Jump to content

ဂရဖတီအနုပညာ

ဝီကီးပီးဒီးယား က
ဖိုင်:Tehranurbanartalone.jpg
Graffiti Art
Graffiti Art

Graffiti Art ဆိုစာမှာ Hip Hopနဲ့ ဆက်နွယ် ပတ်သက်နီရေ လမ်းတိပေါ်ဟိ နံရံတိတွင် ရီးဆွဲထားရေ ရုပ်ပုံ၊ စာသားတိကို ခေါ်ဆိုရေ။ Street Art ဟူပနာလည်းခေါ်ရေ။ ရုပ်ပုံတိကို မှုတ်ဆီး(spray)ဗူးတိကို အသုံးပြုပနာ ရီးဆွဲကတ်ရေ။ ရီးဆွဲသူတိကို Graffiti artists(or) Street artists ဟုခေါ်ကတ်ရေ။ ရီးဆွဲသူတိဧ့ အနုပညာ ထုတ်ဖော်ချက်တိ၊ ရင်တွင်း ခံစားချက်တိကို ရီးဆွဲထားကြလီရေ။ Graffiti Art ရေ ၁၉၇၀-ခုနှစ် အတည်းက ပေါ်ပေါက်နေလီရေ။ အမေရိကန် မြေအောက်လမ်းတိ ပေါ်တွင် အများအပြားရီးဆွဲထားကြလီရေ။ ဂုအခါ အမေရိကန်တွင် သာမက ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အစ္စရီး၊ ဂျပန်၊ အင်္ဂလန်နန့် မြန်မာနိုင်ငံတိအထိ ရီးဆွဲလာကြလီရေ။