ကျောက်လှီကားကျွန်း
ကျောက်လှီကားကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျောက်လှေကားကျွန်းစွာ ပြားလှကျွန်းဧ အရှိဖက်မာ ကပ်ပြီးကေဟိရေ ကျွန်းဖြိုက်ရေ။ ဝေသာလီကျောက်လှီကားမြို့ တော်ဟောင်းအရပ်ပင် ဖြိုက်ရေ။ မြောက်ဦးက မြောက်ဘက် ငါးမိုင်ဝီးရေ။ တောင်ဘက်မာ မောင်ရွှီကန်၊ သံချောင်း။ အလယ်မာ ပီပင်ရင်း၊ ဘုရားကြီး၊ ဘူးရွက်မညှိုး၊လက်ကာ၊ မြောက်ဘက်မာ အောက်လားကန်၊ ပြိုင်းတောင်၊ မကျားစစွာတိထိ ပါဝင်ခဟန်တူလီရေ။ ဘူးရွက်မညှိုးလမ်းစွာ ဒေအရပ်က စတင်ခရေလို့ အယူဟိရေ။
ဝေသာလီမြို့တော်ဟောင်းအရပ်ကို မင်းရာဇာက မြို့တော်အဖြိုက်နန့် ၁၅၁၄-ခုနှစ်မာ ပြန်ပနာတည်ဆောက်ခကေလေ့ ပရိန်သက်ရို့ ပုန်ကန်လီရေအတွက်နန့် အထမမြောက်ခပါ။ ယင်းသက်ရို့စွာ ကျောက်လှီကားအရပ်မာ ရက်(၂၉)လောက်ရာ မင်းမူခကတ်တေ။(စန္ဒ။၂:၃၉)။ ယင်းအတွက်တာကြောင့် ကျောက်လှီကားကျွန်းအဖြိုက်နန့် ဆက်ပနာတည်ဟိလာခလီရေ။
တေဇရာမကျောက်စာ တတိယအချပ်အရ ဒေအရပ်စွာ မြောက်ကိုယ်ရံတော်တပ် ထားဟိရာဖြိုက်ခကြောင်း သိဟိရရေ။ ထိုကျောက်စာ၌ ၁၇၁၄-ခုနှစ်မာ သင်္ချီလယ်ကကောင်းလှူခကြောင်းဆိုရေ။ လက်ကာလမ်းပိုက်ဝန်းကျင် ဖြိုက်လီရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။