Jump to content

ကျွဲ

ဝီကီးပီးဒီးယား က
တမ်းပလိတ်:Taxobox/species
Water buffalo
လာအိုနိုင်ငံရှိ ကျွဲများ
မျိုးရိုးခွဲခြားခြင်း တမ်းပလိတ်:Edit taxonomy
Unrecognized taxon ([[[:တမ်းပလိတ်:Create taxonomy/link]] fix]): Bubalus
မျိုးစိတ်:
ဒွိနာမ
Bubalus bubalis
Global distribution of the water buffalo in 2004
Synonyms

Bos bubalis Linnaeus, 1758

Lua error in package.lua at line 80: module 'Module:ResolveEntityId' not found.

ကျွဲ (အင်္ဂလိပ်: Water Buffalo or Domestic Asian Water buffalo) (Bubalus bubalis) ရေ အာရှတိုက်တွင် အလွန်ပေါများရေ သတ္တဝါဖြစ်ပြီး တောင်အမေရိကဥရောပတောင်ပိုင်းနန့် အခြားဒေသတိတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကတ်တေ။[] ကျွဲရေ ungulate ခေါ် ကြီးမားပြီး ခွာတပ်ခံရရေ သတ္တဝါအမျိုးအစားတွင် ပါဝင်ပြီး bovine မျိုးရင်းသျှေတွင်လည်း ပါဝင်ရေ။ ဩစတြေးလျ မြောက်ဘက်ပိုင်းတွင် feral ခေါ် အယဉ်မှ အရိုင်းပြန်ဖြစ်လားရေ ကျွဲတိ အခြီတကျနီထိုင်နီကတ်ပြီး အရှေ့တောင်အာရှတွင်မူ ကျွဲရိုင်းအမြောက်အမြားဟိသိမ့်ရေ။ ယဉ်ပါးရေ ကျွဲအမျိုးမျိုးရို့ရေ တူညီရေ ဘိုးဘောင်တိမှ ဆင်းသက်လာကတ်ရာ ဘိုးစဉ်ဘောင်ဆက်တွင် အခုအခါ မျိုးတုံးပျောက်ကွယ်လုနီး ဖြစ်နီရေ ကျွဲရိုင်း(wild Asian water buffalo) အပါအဝင် ဖြစ်ရေ။

ထို့ပြင် ကျွဲရေ ရွံ့ညွန်ရေကွက်တွင် လူးတတ်‌ရေခြီလေးချောင်း တိရစ္ဆာန်ဖြစ်တေ။ ကျွဲရေ စားမြုံ့ပြန်နီတတ်ရေ။ ကျွဲရေ နွားထက် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းပနာခွန်အားဗလ ပိုပြီးကေကြီးမားရေ။ အိန္ဒိယနိုင်ငံနန့် မြန်မာနိုင်ငံရို့တွင် လယ်ထွန်ယက်ရာ၌ လည်းကောင်း၊ လီးလံရေ သစ်လုံးကြီးတိကို ဆွဲရာ၌ လည်းကောင်း ကျွဲယဉ်ကို အသုံးပြုကတ်ရေ။ ကျွဲယဉ်တိကို ခိုင်းစီလျက် ဟိနီကတ်ပြီဖြစ်ကေလည်း အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံနန့် မြန်မာနိုင်ငံရို့ဟိ တောနက်တိတွင် ကျွဲရိုင်းအုပ်တိကို ဂနိတိုင် တွိ့မြင်ကတ်ရသိမ့်ရေ။

