Jump to content

ခတ္တမန္ဒု တက္ကသိုလ်

ဝီကီးပီးဒီးယား က
ခတ္တမန္ဒု တက္ကသိုလ်
काठमाडौं विश्वविद्यालय
ဖိုင်:Kathmandu University Logo.png
ဆောင်ပုဒ်
Quality Education for Leadership
အမျိုးအစားPublic
တည်ထောင်၁၉၉၁
တည်ထောင်သူတိSuresh Raj Sharma
အဓိပတိနီပေါဝန်ကြီးချုပ်
ဒု-အဓိပတိProf. Dr. Ram Kantha Makaju Shrestha
သင်တန်းသား၁၅၀၀၀
တည်နီရာ
ဝဘ်ဆိုဒ်ku.edu.np
Map

ခတ္တမန္ဒု တက္ကသိုလ် (တမ်းပလိတ်:Lang-ne) စွာ အစိုးရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အများပြည်သူဆိုင်ရေ ပညာရီးအဖွဲ့အစည်း ဖြစ်တေ။ နီပေါနိုင်ငံ၏ တတိယမြောက် သက်တမ်းအရှည်ဆုံး တက္ကသိုလ်တခု ဖြစ်ပြီးကေ ခတ္တမန္ဒုမြို့ အရှိဖက် ၃၀ ကီလိုမီတာအကွာ ဒူလီခေးလ်မြို့(Dhulikhel)၊ ကာဗရီပလန်ချော့ ခရိုင်(Kavrepalanchok District) မာ တည်ဟိရေ။ ခတ္တမန္ဒု တက္ကသိုလ်ကို ၁၉၉၁ ခုနှစ်မာ တည်ထောင်ခခြင်း ဖြစ်ပြီးကေ ကျောင်းဆောင်ပုဒ်မာ "Quality Education for Leadership" ဖြစ်တေ။ တက္ကသိုလ်သည် ဒူလီခေးလ်၊ လာလစ်ပူရ်(Lalitpur) နန့် ဘာ့ခ်တာပူရ်(Bhaktapur) ဟိ ကျောင်းဝင်း သုံးခုနန့် ဌာန ၇ ခုရို့နန့် သင်ကြားရီးတိကို ပြုလုပ်ပီးဗျာယ် ဟိရေ။ တက္ကသိုလ်မာ ဘွဲ့ကြိုနန့် ဘွဲ့လွန် ပညာရီးတိအတွက် များစွာသော ပညာရပ်ဆိုင်ရ နယ်ပယ်ရို့မာ သင်ကြားနှိုင်ရေ။

ခတ္တမန္ဒု တက္ကသိုလ် အုပ်ချုပ်မှုရုံး အဆောက်အဦ

တက္ကသိုလ် မတည်ထောင်နိုင်မီ အစောပိုင်း ယုံကြည်ရာဆောင်ရွက်နီကတ်တေ လူတစုစွာ ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်း (သရီဘူဗန် တက္ကသိုလ်၏ အောက်မာ ပါဝင်ထားရေ ပုဂ္ဂလိက တက္ကသိုလ်) ကို ၁၉၈၅ ခုနှစ်မာ တည်ထောင်ခပြီးကေ အလယ်တန်းအဆင့် သိပ္ပံပညာ(Intermediate of Science level) ကို သင်ကြားပီးခရေ။ ထိုအဖွဲ့သည်ပင် ခတ္တမန္ဒု တက္ကသိုလ်တည်ထောင်ရန် အကြံပြုခရေ။ ပါလီမန်မာ အဆိုပြုတင်သွင်း ဆွေးနွေးခပြီးကေနောက် ၁၉၉၁ ခုနှစ် ဒီဇန်ဘာလ ၁၁ ရက်နိမာ ပါလီမန်ဥပဒေအရ ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ရန် ခွင့်ပြုခရေ။

