Jump to content

ကြယ်တံခွန်

ဝီကီးပီးဒီးယား က
Comet Tempel collides with Deep Impact's impactorComet 67P/Churyumov–Gerasimenko orbited by Rosetta
Comet en:17P/Holmes and its blue ionized tailComet Wild 2 visited by Stardust probe
Hale–Bopp seen from Croatia in 1997Comet Lovejoy seen from orbit
Comets – nucleus, coma and tail:

ကြယ်တင်းခွန်ဆိုရာ၌ (သင်္ကေတ: ☄) တစ်ခါတစ်ရီရာ မြင်ရရေ မီးရှုးသဏ္ဌာန် အရောင်တန်းထွက်နီရေကြယ်ကို ဆိုလိုရေ။ ကောင်းကင်တန်ဆာရို့တွင် ကြယ်တင်းခွန်တိရေ အံ့ဩစရာ ကောင်းလီရေ။ ကြယ်တင်းခွန်ရို့ရေ ရုတ်တရက် ပေါ်လာတတ်ပနာ၊ ရက်တဖဲ့ချေဖြစ်ဖြစ် ရက်ပေါင်းများစွာဖြစ်ဖြစ် ကြာအောင် မြင်မြင်ထင်ထင် ဟိပြီးနောက်၊ နီမှဝီးရာသို့ ဆုတ်ခွာပျောက်ကွယ် လားတတ်ကတ်ရေ။ ရှီးအခါက ကြယ်တင်းခွန်နန့် စပ်လျဉ်းပနာ ယုံမှတ်မှုတိစွာ ဟိခဧ့။ များသောအားဖြင့် ကြယ်တင်းခွန်ပေါ်လာကေ ကပ်ဖီးတိ ဆိုက်ရောက်တတ်ရေဟု ယုံကြည်ခကတ်ရေ။

ဇာပိုင်ဖြစ်ပေါ်လာလဲ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကြယ်တင်းခွန်ရေ ဇာချင့်တိပိုင် ဖြစ်ပေါ်လာပနာ၊ ဇာအရပ်သို့ ထွက်လားရေဆိုစွာကို ဂုတိုင် သျှင်းလင်းစွာ မသိကတ်ရသိမ့်ပါ။ ကြယ်တင်းခွန်ကို မှုန်မှီမှုန်မွှား သဏ္ဌာန်က စတင်ပနာ မြင်ရတတ်ရေ။ နီပါးသို့ ချဉ်းကပ်လာရေအခါတွင်မှ ဦးခေါင်း၊ ဦးခေါင်း၏ နျူးကလီးယပ်အပိုင်းနန့် အမြီးရို့ရေ ကွဲကွဲပြားပြား ပေါ်လွင်လာရေ။ ကြယ်တင်းခွန်၏ ဦးခေါင်းတွင် နျူးကလီးယပ်အပိုင်းဖို့ ပိုပြီးကေထွန်းလင်းပနာ၊ ထိုအပိုင်းကို ကိုမားခေါ် မှုန်မွှားမွှားလင်းနီရေအပိုင်းက အိမ်ဖွဲ့ကာ ဝိုင်းရံထားရေ။

