ကျောက်ပန်းဒူကမ်းခြီ
ကျောက်ပန်းဒူကမ်းခြီရေ ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုဒေသ မောင်တောမြို့ဧ့ အရှိတောင်ဘက် ၃၂ မိုင်ခန့်အကွာ၊ ဘူးသီးတောင်မြို့ဧ့ အနောက်တောင်ဘက် ၃၆ မိုင်ခန့်အကွာတွင် တည်ဟိရေ အထင်ကရ ကမ်းခြီတစ်ခုဖြစ်ရေ။ ယင်းကမ်းခြီဟိ ကျောက်ဆောင်ပုံစံရေ တစ်ချိန်က အဖိုးသျှင်အဘောင်သျှင်တိ ဆီးရွက်ကြီးထည့်ပြီးကေ သောက်ရေ ပန်းဒူ (ပန်းဒူ) ပုံစံမျိုး တည်ဟိနိန်ပြီးကေ ကျောက်ပန်းဒူကမ်းခြီဟု ခေါ်တွင်ရခြင်းဖြစ်ရေ။ ဒဏ္ဍာရီလာ ရာမ၊ လက္ခဏရာဇဝင်တိနန့်အတူ ဟိခရေ ကမ်းခြီလည်းဖြစ်ရေ။ ကမ်းခြီဧ့ သဘာဝအလှတရား သဘာဝ ကျောက်ဆောင်အများကြီးရို့က ထိုကမ်းခြီကို ဆွဲဆောင်ထားပြီးကေ ဖြားတက်လာကေ ကျောက်ဆောင်အား ရေပတ်လည်ဝိုင်းရံထားပြီးကေ ရီကဇပ်ဖို့ ကကောင်းပင် ကောင်းပါရေ။ ရီဧ့စိမ်းကြည်မှုကြောင့် ကျောက်သားပြင်၊ ကျောက်ဆောင်ချေ အလှပချေတိနန့် ကမ်းခြီအလှ ရှုမဝဖြစ် ကတ်ရရေ။ ကမ်းခြီဧ့ အနီးနားတစ်ဝိုက်တွင် ဗုဒ္ဓဘာသာဝင်တိနန့် ဟိန္ဒူဘာသာဝင်အများကြီး နီထိုင်ကတ်ရာ ဘာသာရီးယုံကြေမှုအရ ဟိန္ဒူ ဘာသာဝင်တိ မီးမျှောပွဲ ကျင်းပလိ့ဟိရေ ကမ်းခြီလည်းဖြစ်ပါရေ။