Jump to content

ဂေဟစနစ်

ဝီကီးပီးဒီးယား က
သန္တာကျောက်တန်းရို့ရေ ဂေဟစနစ် တစ်မျိုးပင် ဖြစ်ရေ။

ဂေဟစနစ်ဆိုစွာမှာ ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်းနီထိုင်ကတ်ရေ သက်ဟိတိနန့် သက်မဲ့ (အေဘီရောတစ်)တိအားလုံး၊ သက်ဟိရို့နန့် အပြန်အလှန်ဆက်စပ်နီရေ ရေ၊ မြေ၊ လေနန့် နီရောင်ခြည် စသည့် သဘာဝပတ်ဝန်းကျင်ဧ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတိ ပါဝင်ကတ်ရေ။

ဂေဟစနစ် တစ်မျိုးအတွင်း နီထိုင်ကတ်ရေ သက်ဟိတိ အားလုံးရို့ကို ကွန်မြူနတီ ဟု ခေါ်ရေ။ ကွန်မြူနတီတစ်ခုတွင် မျိုးစိတ်ပေါင်းမြောက်မြားစွာ ပါဝင်နိုင်သပိုင်မျိုးစိတ်တစ်ခုတည်းလည်းဖြစ်နိုင်ရေ။ ပုံမှန် ဂေဟစနစ်တစ်ခုတွင် အပင်တိနန့် နီရောင်ခြည်ဖြင့် အစာချက်လုပ်ရေ သက်ဟိတိမှာ အစာကို ပံ့ပိုးပီးသူတိဖြစ်ကတ်ရေ။ ဂေဟစနစ်ရေ အမြဲတစေတည်ဟိနိုင်သပိုင်ခေတ္တခဏမျှနီပြီးကေတည်ဟိရေ ဂေဟစနစ်လည်းဖြစ်နိုင်ရေ။ ဂေဟစနစ်တိမှ အစာကွန်ယက်အများအပြားကို ဖြစ်ပေါ်စီရေ။