ဂျပန်ပထဝီဝင်
ဂျပန်ပထဝီဝင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ဂျပန်နိုင်ငံရေ အရှေ့အာရှ ပစိဖိတ်ကမ်းရိုးတန်း တလျှောက်တွင် ကျွန်းပေါင်း ၆,၈၅၂ ကျွန်း ဟိရေ။ ဂျပန်နိုင်ငံနန့် ပိုင်ဆိုင်ရေ ကျွန်းတိရေ မြောက်လတ္တီကျု ၂၄° မှ ၂၆° အတွင်း နန့် အရှေ့ လောင်ဂျီကျု ၁၂၂° မှ ၁၄၆° အတွင်း တည်ဟိရေ။ အဓိကကျွန်းတိမှာ မြောက်မှ တောင်သို့ ဟော့ကိုင်းဒိုးကျွန်း၊ ဟွန်ရှူးကျွန်း၊ ဟိကိုကူးကျွန်း နန့် ကျူရှူးကျွန်း ရို့ ဖြစ်ကတ်ရေ။ အိုကီနာဝါ ပါဝင်ရေ ရူကျူးကျွန်းတိမှာ ကျူရှူးကျွန်းဧ တောင်ဘက်တွင် ဆက်လျှက် တည်ဟိရေ။ ထိုကျွန်းတိအားလုံးကို စုပေါင်း၍ ဂျပန်ကျွန်းစုတိဟု ခေါ်ဆိုကတ်ရေ။ [၁]
ဂျပန်နိုင်ငံဧ ၇၃ ရာခိုင်နှုန်းမှာ သစ်တောထူထပ်ပြီး တောင်ကုန်းတိပြားအတွက်နန့် စိုက်ပျိုးမွေးမြူရီး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နန့် လူနီထိုင်ရန် မသင့်လျော်ပေ။ [၂][၃] ထို့အတွက်ကြောင့် လူနီထိုင်နိုင်ရေ အထူးအတွက်နန့် ကမ်းရိုးတန်း ဒေသတိတွင် လူနေ အလွန်ထူထပ်ရေ။ ဂျပန်ရေ ကမ္ဘာပေါ်တွင် လူနီထိုင်မှု သိပ်ရီးမှု အများဆုံး နိုင်ငံတိတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ရေ။
ဂျပန်ကျွန်းတိရေ ပစိဖိတ် မီးကွင်းဟု ခေါ်ရေ မီးတောင်ဇုန်ပေါ်တွင် တည်ဟိရေ။ ယင်းပိုင်ဖြစ်ရခြင်းမှာ လွန်ခရေ နှစ်သန်းရာပေါင်းများစွာက ဆီလူရီယန် အလယ်ပိုင်းမှ ပလေစတိုဆင်း အထိ ပင်လယ်သမုဒ္ဒရာ ရွေ့လျားမှုတိကြောင့် ဖြစ်ရေ။ အကျိုးဆက်အားဖြင့် တောင်ဘက်တွင် ဖိလစ်ပိုင်ပင်လယ်ကျောက်လွှာထုမှ အာမူရီယန် ကျောက်လွှာထုနန့် အိုကီနာဝါ ကျောက်လွှာထု အောက်သို့ ဝင်ရောက်လားခပြီး မြောက်ဘက်တွင် ပစိဖိတ် ကျောက်လွှာထု က အိုကောက်စ် ကျောက်လွှာထုအောက်သို့ ဝင်ရောက်လားခရေ။ ဂျပန်ရေ ရှေးယခင်က ယူရှေးရှန်း တိုက်ကြီးဧ အရှေ့ဘက် ကမ်းရိုးတန်းနန့် တွဲဆက်နေခရေ။ ကျောက်လွှာထုတိ ရွှေ့လျားပြီး အောက်သို့ ဝင်ရောက်ခြင်းကြောင့် လွန်ခရေ နှစ်ပေါင်း ၁၅ သန်းခန့်က ဂျပန်ကျွန်းစု နီရာကို အရှေ့သို့ ဆွဲထုတ်ခပြီး ဂျပန်ပင်လယ်ကို ဖြစ်ပေါ်စီခရေ။ [၄]
ဂျပန်နိုင်ငံတွင် မီးမငြိမ်းသေးရေ မီးတောင်ပေါင်း ၁၀၈ ခု ဟိရေ။ ရာစုနှစ်အတွင်း အကြီးအကျယ် ပျက်စီးစေရေ ငလျင်တိနန့် ဆူနာမီတိ မကြာမကြာဆိုပိုင် ဖြစ်ပေါ်လေ့ ဟိရေ။ [၅] ၁၉၂၃ တိုကျို ငလျင်ကြောင့် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခရေ။[၆] လတ်တလော ဖြစ်ပွားခရေ အဓိက ငလျင်ကြီးတိမှာ ၁၉၉၅တွင် ဖြစ်ပွားရေ မဟာဟန်သျှင်းငလျင် နန့် ရစ်ချ်တာစကေး ၉.