ကြယ်တင်းခွန်ရေ အမြီးရေ နီနန့် နီးကပ်လာမှ ပေါ်လာတတ်ရေ။ ထို့ပြင် အမြီးရေ ဦးခေါင်း နောက်၌လည်း အမြဲမနီချေ။ နီပါးသို့ ကြယ်တင်းခွန်ချဉ်းကပ်လားချိန်တွင် ကြယ်တင်းခွန်နောက်၌ အမြီးရေ ကြယ်တင်းခွန်ဧ့ ဦးခေါင်းရှိသို့ ရောက်လားရေ။ အခြားတစ်နည်းပြောရကေ ကြယ်တင်းခွန်ရေ နီဖက်သို့ အမြဲဦးခိုက်နိန်ရေလို့ ဆိုလိုရေ။ ဒေပိုင်ဖြစ်ရခြင်းစွာရေ နီဧ့မျက်နှာပြင်တွင် လျှပ်စစ် 'ဓာတ်မ'ဟိပနာ၊ ကြယ်တင်းခွန်ဧ့ ပဒုံးမာလေ့ လျှပ်စစ် 'ဓာတ်မ'ဟိအနိန်နန့် နေဧ့'ဓာတ်မ'က ကြယ်တင်းခွန်ပဒုံးဧ့ 'ဓာတ်မ'ကို တွန်းခွာရေကြောင့် ဖြစ်တန်ရာရေဟု ဆိုရေ။ ကြယ်တင်းခွန်ရေ နီဟိရာသို့ ပြန်လာရေလည်း ဟိရေ။ နောက်ထပ်ပြန်မလာတော့ဘဲ တစ်ခါတည်း အစအနပျောက်လားရေလည်း ဟိရေဟု ယူဆခကတ်ရေ။ ယေဒါလေ့ ဂုအခါ နက္ခတ်ဆရာအများကပင် ကြယ်တင်းခွန်ကို နီစကြဝဠာတွင်အပါအဝင်ဖြစ်ရေ ဟူပနာလည်းကောင်း၊ ယင်းရေ နီနန့်ဂြိုဟ်တိဖြစ်ပေါ်ရာ နက်ဗျူလာကြီးဧ့ ပါးရေအစွန်းအနားမှ ပေါ်ပေါက်လာဟန်ဟိရေဟူပနာလည်းကောင်း ယုံကြည်ယူဆလာကတ်ပါယာ။ ကမ္ဘာမှမြင်ရရေ ကြယ်တင်းခွန်ရို့ရေ ဂြိုဟ်တိပိုင်ပင် ကိုယ်ပိုင်လမ်းကြောင်းတိဖြင့် နီကိုလှည့်ပတ်နိန်ကတ်တေ။ ယကေ ကြယ်တင်းခွန်ဧ့ လမ်းကြောင်းကား ဂြိုဟ်ရို့၏ ဘဲဥပုံလမ်းကြောင်းရို့ထက် ပိုပနာရှည်လျားရေ။ ယင်းသို့ လှည့်ပတ်နီကတ်ယင်း ကြယ်တင်းခွန်ရေ နီဟိရာသို့ ပြန်လည်ရောက်ဟိလာမည်ဟု ယူဆကြရာ၊ ဒေပိုင် ယူဆရေအကြောင်းလည်း နီဟိရာသို့ အချိန်မှန် ပြန်လည့်လာရေ ကြယ်တင်းခွန်တိကို တွိမြင်ရလီရေ။

ကြယ်တင်းခွန်တိကို အချိန်ကြာ ကြယ်တင်းခွန်နန့် အချိန်တို ကြယ်တင်းခွန်ဟူပနာ ၂ မျိုး ၂ စား ခွဲခြားထားရေ။ အချိန်ကြာ ကြယ်တင်းခွန်ရေ ကကောင်းတောက်ပပနာ သာမန်မျက်စိနန့် မြင်နိုင်ရေ ပဒုံးပါဟိရေ။ အချိန်တိုကြယ်တင်းခွန်မျိုးတွင် ပဒုံးမပါ သလောက် ဖြစ်စွာကို တွိရဧ့။

