Jump to content

ကျောင်းသုံးစာအုပ်

ဝီကီးပီးဒီးယား က

ဇာအာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံအစိုးရ ဌာန တခုခုက အတည်ပြုပနာ ကျောင်းတိမာ အသုံးပြုဖို့ ပြဋ္ဌာန်း‌ ကြေညာလိုက်ရေအခါ ထိုစာအုပ်စွာ ကျောင်းသုံးစာအုပ် ဖြစ်လာရေ။ ကျောင်းသုံးစာအုပ်ဆိုစွာမာ ကျောင်းတိနန့် ဆရာအတတ်သင်ကျောင်းတိမာ အသုံးပြုဖို့ ဥပဒေအရ ဖွဲ့စည်းထားသော အခြီခံပညာ သင်ရိုးညွှန်းတမ်း၊ မာတိကာနန့် ကျောင်းသုံးကော်မတီက ထုတ်ရေ သို့မဟုတ် အသိအမှတ် ပြုဗျာယ် ပြဋ္ဌာန်းထားရေ စာအုပ်ကို ဆိုလိုရေ။ ယင်းစွာ နိစိုင်ထုတ်၊ အပတ်စိုင်ထုတ်၊ လစိုင်ထုတ် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတိမာပိုင် အချိန်မှန် ထုတ်ဝီရရေ စာပီမျိုး မဟုတ်ဘဲ၊ ကျောင်းသုံးစာအုပ် ထုတ်ဝီရီးမာ အချိန်မှန် ထုတ်ဝီရန် ပြဿနာ မဟိဘဲ၊ ကျေင်းဖွင့်စမာ အသင့်ဖြစ်ရန် အချိန်မီ ထုတ်ဝီရီး ပြဿနာသာ ဟိရေ။[]

ကျောင်းပြင်ပဟိ ပုဂ္ဂလိကပိုင် ထင်ရှားသော စာအုပ် တအုပ်ကို ကျောင်းသုံးစာအဖြစ် ပြဋ္ဌာန်းနှိုင်ရေ။ နမူနာ၊ အယင်တခေတ်က သိပ္ပံမောင်ဝဧ့ ဝထုဆောင်းပါးတိ၊ သာဓုဧ့ တပ်ထဲက မြတ်ကိုကို၊ သခင်နုဧ့ သုံးပွာ်‌လူဇော်လုပ်နည်း (မိတ္တဗလဋီကာ) အစဟိရေ စာအုပ်တိစွာ ကျောင်းသုံးစာအုပ်တိ ဖြစ်ဖူးရေ။ ဂုချိန်ခါ ပြင်ပစျီးကွက်မှ စာအုပ်မျိုးကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်း မဟိတော့ချေ။

ကျောင်းသုံးစာအုပ်ဟု ဆိုရာမာ တပည့်များ သုံးရန် ပြဋ္ဌာန်းပီးထားရေ ဖတ်စာအုပ်နန့် ယင်းအတွက် စာအုပ်တိ ရာမက၊ သင်ခန်းစာ လိ့ကျင့်ရန် လုပ်ငန်းစာအုပ် (work book)၊ အပိုဖတ်ရန် စာအုပ်၊ ဖြည့်ဖတ်ရန် စာအုပ်ဆိုပနာလည်း ဟိနှိုင်ရေ။ ယင်းအပြင်၊ ဆရာကိုင်၊ ဆရာလက်စွဲ၊ ဆရာလမ်းညွှန်ဆိုပနာ အရာကျောင်းသုံးစာအုပ်တိလည်း ဟိတတ်ရေ။ ယင်းအတွက်နန့် ကျောင်းသုံးစာအုပ်စွာ ဘာသာရပ်များအလိုက်ပင်ဖြစ်ဖြစ်၊ အသုံးချပုံနည်းများအလိုက် ပင်ဖြစ်ဖြစ်၊ အမျိုးအစား ထွေပြားသော ပုံနှိပ်စာပီ ဖြစ်တေ။ ကျောင်းသုံးစာအုပ်စွာ ရသဖြင့် မွမ်းမံပေးရေ ဖြစ်စီ၊ မပီးရေ ဖြစ်စီ အခြီခံအနိန်နန့် သုတကို အမြဲတစေ ပီးဖို့ ရည်သန်ရရေ။ ၁၉၈၀ မရောက်ခင်အထိ အခြီခံပညာရီးနယ်ပယ်မာ သင်ကြားသော ဘာသာရပ်မျို‌ပေါင်း ၂၀ အတွက် ပြဋ္ဌာန်းရေ ကျောင်းသုံးစာအုပ် အမျိုးအစားမာ ၈၇ မျိုးဟိပြီးကေ ကြက်ချီးတန်းမှ ဒသမတန်းအထိ တနှစ်တနှစ်လျှင် ပုံနှိပ်ထုတ်ဝီသော စာအုပ်ပေါင်း သိန်း ၁၃၀ ခန့် ဟိရေ။

