Jump to content

ခေါမဒါယက

ဝီကီးပီးဒီးယား က

အသျှင်ခေါမဒါယကထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ဧ့။[]

ဝိပဿီမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဝိပဿီမြတ်စွာဖရား ပွင့်တော်မူစဉ် အခါက ဖြစ်ဧ့။ ယင့်ချိန်တွင် အသျှင်ခေါမဒါယကထေရ် ရေ ဗန္ဓုမတီမြို့တွင် ကုန်ရေတစ်ယောက် ဖြစ်နိန်ဧ့။ ထိုကုန်ရေရေ ဝိပဿီမြတ်စွာဖရားအား ခေါမတိုင်းဖြစ် အဝတ်အထည်တိကို လှူဒါန်းခဧ့။ []

သီလွန်ရေအခါတွင်လည်း ဒေဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင် လေးကျွန်းလုံးကို အစိုးရရေ သိန္ဓဝသန္ဓနနာမည်ဟိရေ စကြဝတေးမင်း ဖြစ်ခဧ့။

အေပိုင် ဘဒ္ဒကမ္ဘာမှ ရွီတွက်ပါက ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဖရားကို အဝတ်အထည်တိကို လှူဒါန်းခရေ အကျိုးကြောင့် အပါယ်လေးဘုံသို့ နနူးမကျရောက်ခရ။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်ခေါမဒါယကထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်.