၀ ဟိပြီး [၇] ၂၀၁၁ ခုနှစ် မတ်လ ၁၁ရက်တွင် ဖြစ်ပွားခရေ တိုဟိုကူး ငလျင်ရို့ ပြီး ထိုငလျင်ကြောင့် ကြီးမားရေ ဆူနာမီ လှိုင်းလုံးကြီးတိဧ ရိုက်ခတ်မှုကို ခံခရရေ [၈] ပစိဖိတ် မီးကွင်း ပေါ်တွင် တည်ဟိရေကြောင့် ဂျပန်နိုင်ငံရေ ငလျင်လှုပ်ရန် နန့် ဆူနာမီ ဖြစ်ပေါ်ရန် အခြီအနေတိ ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတိတွင် သဘာဝဘေးအန္တရာယ် အတွက် အမြင့်မားဆုံး အန္တရာယ် ဟိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ရေ။ [၉]
ရာသီဥတု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဂျပန်နိုင်ငံဧ ရာသီဥတုမှာ အများအားဖြင့် အပူအအေးမျှတကေလည်း မြောက်မှတောင်သို့ များစွာ ကွဲပြားခြားနားရေ။ ဂျပန်နိုင်ငံဧ ပထဝီဝင် အနေအထားအရ ရာသီဥတုဇုန် ၆ ခု ကွဲပြားနေရေ။ ၎င်းရို့မှာ ဟော့ကိုင်းဒိုး၊ ဂျပန်ပင်လယ်၊ အလယ်ပိုင်းကုန်းမြင့် ဒေသ၊ ဆဲတိုကုန်းတွင်းပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နန့် ရူကျူးကျွန်းတိ ရို့ ဖြစ်ကတ်ရေ။ မြောက်ဘက် အစွန်ဆုံး အပိုင်းဖြစ်ရေ ဟော့ကိုင်းဒိုးတွင် စိုစွတ်ရေ ကုန်းမြေ ရာသီဥတု ဟိပြီး ရှည်လျားပြီး အေးမြရေ ဆောင်းရာသီတိနန့် အလွန်ပူနွေးရေမှ အေးမြရေ နွေရာသီတိ ဟိရေ။ မိုးရေချိန် မတိကေလည်း ဆောင်းရာသီတွင် ဧရာမ နှင်းထုကြီးတိ ဖြစ်ပေါ်လေ့ ဟိရေ။ [၁၀]
ဟွန်ရှူးကျွန်းဧ အနောက်ဘက် ကမ်းရိုးတန်းတွင် ဟိရေ ဂျပန်ပင်လယ်ဇုံတွင် အနောက်မြောက် ဆောင်းလေကြောင့် နှင်းတိ အများအပြား ကျရောက်တတ်ရေ။ နွေရာသီတွင်မူ ပစိဖိတ်ဒေသထက် ပို၍ အေးမြတတ်ကေလည်း တစ်ခါတစ်ရံတွင် ဖာန်းလေတိကြောင့် အလွန်မြင့်မားရေ အပူချိန် ဖြစ်ပေါ်လေ့ ဟိရေ။ အလယ်ပိုင်း ကုန်းမြင့်ဒေသတွင် ပုံမှန် စိုစွတ်ရေ ကုန်းမြေရာသီဥတု ဟိကေလည်း နွေရာသီနန့် ဆောင်းရာသီ၊ နေ့နန့်ည ရို့တွင် အပူချိန် ကွာခြားမှု မြင့်မားရေ။ မိုးရေချိန်နည်းကေလည်း ဆောင်းရာသီတွင် အစဉ်အတွက်နန့် နှင်းကျလေ့ဟိရေ။ ချူးဂိုးကု နန့် ရှီကိုးကုဒေသရို့မှ တောင်ကုန်းတိရေ ဆဲတိုကုန်းတွင်းပင်လယ်ကို ရာသီလေတိမှ ကာဆီးထားအတွက်နန့် တစ်နှစ်ပတ်လုံး မအေးလွန်းရေ ရာသီဥတု ဟိရေ။[၁၀]