ပြဋ္ဌာန်းထားသော‌ ကျောင်းသုံးစာအုပ် မကန်မဝှန်ကို ခြုံငုံပြီးကေ အမျိုးအစားခွဲသော် အဓိကကတော့ခါ ဝိဇ္ဇာသုတပေး စာအုပ်တိနန့် သိပ္ပံသုတပေး စာအုပ်တိ ဖြစ်တေ။ မြန်မာစာ၊ အိန်းဂလိချ်စာ၊ သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ပါဠိ စရေ ဘာသာရပ်တိအတွက် ပြဋ္ဌာန်းသော စာအုပ်စွာ ဝိဇ္ဇာသုတပေး စာအုပ် ဖြစ်ပြီးကေ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒ စရေ ဘာသာရပ်တိအတွက် ပြဋ္ဌာန်းသော စာအုပ်စွာ သိပ္ပံသုတပေး စာအုပ် ဖြစ်တေ။

လက်သမားအတွက် အဆောက်အဦတခု ဆောက်ရန် ကိရိယာ တန်ဆာပလာ လိုရေပိုင် ကျောင်းသားအတွက် အသိပညာ အဆောက်အဦ တခု ဆောက်ရန် ကျောင်းသုံးစာအုပ် လိုရေ။ ဇာကျောင်းသားမဆို ကျောင်းသုံးစာအုပ် မဟိကေ သက်ဆိုင်ရေ ဘာသာရပ်ကို ကောင်းစွာ နားလည်မည် မဟုတ်။ ကျောင်းသုံးစာအုပ်စွာ သင်ကြားသူ ဆရာ၊ ဆရာမများ တကူးတကအပင်ပန်းခံ ရှာဖွီ ကြံစည်မနီရဘဲ အဆင်သင့် အသုံးချနှိုင်ယောင် စီစိုင်ထားပြီးသား၊ ကကြီး၊ ခခွီး သင်ပုန်းကြီး ဖတ်စာအုပ်က အစ အလွန် ဗလဗွီသတ် ခက်ခဲ နက်နဲလှသော အတတ်ပညာဆိုင်ရေ ဘာသာရပ်စာအုပ်တိ၊ သိပ္ပံပညာရပ်ဆိုင်ရေ စာအုပ်တိ၊ အတွေးအခေါ်ဆိုင်ရေ စာအုပ်တိအဆုံး အားလုံးသော စာအုပ်တိမာ သင်ကြားရဖို့ ဆရာတိကို သင်ယူသူ ကျောင်းသားကျောင်းသူတိ အခြီခံကျကျ ငုံမိအောင်၊ ဓါတ်ပေါက်အောင်၊ အဆင့်အဆင့် တတ်မြောက်လွယ်ယောင်၊ တတ်မြောက်ပြီးယပြီးနောက်မာလည်း သက်ဆိုင်ရေ ဘာသာရပ်ကို ဆက်ပနာ လိ့လာလိုက်စား တိုးတက်ယောင် အခြီခံပီးရေ အုတ်မြစ်သာ ဖြစ်တေ။ သို့အတွက်နန့် သင်ယူသူ၏ အသက်အရွယ်၊ အဆင့်အတန်း၊ အတွိအကြုံ အစဟိစွာရို့နန့် ဆီလျော် မျှတအောင် အဆင့်ဆင့် ညီညီညာညာ တိုးတက်မှု ဟိစီရန် ပြုပြုပျင်ပြင် ချင့်ချင်ချိန်ချိန်နန့် ကျစ်လျစ်သိပ်စွားစွာ စီစိုင်ထားရရေ။

သင်ယူသိဟိရဖို့ အကြောင်းအရာတိ၏ အနှစ်သာရကို ယေဘုယျ ဖော်ပြထားပြီးသား၊ ထိုဟင့် ဒေဟင့်သော တတ်ကျွမ်းမှုတိကို တတ်သိစီရန် အခြီခံများ ပြည့်စုံရေ။

