Jump to content

ဂလင်း

ဝီကီးပီးဒီးယား က
Gland
Human en:submandibular gland. At the right is a group of mucous acini, at the left a group of serous acini.
အသေးစိတ်
လက်တင်glandula
THတမ်းပလိတ်:TerminologiaHistologica
Anatomical terminology

ဂလင်းဆိုရေမှာ ခန္ဓာကိုယ်ကို ပြုပြင်ဆောက်တည်ရာ၌ ၎င်း၊ ကိုယ်တွင်းမှ မလိုအပ်ရေ အညစ်အကြေးတိကို ပြင်ပ သို့ ထုတ်ရာ၌၎င်း အလွန်အသုံးဝင်ပနာ အကူအညီပီးရေအင်္ဂါ ဖြစ်ရေ။ ဂလင်းရေ ခန္ဓာကိုယ်၌ အနှံ့အပြားဟိရေ။ နီရာ ကိုလိုက်ပနာ ဂလင်းရို့၌ အရွယ်နန့် ပုံသဏ္ဌာန်အမျိုးမျိုးဟိရေ။ အချို့ဂလင်းရို့ရေ ဆန်စေ့နန့်တူကြပနာ၊ အချို့လည်း အိတ် ကလေးတိနန့် တူကတ်ရေ။ အချို့ဂလင်းရို့ရေ ခပ်မြောင်း မြောင်း နီကတ်ရေ။ အကျိတ်ပိုင်ဂလင်းတိရေလည်း ဟိရေ။

အသက်သျှင်နေသရွေ့ကာလပတ်လုံး လူရို့ရေ နေ့စဉ်နေ့ တိုင်း ခန္ဓာကိုယ်အတွင်းမှ အရည်တိစွာကို ထုတ်လျက်ဟိကြ ဧ။ ငိုလိုက်ရေနန့် တစ်ပြိုင်နက် မျက်စိအစုံမှ မျက်ရည်တိ ကျဆင်းလာရေ။ တဖဲ့ချေပူအိုက်ပနာလာသည့်အခါ ခန္ဓာ ကိုယ်အနှံ့အပြားဟိ အရေပြားပေါ်တွင် ချွေးတိ စို့ထွက်လာ ရေ။ ပါးစပ်ထဲ၌လည်း တံထွီးရေ အမြဲထွက်ပေါ်လျက်ဟိ ရေ။ ထိုမျက်ရည်၊ ချွေး၊ တံထွီး စရေ အရည်အသီးသီး ရေ ဂလင်းရို့မှ ယိုစီးထွက်လာကတ်ရေ။ ဂလင်းရို့ရေ သွီးထဲမှ ရေနန့် အခြားပစ္စည်းတိရို့ကို ထုတ်ယူပြီးကေ မိမိရို့နန့် ဆိုင်ရာအရည်ကို မိမိရို့ဖာသာဖန်တီးပနာ ထုတ်ပီး ကတ်ရေ။ ပမာအားဖြင့် မျက်ရည်ကို မျက်လုံးအိမ်အတွင်းဟိ မျက်ရည်ဂလင်းတိမှ၎င်း၊ တံထွီးကို မေးရိုးနန့် လျှာအောက် ဟိ တံထွီးဂလင်းတိမှ၎င်း၊ ဂဲ့စတြစ်ရည်ခေါ် အစာသစ်အိမ် ရည်ကို အစာအိမ်နံရံဟိ ဂဲ့စတြစ်ဂလင်းတိမှ၎င်း၊ ရီးခြီ ရည်ကို အရီးမှ၎င်း၊ ပန်ကရိရည်ကို အစာအိမ်အောက်နားဟိ ပန်ကရိခေါ် ဂလင်းမှ၎င်း အသီးသီး ထုတ်ပီးကတ်ရေ။ တံထွီး၊ ဂဲ့စတြစ်ရည်၊ ရီးခြီရည်နန့် ပန်ကရိရည်ရို့ရေ စားမျိုလိုက်ရေအစာကို တစ်နည်းတစ်လမ်းအားဖြင့် ချေချက် ပီးကတ်ရေ။ ဂလင်းအားလုံးတွင် အရီးရေ အကြီးဆုံး ဂလင်း ဖြစ်ရေ။ အရီးအောက်နား၌ ရီးခြီရည် သိုလှောင်ရာ ရီးခြီအိတ်ဟိရေ။ ရီးခြီရည်ရေ ပြွန်ကလေးတစ်ခုမှ တစ်ဆင့် အူသိမ်အတွင်းသို့ စီးဝင်ရေ။ အထက်၌ ဖော်ပြခရေ ဂလင်းတိတွင် ခန္ဓာကိုယ်ပြင်ပသို့ ဖြစ်စီ၊ အစာလမ်းကြောင်းအတွင်းသို့ဖြစ်စီ မိမိရို့ဧအရည် တိကို ထုတ်ပီးရန် ပြွန်အသီးသီး ပါဟိကတ်ရေ။ ယကေလည်း ပြွန်မဟိရေ ဂလင်းတိလည်း ခန္ဓာကိုယ်အနှံ့အပြား၌ ဟိသေးဧ။ ထိုဂလင်းတိမှ ထွက်ရေအရည်ကို ဟော်မုန်းဟု ခေါ်ရေ။ ဟော်မုန်းရေ သွီးကြောတိထဲသို့ တိုက်ရိုက် စီးဝင်ပြီးကေ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လားဧ။

