ဂေါတမဗုဒ္ဓဧ့ မိသားစုဝင်တိ
ဘီစီ ၆၂၃ တွင်ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံ လုမ္ဗနီဟင်းခင်းထဲတွင် ဖွားမြင်ခရေ။ အသျှေဘဝ နာမည်မှာ သိဒ္ဓတ္ထဂေါတမဖြစ်ရေ။ ဖခင်ဖြစ်သူစော် သုဒ္ဓေါဒနမင်းကြီးဖြစ်ခ မိခင်မှာ မာယာဒေဝီဖြစ်ရေ။ သမိုင်းစာပီများအရ ယင်းအသျှေစော် ကြီးမြတ်ရေသူဖြိုက်ကြောင်း လက္ခဏာတိ ပြသခရေ။ အသျှေငယ်ဧ့ အနာဂတ်ဟောကိန်းတစ်ခုတွင် အသျှေငယ်ရေ လူ့ဘောင်တွင် နိန်ပါက စကြဝတေးမင်းဖြစ်ဖို့ တောထွက်ကေ ဖရား ဖြစ်လီဖို့ဟု ဆိုခရေ။ မိခင်ဖြစ်ရေ မာယာဒေဝီရေ မင်းသားချေအား ဖွားမြင်ပြီး ခုနစ်ရက်အကြာမှာ ဆုံးပါးလားခ ပြီးနောက် ဖခင်ဖြစ်သူ မင်းကြီးရေ သားငယ်အား ကမ္ဘာကိုကြီးစိုးရေ ဘုရင်တစ်ပါး ဖြစ်လာစီရန် နန်းတော်တွင် သီခြားထားပနာ မိခင်ဖြစ်သူဧ့ ညီမဖြစ်ရေ ပဇာပတိဂေါတမီဧ့ ပြုစုမှုအောက်တွင် ကြီးပြင်းစီခရေ။
အေပိုင် လူ့လောကနန့် သီးခြားနေခကာ နောက်ပိုင်းတွင် သယောဓရာ (ဒေဝဒဟပြည့်သျှင် သုပ္ပဗုဒ္ဓမင်းကြီးနန့် အမိတာ မိဖုရား ရို့ဧ့ ပုေချ) နန့် ပဇပ်ထိမ်းမြားခရေ။ အေပိုင်နန့် သားတော် ရာဟုလာကို ဖွားမြင်ခရေ။ နောင်အခါတွင် ယသောဓရာနန့် သားဖြစ်သူ ရာဟုလာ နှစ်ဦးစလုံးရေ သာသနာ့ဘောင်သို့ ဝင်ရောက်ခရေ။
သုဒ္ဓေါဒန
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သုဒ္ဓေါဒနမင်းကြီးရေ သက္ကတိုင်း ကပိလဝတ်ပြည်ကို အုပ်စိုးရေ ဘုရင်တစ်ပါး ဖြစ်ရေ။ ဂေါတမဗုဒ္ဓဧ့ ဖခင် ဖြစ်ရေ။[၁]
မယ်တော်မာယာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မယ်တော်မာယာရေ ဂေါတမဗုဒ္ဓဧ့ မိခင် ဖြစ်ရေ။ မယ်တော်မာယာရေ ဘုရင်ကြီး သုဒ္ဓေါဒနနန့် ပဇပ်ထိမ်းမြားပနာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခရေ။[၂]
အာနန္ဒာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အာနန္ဒာရေ မြတ်စွာဖရားဧ့ ခမည်းတော်သုဒ္ဓေါဒနမင်းဧ့ညီတော် အမိတ္တောဒနမင်းဧ့ သားတော်ဖြစ်ပြီးကေ မြတ်စွာဖရားဧ့ ညီတော်ဝမ်းကွဲ တော်စပ်ရေ။ မြတ်စွာဖရားဧ့ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်ရေ။
ဒေဝဒတ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေဝဒတ်ရေ ဖရားသျှင်နန့် ညီဂိုးချေ တစ်ဝမ်းကွဲတော်စပ်ရေအပြင် ယသောဓရာဧ့ မောင်အရင်းဖြစ်ရေအတွက် ယောက်ဖတော်စပ်သူလည်း ဖြစ်ရေ။