ကျောင်းသုံးစာအုပ် သမိုင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သီပေါမင်း ပါတော်မူပြီးရေ အချိန် ၁၈၈၅ မှစပြီးကေ ၁၉၄၈ လွတ်လပ်ရီး ရရေ အချိန်ထိ ကာလတလျှောက်လုံးမာ နယ်ချဲ့ရို့ မြန်မာပြည်မာ ချမှတ်ကျင့်သုံးသော ပညာရီးကို ကိုလိုနီပညာရီး (ခ) ကျွန်ပညာရီးဟု ခေါ်ရေ။ လူတန်းစား ခွဲခြားရီး ဝါဒကြောင့် မြန်မာပြည် ပညာရီးမာ ကျောင်း ၃ စား ခွဲခြား တည်ထောင်ခပြီးကေ ယင်းရို့မာ

  • မြန်မာစာသတ်သတ် သင်ကြားသော တိုင်းရင်းသား ဘာသာသင်ကျောင်း
  • အိန်းဂလိချ်၊ မြန်မာ နှစ်ဘာသာ သင်ကြားသော ကျောင်း
  • အိန်းဂလိချ်စာ သတ်သတ် သင်ကြားသော ကျောင်းဆိုပနာ ဖြစ်တေ။

မြန်မာစာသင်ကျောင်းတိစွာ ၉၀ ရာခိုင်နှုန်းသော တိုင်းရင်းသားတိအတွက် ဖြစ်ကေလေ့၊ ၁၀၀ နှုန်းသော အစိုးရလုပ်ငန်းကိုမျှ ခံစားခွင့် မရချေ။ ကျွန်စိတ်မွီးရေ သင်ရိုးညွှန်းတမ်း၊ အောက်တန်းလွှာ သုတပေး ကျောင်းသုံးစာအုပ်တိနန့်သာ ချို့ချို့ငဲ့ငဲ့ သင်ယူရရေအလျောက် တိုင်းရင်းသား ဘာသာ ကျောင်းထွက်သူတိစွာ တိုက်စာရွီး၊ ကျောက်ထိုးဆရာ၊ အမြင့်ဆုံး မူလတန်းပြ ကျောင်းဆရာတိသာ လုပ်နိုင်ခရေ။ မြန်မာနိုင်ငံစွာ လယ်ယာစိုက်ပျိုးရီးနိုင်ငံ ဖြစ်ပါ့စီ၊ လယ်ယာလုပ်ငန်းနန့် ဆိုင်ရေ သင်ရိုးညွှန်းတမ်း ကျောင်းစာအုပ်တိ ပြဋ္ဌာန်းခြင်း မဟိလို့ အသက်မွီးဝမ်းကျောင်း ပညာ မရချေ။

ဒုတိယအမျိုးအစား ဖြစ်ရေ အိန်းဂလိချ်၊ မြန်မာ နှစ်ဘာသာသင် ကျောင်းတိမာ မြန်မာစာမှအပ ကျန်ဘာသာရပ်အားလုံးကို အိန်းဂလိချ်စာ ကျောင်းစာအုပ်နန့် သင်ကြားပနာ မြန်မာစာမာ ဒုတိယအရေးကြီးသော ဘာသာရပ်သာ ဖြစ်တေ။ အိန်းဂလိချ်စာကို ၆၅% ဇောင်းပီး သင်ကြားရေ။ ထိုကျောင်းထွက်များ တက္ကသိုလ် ဆက်သင်နှိုင်ရန် လိုအပ်ရေ သုတကို ကျောင်းစာအုပ်တိက ဖြည့်ဆည်းပီးရေ။ ထိုကျောင်းမျိုးမာ ပညာသင်နှိုင်သူမာ ဥစ္စာ အတော်အသင့် ကြွယ်ဝရေ မြို့နီလူတန်းစားတိရာ ဖြစ်ပနာ ကျောမွဲ တောနီလူတန်းစားများ လားလား မကပ်နှိုင်ရေ ကျောင်းမျိုး ဖြစ်တေ။

တတိယအမျိုးအစား ဖြစ်ရေ အိန်းဂလိချ်စာသတ်သတ် သင်ကျောင်းစွာ အခွင့်ထူးခံ လူတန်းစား သားသမီးတိအတွက် ဖြစ်ပြီးကေ၊ သုတပါ ကျောင်းသုံးစာအုပ်ကောင်းများစွာနန့် အိန်းဂလိချ်အပါအဝင် ဥရောပတိုက်သား ဖလောင်းသွီးပါသူတိကိုသာ လက်ခံသင်ကြားရေ။ နောင်မာ မျက်နှာကြီးအရာဟိ၊ သဌီးသူကြွယ်သားသမီးများ၊ အနောက်တိုင်း ယိုင်ကျေးမှု ခံယူလိုသူတိကိုလည်း တက်ရောက်ခွင့် ပီးရေ။ လူနည်းစု‌ အုပ်ချုပ်ရီးအထက်တန်းလွှာ သားသမီးတိကို ထားရာကျောင်း ဖြစ်ပြီးကေ၊ စရိတ်စက ကြီးမားလှရာ ဆင်းရဲသားများ အနားမသီနိုင်ချေ။ ထိုကျောင်းထွက်တိစွာ အမြင့်ဆုံး ရာထူးအထိ ထမ်းဆောင်နိုင်ခရေ။