ပြွန်မဲ့ဂလင်းတိတွင် ဦးခေါင်းအတွင်း ဦးနှောက်အောက် ဘက်နား၌ ဟိရေ ဂလင်းကို ပစ်ကျူအစ်တာရီဂလင်းဟု ခေါ် ရေ။ ထိုဂလင်းရေ ကိုယ်ကာယထွားကျိုင်းမှုနန့် သက်ဆိုင် ပနာ အစိတ်အပိုင်းတိစွာ ပါဟိရေ။ အစိတ်အပိုင်းတစ်ခုမှ ထွက်ရေအရည်ရေ နည်းလွန်းကေ ခန္ဓာကိုယ်ကို ပုည|က် စေတတ်ပနာ တိလွန်းကေ ကိုယ်ခန္ဓာကို အဆမတန်ကြီးထွား စေတတ်ရေ။

ကျောက်ကပ်အထက်၌ ဆူပရာရီနယ်ခေါ် သေးငယ်ရေ ဂလင်း ၂ ခုဟိရေ။ ထိုဂလင်းရို့မှ သွီးအားဟိစီရေ အရည်ကို အစဉ်အမြဲထုတ်ပီးလျက်ဟိရေ။ ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်းစရေ ရုတ်တစ်ရက် စိတ်လှုပ်ရှားချိန်မျိုး၌ အခါ တိုင်းထက်ပိုပနာ ထိုအရည်ကိုထုတ်ပီးရေ။

လည်ပင်းအတွင်း၌ သိုင်းရွိုက်ဂလင်းဟိပနာ ထိုဂလင်းနန့်ကပ် လျက် စပါးစေ့သဏ္ဌာန် ပါရာသိုင်းရွိုက်ဂလင်း ၄ ခုဟိရေ။ ကလေးအရွယ်၌ သိုင်းရွိုက်ဂလင်းမှ အရည်အထွက်နည်းကေ ကလေးရေ ထုံထိုင်းပုည|က်တတ်ရေ။ လူကြီးအရွယ်၌ လည်း ထိုဂလင်းမှ အရည်အထွက်နည်းကေ ကာယဗလ၊ ဉာာဏဗလ ၂ မျိုးစလုံး သိမ်ဖျင်းလေးကန်တတ်ရေ။ လည် ပင်းကြီးနာ ဖြစ်ပွားတတ်ခြင်းမှာ တိရေအားဖြင့် ထိုဂလင်းမှ အရည်အထွက်နည်းခြင်းကြောင့်ပင် ဖြစ်ဧ။ သိုင်းရွိုက်ဂလင်းမှ သိုင်းရော့ဆင်ဟုခေါ်ရေ ဟော်မုန်းရည်ကို ထုတ်ပီးရေ။ ဒေဟော်မုန်းရေ ကြွက်သားနန့် စိတ်ရို့ဧ လှုပ်ရှား သွက် လက်မှု၊ နှလုံးခုန်မှုရို့ကို အားပီးရေ။ ပါရာသိုင်းရွိုက် ဂလင်းတိမှ ထွက်ရေ ဟော်မုန်းကမူ ခန္ဓာကိုယ်အတွင်းဟိ ထုံးဓာတ်ကို ထိန်းသိမ်းပီးခြင်းဖြင့် အရိုးအဆစ် ကြီးထွား တောင့်တင်းမှုကို ထောက်ပံ့အားပီးရေ။ ဒေဂလင်းတိကို ထုတ်ပစ်ခကေ တက်တင်နီရောဂါ ဖြစ်တတ်ရေ။ ထိုရောဂါ ဖြစ်သူရေ တက်တတ်ရေ။ ကိုယ်အလေးချိန်မှာလည်း တဖြည်းဖြည်း လျော့လာတတ်ရေ။ ဒေရောဂါရကေ သေဘက်နီးလာရေဟု ဆိုရပေမည်။

ပြွန်မဲ့ဂလင်းရို့ရေ သေးငယ်ပင် သေးငယ်ကေလည်း ခန္ဓာကိုယ်မှ ကျန်းမာသန်စွမ်းရီးအတွက် မဟိကေ မဖြစ် လောက်အောင် အရီးပါအရာရောက်ကတ်ရေ။ အကယ်ပနာ ထိုဂလင်းတိကို လူတစ်ယောက်ဧ ခန္ဓာကိုယ်မှ ထုတ်ယူလိုက် မည်ဆိုပါက ထိုလူရေ သုံးလေးရက်အတွင်း အသက်သေဆုံး မည်မှာ မုချပင်ဖြစ်ရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)