၁၆၈၂ ခုနှစ်တွင် နာမည်ကျော် အင်္ဂလိပ်လူမျိုး သင်္ချာနန့် နက္ခတ်ဆရာကြီး အက်ဒမန်ဟယ်လီရေ ကကောင်းတောက်ပရေ ကြယ်တင်းခွန်ကြီးတစ်လုံးကို ကြည့်ရှုစစ်ဆီးပြီးနောက်၊ ထိုကြယ်တင်းခွန်ရေ နောက် ၇၆ နှစ်ကြာပနာ၊ ၁၇၅၈ ခုနှစ်သို့ရောက်ကေ ကမ္ဘာမှမြင်နိုင်အောင် ပြန်လာလီဖို့ဟု တင်ကူး အဟောထုတ်ခလီရေ။ ဒေပိုင် အဟောထုတ်ခရေ ထိုကြယ်တင်းခွန်ရေ ၁၇၅၈ ခုနှစ်၌ ပြန်လည်ရောက်ဟိလာလီရေ။ ဟောကိန်းထုတ်ခသူ နက္ခက်ဆရာကြီးဧ့ နာမည်ကို အစွဲပြုပနာ၊ ထိုကြယ်တင်းခွန်ကိုလေ့ ဟယ်လီကြယ်တင်းခွန်ဟု ခေါ်ကတ်ရေ။ ဟယ်လီကြယ်တင်းခွန်ရေ ၇၆ နှစ်တွင် တစ်ကြိမ် ကမ္ဘာသို့ ချဉ်းကပ်လာပနာ၊ နောက်ဆုံးအကြိမ် ပေါ်ခရေနှစ်ဖို့ ၁၉၁၀ ခုနှစ် ဖြစ်လီရေ။

ကြယ်တံခွန်တိရေ နေနန့်ဝီးရေအချိန်၌ ကိုမာနန့် အမြီးပိုင်းတိ မဟိသေးပဲ အစိုင်အခဲအနိန်နန့်သာ တည်ဟိရေ။ ရွှေရှားနှုန်းဖို့လဲ ကကောင်းနှေးရေ။

အခြားထင်ပေါ်ကျော်ကြားရေ ကြယ်တင်းခွန်တိဖို့ အင်ကီကြယ်တင်းခွန်၊ ဗီအဲလားကြယ်တင်းခွန်၊ ဒိုနားတီးကြယ်တင်းခွန်ရို့ ဖြစ်ကတ်တေ။ အင်ကီကြယ်တင်းခွန်ရေ ၃ နှစ်နန့် ၆ လကြာတိုင်း ကမ္ဘာသို့ တစ်ကြိမ် ချဉ်းကပ်လာရေ။ ဗီအဲလားကြယ်တင်းခွန်ရေ ၁၈၄၆ ခုနှစ်တွင် ၂ ခြမ်းကွဲလားပြီးနောက်၊ အစိတ်စိတ်အမြွာမြွာ ထပ်မံပနာ ကွဲထွက်လားပြန်ရေ။ ဒိုနားတီးကြယ်တင်းခွန်ဖို့ ၁၉ ရာစုအတွင်း ပေါ်ရေ ကြယ်တင်းခွန်ရို့အနက် အထွန်းလင်းဆုံး ကြယ်တင်းခွန် ဖြစ်ဧ့။ ကြယ်တင်းခွန်ရေ အရွယ်ပမာဏအားဖြင့် အလွန်တရာ ကြီးမားကြလီရေ။ ကြယ်တင်းခွန်ဧ့ ဦးခေါင်းစွာ မိုင်ပေါင်း ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိကျယ်ပြန့်ပနာ၊ ပဒုံးစွာ မိုင်ပေါင်း အသိန်းအသန်းရှည်လျားရေ။ ကြယ်တင်းခွန်ဦးခေါင်းဧ့ နျူးကလီးယပ်အပိုင်းရေ မိုင် သုံး/လေးရာမှ မိုင် ခုနှစ်/ရှစ်ထောင်အထိ ကျယ်ပြန့်ရေ။ ကြယ်တင်းခွန်ရို့ရေ အီးစက်နီရေ အလင်းမဲ့ဒြဗ်ထုတိဖြစ်ပနာ၊ ယင်းရို့တွင် အစိုင်အခဲရော ဓာတ်ငွေ့တိပါ ပါဝင်ကတ်ရေ။ ကြယ်တင်းခွန်ရို့ရေ နီသို့ချဉ်းကပ်လာမှ အလင်းရောင် ထွက်လာရေ။ ထိုအလင်းရောင်ရေ နီရောင်မှ ပြန်ဟပ်ရေ အလင်းရောင်ပြန်လော၊ သို့မဟုတ် နီပူဟိန်ကြောင့် ပူပြင်းတောက်လောင်ရာမှ ထွက်လာရေ အလင်းရောင်လော ဆိုစွာကိုမူ အတိအကျမသိရသိမ့်ပါ။ နီနန့်ဝီးချိန်၌ ကြယ်တင်းခွန်ရို့ရေ နှေးကွေးစွာ ရွိလျားကတ်ကေလေ့ နီသို့ ချဉ်းကပ်လာရေအခါ တစ်စက္ကန့်တွင် မိုင် ၃၀၀ (တစ်မိနစ်တွင် မိုင်ပေါင်း ၁၈၀၀)နှုန်း ပေါက်အောင်ပင် ကြောက်ခမန်းလိလိ လျင်မြန်လာတတ် လီရေ။