ကိုလိုနီပညာရီးမာ ကျောင်းအမျိုးအစားအလိုက် ကျောင်းသုံးစာအုပ်မာ ဆီနန့် ရေပမာ များစွာ ခြားနားရေ။ မြန်မာ သို့မဟုတ် အရာတိုင်းရင်းသား ဘာသာနန့် ရီးသားထားသော စာအုပ်တိ အထူး ယှားပါးခရေ။ အကြီးမားဆုံး ထိုးနှက်ချက် ၂ ခုမာ တိုင်းရင်းသား ဘာသာသင် ကျောင်းတိအတွက် အဆင့်မီ မြန်မာဖတ်စာ မဟိခြင်းနန့် အူရဒူ၊ ဟင်ဒီ၊ တမီလ်၊ တလ်ဂူ၊ ဘင်္ဂလီ စာပီတိကို မြန်မာစာနန့် အပြိုင် အရာတိုင်းရင်းသား ဘာသာတိအဖြစ် အလေးပီးထားခြင်းရို့ ဖြစ်တေ။

အမျိုးသားကျောင်းတိ ပေါ်ပေါက်လာရေအခါ ကျောင်းသုံးစာအုပ်တိကို အမျိုးသားပညာရီးကောင်စီက သတ်မှတ်ပီးပြီး၊ သင်ရိုးညွှန်းတမ်းကို လွတ်လပ်စွာ ပြဋ္ဌာန်းနှိုင်ခကာ၊ ပြဋ္ဌာန်းစာအုပ်ကို မကြိုက်လျှင် ပညာမင်းကြီးပင် ဝင်စွက်ခွင့် မဟိအောင် လွတ်လပ်လားရေ။ အမျိုးသားပညာရီးဧ့ "အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ"ဆိုရေ ဦးတည်ချက်နန့် အမျိုးသားကျောင်းတိမာ မြန်မာစာ၊ ဘာသာရီး၊ မြန်မာနိုင်ငံ ရာဇဝင်၊ မြန်မာနိုင်ငံ ပထဝီရို့ကို အရေးပီး သင်ကြားလာရေ။

အမျိုးသားကျောင်းတိ မပေါ်ပေါက်မီက မြန်မာစာပီ၊ ရာဇဝင်ရို့ကို ချောင်ထိုးထားကာ၊ မြန်မာစာကို အိန်းဂလိချ်စာနန့် တွဲပြီးကေ ဘာသာပြန်ခိုင်းရုံသာ ဟိပြီးး၊ မြန်မာစာဧ့ ဂုဏ်ရသ ခက်ခဲနက်နဲသိမ်မွေ့ပုံကို ဖော်ထုတ်ခြင်း မဟိလို့ မြန်မာစာစွာ အောက်ခရင်းအဆင့်မာ ဟိခရေ။ မြန်မာရာဇဝင်ကိုလေ့ မသင်ပီးဘဲ အိန်းဂလိချ်အင်ပါယာကြီး ကြီးထွားလှာပုံ ကျောင်းစာအုပ်နန့် သင်ကြားခရေ။

ကျောင်းသုံးစာအုပ် ဖြန့်ချိရာမာ တနိုင်ငံလုံး တပြေးညီ ဟိရေ ကာလမာ ဂျပန်ခေတ် ဖြစ်တေ။ ၁၉၄၁ ဂျန်နဝါရီမာ ဗြိတိသျှအစိုးရရေ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဆုတ်ခွာပြီးကေ ဂျပန်စစ်တပ်များ ဝင်ရောက်လှာကပင် စပြီးကေ ဂျပန်ခေတ် စတင်ပြီး၊ ဒေခေတ်မာ ကျောင်းတိမာ စာပီသင်ကြားရီး ပြောင်းလဲလာရေ။ ဗြိတိသျှအစိုးရ လက်ထက်အခါကပိုင် မဟုတ်ဘဲ တမျိုးတစားတည်းသော ကျောင်းတိအဖြစ် ဖွင့်လှစ်လာရာ၊ စာပို့ချရာမာလည်း အိန်းဂလိချ် မြန်မာ နှစ်ဘာသာနန့် မသင်ကြားဘဲ မြန်မာဘာသာသတ်သတ် နန့် သင်ကြားစီရေအတွက် အယှုံးထဲက အမြတ်ထွက်လှာသော ပညာရီး ဖြစ်တေ။ အဆောက်အဦများ၊ ကျောင်းပရိဘောဂများ ဆုံးရှုံးပနာ ပညာရီး နုံ့နန့်ခရေ်ငြား၊

