Jump to content

ဂဏ္ဌိပုပ္ဖိယ

ဝီကီးပီးဒီးယား က

အသျှင်ဂဏ္ဌိပုပ္ဖိယထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

ဝိပဿီမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဝိပဿီမြတ်စွာဖရား လက်ထက်တော်အခါက ဖြစ်ဧ့။ ထိုမြတ်စွာဖရားရေ ကျောင်းအရံမှ ထွက်တော်မူရေအခါ အသျှင်ဂဏ္ဌိပုပ္ဖိယထေရ် ရေ ခရီးလမ်း၌ ညဉ့်မွှေးပန်းနန့် ဖြန့်ကြဲကာ ပူဇော်ဧ့။ []

ဒေဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာရို့လုံးလုံး မြတ်စွာဖရားအား ပန်းပူဇော်ခရေ အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခရပေ။ ဒေဘဒ္ဒကမ္ဘာမှ လေးဆယ့်တစ်ကမ္ဘာထက်တွင် “စရဏ” နာမည်နန့် စကြဝတေးမင်း ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်ဂဏ္ဌိပုပ္ဖိယထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပဏ္ဌိပုပ္ဖိယတ္ထေရအပဒါန်.