Kathmandu University High School
ခတ္တမန္ဒု တက္ကသိုလ် အထက်တန်းကျောင်း

ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ခွင့် ဥပဒေ[၁]အရ အကျိုးအမြတ်မယူသော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အများပြည်သူနန့် ဆိုင်ရေ တက္ကသိုလ်[၂] ၁၉၉၁ နိုဝင်ဘာမာ တည်ထောင်ခပြီးကေရေအခါ အဆင့်မြင့် ပညာရီးကို သင်ကြားနှိုင်ရေ ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အများပြည်သူနန့်ဆိုင်ရေ ပညာရီးအဖွဲ့အစည်း ဖြစ်လာခရေ။ တက္ကသိုလ်မတည်ထောင်မီက ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်းကို ၁၉၈၅ ခုနှစ်မာ တည်ထောင်ခခြင်း ဖြစ်တေ။ ထိုကျောင်းသည် သရီဘူဗန် တက္ကသိုလ်၏ အောက်မာ ပါဝင်ထားရေ ပုဂ္ဂလိက ပညာရီးအဖွဲ့အစည်းဖြစ်ပြီးကေ အလယ်တန်းအဆင့် သိပ္ပံပညာတိုကို သင်ကြားပီးခရေ။


ခတ္တမန္ဒု တက္ကသိုလ်သည် ပညာရီးဆိုင်ရာ အစီအစိုင်တိကို ၁၉၉၂ ခုနှစ်မာ အလယ်တန်းအဆင့် သိပ္ပံပညာတိုကို သင်ကြားခြင်းနန့် စတင်ခရေ။ ၁၉၉၄ ခုနှစ်မာ တက္ကသိုလ်သည် ဆီးဝါးပညာ၊ ဇီဝဗေဒနန့် အိန်ဂျန်နီယာ( လျှစ်စစ်နန့် အီလက်ထရောနစ်၊ ကွန်ပျူတာနှင် စက်မှု) ဆိုင်ရာ ဘွဲ့တိအတွက် သင်ကြားပီးခရေ။ နောင်မာ ပတ်ဝန်းကျင်ဆိုင်ရာ အိန်ဂျန်နီယာနန့် သိပ္ပံပဝါရေလေ့ ကျောင်း၏ ပညာရီးအစီအစိုင်မာ ပါဝင်လှာခရေ။ M.Phil နန့် PhD ရို့ကို ၁၉၉၇ ခုနှစ်မှ စတင်ကာ သင်ကြားပီးနှိုင်ခရေ။ ၂၀၁၄ ခုနှစ်မာ ဥပဒေဌာနကို ဖွင့်လှစ်ပြီး ဥပဒေပညာကို စတင်သင်ကြားခရေ။