  • ကျောင်းသုံးမျိုးမှ တမျိုးစားတည်း ဖြစ်လှာလို့ လူမျိုးဘာသာမရွီး သင်ယူနှိုင်ရေ လူထုကျောင်းတိ ဖြစ်လှာခြင်း၊
  • မြန်မာဘာသာစွာ နိုင်ငံတော်ဘာသာ ဖြစ်လှာခြင်း၊
  • ကျောင်းသုံးစာအုပ်နန့် စာတမ်းတိကို မြန်မာဘာသာနန့် ထုတ်ဝီခြင်းနန့်
  • သင်ရိုးတိစွာ လူနီမှုဘဝနန့် ကိုက်ညီလာခြင်းဟူရေ အကျိုးအမြတ်များ ရလာရေ။

၁၉၄၅ ဂျူလိုင်လမာ ဗြိတိသျှ စစ်တပ်များ မြန်မာပြည်သို့ ပြန်ပနာဝင်ရောက်လှာရေ။ ပညာရီးကို စစ်အုပ်ချုပ်ရီးအစိုးရက အုပ်ချုပ်ခဲ့လို့ ပညာရီးအသုံးစရိတ်တိအတွက် စစ်ရီး ရန်ပုံဖေသာမှ အားလုံးအကျ ခံရေ။ ပညာရီးဝါဒနန့် သဘောတရားမာ ဆင်မလားမှ ရီးဆွဲသော ပညာရီးစီမံကိန်း အတိုင်းပင် ဖြစ်တေ။ ၁၆ အောက်တိုဘာ ၁၉၄၅ မာ စစ်အုပ်ချုပ်ရီးမှ သာမန်အုပ်ချုပ်ရီးသို့ ကူးပြောင်းရေ။ ထိုစစ်ပြီးခေတ်မာ အယင် ဗြိတိသျှအစိုးရခေတ်ပိုင် မဟုတ်၊ ဂျပန်ခေတ်ကအတိုင်း ကျောင်း တမျိုးစားတည်း ထားဟိပြီးး၊ မြန်မာစာကို အဓိကဘာသာရပ်အဖြစ် ဆက်ပနာသင်ကြားပနာ ကျောင်းသုံးစာအုပ်တိစွာ တပြေးညီ ဖြစ်ခရေ။

မြန်မာနိုင်ငံ လွတ်လပ်ရီး ရယားသော် ကျောင်းသုံးစာအုပ်တိ အနည်းနန့်အများ တိုးတက်‌ ပြောင်းလဲပြီး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းရို့မာ မြန်မာဘာသာနန့် သင်ကြားရဖို့ဆိုရေ စည်းကမ်းချက် အကောင်အထည် ပေါ်လာရေ။ ကျောင်းတိ တိုးချဲ့ဖွင့်လှစ်လာပြီးကေ ကျောင်းသုံးစာအုပ် ထုတ်‌လုပ်ခြင်းစွာ ပိုမာကျယ်လာရေ။ မြန်မာကျောင်းသုံးစာအုပ်ရာမက အိန်းဂလိချ်ကျောင်းသုံးစာအုပ်ကိုပါ မြန်မာပြည်မာ ထုတ်လုပ်ရေ။ ရှေးက အိန်းဂလိချ်ကျောင်းသုံးစာအုပ်တိသာ မဟုတ်၊ မြန်မာကျောင်းသုံးစာအုပ်တိကိုပင် နိုင်ငံခြားမှ မာယူ တင်သွင်းရရေ။

