှင့်၊ စားရန်သောက်ရန်၊ အတံတံကို၊ ရှာကြံလိုခြင်း၊ ကျန်မကြွင်းအောင်၊ ဟင်ခူးထင်းခြွီး၊ တောမြိုင်ခြီကို၊ လားသည်ကာလ၊ စိန်ကုံးတံဟု၊ အတန်ကြီးကေ၊ သမီးလှကို၊ မိဘမှာထား၊ အပျင်းလည်းဖြေ၊ ညမင်းသျေလျှင်၊ မေကစပ်လို့၊ နီငြားကာလ၊ ရှိဘ၀က၊ မိဘသားချင်း၊ တ၀မ်းတွင်း၌၊ မောင်ရင်းနှမ၊ ဖြစ်ဘူးကြသည်၊ မဏ၀နတ်သား၊ ထိုကြောင်းအင်ကို၊ သိမြင်ငြားက၊ ထင်ရှားမယေ၊ မစ, ရန်ကို၊ ကြံတော့သည်လေ။.။ ကြံတုံလီကေ၊ ရံရွယ်ဖြစ်ငြား၊ ယခုဆိုလေ၊ ထိုနတ်သားမှာ၊ ထံပါးငါးရာ၊ အရံပါနှင့်၊ ဖန်ကာလုပ်ငြား၊ လွန်ဆန်းပြားကေ၊ ကျီးသားငါးရာ၊ ထိုနှမ်းဖျာမှာ၊ နားလာတုံကျင်၊ မစားခင်လျှင်၊ မေမြင်သောခါ၊ ကစပ်ရာက၊ ဟောကာလည်းနှင်၊ ထိုခါတွင်၌၊ ယခင်နတ်သား၊ အနည်းငယ်လေ၊ ရွီးချယ်ငြားလို့၊ စားပါရစီ၊ ဆိုတုံလီကေ၊ နည်းငယ်ကိုထား၊ တလုံးပင်လေ၊ ၀ငျမစားစကဲ့၊ စကားဆိုခါ၊ ကျီနတ်သားမှာ၊ ပြောခြင်းရာကား၊ ရုပ်ဝါလှပ၊ မစားစီချင်၊ ငါရို့ကိုနှင်သည်၊ နှမ်းသျှင်မလေ၊ မစားရကျင်၊ ငရို့လျှင်လေ၊ ငြိုငြင်ဒုက္ခ၊ မဟုတ်လှပါ၊ ကျီးမတကောင်၊ စိမ်းညိုရောင်မှာ၊ ဆောင်သည့်ကိုယ်၀န်၊ ပဋိသန်လျှင်၊ ဟိပြန်ခြင်းရာ၊ ရင့်တုံပါ၍၊ အာသာဆန္ဒ၊ နှမ်းကိုမြင်ကေ၊ စားချင်လှလို့၊ တောင်းရသည်သာ၊ ဆိုသောခါလျှင်၊ ဖျာမှာဟိဖွယ်၊ တစိချေသာ၊ စားပါလီဆို၊ ထိုကျီးညိုရို့၊ ဖျာကိုမမြင်၊ ထိုခါတွင်၌၊ ၀ငျကာလညျးနား၊ လှမ်းသည့်ဖျာမှာ၊ ငါးရာစားကေ၊ တနားလောက်ကြာ၊ ကုန်သောခါလျှင်၊ ကုမ္မာရီရွယ်၊ ထိုမိငယ်က၊ ကြည့်လီတုံကျင်၊ ကုန်သည်မြင်သော်၊ ရင်ကိုထုခတ်၊ မိဘရောက်ခါ၊ ငါ့ကိုသာလျှင်၊ များစွာသတ်မည်၊ ငိုတုံပေက၊ ထိုသည်များစွာ၊ ကျီးငါးရာလျှင်၊ ကြာနာသနား၊ နှုတ်ချိုသံနှင့်၊ ဆိုစကားမှာ၊ ပျိုချောနှမ၊ ညှိုးကာပိန်၍၊ စိုရိမ်နှောင်းကေ၊ မကြောင်းကြနှင့်၊ အဘသတ်လျှင်၊ မိရင်ခွင်ကို၊ ၀ငျကာလညျးပွီး၊ မိမာတာလျှင်၊ နာကြင်လတ်အောင်၊ သတ်ကာဆီးလည်း၊ မေကြီးမေငယ်၊ ပကတိကေ၊ ဟိပါရေဝါ၊ တဇာတန္တိ၊ အစ်မကြီးငယ်၊ လှသက်ဝေရို့၊ သတ်သည်ဟိက၊ အမိမောင်ကြီး၊ အသီးသီးကေ၊ ၀ရီးဆှီမြိုး၊ နွယ်အရိုးဟု၊ အဘိုးအဘောင်၊ အင်အားထောင်၍၊ စုံအောင်ပြီးလည်း၊ များထိုထိုရို့၊ ဆိုညှဉ့်ဆဲကေ၊ အိုလည်နှမ၊ မကြောင်းကြနှင့်၊ နာမမချို့၊ တောရိပ်မြိုင်လေ၊ ဂနိုင်မြို့ဟု၊ ငရို့နီရာ၊ ကျီးဖြူရွာကို၊ လာပါလတ်ဆို၊ လှမေပျိုက၊ ငိုယိုပြောကာ၊ မောင်ရို့ရွာလျှင်၊ ဇာမှာဟိသည်၊ စုံတစိမျှ၊ မသိချေဘဲ၊ လာမည်အရေး၊ နှမသက်နှံ၊ စိန်ကုံးတံမှာ၊ အလွန်ခဲဟု၊ ငိုမြဲငိုကာ၊ ဆိုပါလီကေ၊ ငါရို့ရွာပြည်၊ မသိချေသော်၊ လာမည်ကြောင်းလမ်း၊ ခရီတိုကေ၊ ထိုစခန်းကို၊ မှာတန်းနှင့်သည်၊ အဂယောင့်ငိုကေ၊ မေပျိုဖျန်းကို၊ ညွှန်းလိုက်မည်ကား၊ ဤသည်ပြည်ရွာ၊ မြောက်မျက်နှာက၊ ထွက်ခွာမနီ၊ လားတုံလီက၊ သိစီကြောင်းရီး၊ လမ်းဖုံဖုံမှာ၊ လူကြုံမိန်းလို့၊ ခရီးဇင်္ခါ၊ ယင်းမှာကျွဲကျောင်း၊ ဆိတ်နွားကျောင်းရို့၊ လမ်းကြောင်းတလျှောက်၊ တစခန်းကို၊ လှမ်းလို့ရောက်က၊ တယောက်သက်နှံ၊ စိန်ကုံးတံမှာ၊ တန်းခွန်လှပ်လှပ်၊ လီသွတ်သွတ်နှင့်၊ ဇရပ်ကေသာယာ၊ ကျီးဖြူရွာလျှင်၊ ဇာမှာဟိသည်၊ လှမေပျိုမှာ၊ သိလိုရေနှင့်၊ မိန်းပါလီလေ၊ မိန်းလီသောခါ၊ ကျွဲနွားကျောင်းရို့၊ လမ်းကောင်းရာကို၊ ညွှန်ပါလိမ့်မည်၊ ငါရို့နီကေ၊ မြိုင်ခြီသာယာ၊ ကျီးဖြူရွာကို၊ မေသာမယေ၊ လိုက်လာရန်ကို၊ ညွှန်းကာပြောကေ၊ မှာထားရေလေ။ ။
ကုန်အောင်ပြောကေ၊ စကားခြင်းရာ၊ ကျီးမောင်တော်လျှင်၊ မှာသည်အရ၊ ဆွီမျိုးညာတကာ၊ ဟိလီရာကို၊ ခေါ်ပြီးမှလျှင်၊ မိဘအိမ်မှာ၊ တိုက်ခန်းသာ၌၊ ကုလာကာခြင်ထောင်၊ လုံအောင်ကွယ်ကာ၊ ပချုပ်ဖါကို၊ အုပ်ကာမြှင့်လို့၊ ဖွင့်လီပါကေ၊ ရတနာကိုးမျိုး၊ တပြောင်ပြောင်လေ၊ အရောင်ထိုးလို့၊ အဘိုးထိုက်၀န်၊ ရလီပြန်ကေ၊ အလွန်၀မ်းမြောက်၊ မိဘမျိုးဆွီ၊ အစိုင်ကြွယ်ကေ၊ ရွှီပင်ပေါက်သို့၊ တယောက်မကျန်၊ သင့်လောက်တန်အောင်၊ အမွန်ရတနာ၊ ပီးဝီခြမ်းလို့၊ နှမ်းတဖျာကြောင့်၊ ချမ်းသာသုခ၊ လောကဓံမှာ၊ ခံစားရကေ၊ ဓနရွှီငွေ၊ စိန်ကုံးတံမှာ၊ ကံအကျိုးကြောင့်၊ တမျိုးကြွယ်လို့၊ ထို့နှယ်ပမာ၊ ထိုမြို့ရွာမှာ၊ သညာနာမ၊ အညတ္တဖြင့်၊ မိဘနှစ်ပါး၊ လင်းမယားမှာ၊ သည်းကြားရင်သွီး၊ ချစ်မညီးကေ၊ သမီးရတနာ၊ မိသီတာကို၊ ခေါ်ဝေါ်နာမ၊ မေဝံဂအား၊ တေလီဗီစံ၊ ကောင်မွန်ရသာ၊ တောင်းပန်ခါတွင်၊ တဖျာသောနှမ်း၊ လှမ်းကာစောင့်ထား၊ မိဘနှစ်ဖြာ၊ အိမ်ဂေဟာက၊ လယ်ယာလားက၊ ကျီးသားငါးရာ၊ စားပြီးခါမှာ၊ ခြင်းရာစကား၊ ရှိပမာသို့၊ အမှာထားလို့၊ နှစ်ပါးမိဘ၊ ရောက်တုံလီသော်၊ မေဝံဂကို၊ သတ်ကြသောခါ၊ ကျီးဖြူးရွာသို့၊ လျှင်စွာမယေ၊ လားတုံလီကေ၊ လမ်း၀ယ်တွိငြား၊ ရှိအလားသို့၊ ကျွဲနွားထိန်းကျောင်း၊ တွိသောသူလေ၊ လူအပေါင်းကို၊ အကြောင်းမိန်းမူ၊ ရှိနည်းတူလျှင်၊ ကျီးဖြူစောင့်ထား၊ နွားကျောင်းသားရို့၊ ပြောငြားတုံ့ပြန်၊ စိန်ကုံးတံသို့၊ မခံသည်းညှဲး၊ သူရို့ကိုလေ၊ ဆိုကာဆဲလို့၊ မိန်းမြန်းကာလ၊ ပြောသမျှကို၊ ဒေါသမာန်ပါ၊ မခံသာအောင်၊ နှုတ်လျှင်ကြမ်းတန်း၊ မေဝံဂကေ၊ မိမ္မသွန်းမှာ၊ လမ်းကိုလျှေက်ကာ၊ ကျီးဖြူရွာကို၊ ရောက်ခါကာလ၊ ရွှီလှေကနှင့်၊ တက်ထတကေ၊ ငွေလှေကနှင့်၊ တက်ပမည်လား၊ မိန်းသည်ကာလ၊ ရွှီလှေကကို၊ ရမှတက်မည်၊ ဆိုတုံပေက၊ ရွှီငွေကိုကာ၊ ထိုအခါ၀ယ်၊ သိုကာထားလို့၊ သစ်သားလှေက၊ ဝံဂမေမှာ၊ တက်လီရလို့၊ ထက်မှာရောက်ခါ၊ ရှိပမာသို့၊ အိပ်ရာသဘောက်၊ စားသောက်သမျှ၊ စိန်ကုံတန်ယောင်၊ မိန်းပြန်ကြသော်၊ ဝံဂမေမှာ၊ ရွှီကိုသာလျှင်၊ ဆိုကာလည်းပြော၊ ထိုစကားကြောင့်၊ သစ်သားကရိယာ၊ တန်းဆာများနှင့်၊ ထားလီပါကေ၊ ရှည်ကြာတွက်စစ်၊ ခုနှစ်ရက်လျှင်၊ မှတ်ပိုက်နီကာ၊ လားမည့်ခါတွင်၊ ဘူးဖါအကြီး၊ သူနှင့်လျှော်အောင်၊ ထည့်ကာပီးလို့၊ ရှိနည်းတူစွာ၊ အရာရာကို၊ မှာကာလည်းထား၊ လမ်းစပ်ကြားမှာ၊ စကားကိုမိ။ပချုပ်ဖါကို၊ အသာမြှင့်ကေ၊ ဖွင့်မကြည့်ကဲ့၊ ဖီးတွိတတ်သည်၊ ဝံဂမေကို၊ မှာပေတန်တန်၊ မိဘထံကို၊ ပြန်ကာလားရာ၊ ကျွဲနွားကျောင်း၍၊ မတွိပါကေ၊ ကွယ်ကာလည်းနီ၊ မိဘထံကို၊ ပြန်လာမြောက်ကေ၊ ရောက်လီတုံရေ။ ။
