ခွန်းတဖောကျောင်းတော်
Coordinates: 17°39′13″N 100°08′25″E / 17.6536°N 100.1403°E

ခွန်းတဖောကျောင်းတော် (ထိုင်း: วัดคุ้งตะเภา; အင်္ဂလိပ်: Wat Khung Taphao) စွာ ထိုင်းနိုင်ငံဟိ ဗုဒ္ဓကျောင်းတော် ဖြစ်တေ။ ရှီးကျရေ ဘုန်းတော်ကြီးကျောင်း ဖြစ်ပြီးကေ Maha Nikai ဧ့ လက်အောက်မာ တည်ဟိရေ။ ယင်းအပြင် ကျောင်းတော်စွာ Uttaradit စီရင်စုဒေသဟိ အရေးပါရေ ကျောင်းတော် (၉) ခုထဲက တခုလည်း ဖြစ်တေ။ ကျောင်းတော်မာ ရဟန်း (၁၄) ပါး၊ မောင်သျှင် (၇) ပါး ဟိရေ။
ကျောင်းတော်စွာ Kung Taphao ဒေသမာ သက်တမ်းအရှည်ကြာဆုံးကျောင်းတော် ဖြစ်ပြီးကေ ဗုဒ္ဓဧ့ ဓာတ်တော်တိကိန်းဝပ်ရာနီရာလည်းဖြစ်၊ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူဖြစ်ရေ Phra Buddha Suawannaphetar နန့် Phra Buddha Sukosamrit ရို့လေ့ ဟိသဖြင့် အထူးလူသိများရေ။ ထိုဗုဒ္ဓရုပ်ပွားတော်နှစ်ဆူရေ Uttaradit မာ အရေးပါဆုံး ရုပ်ပွားတော်ကိုးဆူထဲက နှစ်ဆူဖြစ်တေ။
ခွန့်တဖာအိုကျောင်းတော်ကို Thonburi ဘုရင့်နိုင်ငံခေတ်က တည်ထောင်ခပြီးကေ Ban Khung Taphao ဒေသမာ အရေးပါပြီး အသက်ဝင်ပြီးကေ ဟိရေ ကျောင်းတော်အဖြစ် တည်ဟိနိန်တုန်း ဖြစ်တေ။