ကျောင်းသုံးစာအုပ် ထုတ်လုပ်မှုစွာ ပုဂ္ဂလိကအသွင်သာ ဟိသိမ့်ရေ။ တတ်ကျွမ်းလိမ္မာပနာ ဝါရင့်ပြီး ဆရာ/မများ၊ ပညာရပ်ဆိုင်ရေ ဝါရင့်အရာဟိတိ၊ မြန်မာနိုင်ငံ ဘာသာပြန် စာပီအသင်းဧ့ ကျောင်းသုံးစာအုပ် စာတည်းအဖွဲ့မှ ဆရာ/မ ဟောင်းများ စရေ ပုဂ္ဂိုလ်တိကို ရွီးချယ်လို့ ပညာရီးဆိုင်ရေ သင်ရိုးနန့် မာတိကာရို့၏ လိုအင်အတိုင်း ကျောင်းသုံးစာအုပ်တိကို ရီးသားပြု‌စုစီရေ။ ကျောင်းသုံးစာအုပ် ဖြန့်ချိရီးနန့် ငှားရမ်းရီး ဌာနခွဲကို ၁၉၅၂ က ပညာမင်းကြီးရုံးမာ ဖွင့်ပြီး၊ အစိုးရကျောင်းဟိ ကျောင်းသား/သူတိ လက်သို့ အရောက် ပို့ပီးရေ။ ယကေလေ့ နိုင်ငံခြားမှ ကျောင်းသုံးစာအုပ် မာယူတင်သွင်းမှုစွာ လုံးဝဲ ရပ်စဲမလားသေးချေ။ ဘာသာပြန် စာပီအသင်းမှ အပ ပြင်ပစာပီတိုက်နန့် အိန္ဒိယစာအုပ်တိုက်တိက ဝယ်ယူ အသုံးပြုရေ ကျောင်းသုံးစာအုပ်တိအတွက် ၄ ‌နှစ်အထဲ နိုင်ငံတော်ဖေသာ သိန်း ၄၀ ကျော်မှ အသုံးပြုခရေ။ ကျောင်းသုံးစာအုပ် ထုတ်လုပ်မှုမာ ပုဂ္ဂလိက လွှမ်းမိုးမှု ကြီးမားရေအလျောက် ပြင်ပစျီးကွက်မာ ခေတ်စားသော ကာလပေါ် ဝထုစာအုပ် အမျိုးအစားတိပင် ကျောင်းသုံးစာအုပ် အဖြစ်သို့ ပြဋ္ဌာန်းပီးရရေ။

တော်လှန်ရီးအစိုးရလက်ထက် ၁၉၆၆ ခုနှစ် အခြီခံပညာရီး ဥပဒေကို ထုတ်ပြန်ဗျာယ် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနန့် ကျောင်းသုံးစာအုပ် ကော်မတီကို ဖွဲ့စည်းရေ။ တည်ဆဲ သင်ရိုးညွှန်းတမ်းကို ပြန်ပနာ စိစစ် မွမ်းမံကာ၊ အသစ်ဖြစ်လှာသော သင်ရိုးနန့် အညီ ကျောင်းသုံးစာအုပ်တိ ပြုစုထုတ်ဝီရေ။ စာအုပ်ပြုစုရန် ယင့်ချင့် ကော်မတီဧ့ လကအောက်မာ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနန့် ကျောင်းသုံးစာအုပ်အဖွဲ့ အသီးသီး ဖွဲ့စည်းကာ ထိုအဖွဲ့ရို့က ကျောင်းသုံးစာအုပ်ကို အနီချ ဆွေးနွေး ပြုစုရေ။

ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရီး ကာလမာမှ ပုဂ္ဂလိက စာအုပ်ရီးသား ပြုစုမှု ပပျောက်လားကာ၊ အဖွဲ့အစည်းနန့် ပြုစုမှု ထွန်းကားလာရေ။ ထိုအဖွဲ့အစည်းများမာ တက္ကသိုလ် ဆိုင်ရေ ကိုယ်စားလှယ်၊ ဆရာအတတ်သင် ကိုယ်စားလှယ်၊ ပညာရီး သုတေသနဆိုင်ရေ ကိုယ်စားလှယ်၊ ပညာရီး စီမံအုပ်ချုပ်မှုပိုင်း ဆိုင်ရေ ကိုယ်စားလှယ်၊ ပညာရီး စိတ်ပညာ တတ်ကျွမ်းမှု ကိုယ်စားလှယ်၊ ဘာသာရပ် တတ်ကျွမ်းသူ ပြင်ပပုဂ္ဂိုလ်များ အပြင် ကျောင်းတိမာ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပို့ချနိန်ရေ ဆရာတိ ပါဝင်ရေ။ ခေတ်အဆက်ဆက် အနည်းနန့် အများ လွှမ်းမိုးခရေ Blackie and Son, Longman's Green and Co., Collinn, Oxford University Press စရေ နိုင်ငံခြား ကုမ္ပဏီထုတ် စာအုပ်၊ တသီးပုဂ္ဂလ ဖြစ်ရေ M. West, Chapman, H. G. Wells, Westway, Dulley Stamp အစဟိစွာရို့၏ စာအုပ်တိကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်း မဟိတော့။ ဘာသာပြန်ဆိုထားသော ကျောင်းသုံးစာအုပ်ဆိုပနာလည်း မဟိတော့။ ထိုစာအုပ်တိ နီရာမာ "ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပညာရီးဝန်ကြီးဌာန၊ ကျောင်းသုံးစာအုပ် ကော်မတီမှ ထုတ်ဝီစွာ"ဆိုရေ စာတန်းနန့် ပြည်မားဖြစ် စာအုပ်တိက နီရာယူရေ။ သို့အတွက်နန့် ကျောင်းသုံးစာအုပ် ပြုစုလိုက်ပြီးကေ တိုက်ဆောက်၊ ကားစီးနိုင်လားရေဆိုရေ ပြောစမှတ် စကားစွာ ချုပ်ငြိမ်းလားရေ။

