Jump to content

ချိုးလူမျိုး

ဝီကီးပီးဒီးယား က

ချိုး (K’CHO) ကို အတိက ချင်း ဆိုပနာ သိကတ်တေ။ ချိုးဘာသာစကားဖြင့် ချိုး ဆိုရေစကားလုံးစွာ အထက်၊ အဖျား ဆိုပနာ အဓိပ္ပာယ် ထွက်ရေ။ ယကေလေ့ ချိုး စွာ ကိုယ့်ကိုယ်ကို ကိုယ့် ချိုး ဟုခေါ်ရေ လူမျိုးတမျိုးဧ့ နာမည်နာမ ဖြစ်တေ။ နာမည်စွာ နာမည်နာမသာဖြစ်ပနာ ဇာကြောင့် ချိုး ဟုခေါ်ရေ၊ ဇာအဓိပ္ပာယ်ဖြစ်တေကို ဇာသူလေ့ အတိအကျ မသိပါ၊၊

ယေဘုယျအနိန်နန့်ခြုံကြည့်ကေ အရှိတောင်အာသျှနီ လူမျိုးအားနူံးစွာ မွန်ဂိုလီယား၊ တိဘက်၊ တရုတ်ပြည်မှ အဆင့်ဆင့် ပြောင်းရွိနီထိုင်လာကတ်ကြောင်း၊ ယင်းနည်းတူ ချိုးလူမျိုးရို့စွာလည်း တရုတ်ပြည်မှ ဗမာပြည်၊ ယင်းမှနိန်ပနာ ချင်းတောင်တန်းများထက်တို့ ရောက်ဟိနီထိုင်ကတ်ကြောင်း တွိဟိရဖို့။

ချိုးလူမျိုးရို့စွာ တိဘက်ပြည်၊ တရုတ်ပြည်၊ မြန်မာပြည်ရို့သို့ တဆင့်တဆင့် ရွိရောက်ဟိ လာကတ်ရေ တိဘက်မြန်မာအုပ်စုဝင် လူမျိုးဖြစ်တေ။ ချိုးလူမျိုးမာ Khan Kho KChang, Tui Li KChang, Khom-ah Kheh ဆိုရေ မျိုးနွယ်စုကြီး (Tribe) သုံးခုဟိပြီးကေ ယင်းမျိုးနွယ်စုကြီးတိက အမျိုးအနွယ် (Clan) များ အမြောက်အမြား ပွားများရေ။

ဂုချိန်ခါ မြန်မာနိုင်ငံဧ့ အနောက်ဘက်တောင်တန်းဒေသဖြစ်ရေ ချင်းပြည်နယ်မာ- မတူပီမြို့နယ်အချို့၊ မင်းတပ်မြို့နယ်ကန်ထလန်းဂါးမြို့နယ်ပလက်ဝမြို့နယ်အချို့၊ မကွေးတိုင်းမာ- ဆောမြို့နယ်၊ ထီလင်းမြို့နယ်၊ စေတုတ္တရာ မြို့နယ်၊ ငဖဲမြို့နယ်၊ ရခိုင်ပြည်နယ်မာ- မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းပြားမြို့နယ်၊ မြီပုံ မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲ၊ မန်အောင်ကျွန်းတိအထိ နီထိုင်ကတ်တေ။ မျိုးနွယ်စုအလိုက် နယ်ပါယ်သီးခြားစီ နီထိုင်ခြင်းမဟိဘဲ ရောနှောနီထိုင်ကတ်တေ။

ဘာသာစကားနန့် ယိုင်ကျေးမှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကွဲပြားရေ ဘာသာစကားနန့် ယိုင်ကျေးမှုဟိကတ်တေ။ Mün, MKang, Dai, Ukpu, Ng’Gah စရေဘာသာ စကားနန့် ယိုင်ကျေးမှုအုပ်စု နယ်ပါယ်တိကို တွိဟိနှိုင်ရေ။

ယောက်ျားနန့်မမာ့ ထိမ်းမြားရေအခါမာ မမာ့က ယောက်ျားနောက်လိုက်ရရေ။ မွီးဖွားလာရေ သား၊ သမီးတိစွာ ဖခင်ဧ့ အမျိုးအနွယ်များ ဖြစ်ကတ်တေ။ အမျိုးအချင်းချင်း ပီးစပ်ခွင့်မဟိ။ သမီးပီးရရေ အမျိုးကို TU ဟုခေါ်ပနာ သမီးယူရရေအမျိုးကို PU ဟု ခေါ်ရေ၊ သင်၏ TU ဘက်အမျိုးမှ သမီးကလိန့်မေသျှေကို သင့်အမျိုး ဇာသူကမျှ ယူခွင့်မဟိ။ သင့် PU ဘက်အမျိုးကလေ့ သင့်အမျိုးမှ သမီးကလိန့်မေသျှေကို ယူခွင့်မဟိ။ နာရီ လက်တံစွာ ပြောင်းပြန်ပနာခွင့် မဟိပါ။ ဒေဓလိထုံးစံက အမျိုးအနွယ်ကို ထိန်းသိမ်းရေ။ ပြဿနာတစ်ခုခုဟိ ပါက အမျိုးနန့် ဖြီယှင်းရရေ။ လူတဦးတယောက်ဧ့ ကောင်းခြင်း၊ ဆိုးခြင်းစွာ အမျိုးဧ့ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်တေ။ လူတဦးစီကိုအမျိုးကတာဝန်ခံလို့ အမျိုးအတွက် လူတဦးစီမာ တာဝန်ဟိရေ။ သို့အတွက်နန့် ချိုးလူမျိုး၊ ချိုး နယ်မြီမာရာဇဝတ်မှု ယှားပါးရေ။ လူ့အခွင့်အရီး၊ လူ့တန်ဘိုး တူညီရေ။ ချိုးဥပဒေ ကို An eye for an eye ဥပဒေဟု ဆိုနှိုင်ရေ။ ယင်းကို လက်စားချေစနစ် ဟု ခေါ်ဆိုရေ။ ဒေစနစ် ကြောင့် လူသတ်မှု ယှားပါးရကတ်ောင်း တွိဟိရရေ။