နန္ဒ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နန္ဒမင်းသားကို သုဒ္ဓေါဒနမင်းကြီးနန့် မစွာပဇာပတိဂေါတမီရို့က မွီးဖွားခရေ။ သိဒ္ဓတ္ထဇာတ်လိုက်နန့် ဖအေတူ မအေကွဲ ညီဂိုးချေ တော်စပ်ရေ။ နန္ဒဇာတ်လိုက်ရေ ဇနပဒကလျာဏီမင်းသမီးနန့် ပဇပ်ထိမ်းမြားရန် ဟိကေလည်း သာ့သနာ့ဘောင်သို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခရေ။
ပဇာပတိဂေါတမီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာလုံးအစောင်း
ပဇာပတိဂေါတမီ (မိထွေးတော် ဂေါတမီ) ရေ ဒေဝဒဟပြည့်သျှင်အဉ္စနမင်း နန့် ယသောဓရာမိဖုရားကြီးရို့ဧ့ အထွီးဆုံး ဖြစ်ရေ။ မာယာဒေဝီနန့်အတူ သုဒ္ဓေါဒနမင်းကြီးကို ပဇပ်ခရေ။ ဖရားလောင်း သိဒ္ဓတ္ထကို ဖွားမြင်ပြီး ခုနစ်ရက်အကြာမှာ မာယာဒေဝီရေ ဆုံးပါးလားအနိန်နန့် ယင်းတိုင်သျှင်မရေ ဖရားလောင်းကို ပြုစုစောင့်ရှောက်ခရေ။ ယင်းတိုင်သျှင်မစော်လည်း ဘုရင်ကြီး သုဒ္ဓေါဒနန့်အတူ နန္ဒဟု နာမည်ရရေ သားတစ်ဦး ဖွားမြင်ခရေ။
ပဇာပတိဂေါတမီစော် အမျိုးသမီးတိအား မြတ်စွာဖရားဧ့ သာသနာတော်တွင် ရဟန်းမအဖြစ် ခွင့်ရရန် တောင်းဆိုပီးခရေ။ ယင်းတိုင်သျှင်မရေ မြတ်စွာဖရားပါးက အမျိုးသမီးတိအား ရဟန်းပြုခွင့်ပီးပါရန် အသျှင်အာနန္ဒာကနိန် တစ်ဆင့် တောင်းဆိုခရေ။ မြတ်စွာဖရားရေ အကြိမ်များစွာ ငြင်းပယ်ခရေ။ ယကေလည်းသော နောက်ဆုံး၌ မြတ်စွာဖရားရေ ဂရုဓံရှစ်ပါးကို လိုက်နာစောင့်ထိန်းစီပြီးကေ ဘိက္ခုနီသာသနာကို ခွင့်ပြုပီးတော်မူခရေ။
ပဇာပတိဂေါတမီ ရေ ရဟန်းမအဖြစ်နန့် မြတ်စွာဖရားဧ့ သာသနာတော်တွင် ရဟန္တာဖြစ်ခရေ။[၃]
ရာဟုလာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရာဟုလာရေ သိဒ္ဓတ္ထမင်းသားနန့် ယသောဓရာရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "The Life of Buddha: Part One: 1. King Suddhodana And Queen Maya". Sacred-texts.com. Retrieved 2012-05-26.
- ↑ Andrew Mossberg. "Who were the Buddhas?". amidabuddha.org. Archived from the original on 2012-01-17. Retrieved 2012-05-26.
{{cite web}}: More than one of|accessdate=and|access-date=specified (help); More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Maha Prajapati Gautami". Archived from the original on 2008-05-15. Retrieved 2008-03-27.
{{cite web}}: More than one of|accessdate=and|access-date=specified (help); More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)