Jump to content

ဂီတ

ဝီကီးပီးဒီးယား က

ဂီတဆိုစွာမာ သာယာနာပျော်ဖွယ်ကောင်းရေ သံစဉ်တိကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်တေ။ ဂီတ ပြီးကေ တီးရီးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နန့် အဓိပ္ပာယ် သတ်မှတ်ချက်တိမှာ ယိုင်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုတိဟိရေ။

ဂီတစွာ အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်းမာ အသုံးပြုရေ အနုပညာပုံစံတစ်ရပ် ဖြစ်တေ။ ပဂျီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စရေ medium တိကို အသုံးပြုပိုင်ပင်ဖြစ်တေ။ ဂီတတွင် ယေဘူယျအနိန်နန့် pitch ဆိုရေ အသံအနိမ့်အမြင့်( ထိုအထဲမာ သံစဉ်နန့် ဟာမိုနီ ရို့အကျုံးဝင်ရေ) စည်းချက်( ၎င်းထဲမာ tempo,meter နန့် articulation ရို့ပါဝင်စွာ) dynamics နန့် timbre နန့် texture ရို့၏ အသံအရည်အသွီးစရေ အစိတ်အပိုင်းတိပါဝင်ရေ။ ဂီတဆိုရေ အင်္ဂလိပ်စကားလုံး music စွာဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာရေ။

ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ယှားသော ဝိသေသလက္တချက်ချော တိနန့် ဂီတဆိုရေ အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်လက်သပ် မတူညီရေ ယိုင်ကျေးမူ့တိနန့် လူမူ့ရီးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနီလီရေ။

အဓိပ္ပာယ် ဖွင့်ဆိုချက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

`ဂီတ´ဝေါဟာရရေ ပါဠိဘာရာမှ ဆင်းဆက်လှာပြီး `တေးခြင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပာယ်ရရေ။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပာယ်နန့် တစ်ခြားစီဖြစ်တေ။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဆိုပနာခေါ်ဝေါ်ရေ။ မြန်မာ့ကျမ်းဂန်တိအရ `ဂီတ´ဆိုစွာမာ `ဒီဃဇရန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်ရေကြောင့် ဂီတဆိုစွာဆိုပနာလေးကောင်း၊ `ပုဗ္ဗဘာဂဩကုဇ´ရှိ့အဖို့၌ ရင့်ရှုကြိုင်းခြင်းစွာပင်ကေ ဂီတဆိုပနာလေးကောင်း၊ သုံးမတြာကာလထက် လွန်ယောင်ရွတ်ဖတ်ရရေ အသံတိကို `ပြူတသံ(ဝါ)ဂီတသံ´ ဆိုပနာလေးကောင်း ပြဆိုလီရေ။ ရှီးခေတ်ကျောက်စာတိတွင် တေးခြင်းသီဆိုသူကို `သိခြင်းစွာ´(တေးခြင်းစွာ) ဆိုပနာလေးကောင်း၊ `ရခန်း´ဆိုပနာလေးကောင်း၊ `ရတင်စွာ´ဆိုပနာလေးကောင်း အမျိုးမျိုး ခေါ်ဝေါ်ကတ်ရေ။ ယင်းအတွက်နန့် `ပန်ထျာဂီတ´၏ ထဲကအဓိပ္ပာယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်တေ။

ရှည်သောအသံဖြင့် သီဆိုအပ်ရေ စကားအဖွဲ့တေးခြင်းဟု အဓိပ္ပာယ်ရရေ။ စည်း၊ ဝါး အစဟိရေ တူရိယာရို့နန့် တီးမှုတ်သီဆိုရရေ ကဗျာမျိုးကို ဂီတ ဟုခေါ်ရေ ဟုဦးသော်ဇင် ၏ ကဗျာ့လမ်းညွှန် စာအုပ်ထဲမာ ဆိုထားရေ။ ရှည်လျားသော အသံဖြင့်သီဆိုရရေတေးခြင်းဟု အဓိပ္ပာယ်ရရေ။ ဇာလောက်ထိရှည်ရဖို့လေ့ဆိုကေ အချိန်ကာလအနိန်နန့် သုံး မတြာထက် ကျော်လွန်ရှည်လျားပြီး စည်းဝါး အစဟိရေ တူရိယာတိနန့် သီဆိုရကေ ဂီတဟု ခေါ်ရေ။ ('မတြာ' ဆိုရေ အသံရှိန်ကို တိုင်းတာသော မြန်မာယူနစ် (Dimensional unit) ဖြစ်တေ။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာရေဟု တိုင်းစွာပါရေ။)

မြန်မာဂီတ (တေးခြင်း) အမျိုးအစား

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မြန်မာ့ဂီတတွင် အပြိန်း သောတာလင်္ကာရတေးခြင်းနန့် ဝစနာလင်္ကာရတေးခြင်း ဆိုပနာ အမျိုးအစားနှစ်မျိုးဟိရေ။