ကျောင်းသုံးစာအုပ်နန့် သုတစာပီ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကျောင်းသားလူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်လာယောင် ရေရှည် အကျိုးမျှော်လို့ ကျောင်းသုံးစာအုပ်ကို ပြုစုရေ။ သင်ယူရဖို့ ကျောင်းသားတိ၏ အသက်၊ လိ့လာနိုင်စွမ်း၊ စိတ်အခြီအနီ၊ နားလည်နိုင်ဖို့ အသုံးအနှုန်း စရေ အချက်တိကို သတိပြုပနာ ပြုစုရရေအပြင် အချက်အလက်တိကို ဆီလျော် မျှတစီရန် အဆင့်ဆင့် ပြုစုရသိမ့်ရေ။ အလွယ်ကာသား မှတ်မိနှိုင်ယောင် လိုအပ်ရေ နီရာမာ ရုပ်ပုံ၊ မြီပုံများ စနစ်တကျ ထည့်ပီးရရေအပြင် မင်ကျမင်န စာလုံးအရွယ်၊ စာအုပ်အရွယ်၊ စာအုပ်ချုပ်ပုံ အစဟိရေ အချက်တိလည်း ပါရေ။ စာအုပ်ပါ သုတကို ဆည်းပူး မှတ်ရခြင်းနန့် ကျောင်းသားသူငယ်ရို့ စိတ်ပိုင်းဆိုင်ရေ ဖွံ့ဖြိုးလာယား ကိုယ်ကျင့်တရား ကောင်းယောင် ကျင့်ကြံနှိုင်လာမည်။

သင်္ချာဘာသာမာ အတွက်အချက် သုတ၊ လူမှုသိပ္ပံဘာသာကျောင်းစာအုပ်မာ ဆိုရှယ်လစ် စီးပွားရီးစနစ်ဧ့ ဥပေဒသ၊ မြန်မာ့စီးပွားရီး သမဝါယမ လုပ်ငန်း၊ ကုန်သွယ်ရီးလုပ်ငန်းများ သုတ၊ ပထဝီဝင်ကျောင်းစာအုပ်မာ ရီမြီ တောတောင် မြစ်ချောင်း အင်းအိုင်ရို့၏ အတိမ်အနက်၊ အမြင့်၊ တည်နီရာရို့အပြင် ဒေသဖွံ့ဖြိုးရီး လုပ်ငန်း၊ ပထဝီအနိန်အထား အရ စီးပွားရီးလုပ်ငန်း သုတ၊ သမိုင်းကျောင်းစာအုပ်မာ သမိုင်းဖြစ်စိုင်၊ မျိုးချစ်စိတ် ဖြစ်ပေါ်လှာရီး၊ လူလူချင်း ခေါင်းပုံမဖြတ်ရီး၊ သမိုင်းပေး တာဝန် ထမ်းဆောင်ရီး သုတ၊ သိပ္ပံကျောင်းစာအုပ်မာ ကိုယ်တိုင်ကိုယ်ကျ စူးစမ်းချင်လာဖို့ သုတတိကို ထည့်သွင်းရရေ။

ဆင်ခြင်ပြဋ္ဌာန်းသင့်ရေ ကျောင်းသုံးစာအုပ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သိပ္ပံမောင်ဝဧ့ ဝထုဆောင်းပါးတိ ကို ပြဋ္ဌာန်းခဲ့စဉ်၊ အလိုအလျောက်ပင် ကျောင်းသားလူမမေတိစွာ သိပ္ပံမောင်ဝကို လိုက်တု ရီးကတ်ရေ။ ယင်းခါ၊ မြန်မာစာဝါကျ တိုနှံ့နှံ့တိစွာ မြန်မာစာမာ ပင်ဖြစ်ဖြစ်၊ သမိုင်း၊ ပထဝီဝင်၊ သင်္ချာဘာသာရပ်မာပင် ဝင်ပြီးကေ မှိုလိုပေါက်အောင် ရီးလှာကြလို့ ဆရာတိက "မင်းရို့စွာ သိပ္ပံမောင်ဝမဟုတ်၊ သိပ္ပံမောင်ဝဟာ စာပီသက်ရင့်သူ တယောက်၊ သူရီးရင် ရီးရေပိုင် ဖြစ်စွာ၊ မင်းရို့က ခုမှ စာသင်ဆဲ အရွယ်တွေ၊ နီရာတိုင်း အတုလိုက်မခိုးနန့်" ဟု တဖွဖွ သတိပီးခရရေ။