အရေးပါရေ မှတ်တိုင်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  • ၁၉၈၅ ခုနှစ် သြဂတ်လမာ သရီဘူဗန် တက္ကသိုလ် အောက်မာ ခတ္တမန္ဒုတောင်ကြား ကျောင်းဝင်းကို တည်ထောင်ခပြီးကေ အလယတန်းအဆင့် သိပ္ပံပညာရပ်တိကို စတင်သင်ကြားခရေ။
  • ၁၉၉၁ ခုနှစ် နိုဗန်ဘာလမာ ပါလီမန်ဥပဒေဖြင့် ခတ္တမန္ဒု တက္ကသိုလ် တည်ထောင်ရန် သတ်မှတ်အရည်းအချင်းနန့် ပြည့်မီကြောင်း ထုတ်ပြန်ခရေ။
  • ၁၉၉၁ ခုနှစ် ဒီဇန်ဘာလမာ တက္ကသိုလ် ပညာရီးအဖွဲ့ ပထမဆုံးအစည်းအဝေးကို ဝန်ကြီးချုပ်လေ့ဖြစ်သူ ခတ္တမန္ဒု တက္ကသိုလ် အဓိပတိအဖြစ် Girija Prasad Koirala မှ ဦးဆောင်ကျင်းပခပြီးကေ Dr. Suresh Raj Sharma ကို တက္ကသိုလ်၏ ဒုတိယ အဓိပတိအဖြစ် ခန့်အပ်ခီရေ။
  • ၁၉၉၂ ခုနှစ် ဂျန်နဝါရီလမာ Dr. Sitaram Adhikary အား တက္ကသိုလ် မော်ကွန်းထိန်းအဖြစ် ခန့်အပ်ခီရေ။
  • ၁၉၉၂ ခုနှစ် ဂျူလိုင်လမာ တန်ဂဲလ်မာ သိပ္ပံဌာနကို ဖွင့်လှစ်ခပြီးကေ Dr. Bhadra Man Tuladhar အား ဌာနမှူးအဖြစ် ခန့်အပ်ခီရေ။ ခတ္တမန္ဒု တက္ကသိုလ်သည် ကိုယ်ပိုင် အလယ်တန်းအဆင့် သိပ္ပံပညာကို စတင်သင်ကြားပီးနှိုင်ခရေ။
  • ၁၉၉၃ ခုနှစ် သြဂတ်လမာ စီမံခန့်ခွဲမှုပညာဌာနကို နယူးဘန်းနက်ဆွာမာ ဖွင့်လှစ်ခရေ။ ပါမောက္ခ Krishna Swaminathan အား စီမံခန့်ခွဲမှုဌာန၏ ဌာနမှူးအဖြစ် ခန့်အပ်ခီရေ။ စီးပွားရီး စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့လွန်ကို စတင်သင်ကြားပီးနှိုင်ခရေ။
  • ၁၉၉၄ ခုနှစ် မာ့ခ်ျလမာ ပညာရီးကောင်စီသည် သုံးနှစ်ဖြင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များ၊ လေးနှစ်ဖြင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း)အား စတင် ပီးအပ်ရန် ဆုံးဖြတ်ခရေ။

ပညာရီးဆိုင်ရာ အဖွဲ့အစည်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ခတ္တမန္ဒု တက္ကသိုလ်သည် ဌာန ၇ ခုဖြင့် ပညာသင်ကြားပေးဗျာယ် ဟိရေ။ ယင်းဌာနရို့မာ

  • သိပ္ပံဌာနကြီး (School of Science)
  • ဝိဇ္ဇာနန့် လူမှုဗေဒ ဌာနကြီး (School of Arts & Humanities)
  • ပညာရီးဌာနကြီး (School of Education)
  • အိန်ဂျန်နီယာဌာနကြီး (School of Engineering)
  • စီမံခန့်ခွဲမှုပညာဌာနကြီး (School of Management)
  • ဆီးသိပ္ပံဌာနကြီး (School of Medical Sciences)
  • ဥပဒေဌာနကြီး (School of Law)

ဆီးသိပ္ပံဌာနကြီးနန့် အိန်ဂျန်နီယာဌာနကြီးမာ ကျောင်းသားအများစု တက်ရောက်ကတ်တေ။ သိပ္ပံဌာနကြီးနန့် အိန်ဂျန်နီယာဌာနကြီးရို့မာ တက္ကသိုလ်ဟိ အရာဌာနကြီးရို့နန့် မတူပဲ နိုင်ငံတဝှမ်းမာ ကောလိပ်များစွာရို့ရေ ထိုဌာနကြီးရို့အောက်မာ ဟိကတ်တေ။ အိန်ဂျန်နီယာဌာနကြီးမာ လက်ဟိမာ လျှပ်စစ်နန့် အီလက်ထရောနစ်ဘာသာရပ်တိကို ဘွဲ့ကြိုရော၊ ဘွဲ့လွန်ပါ အများစု သင်ကြားကတ်ယား မကြသိမ့်ခင်က မြို့ပြအိန်ဂျန်နီယာ ဘာသာရပ်နန့် Geomatics Engineering ဘာသာရပ်ရို့ကို သင်ကြားခရေ။ သိပ္ပံဌာနကြီးမာလေ့ မနုဿဇီဝဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံနန့် အိန်ဂျန်နီယာဘာသာရပ်၊ ဇီဝနည်းပညာဘာသာရပ်နန့် အသုံးချရူပဗေဒ ဘာသာရပ်တိကို သင်ကြားပေးဗျာယ်ဟိရေ။ ဓာတုအိန်ဂျန်နီယာ၊ သားဖွားအထူးပြု သူနာပြုဘွဲ့နန့် အရိုးနန့်အကြောဆိုင်ရာ ဆီးပညာဘွဲ့ရို့စွာ တအောင့်လောက်က သင်ကြားနှိုင်ခသော ပညာရပ်များဖြစ်ပြီးကေ နီပေါနိုင်ငံမာ ပထမဆုံး သင်ကြားနှိုင်ခရေ တက္ကသိုလ်ဖြစ်တေ။