သောတာလင်္ကာရတေးခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သောတာလင်္ကာရတေးခြင်းကို စည်းဝါးတိ၊ တူရိယာအတီးအမှုတ်တိနန့်အတူ သီဆိုရရေ။ သောတာလင်္ကာရ တေးခြင်းတိမာ ကြိုး၊ ဘွဲ့၊ တေးခြင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စရေတေးခြင်းတိ၊ ရိုးရာတေးခြင်းတိ(Folk-Songs)၊ ရှေးသံဆန်းတေးခြင်းတိ၊ ခေတ်ဟောင်းတေးခြင်းတိ၊ နှစ်၂၀-တေးခြင်းတိ၊ ကာလပေါ်တေးခြင်းတိ၊ စတီဒီယိုတေးခြင်းတိပင် ဖြစ်တေ။ ယင့်ချင့်တေးခြင်းတိကို သောတာလင်္ကာရတေးခြင်း၏ အဓိပ္ပာယ်မှာ ဂီအကြီးကျယ်ဖြင့် နားသောတကို တန်ဆာဆင်ထားရေ တေးခြင်းပင် ဖြစ်တေ။

အမျိုးအစားတိမာ-

  1. ကြိုးတေးခြင်း
  2. ဘွဲ့ တေးခြင်း
  3. တေးခြင်းခံ တေးခြင်း
  4. ပတ်ပျိုး တေးခြင်း
  5. ယိုးဒယား တေးခြင်း
  6. မွန်တေးခြင်း
  7. ဒိန်းသံ
  8. တေးထပ်
  9. ဘောလယ်အရိုး
  10. လေးထွေသံကပ်
  11. မြင်းခင်း
  12. နတ်ချင်း

ရိုးရာတေးခြင်းတိ(Folk-Songs)မှာ-

  1. တဖက်ပိတ်စည်သံ တေးခြင်း
  2. ကရင်ဩသံ တေးခြင်း
  3. လှီတော်သံ တေးခြင်း
  4. မွန်သံ တေးခြင်း
  5. စည်တော်သံ တေးခြင်း
  6. ဗြော တေးခြင်း
  7. ဗုံကြီးသံ တေးခြင်း
  8. ပတ်သာသံ တေးခြင်း

ဝစနာလင်္ကာရတေးခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဝစနာလင်္ကာရတေးခြင်းစွာ ဂီတထက် ကဗျာကို ပိုပြီးကေ အလေးပီးကာ စပ်ဆိုသီကုံးထားရေ တေးခြင်းမျိုးတိဖြစ်တေ။ ယင်းအတွက်နန့် ၎င်းတေးခြင်းစာသားတိကို ရွတ်ဖတ်သီဆိုရာမာ ခန့်ခန့်ညားညား၊ လလီးပပစ်၊ ပီပီသသ ပြတ်သားကြိုင်လင်စွာ ရွတ်ဖတ်သီဆိုရယား အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လီယူလီသိမ်းတိကို သောတာလင်္ကာရ တေးခြင်းတိထက် ပိုပြီးကေ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကတ်ရရေ။ ဝစနာလင်္ကာရတေးခြင်းတိမာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် အစဟိရေတိနန့် ထီးနန်းသုံး ကဗျာတေးခြင်းတိဖြစ်ရေ ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ ပျို့ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စရေ တေးခြင်းတိပင် ဖြစ်တေ။ ဝစနာလင်္ကာရတေးခြင်း၏ အဓိပ္ပာယ်မှာ စကားကို တန်ဆာဆင်ထားရေ တေးခြင်းပင် ဖြစ်တေ။

  1. ရတု
  2. ရကန်
  3. အဲချင်း
  4. ပျို့ချင်း
  5. အိုင်ချင်း
  6. လူးတား
  7. ဧချင်း
  8. လေးချိုးကြီး
  9. သာချင်း
  10. ပျို့ []

ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (တေးခြင်း) အမျိုးအစားတိမာ-

  1. ရကန်၊
  2. ဟောစာ
  3. သာချင်း၊
  4. ကာချင်း
  5. အဲချင်း၊
  6. အိုင်ချင်း၊
  7. လေးချိုး
  8. သံချို
  9. ယိုးဒယား(ဂီတ)၊
  10. ပတ်ပျိုး၊
  11. ကြိုး၊
  12. ဘွဲ့(ဂီတ)၊
  13. ဘောလယ်အရိုး၊
  14. တေး
  15. သဖြန်
  16. ငိုချင်း
  17. တုံးချင်း
  18. ဟန်ချင်း
  19. လှေချင်း
  20. နတ်သံ၊
  21. မှာတမ်း
  22. ဇာတ်စာ ဆိုပနာ ၂၂ မျိုး ဟိရေဟု ဖော်ပြရေ။ []
  1. သန်လျင်မြဦး၏ ပန်တျာဂီတလမ်းညွှန်မှ ၁၉၈၉-ခု၊ (စာပီဗိမာန်စာမူဆုရ)
  2. ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်