Jump to content

ဂန္ဓမာလိယ

ဝီကီးပီးဒီးယား က

အသျှင်ဂန္ဓမာလိယထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

သိဒ္ဓတ္ထမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အသျှင်ဂန္ဓမာလိယထေရ် ရေ သိဒ္ဓတ္ထမြတ်စွာဖရား ဧ့ နံ့သာပုထိုတော်ကို ပြုလုပ်လှူဒါန်းခဧ့။ ယင်းခါ မြတ်စွာဖရားအား ရဟန်းအပေါင်းခြံရံပနာ ဖူးမြင်ရဧ့။ ယပြီးနောက် အသျှင်ဂန္ဓမာလိယထေရ် ရေ မြတ်စွာဖရားအား ဟိခိုးကာ မြီာက်အရပ်သို့ လားဧ့။[]

ဒေဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် ပန်းနံ့သာလှူခရေအချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခရပေ။ ယင်းချင့်အပြင် သုံးဆယ့်ကိုးကမ္ဘာထက်တွင်လည်း “ဒေဝဂန္ဓ” နာမည်နန့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်ဂန္ဓမာလိယထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်.