အာဖရိကတိုက်၌ဟိရေ အာဖရိကကျွဲရိုင်းရို့ရေ အလွန်သန်စွမ်း ရဲရင့်ကတ်တေအတွက် ဇာတိရစ္ဆာန်ကိုမျှ မကြောက်ရွံ့ချေ။ အာဖရိကတိုက်သို့ လားရောက်ပနာတိရစ္တာန်တိကို အပျော်လိုက်လံ ပစ်ခတ်သူရို့ပင် ဒေကျွဲရိုင်းတိကို သေနတ်အားကိုးနန့် မထီလေးစား မပြုလုပ်ရဲကတ်လီ။ ယင်းရို့ကို မြင်းထက်မှဖြစ်စီ၊ သစ်ပင်ထက်မှ ဖြစ်စီ၊ ပစ်ခတ်မှရာအသက်ဖီးအတွက် စိတ်ချရရေ။ အဆိုပါ ကျွဲရိုင်းရေ တစ်ကောင်တည်းဖြစ်စေကာမူ ခြင်္သေ့ ၂ကောင် ၃ကောင်ရို့နန့် ဖက်ပြိုင်ရန်ပြုဝံ့ရေ။ ယင်းကြောင့် ခြင်္သေ့ရို့ရေ ကျွဲရိုင်းအထီးတိကို ရန်မူလေ့ မဟိကတ်ပါ။ ကျွဲရိုင်းရို့ရေ အနံ့ခံကောင်းပနာနားကင်းလည်း ပါးကတ်ရေ။ ယင်းရို့ရေ အုပ်စုဖွဲ့ပနာ နီတတ်ကတ်လို့ အုပ်ထဲမှ ကွဲထွက်လားရေ ကျွဲတကောင်တရီကိုရာ ခြင်္သေ့ရို့ သတ်ဖြတ် စားသောက်နိုင်ကတ်ရေ။ ကျွဲရိုင်း၏ သားရီမှာ အလွန်ခိုင်မာသည့်အလျောက် အာဖရိကတိုင်းရင်းသား ကက်ဖာလူမျိုးရို့ရေ ထိုကျွဲသားရေဖြင့် ဒိုင်းလွှားတိ ပြုလုပ်ကတ်တေ။

အိန္ဒိယနိုင်ငံနန့် မြန်မာနိုင်ငံရို့တွင် ဟိရေ ကျွဲရိုင်းတိရေ အာဖရိကတိုက် တောင်ပိုင်း၌ တွိရရေ ကျွဲရိုင်းတိကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းရေ။ ကျွဲသိုးကြီးတိရေ ၆ ပေမျှ မြင့်ပနာ အဂြိုတိရေ ၆ ပေခန့်ပင် ရှည်လျားရေ။ ကျားတိပင် ထိုကျွဲသိုးရို့ကို ရှောင်လားတတ်ကတ်တေ။ ကျွဲယဉ်ရို့ရေ နွားရို့ထက် ခွန်အားပိုကြီးစွာ မှန်ကေလေ့ နွားတိပိုင် ကျိုးကျိုးနွံနွံ မဟိကတ်ပါ။ ဝန်စည်ကို သယ်ဆောင်စီကာမူ ရီအိုင်မြင်ကေ အတင်းဆင်းလားတတ်ရေ။

မြန်မာနိုင်ငံနန့် အိန္ဒိယရို့တွင် နို့စားကျွဲမတိကို မွေးမြူထားကတ်တေ။ မြန်မာနိုင်ငံတွင် ဗင်္ဂလားကျွဲခေါ် ဂြိုလိမ်ကျွဲတိကို နို့စားရန်အတွက် မွေးမြူကတ်ရေ။ ကျွဲသားရီကို ကျိုကေ ကျွဲကော်ရရေ။ ကျွဲချီးပက်ကို မြီဩဇာအဖြစ် သုံးလေ့ဟိကတ်ရာ ခြောက်သွေ့လားရေအခါလေ့ လောင်စာအဖြစ်သုံးကတ်တေ။ ထိုင်းနိုင်ငံ ချောင်ဘူရီ (Chonburi, Thailand) နန့် အိန္ဒိယနိုင်ငံ ကရာလာနယ် မလာဘာတောင်ပိုင်း (South Malabar Region in Kerala, India) ဒေသရို့တွင် နှစ်စဉ် ကျွဲပြိုင်ပွဲတိဟိရေ။ အချို့ရေ ကျွဲတိကို ဝန်တင်ကျွဲအဖြစ် အသုံးပြုကတ်ရေမှာ အထူးတပ်ဖွဲ့တိပင် အပါအဝင်ဖြစ်ရေ။[]

  1. Cockrill, W. R. (1977). The water buffalo (PDF). Rome: Animal Production and Health Series No. 4. Food and Agriculture Organization of the United Nations. Archived from the original (PDF) on 16 June 2013. Retrieved 28 October 2021.
  2. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂၊နှာ-၂၂၉