ပစိဖိတ် ကမ်းရိုးတန်းမှာမူ စိုစွတ်ရေ အပူလျော့ပိုင်း ရာသီဥတု ဟိပြီး အရှေ့တောင် ရာသီလေတိကြောင့် တစ်ခါတရံ နှင်းကျတတ်ရေ မအေးလွန်းသည့် ဆောင်းရာသီနန့် ပူပြင်းပြီး စိုစွတ်ရေ နွေရာသီတိ ဟိရေ။ ရူကျူးကျွန်းတိတွင် အပူလျော့ပိုင်း ရာသီဥတု ဟိပြီး နွေးထွေးရေ ဆောင်းရာသီနန့် ပူပြင်းရေ နွေရာသီတိ ဟိရေ။ မိုးရေချိန်မှာ အလွန်တိပြီး အထူးအတွက်နန့် မိုးရာသီတွင် ဖြစ်ရေ။ ယေဘူယျအားဖြင့် စိုစွတ်ပြီး အပူအအေးမျှတရေ ရာသီဥတု တိကြောင့် နွေဦးရာသီတွင် ချယ်ရီပန်းတိ ပွင့်ဝေခြင်း၊ နွေရာသီ ပုစဉ်းရင်ကွဲရို့ဧ အော်မြည်သံတိ၊ ဆောင်းရာသီ သစ်ရွက်ရို့ဧ အရောင်အဆင်းစရေရို့ကို ဂျပန်အနုပညာ နန့် ဂျပန် စာပေရို့တွင် ဖော်ထုတ်ခြယ်မှုန်းလေ့ ဟိကတ်ရေ။[၁၀]
ဂျပန်နိုင်ငံဧ ပျမ်းမျှ ဆောင်းရာသီ အပူချိန်မှာ ၅.၁ °C (၄၁.၂ °F) ဖြစ်ပြီး ပျမ်းမျှ နွေရာသီအပူချိန်မှာ ၂၅.၂ °C (၇၇.၄ °F) ဖြစ်ရေ။. [၁၁] ဂျပန်တွင် အမြင့်ဆုံးတိုင်းတာခရေ အပူချိန်မှာ ၄၀.၉ °C (၁၀၅.၆ °F) ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် တိုင်းတာခခြင်း ဖြစ်ရေ။ [၁၂] မိုးရာသီမှာ အိုကီနာဝါတွင် မေလ အစောပိုင်းတွင် စတင်ပြီး တဖြည်းဖြည်း မြောက်ဘက်သို့ ရွေ့လျားလားရာ ဟော့ကိုင်းဒိုးတွင် ဇူလိုင် နှောင်းပိုင်း မှ စတင်လေ့ဟိရေ။ ဟွန်ရှူးကျွန်း နီရာ အများစုတွင် မိုးရာသီရေ ဇွန်လ အလယ်ပိုင်း မတိုင်မီ စတင်လေ့ဟိပြီး ရက်သတ္တပတ် ၆ ပတ်မျှ ကြာမြင့်လေ့ ဟိရေ။ နွေရာသီ နှောင်းပိုင်း နန့် ဆောင်းဦးရာသီ အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းတိကြောင့် မကြာမကြာ မိုးကြီးလေ့ ဟိရေ။ [၁၃]
ဇီဝမျိုးကွဲတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ဂျပန်နိုင်ငံတွင် သစ်တော ဂေဟဒေသ ကိုးခု ဟိပြီး ထိုဒေသတိမှ ကျွန်းတိဧ ရာသီဥတုနန့် ပထဝီဝင်ကို ထင်ဟပ်ပြ နီကတ်ရေ။ ထိုဒေသတိတွင် ရူကျူး နန့် ဘိုနင်ကျွန်းတိဟိ အပူလျော့ပိုင်း စိုစွတ်ရေ ဆောင်းရွက်ကြွေ သစ်တောတိမှ အအေးလျော့ရေ ဒေသတိနန့် ပင်မကျွန်းတိဟိ သမမျှတရေ ဆောင်းရွက်ကြွေနန့် မျိုးစုံ သစ်တောတိ၊ မြောက်ဘက်ကျွန်းတိဟိ အအေးပိုင်းဒေသတိမှ သမမျှတရေ ထင်းရူးတောတိ အထိ ဟိရေ။ [၁၄] ဂျပန်တွင် တောရိုင်းတိရစ္ဆာန် မျိုးပေါင်း ၉၀,၀၀၀ ကျော် ဟိပြီး ဝက်ဝံညို၊ ဂျပန်မျောက်၊ ဂျပန် ရက်ကွန်းခွေး နန့် ဧရာမ ဂျပန်ရေပုတ်သင် ရို့ ပါဝင်ရေ။ [၁၅] ဒေသရင်း အပင်နန့် တိရစ္ဆာန်ရို့ဧ အရီးပါရေ ဒေသတိကို ထိန်းသိမ်းရန် အမျိုးသား ဥယျာဉ် အများအပြား ဟိပြီး ရမ်ဆာ စိမ့်မြေဒေသ ၃၇ ခုလည်း ဟိရေ။ [၁၆][၁၇] နီရာ ၄ခုမှာ သဘာဝ အများုင်း အလွန်ထူးခြားရေ တန်ဖိုးတိ ဟိ အတွက်နန့် ယူနက်စကို ကမ္ဘာ့အမွေခံစာရင်းတွင် ထည့်သွင်းထားခြင်း ခံရရေ။[၁၈]