တက္ကသိုလ်မာ အိန်ဂျန်နီယာ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စီမံခန့်ခွဲမှုပညာ၊ ပညာရီး၊ ဥပဒေနန့် ဆီးပညာသိပ္ပံဆိုင်ရာ နယ်ပယ်တိကို ဘွဲ့ကြိုမှ ဘွဲ့လွန်အထိ သင်ကြားနှိုင်ရေ။ ဘွဲ့ကြိုတိအတွက် သင်ကြားနှိုင်ရေ ပညာရီးအစီအစိုင်တိမာ အိန်ဂျန်နီယာပညာရပ် (ဓာတုအိန်ဂျန်နီယာ၊ မြို့ပြအိန်ဂျန်နီယာ၊ လျှပ်စစ်နန့် အီလက်ထရောနစ်အိန်ဂျန်နီယာ၊ စက်မှုအိန်ဂျန်နီယာ၊ ပတ်ဝန်ကျင်းဆိုင်ရာ အိန်ဂျန်နီယာ၊ ဗိသုကာအိန်ဂျန်နီယာနန့် Geomatics အိန်ဂျန်နီယာ)၊ သိပ္ပံ (ဇီဝနည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ၊ ဆီးဝါပညာ၊ မနုဿဇီဝဗေဒ၊ Computational Mathematics နန့် အသုံးချရူပဗေဒ)၊ စီမံခန့်ခွဲမှုပညာ (Business Administration)၊ ဝိဇ္ဇာ (ဂီတ၊ သတင်းမီဒီယာ၊ ဘောဂဗေဒ၊ community development နန့် fine art)၊ ဆီးပညာသိပ္ပံ (MBBS၊ MD/MS၊ Mch/DM in various medical specialities and subspecialities၊ B Sc Nursing, PCL Nursing၊ Bachelor in Nursing၊ BSc Midwifery, Bachelor in Physiotherapy BDS) ရို့ဖြစ်တေ။ ဓာတုအိန်ဂျန်နီယာ ဘာသာရပ်ကို နီပေါနိုင်ငံမာ ပထမဆုံး သင်ကြားပီးနှိုင်ခသော တက္ကသိုလ်လေ့ ဖြစ်တေ။

ခတ္တမန္ဒု တက္ကသိုလ်သည် နီပေါနိုင်ငံ၏ နံပါတ် ၁ ကောင်းဘီယက် တက္ကသိုလ် ဖြစ်တေ။ အိန်ဂျန်နီယာဘာသာရပ်တိအား သင်ကြားပီးရာမာ ကျော်ကြားခြင်းဖြစ်ပြီးကေ နီပေါနိုင်ငံ ကောင်းဘီယက် နည်းပညာ တက္ကသိုလ်တခုလေ့ ဖြစ်တေ။

  1. ↑ KU Act 2048/1991။ Ministry of Education, Nepal။ 2 February 2020 မာ မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ နိုဝင်ဘာ ၂၀၁၈ မာ ပြန်စစ်ပြီး။
  2. ↑ SCIENCE, RESEARCH AND TECHNOLOGY IN NEPAL။ Bajracharya, Dayanand; Bhuju, Dinesh Raj; Pokhrel, Jiba Raj. UNESCO Kathamndu Office.။ ၁၀ နိုဝင်ဘာ ၂၀၁၈ မာ ပြန်စစ်ပြီး။