ကြယ်တင်းခွန်နန့် ကျွန်ုပ်ရို့ကမ္ဘာ ဝင်တိုက်မိတတ်လီရေ။ ကြယ်တင်းခွန်နန့် ကျွန်ုပ်ရို့ကမ္ဘာ ဝင်တိုက်မိရေအခါမျိုးနန့် ကြုံကြိုက်ခဖူးကေလေ့၊ ကမ္ဘာမာ ဇာခါမျှ ဖီးအန္တရာယ်မဖြစ်ခပေ။ ဝင်တိုက်မိမှန်းကိုပင် မသိရချေ။

ကြယ်တင်းခွန်တိဧ့ အစိတ်အပိုင်း ၃ ပိုင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကြယ်တင်းခွန်ရို့ရေ နီအဖွဲ့အစည်းအတွင်းမှ သေးငယ်ရေ အရာဝတ္ထုတိဖြစ်ပြီး နီကို လှည့်ပတ်လျက် ဟိရေ။ နီနန့် နီးလာရေနန့်အမျှ နီရောင်ခြည်လေ (solar wind) ဧ့ သက်ရောက်မှု့ကြောင့် တောက်ပရေ ပဒုံးထွက်ပေါ်လာရေ။ ကြယ်တင်းခွန်တစ်ခုအား အောက်ပါအကြောင်း အစိတ်အပိုင်း (၃)ခု ခွဲခြားသတ်မှတ်နိုင်ရေ -

  1. ဝတ်ဆံပိုင်း (nucleus)
  2. ကိုမာ/ဦးခေါင်းပိုင်း (coma)
  3. ပဒုံးပိုင်း (tail)

ရို့ဖြစ်ရေ။

နေနန့်နီးလာရေနန့်အမျှ နီရောင်ခြည်ဧ့သက်ရောက်မှု့ကို ခံစားရပြီး ဓာတ်ငွေ့နန့်ဖုန်တိပန်းထွက်လာပြီး ဝတ်ဆံပိုင်းကို တိမ်တိုက်သဖွယ် ဖုံးအုပ်ထားရေ။ ၎င်းကို ကိုမာ (coma) ဟုခေါ်ရေ။

ဝတ်ဆံပိုင်း (nucleus) ရေ ရီခဲနန့်ဖုန်မှုန့်တိရောနှောနီခြင်းဖြစ်တေ။ အရွယ်အစားဖို့ အချင်းမိုင်တဖဲ့ချေမျှသာဟိတတ်ရေ။ အများအားဖြင့် ၁၀ကီလိုမီတာ (၆ မိုင်) ခန့်သာ ဟိတတ်ပါရေ။ ဒေအပိုင်းရေ အီးလွန်းရေအတွက်နန့် အစိုင်အခဲဖြစ်နီရေ အမာခံ ကျောက်တုံးကျောက်ခဲ အပိုင်းဖြစ်ရေ။ အထူးအနိန်နန့် ရီခိုးရီငွိတိ၊ မီသိန်း၊ မီသိုင်းစိုင်ယင်နိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ အမိုးနီးယား မြူမှုန်တိ၊ ဖုန့်မှုန့်တိ နန့် အခြားဟိုက်ဒရိုကာဗွန်တိ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ရေ။