သဘာဝပတ်ဝန်းကျင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒုတိယကမ္ဘာစစ် အပြီး အလျင်အမြန် စီးပွားရီး တိုးတက်လာရေ အချိန်တိတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရီး ဆိုင်ရာ ပေါ်လစီတိကို အစိုးရနန့် ကုန်ထုတ်လုပ်ရီး ကော်ပိုရီးသျှင်းတိမှ ဘေးဖယ်ထားခကတ်ရေ။ ထို့အတွက်ကြောင့် ၁၉၅၀ ခုနှစ်တိ နန့် ၁၉၆၀ ခုနှစ်တိတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အနှံ့အပြား ကြုံတွိ့ရရေ။ ထိုပြဿနာတိနန့် ပတ်သက်၍ စိုးရိမ်ပူပန်မှု တိပြားလာအတွက်နန့် ၁၉၇၀ တွင် အစိုးရမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရီး ဥပဒေအချို့ကို ထုတ်ပြန်ခရေ။ [၁၉] ၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခရေ ရေနံအခက်အခဲကြောင့်လည်း သဘာဝ အရင်းအမြစ် မဟိရေ ဂျပန်ရို့အား စွမ်းအင်တိကို ထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားဖြစ်ခရေ။ [၂၀] လက်ဟိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတိတွင် မြို့ပြလေထု ညစ်ညမ်းမှု (မိုနို နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊လေထဲတွင်တွဲခိုနီရေ အမှုန်အမွှားတိ နန့် အဆိပ်အတောက်တိ) ၊ အညစ်အကြေး စွန့်ထုတ်မှု စီမံခန့်ခွဲရီး၊ ရေထု ညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ ဓာတုပစ္စည်း စီမံခန့်ခွဲမှု နန့် ထိန်းသိမ်းရီး အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုရို့ ပါဝင်ရေ။ [၂၁]
ဂျပန်နိုင်ငံရေ သဘာဝပတ်ဝန်းကျင်နန့် သဟဇာတဖြစ်ရေ နည်းပညာတိကို တီထွင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံဧ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ် ရည်မျှော် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို တိုင်းတာရေ ၂၀၁၄ ခုနှစ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း ညွှန်းကိန်းတွင် အဆင့် ၂၆ သတ်မှတ်ခြင်း ခံရရေ။ [၂၂] ၁၉၉၇ ခုနှစ် ကျိုတိုပရိုတိုကောလ် ကို လက်မှတ်ရီးထိုးထားပြီး နန့် ၎င်း အစည်းအဝီးကို လက်ခံကျင်းပရေ အိမ်သျှင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ရေ ဂျပန်နိုင်ငံအနေနန့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို လျှော့ချရန်နန့် ရာသီဥတု အပြောင်းအလဲကို ထိန်းချုပ်နိုင်မည့် အခြား လုပ်ဆောင်ချက်တိကို ဆောင်ရွက်ရန် စာချုပ်ပါ စည်းကမ်းတိအရ တာဝန်ဟိရေ။ [၂၃]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ McCargo, Duncan (2000). Contemporary Japan. Macmillan. pp. 8–11. ISBN 0-333-710002.
