ခရီးအကွာအဝေး ဝေါဟာရ ဝေါဟာရတိ
အသွင်ပြင်
| မြန်မာ | ရခိုင် |
|---|---|
| နီးတယ် | ပါးရေ |
| အနီးမှာ | အပါးမှာ၊ အနားမှာ |
| နီးနီးလေး၊ အနီးကလေး | အနားသျှေ၊ အပါးသျှေ |
| အနီးကပ်လို့ | တတက်ကပ်လို့၊ ဟပ်ပတိသျှေ |
| အဝေးမှာ | အဝီးမှာ |
| အတော်ဝေးတယ် | အင်တန်ဝီးရေ |
| သိပ်ဝေးတယ် | အဝီးကြီး |
| အလွန်ဝေးတယ် | ကဂေါင်းဝီးရေ |
| မနီးမဝေး | မဝီးမပါး |
| အပေါ်မှာ | အထက်မှာ |
| အပေါ်ထပ် | အထက်ဆင့် |
| အထဲမှာ | အတွင်းမှာ |
| အထဲဘက် | အတွင်းဘက် |
| တစ်ထောက်ဝေးတယ် | တစ်ပြင်သန်းဝီးရေ |
| တစ်ခေါ်လောက် | ခွီးတစ်ဟောင် |
| အလွန်မြင့်တယ် | အသျှူတစ်ရာမြင့်ရေ |
| ခဲတပစ်လောက် | လက်ခတ်တပိုက်စာ |
| မျက်နှာချင်းဆိုင် | ရှိဆိုင် |
| ဘေးချင်းကပ်လို့ | ထက်ပက်ကပ်လို့ |
| မျက်စောင်းထိုး | ဇလွယ်သိုင်း |
| တတန်းတည်း | တစ်လျှောက်တဲ့ |
| သုံးပွင့်ဆိုင် | ခွင်ခတောက်ဆိုင်၊ ခွင်တောက်ဆောက် |
| တည့်တည့်မတ်မတ် | ပပြောင့်၊ ပပြောင့်သသက် |
| ကွေ့ကွေ့ကောက်ကောက် | ကောက်လီကောက်လောက် |
| တစ်လမ်းအကွာ | တစ်လမ်းခြား |
| တစ်ဆောင်အကွာ | တစ်အိမ်ခြား |
| ဘေးချင်းယှဉ်၍ | နံချင်းပြိုင်လို့ |
| နေ့ချင်းရောက်တေ | ရက်ချင်းပေါက်တေ |
| နေ့ချင်းပြန် | ရက်ချင်းပြန် |
| တစ်နေ့ခရီး | တစ်ရက်ခရိတ် |
| တစ်ညခရီး | တစ်ညက်ခရိတ် |
| တစ်ဖက်မှာ | နံဘေးမှာ |
| ရေကြောင်းခရီး | ရီလမ်း |
| ကုန်းလမ်းခရီး | တောင်ကြောင်း၊ ကုန်းကြောင်း |
| တောလမ်းခရီး | တောကြောင်း၊ တောင်လျှောက် |
| သင်္ဘောလမ်း | သင်္ဘောကြောင်း |
| ကုန်းလမ်း | ကုန်းကြောင်း |
| လက်ဝဲဘက် | ဗယ်ဘက် |
| လက်ယာဘက် | ညာဘက် |
| မျက်စိတဆုံး | မျက်စိတသီခရိတ် |
| မနက်စောစော | ခရီခရော |
| အသံမသဲကွဲ | ခသန်းခဝါ |