ကိုမာ/ဦးခေါင်းပိုင်း (coma)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကြယ်တင်းခွန်တိရေ နီနန့်နီးလာရေနန့်အမျှ ဝတ်ဆံအပိုင်းမှ ဓာတ်ငွေ့တိက လီထုသဖွယ် ဖြစ်ပေါ်လာရေ။ ၎င်းအပိုင်းကို ကိုမာ (coma) ဟုခေါ်ရေ။ ကိုမာအပိုင်းရေ ၈၀၀၀၀ ကီလိုမီတာ (မိုင် ၅၀၀၀၀) ခန့်လောက်ထိ ဟိတက်ပြီး ဝတ်ဆံပိုင်း(nucleus)ကို တိမ်တိုက်တိသဖွယ် ဖုံးအုပ်ထားရေ။ ကိုမာအပိုင်းရေ နီနန့်အနီးဆုံးအချိန်တွင် အကြီးဆုံးတွိမြင်ရပြီး နီနန့်ဝီးလေ အချင်းငယ်လားလီဖြစ်ရေ။ နီနန့် ပိုပနာ နီးကပ်လာရေအခါ နီဧ့ဆွဲအားကြောင့် အဟိန်ပိုမြန်လာရေ။ နီရောင်ခြည်လေ (solar wind) သက်ရောက်မှု့ကြောင့် ဓာတ်ငွိနန့် ဖုန်မှုန့်တိရေ ပဒုံးအဖြစ် ပန်းထွက်လာရေ။

ကြယ်တံခွန်ဧ့ ပတ်လမ်းရေ ဘဲဥပုံဟိရေ။ အမြီး ၂ ခုပါဝင်ပြီး အိုင်ယွန်းအမြီးရေ နေနန့် အစဉ် ဆန်ကျင်ဘက်သို့ဦးတည်နီပြီး ဖုန်မှုန့်အမြီးကား ပတ်လမ်းကြောင်းကို လိုက်ပနာကွေးလျက် ဟိရေ။

ကြယ်တင်းခွန်တိရေ နီနန့်နီးလာစွာနန့်အမျှ နီရောင်ခြည်လီ (solar wind) အားသက်ရောက်မှုကို ပိုပြီးကေခံလာရပြီး ကိုမာမှ ဓာတ်ငွေ့တိနန့် ဖုန်မှုန့်တိ ရေ နောက်တွင် ပဒုံးသဏ္ဌာန် တန်းပနာထွက်ပေါ်လာရေ။ ကြယ်တင်းခွန်တိဧ့ ပဒုံးပိုင်းရေ နီနန့်ဆန့်ကျင်ဘက်ကို အမြဲတစေတန်းလျက် ဟိကတ်ရေ။ နီဧ့ အနီးနားသို့ ရောက်လာရေနန့် အမျှ နီမှထုတ်လွှင့်ရေ ခရမ်းလွန်ရောင်ခြည်တိနန့် ကြယ်တင်းခွန်မှ ဓာတ်ငွေ့အမှုန်တိ တိုက်ရိုက်ထိတွိကြအနိန်နန့် ကြယ်တင်းခွန်ရို့ဧ့အရောင်ရေ ပိုပနာတောက်ပလာရေ။ ပဒုံးစွာလေ့ ပိုပနာရှည်လျားလာရေ။ ကြယ်တင်းခွန်တစ်လုံးတွင် ပဒုံး ၂ ပါဟိရေ။ ဖုန်မှုန့် ပဒုံး နန့် အိုင်ယွန်းပဒုံး ရို့ဖြစ်တေ။