- ↑ "Japan". CIA World Factbook. Archived from the original on 5 January 2021. Retrieved 11 November 2017.
- ↑ "Japan". US Department of State. Retrieved January 16, 2011.
- ↑ Barnes, Gina L. (2003). "Origins of the Japanese Islands" (PDF). University of Durham. Retrieved August 11, 2009.
- ↑ "Tectonics and Volcanoes of Japan". Oregon State University. Archived from the original on February 4, 2007. Retrieved March 27, 2007.
- ↑ James, C.D. (2002). "The 1923 Tokyo Earthquake and Fire" (PDF). University of California Berkeley. Archived from the original (PDF) on 7 August 2014. Retrieved January 16, 2011.
- ↑ "USGS analysis as of March 12, 2011". Earthquake.usgs.gov. June 23, 2011. Archived from the original on 13 March 2011. Retrieved November 9, 2011.
- ↑ Fackler၊ Martin; Drew, Kevin။ "Devastation as Tsunami Crashes Into Japan"၊ The New York Times၊ March 11, 2011။
- ↑ "2013 World Risk Report" (PDF). Archived from the original (PDF) on 16 August 2014. Retrieved 5 August 2014.
- 1 2 3 Karan, Pradyumna Prasad; Gilbreath, Dick (2005). Japan in the 21st century. University Press of Kentucky. pp. 18–21, 41. ISBN 0-8131-2342-9.
- ↑ "Climate". JNTO. Retrieved March 2, 2011.
- ↑ "Gifu Prefecture sees highest temperature ever recorded in Japan – 40.9". Japan News Review Society. August 16, 2007. Archived from the original on 18 August 2016. Retrieved August 16, 2007.
- ↑ "Essential Info: Climate". JNTO. Retrieved April 1, 2007.
- ↑ "Flora and Fauna: Diversity and regional uniqueness". Embassy of Japan in the USA. Archived from the original on February 13, 2007. Retrieved April 1, 2007.
- ↑ "The Wildlife in Japan" (PDF). Ministry of the Environment. Archived from the original (PDF) on 23 March 2011. Retrieved February 19, 2011.
- ↑ "National Parks of Japan". Ministry of the Environment. Retrieved May 11, 2011.
- ↑ "The Annotated Ramsar List: Japan". Ramsar. Retrieved May 11, 2011.
- ↑ "Japan – Properties Inscribed on the World Heritage List". UNESCO. Retrieved July 5, 2011.
- ↑ "日本の大気汚染の歴史" (in Japanese). Environmental Restoration and Conservation Agency. Archived from the original on 1 May 2011. Retrieved March 2, 2014.
- ↑ Sekiyama, Takeshi. "Japan's international cooperation for energy efficiency and conservation in Asian region" (PDF). Energy Conservation Center. Archived from the original (PDF) on February 16, 2008. Retrieved January 16, 2011.
- ↑ "Environmental Performance Review of Japan" (PDF). OECD. Retrieved January 16, 2011.
- ↑ "Environmental Performance Index: Japan". Yale University. Archived from the original on 19 February 2014. Retrieved February 3, 2014.
- ↑ "Japan sees extra emission cuts to 2020 goal -minister". World Business Council for Sustainable Development. Archived from the original on 26 October 2014. Retrieved March 2, 2011.