သက်လတ်မြေအမျိုးအစား ဖြစ်တေ။ တောင်တန်းများ၊ စမ်းချောင်းတိနန့် သဘာဝရှုခင်း သာယာပါရေ။ ကုန်းပြင် မြီပြန့် ယှားပါးရေ။ အောက်ကျင်း(ယောနယ်ဟုလူသိများစွာ)မာ လွင်ပြင်အနည်းအကျိုင်း ဟိရေ။ အမြင့်ဆုံးတောင်ထိပ်မာ ဝိတိုရိယခေါ် ‘ခေါနူ’တောင်ဖြစ်ပနာ ပေတသောင်းကျော် မြင့်ရေ။ အမြဲစိမ်းသစ်တော ဧရိယာ ဖြစ်တေ။

တနှစ်မာ နွေ၊ မိုး၊ ဆောင်းဆိုပနာ ရာသီဥတု သုံးမျိုးဟိရေ။ နွီရာသီကတိုတောင်းလို့ မိုးခါသားက ပိုကြာရေ။ မိုးရီချိန်လက္မ ရာကျော်ရေ။

အသက်မွီးဝမ်းကျောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

တောင်တန်းဒေသမာနီထိုင်ကတ်စွာနန့်အညီ ‘ချိုး’ ရို့၏ အသက်မွီးဝမ်းကျောင်းလုပ်ငန်းစွာတောင်ယာလုပ် ငန်းဖြစ်တေ။ တောင်ယာဆိုစွာမာ တောကိုခုတ်ထွင်၊ အချိန်တန်ကေ မီးတိုက်ရှင်းလင်းလို့ စိုက်ပျိုးရေစိုက်ခင်းဖြစ် ရေ။ အောက်ကျင်းခေါ် မြီပြန့်မာ လယ်လုပ်ငန်း လုပ်ကတ်တေ။ အမဲပစ် တောလိုက် ဝသီပါကြလို့ ‘သီနတ် ကို အလွန်ချစ်မြတ်နိုးရေလူမျိုးများ’ ဟု အိန်းဂလိချ်ရို့က မှတ်ချက်ပြုကတ်တေ။

တောင်တန်းအထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်ရို့ကြောင့် လမ်းပန်းဆက်သွယ်ရီး ခက်ခဲရေ။ မိုးခါသားကာလ မာ မိုးများသဖြင့် ရီကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်းတိကြောင့် လားရီးလာရီး ပိုပြီးကေခက်ခဲရေ။ ဂုချိန်ခါ မြို့ပြ များဖြစ်ရေ မတူပီ၊ မင်းတပ်၊ ထီးလင်း၊ ဆော။ ကန်ထလန်းဂါးရို့ကိုသာဒုံနာကားလမ်း ဆက်သွယ်နှိုင်ပါသေး ရေ။ တောင်ဘက် စေတုတ္တရာ၊ ငဖဲနန့် အနောက်ဘက်ပလက်ဝနန့် ရခိုင်ပြည်နယ်ရို့သို့ မော်တော်ကားလမ်း မဟိသိမ့်ပါ၊၊

နအဖစစ်အစိုးရထုတ်ယူရောင်းချရေ ကျွန်း၊ ပြိုင်း၊ ပိတောက်၊ နှော၊ အင်ကြင်း၊ ထင်းရှူးအစဟိရေ အဖိုး တန်သစ်များစာရင်းမာ ‘ချိုး’ဒေသက အများဆုံးဖြစ်တေ။ ဂုချိန်ခါ သစ်တောများ ပြုန်းတီးပြီးကေ ဖုန်းဆိုးဖြစ်စ ပြုနေ ပြီဖြစ်တေ။ ကျောက်မျက်ရတနာများ နီရာတိုင်းမာတွိဟိကေလေ့ ကမ္ဘာလောက် နုနယ်သိမ့်ရေဟု ဘူမိဗေဒ ပညာသျှင်တိက ဆိုကတ်ရေ။ ဂုချိန်ခါ ရီနံ အကြီးအကျယ်ထွက်ဟိရန် တာယက်နိန်ရေ။

အမှန်ဆိုကေ ‘ချိုး’ဒေသစွာ သဘာဝရေလျှပ်စစ်နန့် ဖွံဖြိုးစည်ပင်ရဖို့ ဒေသဖြစ်တေ။ UNDP က လုပ်ပီး ရေနီရာအနည်းအကျိုင်းမာသာ သောက်သုံးရီသွယ်ခြင်းဟိပြီးကေ သဘာဝစမ်းချောင်းများ ခပ်ယူသုံးစွဲခြင်းသာ ဟိသိမ့်ရေ။ လမ်းပန်းဆက်သွယ်ရီးသာကောင်းမွန်ပါမူ ပန်းသီး၊ လိမ္မော်၊သံပရာ စရေ ဟင်းခင်းခြံမြီထွက်ကုန် တိနန့် စည်ပင်ရဖို့ ဒေသဖြစ်တေ။

တမ်းပလိတ်:မြန်မာပြည် လူမျိုးများ