Jump to content

ခန္ဓသုတ်

ဝီကီးပီးဒီးယား က


၁။ သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။

၁။ ဒေခန္ဓသုတ် ပရိတ်တော်စွာ နတ်ဆီး နတ်မန္တရားနန့် တူ၏။ မြွီလေးမျိုးရို့၏ ပြင်းထန်ရေ အဆိပ်ကို ပျောက်ကင်းစီ၏။

၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ အာဏာခေတ်လို့ဆိုရေ စကြဝဠာ ကုဋေတသိန်း အတွင်းမှာ သတ္တဝါတိဟိကက်၏။ မြွီမှတပါး ကျန်ရေ သတ္တဝါတိ ဖီးရန်ကိုလည်း တားမြစ်နိုင်စွမ်းပီး၏။ ယင်းပရိတ်တော်ကို ဒေဂုအခါ ငရို့တိ စုပေါင်း ရွတ်ဆိုကက်ပါဖို့။

၃။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေ ဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာ ဂေါတမ ကေဟိစ။

၃။ ဝိရူပက္ခ နဂါးမင်းရို့နန့် အတူတကွ ငရို့၏ ချစ်ခြင်းမေတ္တာစွာ ဖြစ်ပါစီ။ ဧရာပထ နဂါးမင်းရို့နန့် အတူတကွ ငရို့၏ ချစ်ခြင်းမေတ္တာစွာ ဖြစ်ပါစီ။ ဆဗျာပုတ္တ နဂါးမင်းရို့နန့် အတူတကွ ငရို့၏ ချစ်ခြင်းမေတ္တာစွာ ဖြစ်ပါစီ။ ကဏှာဂေါတမ နဂါးမင်းရို့နန့် အတူတကွ ငရို့၏ ချစ်ခြင်းမေတ္တာစွာ ဖြစ်ပါစီ။

၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံဒွိပါ ဒကေဟိ မေ။စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေ ဟိ မေ။

၄။ ခြီမဟိရေ သတ္တဝါ၊ ခြီနှစ်ချောင်းဟိရေ သတ္တဝါ၊ ခြီလေးချောင်းဟိရေ သတ္တဝါ၊ ခြေထောက်များစွာဟိရေ သတ္တဝါ၊ ဒေသတ္တဝါအားလုံးနန့် ငရို့ဧ့ ချစ်ခြင်းမေတ္တာစွာ အတူတကွ ဖြစ်ပါစီသတည်း။

၅။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

၅။ ခြီမဟိရေ သတ္တဝါတိက င့ကို မညှင်းဆဲစီသတည်း။ ခြီနှစ်ချောင်းဟိရေ သတ္တဝါက င့ကို မညှင်းဆဲစီသတည်း။ ခြီလေးချောင်းဟိရေ သတ္တဝါတိက င့ကို မညှင်းဆဲစီသတည်း။ ခြီထောက်အများကြီးဟိရေ သတ္တဝါတိက င့ကို မညှင်းဆဲစီသတည်း။

၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပ မာဂမာ။

၆။ အာရုံငါးပါးကို ခုံမင်တတ်ရေ သတ္တဝါအားလုံးရို့လည်းကောင်း၊ အသက်ရှူရှိုက်တတ်တေ သတ္တဝါ အားလုံးရို့လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်တေ သတ္တဝါအားလုံးရို့ လည်းကောင်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းစွာ အကောင်းအမြတ်ရို့ကိုရာ မြင်ကက်ပါစီ။ တဖေ့ချေပင် မကောင်းမှုပသို့ မရောက်ကက်ပါစီကေ့။

၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရီသပါနိ။အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။

၇။ (ကိလေသာစွာ နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားစွာ ပမာဏပြုဖို့ရာ ကိလေသာမဟိ။ တရားတော်ကလေ့ ပမာဏပြုဖို့ရာ ကိလေသာမဟိ။ သံဃာတော်ကလေ့ပမာဏပြုဖို့ရာ ကိလေသာမဟိ။ ကင်း၊ သန်း၊ မြွီ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စရေ သတ္တဝါတိစွာ ပမာဏပြုဖို့ရာ ကိလေသာ ဟိကက်ကုန်၏။

၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၈။ အကျွန်ရို့ အစောင့်ရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါရို့ ဖယ်ရှောင်ကက်ကုန်လော့၊ အကျွန့်ရို့စွာ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားကို ယှိခိုးပါ၏။ ဝိပဿီစရေ ဘုရားခုနှစ်ဆူရို့ကိုလေ့ ဦးညွှတ်ယှိခိုးပါ၏။

ခန္ဓသုတ္တံ နိဋ္ဌိတံ

ခန္ဓသုတ် ပြီးပါဗျာလ်

ရွတ်ဖတ်ရခြင်း အကျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မြွီဘေးကင်းနိုင်ရေ။ တခြားအဆိပ်ဟိရေ သတ္တဝါရို့ ဘေးမှလည်း လွတ်နိုင်‌ရေ။ မြွီကိုက် ကင်းကိုက် ခံရရေအခါမျိုးမှာလေ့ အကြိမ်ကြိမ်ရွတ်နိုင်ရေ။ ဘေးရန်ကို ကျော်လွန်နိုင်စီရေ။