ရောက်တုံလီကေ၊ ထိုသည်အခါ၊ မျိုးဆွီညာကို၊ ခေါ်ဝေါ်တုံပြီး၊ အသီးသီးကေ၊ မောင်ကြီးမောင်ငယ်၊ ချစ်ကြိုးသွယ်သည်၊ အစ်မေအစ်မ၊ ချစ်မညီးကေ၊ ရောက်မခဲအို၊ မျောက်သားဆိုကေ၊ ထိုထိုအကြီး၊ ၀ရီးကစ၊ မိကြီးတွင်ကေ၊ ရီးသျှင်မနှင့်၊ ဘောင်မအဘိုး၊ နွယ်အရိုးဟု၊ ဆွီမျိုးခုနှစ်ဆက်၊ သူရို့နီကေ၊ နီအိမ်ထက်မှာ၊ အုပ်ကျက်များစွာ၊ ရောက်သောခါလျှင်၊ လှောင်ကာအတွင်း၊ အထဲခန်းမှာ၊ နွားများစွာကို၊ ခြံမှာသွင်းသို့၊ ဂြင်းဂြင်းဂြိတ်ဂြိတ်၊ တန်းခါးစုံကို၊ အကုန်ပိတ်လို့၊ ထဲစိတ်၀မ်သား၊ ပချုပ်ဖါကို၊ ထိုခါမယေ၊ ဝံဂမေလျှင်၊ ဖွင့်ပေသောခါ၊ လှောင်၍ပါကေ၊ များစွာသောင်းသဲ၊ ပချုပ်ဖါခေါ်၊ ဘူးအထဲက၊ မြွီပွီးမြွီဟောက်၊ အဆိပ်တောက်ကေ၊ ငန်းပြောက်ငန်းမြွီ၊ ငန်းသခြွီရို့၊ အစွယ်မြမြ၊ ကြောက်ဖွယ်ကောင်းလျှင်၊ ပေါက်လီကြကေ၊ ထပြီးမလွတ်၊ ကျိတ်ကျက်ခတ်လို့၊ ပိတ်လတ်သာကျင်၊ အထဲတွင်လေ၊ မျက်မြင်ဆင်းရဲ၊ တယောက်ထက်တွင်၊ တယောက်တင်ကေ၊ မှောက်လျှင်လဲလို့၊ သဲသဲရုံးရုံး၊ တထဲလုံးကေ၊ ပြုန်းပြင်ဆံခတ်၊ ငါးများဖျင်လေ၊ ၀ငျသညျ့မွုံးမှာ၊ ရုံးမလွတ်သို့၊ သက်ပြတ်ဇီဝေ၊ ဝံဂမေလေ၊ အဆွီအမျိုး၊ နွယ်အရိုးဟု၊ ဘီးဘိုးအလုံး၊ ယာခွတ်ပိုင်ချောင်၊ အစိုင်ပြုန်းလို့၊ ဤထုံးဤပုံ၊ အလုံးစုံကို၊ အာဂုံညာ၀က၊ ခပ်သိမ်းသူရို့၊ ပြုတုံကြလို့၊ လောဘတရား၊ မလိုက်စားနှင့်၊ မိုက်မှားတတ်သည်၊ ပဌမပြောကေ၊ မ္မိငယ်မှာ၊ တည်ကြည်သဘော၊ ရို့သောအားကြောင့်၊ စားသောက်မကုန်၊ စည်းစိမ်ဟုန်နှင့်၊ ပြည့်စုံသုခ၊ ခံစားရလို့၊ မိဘမျိုးဆွီ၊ ကြွယ်သည်မက၊ စိန်ကုံးတံမှာ၊ ရှိကံမလို့၊ အဋ္ဌ၀လာ၊ တိုင်းအောင်ချာကို၊ အာဏာစိုးချုပ်၊ များပြည်သူကို၊ မပူရအောင်၊ ကြက်မအုပ်သို့၊ သမုတ္တနတ်၊ လေးကျွန်းပတ်သည်၊ မန္ဓာတ်ပမာ၊ မြတ်ရာဇာဟု၊ ဗြဟ္မာသက္က၊ နာမတွင်ခြင်း၊ ဖြူထီးရိပ်ခို၊ စောဘုန်းမိုလေ၊ ထိုသည်မင်းလျှင်၊ သတင်းစကား၊ ကြောင်းခြင်းရာကို၊ ကောင်းစွာကြားက၊ ရထားမြင်းဆင်၊ ရွှီထမ်းစင်နှင့်၊ တင်ခီရမည်၊ မိန့်မှတ်ပေကေ၊ မတ်ငယ်မတ်ကြီး၊ အသီးသီးရို့၊ မှုတ်တီးကရိယာ၊ အဖြာဖြာကေ၊ ဒူရိယာကားပါး၊ တံတျာကေ၊ သံသာများက၊ မိဖုရားတန်းဆာ၊ ကမ္ဗာနှင့်၊ ဒွါဒရာမျိုးမျိုး၊ ပန်းစုံခြယ်ကေ၊ ရွှီးခါးကြိုးက၊ ဆံထုံးဆချပ်၊ လနှင့်နီယောင်၊ စိန်နကပ်နှင့်၊ ဘယပ်လည်းဆွဲ၊ ကျောက်မျက်ရွှဲကေ၊ ပုလဲမုတ္တာ၊ ရတနာလေ၊ တန်းဆာစုံလင်၊ ရွှီထမ်းစင်မှာ၊ ယူတင်တုံပြီး၊ မူးမတ်ကြီးရို့၊ မင်းသမီးဟန်၊ စိန်ကုံးတံကို၊ ခြွီရံများစွာ၊ အိမ်ဂေဟာတွင်၊ တန်းဆာလည်းဆင်၊ ရွှီထမ်းစင်နှင့်၊ ဆောင်တင်ပြီးထွေ၊ တောင်နန်းလယ်မှာ၊ မဟေထွဋ်ထား၊ ပြည်ကြီးသျှင်မှာ၊ တင်မြှောက်စားလို့၊ မိဖုရားအစစ်၊ စိန်ကုံးတံမှာ၊ ကံအကြောင်းကေ၊ ဟောင်းအသစ်ကြောင့်၊ ဖြစ်ရတုံလီ၊ ဆင်ခြီဆုံးလို့၊ ထုံးသက်သီလျှင်၊ လွန်လီရှိက၊ စိန်ကုံးတံနှင့်၊ မေဝံဂကို၊ ဓမ္မသံဝေ၊ အကြောင်သူရို့၊ ယူကာဆကေ၊ ရကတ်စီလေ။ ။
ဤလည်လည်ကေ၊ ဤလည်ယခု၊ ဤဆင်ခြီလေ၊ ဤ၀တ္ထုကို၊ စပ်ပြုကာကုံး၊ ဖတ်ရှုစိငှာ၊ သာခြင်းစီကေ၊ သက်သီဆုံးလို့၊ နိဂုံးချုပ်မည်၊ အတီတေကေ၊ လွန်လီရှိခါ၊ ဖြစ်ပျက်ပါသည်၊ များစွာထုံးပုံ၊ အလုံးစုံကို၊ အကုန်အစင်၊ မသိကျင်လည်၊ ယခင်ရှိက၊ လူ့ဝေါဟာလေ၊ ပေါရဏဖြင့်၊ ပြောကြသီးသီး၊ နမူနာလေ၊ ယူကာမှီးလို့၊ သက်ကြီးစကား၊ ဆက်ကာသွယ်ကေ၊ သက်ငယ်နား၌၊ ကြားရဖန်ဖန်၊ ဖြစ်ပျက်ဟန်လေ၊ ပုံစံနည်းနာ၊ ရှိအထက်က၊ ဆင်းသက်လာကေ၊ ခုခါသမယ၊ ခေတ်ကိုချသော်၊ ကာလအလျှောက်၊ ရှိထုံးပုံလေ၊ လုံးစုံပျောက်လို့၊ မလျှောက်မပတ်၊ တလိုင်းဟံသာ၊ တိုင်းမြန်မာက၊ ပေါ်လာလတ်ကေ၊ ပြဇာတ်တေးအုပ်၊ ပုံနှိပ်ထုတ်လို့၊ ကြှနျုပျရို့နီ၊ ရခိုင်ပြည်တွင်၊ နယ်ပယ်နှံစပ်၊ အရပ်ရပ်၌၊ ဖတ်ရွတ်များစွာ၊ လားလီရာမှာ၊ ကြော်ကာကျွီးလို့၊ တေးကဗျာကို၊ တရွာတဇာတ်၊ တရပ်တဆိုင်း၊ အမျိုးမတူ၊ ရို့ပြည်သူမှာ၊ လူအရိုင်းသို့၊ သိုင်းဟန်ယိမ်းဟန်၊ ဘုန်းကြီးပျံမှာ၊ ထုံးစံယွင်းကွက်၊ ရှိအဆက်လျှင်၊ ပျက်သည်မက၊ တချို့နီကေ၊ ရပ်ဒေသ၌၊ ဝံသနွယ်ရိုး၊ ဘီးအဘိုးရို့၊ အမျိုးမမှန်၊ ယုတ်ညံပြန်၍၊ တိရိစ္ဆာန်တမျှ၊ လိမ္မာသူသည်၊ မဟိပေကေ၊ ရပ်ဒေသ၌၊ မိမ္မတောင်ပင်၊ က တုံကျင်၍၊ အမြင်ဆိုးလွယ်၊ ရို့ထုံးစိုင်လေ၊ ရခိုင်မျိုးရိုး၊ ရိုးအနွယ်လျှင်၊ ပျောက်ကွယ်မတတ်၊ ဟိပြန်လတ်လို့၊ နိပါတ်ရာဇ၀င်၊ စုံအလင်ကေ၊ ပုံပြင်စုရုံး၊ ကဗျာစီကေ၊ စာစီကုံးလို့၊ ရှိထုံးရှိစံ၊ အတန်တန်တွင်၊ လိပ်ကမ္ဘာမ၊ မရီးမတ်ရို့၊ နီးစပ်ကြသည်၊ မတ်လှမင်းဖြူ၊ ဇမ္ဗူ၀တ္ထု၊ သာခြင်းစီဗျာ၊ ဆင်ခြီတမ်းကေ၊ လွမ်းအနုနှင့်၊ ယခုတမူ၊ ရှုမျှော်သူရို့၊ ကျီးဖြူတခန်း၊ ဤကဗျာလေ၊ သာခြင်းဆန်းကို၊ ကျမ်း၌မလာ၊ စာမှာမဟိ၊ ပါဠိမရ၊ သို့ပါသော်လည်း၊ ပေါရဏဟု၊ ရှိကထုံးဟောင်း၊ မပျောက်ကောင်းကေ၊ အကြောင်းထောက်ကာ၊ ဤကဗျာကို၊ စီခါတွက်စစ်၊ ရက်လနှစ်ကား၊ သက္ကရာဇ်ကောဇာ၊ ထောင်နှစ်ရာနှင့်၊ ဖြောင့်စွာတွက်ရွီ၊ ဂဏန်းခြီလျှင်၊ သျှစ်ဆယ်နှစ်ခု၊ မိုး၀သန်နှင့်၊ ဟေမာန်လုလို့၊ ရတုမာသ၊ တချို့မှာလေ၊ နတ္တော်လနှင့်၊ တချို့ကေသော်၊ တန်းဆောင်ဘုန်းဟု၊ သမုတ်ကာဖြင့်၊ ခေါ်ဝေါ်တုံကြ၊ ရွာတရွာတွင်၊ နှစ်ဝါဒနှင့်၊ ဆန်းစငါးရက်၊ ညာမှောင်နက်၌၊ တွက်ကာတွက်ကာ၊ ထွန်းဆရာလျှင်၊ ရွာနတ်ဆိပ်တွင်၊ စာပီသင်လို့၊ စီရင်ကုံးလုပ်၊ ဤထုံးပုံလေ၊ ကုန်ကာဆုံးကေ၊ နိဂုံးချုပ်လို့၊ စာအုပ်ကိုပို့၊ ထက်နတ်ပြည်သို့၊ စစ်တွေမြို့မှာ၊ လူရို့ခေါ်တွင်၊ ကျောင်းတက်လမ်း၌၊ ဆန်းလသွင်သို့၊ ပေါ်ထင်ထွန်းသစ်၊ အက္ခရာစုံ၊ စက္ကြာယုံသို့၊ ပုံနှိပ်တိုက်က၊ ရိုက်နှိပ်လိုက်သည်၊ ရွှီပြည်သူရို့၊ ၀ယ်ယူလတ်ကေ၊ ဘတ်ကတ်လီလေ။ ။ ။