ချောင်းဖလာကျွန်း
ချောင်းဖလာကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ချောင်းဖလာကျွန်စွာ ကောင်းကျော်ထင်ကျွန်းဧ တောင်ဘက်မာဟိရေ။ အရှိဖက်မာ ပြောင်းပြာမြစ်နန့် ပြောင်းပြာကျွန်း၊ တောင်ဘက်မာ ကုလားပုန်းကျွန်း၊ အနောက်ဘက်မာ ကုလားတန်မြစ် ဟိကတ်တေ။ ဒေကျွန်းမာ စက်သား၊ လေးစုပြား၊ ချောင်းဖလာ (အဂု မှိုဟင်း) စရေရွာတိ ဟိကတ်ရေ။ စက်သားရွာမာ စက်လားရွာ လည်းဟူ၏။ မြောက်ဦးခေတ်က စက်သွားတပ်ထားရေ လှံတစ်မျိုးကိုင် သူရဲတိကို ကျေးစားထားခရေ အရပ်လို့ ယူဆကတ်ပါရေ။ ကျောက်စာမာ စက်သွားမှူးမင်း ဆိုပနာ အသုံးဟိသိမ့်ပါရေ(ဦးသာထွန်း၊ ၃၈)။
၁၈၂၅-ခုနှစ်မာ မြောက်ဦးမြို့ကို ချီတက်လာရေ အင်္ဂလိပ်တပ်က တပ်ခွဲတစ်ခွဲကို ချောင်းဖလာက မြန်မာတပ်က ပစ်ခက်ခကက်တေ။ အင်္ဂလိပ်စစ်လှီ သောင်တင်စော်ကို အခွင့်ကောင်းယူခကက်စော် ဖြိုက်တေ။ ဒေတိုက်ပွဲကြောင့် အင်္ဂလိပ်စစ်ဗိုလ် နှစ်ဦး၊တပ်သားနှစ်ဦး ကျဆုံးကြောင်းဆိုရေ။ အင်္ဂလိပ်က ဖိတိုက်ရေအခါ မြန်မာတပ်စွာ မြောက်ဦးကို ဆုတ်ခွါ လားကတ်ကြောင်း မှတ်တမ်းရို့ကဆိုရေ။ ((စန္ဒ။ ၂:၃၆၄။ San Shwe Bu, 189-190))[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။