Jump to content

ကြပ်စင်ကျွန်း

ဝီကီးပီးဒီးယား က

ကြပ်စင်ကျွန်းစွာ ခေါင်းလောင်းကျွန်း၏ အရှိဖက်တွင် ဟိရေ။ မြောက်ဘက်မာ ကျိန်းကျွန်း၊ အရှိဖက်တွင် ရာမောင်ကျွန်းခေါ် ငါးစင်းရိုင်းကျွန်း၊ တောင်ဘက်မာ မြေပုံကျွန်းရို့ ဟိကတ်ရေ။ ကျွန်း၏ အရှိဖက်တွင် ပြွန်ရှည်၊ မတ်ကြောင်းချောင်းနန့် အနောက်ဘက်မာ ကြပ်စင်မြစ်ရို့ ဟိကတ်ရေ။ ပြွန်ရှည်ကင်းမှာ အခွန်အတုတ် ကကောင်းရရေ ကင်းတစ်ခု ဖြိုက်ရေ။ တောင်ဘက်ပိုင်းတွင် ကျောက်ခုပ်အင်း အရပ်ရို့စွာ ဒေကျွန်းအဝင်ပင် ဖြိုက်ကတ်တေ။ မင်းမတည်ပြည်မရပ်ကာလမာ ဒေကျွန်းစော်လည်း ပုန်ကန်မှူတိတွင် ပါခစွာကို တွိ့ရရေ။

၁၇၀၄-ခုနှစ်မာ ကြပ်စင်ကျွန်း၌ စစ်ကဲရဲဘော်စွာ မူလက ဘုရင်သစ္စာခံကေလေ့ ပုန်ကန်သူရို့ စကားကို လိုက်နာကာ ခြားနားခရေ။ ကြပ်စင်ကျွန်းစော်လည်း ပုန်ကန်သူရို့ ခိုအောင်းရာ အရပ်တစ်ခုဖြိုက်ပါလတ်တေ။ မနိူင်ရေအခါ ပိန္နဲချောင်းကျွန်းသို့ ဗြီးကက်စော်လည်း ရှိကတ်ရေ (စန္ဒ။၂း၂၃၉-၂၄၀)။

စန္ဒဝိဇယမင်းလက်ထက် အရှိပြည်မှ ဖမ်းယူရဟိခသူတိကို ငါးစင်ရိုင်းကျွန်းနန့် ကြပ်စင်ကျွန်းရို့တွင်လည်း ချထားခသိမ့်ရေ (စန္ဒ။၂း၂၄၇)။

မြောက်ဦးမြို့တော်ကျလုချိန်၌ ကြပ်စင်ကျွန်းတွင် ငသံတွေတစ်မင်း ဟိခရေ (စန္ဒ။၂း၃၂၇)။ ၁၇၈၄-ခုနှစ်က အမရပူရတပ်တိ ချီတက်လှာပြီး ကြပ်စင်ကျွန်းဦး အရှိဖက်အနီး ဆဒိုင်ကန်တွင် တနားရပ်နားစခန်းချနီစိုင် ရာမောင်ကျွန်းစား ဓါးပိုင်ကြီးသံထွေနန့် ကြပ်စင်ကျွန်းစား လေးကျော်ထောင်ကဲရို့စွာ အညံ့ခံခကြောင်း မြန်မာမှတ်တမ်းတစ်စောင်က ဆိုရေ (ကုန်းဘောင်ဆက်။၂း၅)။

ဒေကျွန်း၏ အစောင့်နတ်စွာ ရာဇာကြီးဖြိုက်ရေ ဟူ၏။[]

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။