နောက်ထပ်၊ တခေတ်က ကျောင်းသုံး ဖြစ်ခသော "မိတ္တဗလဋီကာ"စွာလေ့ ကျောင်းလောကမာ မွီနှောက်ခရေ။ သုံးပွာ်‌လူဇော်လုပ်နည်း အတိုင်းပင် ကျောင်းသားအချင်းချင်း သုံးပွာ်လူဇော်လုပ်လာပြီးကေ ဆရာတိ စိတ်ခြူခံကာ ဖြီယှင်းကတ်ရရေ။

ကျောင်းသုံးစာအုပ်ဟူစွာ မူလကပင် ကျောင်းသုံးစာအုပ် ဖြစ်ရန် ရည်စူးလို့ သတ်သတ် စီမံ ပြုစုရရေ စာအုပ်မျိုး ဖြစ်ရာ ပြင်ပစျီးကွက်မှ အရောင်းသွက် ထင်ပေါ်လို့ စင်တော် ကောက်ခံရရေ စာအုပ်ကို ကျောင်းသုံး ပြဋ္ဌာန်းသော် အနည်းနန့် အများ ကမောက်ကမ ဖြစ်တတ်ရေ။

အသက် ၅-၁၀ နှစ် မူလတန်းဆင့် ကောင်မချေျားစွာ သင်သမျှကို သံသယ မထားဘဲ ခံယူတတ်ရေ။ မြင်ကေ မြင်ရေအတိုင်း မတွန့်ဆုတ်ဘဲ ပြောတတ် လုပ်တတ်ကာ မသိ မတတ်ကေ အမီးအပြင်းး ထူတတ်ပြီး ဖိုးပြောချင်ကောင်မချေျား ဖြစ်ကတ်ရာ ကျောင်းစာအုပ်မာ မပါဝင်ရေ မီးခွန်းတိကို မီးမြန်းရေအခါ ဂွတီးဂွကျ အဖြီမျိုး ပေါ်လှာတတ်ရေ။ တခါက မူလတန်းပြ ဆရာမတဦးစွာ စကားပုံတိကို မြန်မာစာ မီးခွန်းမာ ထည့်မေးရာ မသင်ပြခဖူးသော ဘုရားပြီးငြမ်းဖျက်ဟူရေ စကားပုံကို ထည့်မေးမိရေ။ မေးပုံမာ "ဘုရားပြီး" နောက်မာ ကွက်လပ်ချန်ပေးကာ အဖြီကို ရီးရန် ဖြစ်တေ။ ယင်းခါ ဖြီးဖြန်း ဖြေကတ်ပုံမာ အချေတချို့က "ဘုရားပြီး ရှိခိုး"ဆိုပနာ တဖုံ၊ "ဘုရားပြီး ထုံးသုတ်"ဆိုပနာ တမျိုး၊ "ဘုရားပြီး မီးထွန်း"ဆိုပနာ တလီ ဖြေကြရေ အပြင် တချို့တလီက စကားလိမ်ထင်ကာ "ဘုရားပြီး ဖယီးပြား"ဟု ရမ်းတုတ်ဖြေရေ။

ကျောင်းသုံးစာအုပ်စွာ ကျစ်လျစ်တိကျရရေ ဖြစ်ပနာ အမားအယွင်း ပါဟိကေ ပြန်ပျင်ရရေ။ နမူနာ မူလတန်း ဖတ်စာအုပ်မာ "မေဖေသာ မီးဖွားဧ့"ဟု ပါဟိဖူးရာ၊ ကောင်မချေျားနန့် မီးဖွားခြင်း မဆိုင်၊ ကောင်မချေျား နားလည်လိမ့်မေ မဟုတ်ဟု ထောက်ပြကြလို့ ထို‌စာကြောင်းကို ဖြုတ်ပယ်‌ပီးရရေ။ ယင်းနည်းပိုင်ပင် အချက်အလက် မားယွင်းမှု ရာမက၊ အတွက်အချက် အမားအယွင်း၊ ရုပ်ပုံအမားအယွင်းတိကိုလည်း ဝိုင်းဝန်း ဝေဖန် အကြံပြုကတ်ရရေ။[]

  1. 1 2 ဦးသိုက်ထွန်း (၁၉၈၀). သုတစာပီစာတမ်းများ. စာပီဗိမာန်. p. ၁၅၉. {{cite book}}: Check date values in: |date= (help)